10th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ နွေဦးတော်လှန်ရေးဟာ  ခေတ်အဆက်ဆက်၊တော်လှန်ရေးအဆက်ဆက်ကတောင်းဆိုချက်၊ကြွေးကြော်ချက်တွေကိုလည်း ဆက်လက်သယ်ဆောင်လာခဲ့တယ်လို့ ယာယီသမ္မတပြောကြား

📌 ⁨⁨⁨⁨၂။ လွတ်လပ်မှုနဲ့တရားမျှတမှုကို ဆောင်ကြဥ်းပေးနိုင်တဲ့ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်နိုင်ဖို့ကိုကြိုးပမ်းအားထုတ်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကတိပြုပြောကြား

📌 ⁨⁨⁨⁨၃။ နိုင်ငံတကာရာဇဝတ်ကောင်အဖြစ် ဝရမ်းထုတ်ရန် တောင်းဆိုခံနေရသည့် မင်းအောင်လှိုင်နှင့်ပူးပေါင်းခြင်းကို အမြန်ဆုံးရပ်တန့်ရန်CRPHသတိပေးထုတ်ပြန်

📌 ⁨⁨⁨⁨၄။ အကြမ်းဖက်စစ်အာဏာရှင်တွေဘယ်လောက်ပဲချေမှုန်း၊ချေမှုန်း၊လူ့အခွင့်အရေးကိုလိုချင်တဲ့ပြည်သူတွေဆန္ဒတွေပျောက်ပျက်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ဆို

📌 ⁨⁨⁨⁨၅။ အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့မြန်မာအင်အားစုများဆန္ဒထုတ်ဖော်

📌 ⁨⁨⁨⁨၆။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်နေဆဲဖြစ်တယ်လို့နော်ဝေသံရုံးထုတ်ပြန်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့NUGဝန်ကြီးများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များကို မြေပြင်သို့ကွင်းဆင်းတွေ့ဆုံ

🚩 ၂။ လူ့အခွင့်ရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူ့ရဲဘော်များကို ကျေးဇူးတင်ရှိကြောင်း NUGလူ့အခွင့်အရေးဝန်ကြီးအသိပေး

🚩 ၃။ မင်းအောင်လှိုင်နဲ့လမ်းခွဲ ပြီးဂုဏ်သိက္ခာ ရှိတဲ့ထွက်ပေါက်ကိုရှာဖို့ အကြမ်းဖက်စစ်တပ်မှ အရာရှိစစ်သည်နဲ့စစ်သည်အားလုံးကို NUGတိုက်တွန်း

🚩 ၄။ ကျောက်ဂူဒေသ တိုက်ပွဲ၁၀ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထုတ်ပြန်

🚩 ၅။ Joe Phyu Revolution Force မှအာဏာရှင်တော်လှန်ဖို့အတွက်ရဲဘော်သစ်များအားခေါ်ယူ

🚩 ၆။ တပ်သားသစ် (၃၀)ဦးအတွက်ယူနီဖောင်း အရေးပေါ်လိုအပ်တယ်လို့ မုံရွာခရိုင်တပ်ရင်း-၄ကအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ နွေဦးတော်လှန်ရေးဟာ  ခေတ်အဆက်ဆက်၊တော်လှန်ရေးအဆက်ဆက်ကတောင်းဆိုချက်၊ကြွေးကြော်ချက်တွေကိုလည်း ဆက်လက်သယ်ဆောင်လာခဲ့တယ်လို့ ယာယီသမ္မတပြောကြား


ဒီဇင်ဘာ၁၀ရက်


နွေဦးတော်လှန်ရေးဟာ  ခေတ်အဆက်ဆက်၊တော်လှန်ရေးအဆက်ဆက်က တောင်းဆိုချက်၊ကြွေးကြော်ချက်တွေကိုလည်း ဆက်လက်သယ်ဆောင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ၁၀ရက် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ ပေးပို့သောမိန့်ခွန်းရုပ်သံမှာ ပြောကြားထားပါတယ်။

"ကျနော်တို့နိုင်ငံမှာတော့ဆင်နွှဲနေတဲ့နွေဦးတော်လှန်ရေးနဲ့ကိုက်ညီမှုတခုဖြစ်တဲ့ လူ့အခွင့်အရေးထွန်းကားစေ။တရားမျှတလွတ်လပ်မြေဆိုတဲ့ ကြွေးကြော်သံနဲ့ ဆင်နွှဲနေကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးဟာ တရားမဝင်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာက ပေါက်ဖွားလာတာဖြစ်ပေမယ့် ခေတ်အဆက်ဆက်၊တော်လှန်ရေးအဆက်ဆက်ကတောင်းဆိုချက်၊ကြွေးကြော်ချက်တွေကိုလည်းဆက်လက်သယ်ဆောင်လာခဲ့ပါတယ်။ဒီတောင်းဆိုချက်တွေထဲမှာ လွတ်လပ်ခြင်း၊တရားမျှတခြင်းတွေလည်းအဓိက ဦးတည်ချက်တွေအနေနဲ့ပါဝင်ပါတယ်။နွေဦးတော်လှန်ရေးရဲ့ဦးတည်ချက်ဖြစ်တဲ့အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှဖယ်ရှားရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေဟာ ပြည်သူတဦးချင်းရဲ့ လွပ်လပ်မှုနဲ့တရားမျှတမှုကိုအာမခံပေးနိုင်မယ့်နိုင်ငံတော် တရပ်ကိုတည်ထောင်ဖို့ ရည်ရွယ်ရင်းဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။

၂၀၂၁ ခု နှစ်ဖေဖော်ဝါရီ၁ရက်နေ့စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူမှုနဲ့အတူစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကတဆင့်နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ လွတ်လပ်မှုနဲ့တရားမျှတမှုကို ဆောင်ကြဥ်းပေးနိုင်တဲ့ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်နိုင်ဖို့ကိုကြိုးပမ်းအားထုတ်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကတိပြုပြောကြား


ဒီဇင်ဘာ၁၀ရက်


လွတ်လပ်မှုနဲ့တရားမျှတမှုကို ဆောင်ကြဥ်းပေးနိုင်တဲ့ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်နိုင်ဖို့ကို ကြိုးပမ်းအားထုတ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ၁၀ရက် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ ပေးပို့သောမိန့်ခွန်းရုပ်သံမှာ ပြောကြားထားပါတယ်။

"၂၀၂၄ ခု နှစ်ရဲ့ချမှတ်ထားတဲ့လူ့အခွင့်ရေးဆောင်ပုဒ်အတိုင်းပဲ လွတ်လပ်မှုကိုအာမခံနိုင်တဲ့၊တရားမျှတမှုကို ဆောင်ကြဥ်းပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်နိုင်ဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မလျော့သောလုံ့လနဲ့ ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်ဆိုတာ ကတိပြုပြောကြားလိုပါတယ်"လို့ပြောပါတယ်။

လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့အတူ စစ်ရေး၊နိုင်ငံရေးများလည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ နိုင်ငံတကာရာဇဝတ်ကောင်အဖြစ် ဝရမ်းထုတ်ရန် တောင်းဆိုခံနေရသည့် မင်းအောင်လှိုင်နှင့်ပူးပေါင်းခြင်းကို အမြန်ဆုံးရပ်တန့်ရန်CRPHသတိပေးထုတ်ပြန်


နိုင်ငံတကာရာဇဝတ်ကောင်အဖြစ် ဝရမ်းထုတ်ရန် တောင်းဆိုခံနေရသည့် မင်းအောင်လှိုင်နှင့်ပူးပေါင်းခြင်းကို အမြန်ဆုံးရပ်တန့်ရန်CRPHက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ၁၀ရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖော်ပြပါတယ်။

ယနေ့အချိန်တွင် နိုင်ငံတကာရာဇဝတ်ကောင်အဖြစ် ဝရမ်းထုတ်ရန် တောင်းဆိုခံနေရသည့် မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများသည် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများကို ဆက်လက်ဖြစ်ပေါ်စေရန် ပံ့ပိုးပေးသည့်သဘော သက်ရောက်နိုင်သည်သာမက ယင်းနိုင်ငံများအပေါ် ဝေဖန်ပြစ်တင်ခံရနိုင်သည်ကို မိမိတို့အသိပေးလိုပါတယ်။အကြမ်းဖက်စစ်ကောင်စီနှင့် တည်ဆောက်ခဲ့ပြီးသော ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြန်ဆုံးရပ်တန့်ခြင်းဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ ရာဇဝတ်မှုများ လုပ်ဆောင်နေမှုကို ကူညီအဆုံးသတ်ပေးရန်လည်း ကမ္ဘာ့နိုင်ငံများကို တောင်းဆိုအပ်ပါတယ်"လို့ဖော်ပြပါရှိပါတယ်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ပြည်သူ (,၀၀၀)ဦး သေဆုံးခဲ့ပြီးဖြစ်သကဲ့သို့ နေအိမ်၊ အဆောက်အအုံ (၁၀၀,၀၀၀) ခန့် ပျက်စီးခဲ့ရပါတယ်။

အလားတူ ပြည်သူ () သန်းကျော်မှာလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ (၁၈.) သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ အကြမ်းဖက်စစ်အာဏာရှင်တွေဘယ်လောက်ပဲချေမှုန်း၊ချေမှုန်း၊လူ့အခွင့်အရေးကိုလိုချင်တဲ့ပြည်သူတွေဆန္ဒတွေပျောက်ပျက်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ဆို


ဒီဇင်ဘာ၁၀ရက်


အကြမ်းဖက်စစ်အာဏာရှင်တွေဘယ်လောက်ပဲချေမှုန်း၊ချေမှုန်း လူ့အခွင့်အရေးကိုလိုချင်တဲ့ပြည်သူတွေဆန္ဒတွေ ပျောက်ပျက်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ဒီဇင်ဘာ၁၀ရက် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။

"ကျနော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းခေတ်အဆက်ဆက်ကဖိနှိပ်မှုတွေ၊ ခေတ်အဆက်ဆက်ကခွဲ ခြားမှုတွေ၊အကြမ်းဖက်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့သမိုင်းတွေဖြတ်သန်းခဲ့ရပါတယ်။ဒါပေမယ့် ဘယ်ခေတ်မှာဖြစ်ဖြစ်၊ယ်ကာလမှာပဲ ဖြစ်ဖြစ်လူ့အခွင့်ရေးကိုလိုချင်တဲ့ပြည်သူတွေ ၊လူ့အခွင့်အရေးကိုကာကွယ်လိုတဲ့လေးစားစောင့်ရှောက်လိုတဲ့ လူတွေကသမိုင်းရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်းဖိနှိပ်မှုကိုဝိုင်းဝန်းပြီးတွန်းလှန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အာဏာရှင်တွေဘယ်လောက်ပဲချေမှုန်း၊ချေမှုန်း၊လူ့အခွင့်အရေးကိုလိုချင်တဲ့ဆန္ဒတွေပျောက်ပျက်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။

ဖိနှိပ်မှုတွေစစ်ဖိနပ်တွေကြားထဲမှာပြည်သူလူထုကလူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကထပ်လောင်းဆိုပါတယ်။

ဒီဇင်ဘာ၁၀ရက် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးလှုပ်ရှားမှုကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့ထိန်းချုပ်နယ်မြေအသီးသီးမှာလှုပ်ရှားခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့မြန်မာအင်အားစုများဆန္ဒထုတ်ဖော်


ဒီဇင်ဘာ၁၀ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့မှာ မြန်မာအင်အားစုများမှ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။တရုပ်အစိုးရ၏မိမိတို့နိုင်ငံအပေါ်ထားရှိသည့် မှားယွင်းသော မူဝါဒအား လုံးဝလက်မခံကြောင်း ဆန္ဒပြသခဲ့ကြပါတယ်။အဆိုပါလှုပ်ရှားမှုများကို မြန်မာအင်အားစုအများစုပါဝင်ခဲ့ကြပြီး ဆန်ဖရန်စစ္စကို(ဗေးဧရိယာ)တွင် နေထိုင်ကြသောမြန်မာပြည်ဖွားတိုင်းရင်းသားတော်လှန်ရေးရဲဘော်များလည်းလာရောက်ပူးပေါင်းခဲ့ကြပါတယ်။

လက်ရှိမှာမြန်မာအရေးကိုပါဝင်စွက်ဖက်နေသောတရုတ်အစိုးရကိုနိုင်ငံတကာရောက်မြန်မာအင်အားစုများကဆန့်ကျင်ကန့်ကွက်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၆။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်နေဆဲဖြစ်တယ်လို့နော်ဝေသံရုံးထုတ်ပြန်


မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်နေဆဲဖြစ်တယ်လို့ နော်ဝေသံရုံးရန်ကုန်မှ ဒီဇင်ဘာ၁၀ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဖော်ပြလိုက်ပါတယ်။

 ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ယခုနှစ်ဆောင်ပုဒ်ဖြစ်သော "Our Rights, Our Future, Right Now" အတိုင်း ငြိမ်းချမ်း၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ကမ္ဘာကြီးဖြစ်ပေါ်လာရေး ကြိုးပမ်းရင်း စွန့်လွှတ်အနစ်နာခံခဲ့သူများကို ဂုဏ်ပြုလိုက်ပါတယ်။မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်နေဆဲဖြစ်ပါတယ်လို့ဆိုပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ပိုမိုဆိုးရွားလာသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြည်သူများအား ကြီးမားသောအခက်အခဲများနှင့် နေရပ်စွန့်ခွာရမှုများစွာ ဖြစ်စေခဲ့ပြီး ပဋိပက္ခတွင် သက်ဆိုင်သူများ အားလုံးသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးစံနှုန်းများကို အပြည့်အဝလိုက်နာရန် အရေးကြီးတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့NUGဝန်ကြီးများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များကို မြေပြင်သို့ကွင်းဆင်းတွေ့ဆုံ


ဒီဇင်ဘာ၁၀ရက်


ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့NUGဝန်ကြီးများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များကိုမြေပြင်သို့ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ဒုဝန်ကြီး ဦးကျော်နီ နဲ့ အတွင်းဝန် နိုင်ထောရွတ် တို့ဟာPDFရဲဘော်များကိုတွေ့ဆုံခဲ့ကြောင်းဒီဇင်ဘာလအတွင်းသတင်းထုတ်ပြန်ဖော်ပြမှုအရသိရှိရပါတယ်။ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာရဲဘော်များကိုအားပေးစကားပြောကြားခဲ့ပြီးရဲဘော်များတင်ပြချက်များကိုလည်း နားထောင်ဖြည့်ဆည်းပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များဟာစိုးမိုးထိန်းချုပ်ဒေသများသို့ကွင်းဆင်းစစ်ဆေးမှုများဆက်တိုက်ဆောင်ရွက်လျက်ရှိပါတယ်။


========================


🚩🚩 ၂။ လူ့အခွင့်ရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူ့ရဲဘော်များကို ကျေးဇူးတင်ရှိကြောင်း NUGလူ့အခွင့်အရေးဝန်ကြီးအသိပေး


ဒီဇင်ဘာ၁၀ရက်


လူ့အခွင့်ရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူ့ရဲဘော်များကို ကျေးဇူးတင်ရှိကြောင်း NUGလူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာ၁၀ရက် ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။

"ပို့လိုက်တဲ့တီရှပ်တွေ နောက်ကျလို့ ရောက်ရောက်ချင်း ဓါတ်ပုံရိုက်ပြီး ပို့လိုက်ပါတယ်ဆိုတဲ့ ရန်ကုန်တိုင်း၊ စစ်ဌာနချုပ်က ရဲဘော်တွေနဲ့ တခြား PDF တပ်ရင်းက ရဲဘော်တွေအားလုံး ကျေးဇူးတင်ပါတယ်။ အခုလိုