2nd NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တရားမဝင် အာဏာသိမ်းယူသူများအနေဖြင့် နိုင်ငံတကာ တရားရုံးများ၏ ရှေ့မှောက်တွင် နိုင်ငံတော်အား ကိုယ်စားပြုခွင့်မရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၂။ တရားမဝင် မြန်မာစစ်အုပ်စုမှ အာဏာသိမ်းယူပြီးချိန်မှစ၍ လေယာဉ်ဆီ၊ ထောက်လှမ်းရေးနည်းပညာနှင့် ပစ္စည်းများ၊ လက်နက်များကို အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ရေးအတွက် လွဲမှားစွာ အသုံးပြုနေ

📌 ၃။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

📌 ၄။ ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ အလုပ်သမား (၂၃)ဦးအား ပွဲစား()ဦးမှ အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သွားသဖြင့် နစ်နာသူ အလုပ်သမားများကို အကူအညီပေးခဲ့

📌 ၅။ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆၀) ဦးနှင့် အမျိုးသား (၂၈၄) ဦး စုစုပေါင်း (၄၄၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့

📌 ၆။ လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက် ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်မှာ လှုပ်ရှား


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ MNDAA သိမ်းပိုက်ထားတဲ့ အထူးဒေသ မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လအတွင်း အရပ်သား ၃၈ ဦးနဲ့ စစ်သုံ့ပန်း ဦးသေဆုံးကာ ၁၂၄ ဦးဒဏ်ရာရ 

🚩 ၂။ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူများပြီး ထွက်ပြေးသွားသူအချို့ ဖမ်းဆီးရမိတယ်လို့  တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

🚩 ၃။ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ တရားမဝင် အာဏာသိမ်းယူသူများအနေဖြင့် နိုင်ငံတကာ တရားရုံးများ၏ ရှေ့မှောက်တွင် နိုင်ငံတော်အား ကိုယ်စားပြုခွင့်မရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


နိုဝင်ဘာ

Radio NUG

တရားမဝင် အာဏာသိမ်းယူသူများအနေဖြင့် နိုင်ငံတကာ တရားရုံးများ၏ ရှေ့မှောက်တွင် နိုင်ငံတော်အား ကိုယ်စားပြုခွင့်မရှိကြောင်း သံအမတ်ကြီး ကျော်မိုးထွန်းကပြောပါတယ်။


ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေး အစီအစဉ်အမှတ် ၇၃ " အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အစီအရင်ခံစာ " ခေါင်းစဉ်ဖြင့်  ဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ကျော်မိုးထွန်းက ပြောပါတယ်။


" အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံမူဖြစ်သော ex injuria jus non oritur (ဥပဒေမဲ့လုပ်ရပ်များကို အခြေတည်၍ ဥပဒေအခွင့်အရေးများကို တောင်းဆိုခွင့်မရှိစေရ) အရ တရားမဝင် အာဏာသိမ်းယူသူများအနေဖြင့် နိုင်ငံတကာ တရားရုံးများ၏ ရှေ့မှောက်တွင် နိုင်ငံတော်အား ကိုယ်စားပြုခွင့် အပါအဝင် ၎င်းတို့၏ တရားမဝင် လုပ်ရပ်များမှ မည်သည့် ဥပဒေဆိုင်ရာ အခွင့်အရေးများကိုမျှ တောင်းဆိုခွင့် မရှိသည်ကို ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါအခြေခံမူသဘောတရားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များနှင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကို အတိအလင်း ရှုတ်ချထားသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် S/RES/2669 (2022) တွင်လည်း ပါဝင်ပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


လက်ရှိမှာ ICJတရားရုံးတွင် စစ်ကောင်စီသည် နိုင်ငံကိုယ်စားပြုကာ တရားရုံးသို့ကိုယ်စားလှယ် စေလွှတ်ဖြေရှင်းမှုများ ရှိနေပါတယ်။


၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေးများ၌ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးများအား အသေးစိတ် စစ်ဆေးကြားနာမှုများ ပြုလုပ်နိုင်ရန်အတွက် အရေးပါသော ရှေ့ခြေလှမ်း တစ်ရပ်အဖြစ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အားNUGက ကြိုဆိုခဲ့သည်သာမက၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံသို့ တရားရုံး၏ စီရင်ပိုင်ခွင့်အား လက်ခံကြောင်းနှင့် ယခင်တင်သွင်းထားသော ကနဦးကန့်ကွက်ချက်များ အားလုံးကို ရုပ်သိမ်းကြောင်း တရားဝင်ဆက်သွယ် အကြောင်းကြားခဲ့ပြီး၊ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်နှင့်အညီ လိုအပ်သော အစီရင်ခံစာများကိုလည်း ပုံမှန် တင်သွင်းလျက်ရှိပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပြောကြားပါတယ်။


========================


📌📌 ၂။ တရားမဝင် မြန်မာစစ်အုပ်စုမှ အာဏာသိမ်းယူပြီးချိန်မှစ၍ လေယာဉ်ဆီ၊ ထောက်လှမ်းရေးနည်းပညာနှင့် ပစ္စည်းများ၊ လက်နက်များကို အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ရေးအတွက် လွဲမှားစွာ အသုံးပြုနေ


နိုဝင်ဘာ

Radio NUG

တရားမဝင် မြန်မာစစ်အုပ်စုမှ အာဏာသိမ်းယူ ပြီးချိန်မှစ၍ လေယာဉ်ဆီ၊ ထောက်လှမ်းရေးနည်းပညာနှင့် ပစ္စည်းများ၊ လက်နက်များကို အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ရေးအတွက် လွဲမှားစွာ အသုံးပြုနေကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


 (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏အာကာသဟင်းလင်းပြင်ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


"စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကြောင့် အာကာသဆိုင်ရာ လုပ်ဆောင်မှုများ ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါ အာကာသနည်းပညာများအား လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စစ်အုပ်စုမှ အသုံးပြုမည်ကို စိုးရိမ်မှုများ မြှင့်တက်ခဲ့ခြင်းကြောင့် ယင်းစီမံကိန်းကို ဆိုင်းငံ့ထားခဲ့ကြောင်း၊ စစ်တပ်မှ အရပ်သားပြည်သူများကို ဖိနှိပ်ရေးအတွင်း အသုံးပြုခြင်း မခံရစေရန် ဂျပန်နိုင်ငံ၏ ကြိုတင်ကာကွယ်နိုင်မှုအပေါ် ကျေးဇူးတင်ကြောင်း၊ အာကာသဟင်းလင်းပြင်၊ ၎င်းနှင့်ဆက်စပ်နေသည့် နည်းပညာများနှင့် အာကာသ အခြေပြု ဆက်သွယ်မှုများသည် ပြည်သူများအကျိုးအတွက်သာမက စစ်ပွဲများအတွက် အသုံးပြုနိုင်ကြကြောင်း၊ တရားမဝင် မြန်မာစစ်အုပ်စုမှ အာဏာသိမ်းယူ ပြီးချိန်မှစ၍ လေယာဉ်ဆီ၊ ထောက်လှမ်းရေးနည်းပညာနှင့် ပစ္စည်းများ၊ လက်နက်များကို အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ရေးအတွက် လွဲမှားစွာ အသုံးပြုနေ ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


စစ်တပ်၏ အရပ်သား ပြည်သူများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲခြင်းကို ကန့်သတ်နိုင်ရန်၊ စစ်လက်နက် ပစ္စည်းများနှင့် ရံပုံငွေများ စစ်အုပ်စုထံ မရောက်ရေး ကန့်သတ်နိုင်ရန် ဗြိတိန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့မှ စစ်အုပ်စုနှင့် ၎င်းဩဇာခံအဖွဲ့/လူပုဂ္ဂိုလ်များ အပေါ် ဦးတည်ကန့်သတ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ခဲ့ခြင်းအား ကျေးဇူးတင်ကြောင်းလည်းသံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


နိုဝင်ဘာ

Radio NUG

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ပုံမှန်အစည်းအဝေးကို (နိုဝင်ဘာလ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပြီး အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၉၂%) တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ အစီအစဉ် () အနေနဲ့ ကော်မတီရဲ့ ဝင်စာ၊ ထွက်စာနဲ့ထုတ်ပြန်ကြေညာစာ (မူကြမ်း) တို့အပေါ် ဆွေးနွေးကြပါတယ်။ အဲ့ဒီနောက် အစီအစဉ် () အနေနဲ့ အခု နိုဝင်ဘာလအတွက် ကော်မတီရဲ့ လျာထားအလုပ်အချိန်ဇယားကို ဆွေးနွေးကြပါတယ်။


အဲ့ဒီနောက်မှာ အစီအစဉ် () အနေနဲ့  မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွပ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ အလုပ်သမား (၂၃)ဦးအား ပွဲစား()ဦးမှ အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သွားသဖြင့် နစ်နာသူ အလုပ်သမားများကို အကူအညီပေးခဲ့


နိုဝင်ဘာ

Radio NUG

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ အလုပ်သမား (၂၃)ဦးအား ပွဲစား()ဦးမှ အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သွားသဖြင့် နစ်နာသူ အလုပ်သမားများကို အကူအညီပေးခဲ့တယ်လို့ နိုဝင်ဘာ၁ရက်မှာ NUGအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ အလုပ်သမား (၂၃)ဦးအား ပွဲစား()ဦးမှ အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သွားသဖြင့် နစ်နာသူ အလုပ်သမားများမှ အကူအညီတောင်းတိုင်ကြားလာရာ ချွန်ပူရီမြို့၊ ဘိုဝင်းနယ်မြေရဲစခန်းတွင် လိုက်လံကူညီအမှုဖွင့်ပေးခဲ့ပြီး ရဲစခန်းတွင် ညှိနှိုင်းပေးခဲ့တယ်လို့ဖော်ပြပါတယ်။


 ပွဲစားတစ်ဦးမှာထွက်ပြေးတိမ်းရှောင်နေ၍ ငွေပြန်မရသော်လည်း ကျန်ပွဲစားတစ်ဦးမှာ ၎င်းယူထားသော ငွေ ဘတ် (84000) အား ပြန်ပေးခဲ့၍ အလုပ်သမားများ အကူအညီတောင်းခံလာသည့် အမှုအား ( MHAC) မဟာမိတ်အဖွဲ့နှင့်ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆၀) ဦးနှင့် အမျိုးသား (၂၈၄) ဦး စုစုပေါင်း (၄၄၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့


နိုဝင်ဘာ

Radio NUG


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆၀) ဦးနှင့် အမျိုးသား (၂၈၄) ဦး စုစုပေါင်း (၄၄၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅၀) ဦး ပါဝင်တယ်လို့ဆိုပါတယ်။


အဆိုပါ (၄၄၄) ဦးအနက် (၁၂၉) ဦးမှာ စစ်အုပ်စုမှ ဖမ်းဆီးပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး (၁၁၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။


အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြောက်ကျည်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ဦးအား ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၆။ လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက် ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်မှာ လှုပ်ရှား


 နိုဝင်ဘာလ  

Radio NUG

လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက် ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်မှာ လှုပ်ရှားခဲ့ပါတယ်။


ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး နိုဝင်ဘာလ()ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


စစ်အာဏာရှင်စနစ်လက်အောက်ကနေ လွတ်မြောက်ရေးအတွက် ပြည်သူလူထုရဲ့ နိုင်ငံရေးအာဏာကို တည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြဖို့  'လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်' ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပါတယ်။ 


လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ MNDAA သိမ်းပိုက်ထားတဲ့ အထူးဒေသ မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လအတွင်း အရပ်သား ၃၈ ဦးနဲ့ စစ်သုံ့ပန်း ဦးသေဆုံးကာ ၁၂၄ ဦးဒဏ်ရာရ 


နိုဝင်ဘာ

Radio NUG

ရှမ်းပြည်မြောက်ပိုင်းက MNDAA သိမ်းပိုက်ထားတဲ့ အထူးဒေသ ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လအတွင်း အရပ်သား ၃၈ ဦးနဲ့ စစ်သုံ့ပန်း ဦးသေဆုံးကာ ၁၂၄ ဦးဒဏ်ရာရခဲ့တယ်လို့ MNDAA က နိုဝင်ဘာ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ အခုနှစ် ဇူလိုင်လကနေ အောက်တိုဘာလအထိ အထူးဒေသ က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အကြိမ် ၅၀ ကျော် ပြုလုပ်ခဲ့တာကြောင့် အရပ်သားတွေနဲ့ စစ်သုံ့ပန်းတွေ သေဆုံးဒဏ်ရာရသွားတာလို့ ဆိုပါတယ်။ 

ဒါဟာ စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါတိုင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်တဲ့ လက်တုံ့ပြန်မှုဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်တခု ဖြစ်လာပုံရတယ်လို့ MNDAA ဘက်က မှတ်ချက် ပြုထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အထူးဒေသ က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်တွေ အဆက်မပြတ်စေလွှတ်ခဲ့ပြီး အထူးဒေသရဲ့မြို့တော် လောက်ကိုင်၊ သိန္နီခရိုင်နဲ့အခြားနယ်မြေတွေဟာ လေကြောင်းတိုက်ခိုက်မှုခံနေရတဲ့ ဧရိယာဖြစ်လာနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လားရှိုးမြို့ဟာလည်း စစ်ကောင်စီတပ်တွေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ပစ်မှတ်တွေထဲက တခုဖြစ်လာခဲ့ပြီး လူစုလူဝေးရှိရာ စာသင်ကျောင်း၊ ဆေးရုံနဲ့ အခြေခံအဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးပမ်းနေတာဟာ ဒေသခံပြည်သူတွေ  အသက်မွေးဝမ်းကျောင်း တည်ဆောက်နေတာကို ဖျက်ဆီးရာရောက်ပြီး ဒေသခံတွေ မွေးရပ်မြေ မပြန်နိုင်အောင်နဲ့ လုပ်ငန်း ပြန်မစနိုင်အောင် ခြိမ်းခြောက်တားမြစ်ရာရောက်တယ်လို့ MNDAA ကဆိုပါတယ်။ 

အခုနှစ် အောက်တိုဘာလအတွင်းမှာ တိုက်ပွဲတွေမရှိဘဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က လားရှိုးမြို့ အပါအဝင် အထူးဒေသ ဧရိယာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၅၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး လေကြောင်းကနေ ဗုံး အလုံး၂၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။ 

ဒီလေကြာင်းတိုက်ခိုက်မှုတွေထဲက ၂၅ ကြိမ်မှာ အရပ်သားတွေနဲ့စစ်သုံ့ပန်းတွေ ထိခိုက်သေဆုံးရသလို အိမ်များ၊ ဟိုတယ်များ စာသင်ကျောင်းများ၊ စက်ရုံများနဲ့ ဘုရားကျောင်းတွေလို မရေမတွက်နိုင်တဲ့ အဆောက်အအုံများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရတာဟာ တိုင်းတာလို့တောင်မရနိုင်ဘူးလို့ MNDAA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူများပြီး ထွက်ပြေးသွားသူအချို့ ဖမ်းဆီးရမိတယ်လို့  တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်


နိုဝင်ဘာ

Radio NUG

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က သေဆုံးထိခိုက်သူများပြီး ထွက်ပြေးနေသူအချို့ကို ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက နိုဝင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

အင်အား ၂၀၀ ခန့်ရှိတဲ့ ခေါပုတ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့  အောက်တိုဘာ ၂၄ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်မှာ စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး  လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးသူများပြီး စခန်းစွန့်ခွာထွက်ပြေးသူတွေလည်းရှိရာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်မှာ ဖမ်းဆီရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်  နှစ်ဖက်ထိခိုက် ကျဆုံးမှု အခြေအနေတွေကို ဖော်ပြမထားပေမယ့် သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေပါတဲ့ မှတ်တမ်းဓာတ်ပုံကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခေါပုတ်တပ်စခန်းဟာ နယ်စပ်တလျောက် အဓိကကျတဲ့ စခန်းတခုဖြစ်တဲ့အတွက် စစ်ကောင်စီအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ် ထားပြီးဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး 


နိုဝင်ဘာ

Radio NUG

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းက်စစ်အုပ်စုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဦး သေဆုံးသွားတယ်လို့ BRAVE HEART ARMY-BHA အဖွဲ့က ထုတ်ပြန်ပါတယ်။

တောပုကျေးရွာက ပျူစောထီးတွေ အောက်တိုဘာ ၃၁ ရက်နေ့က မုံရွာ-မန္တလေးလမ်းပေါ်တက်ပြီး ဆက်ကြေးကောက် ရမ်းကားနေချိန်မှာ တော်လှန်ရေးတပ်တွေ ရှေ့ထွက်မိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ရာ ပြည်သူပိုင်ကား စီးကို ချောဆွဲပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မုံရွာ နမခ ကို ပို့ဆောင်လိုက်တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA အဖွဲ့ကဦးဆောင်ပြီး CHINDWIN FIGHTER GROUP.CFG နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေက လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာရှိပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမယ့် ပျူစောထီးတွေဟာ ပြည်သူပိုင်နေအိမ် လုံးကို မီးရှို့ဖျက်ဆီးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ BRAVE HEART ARMY-BHA အဖွဲ့က အသိပေထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment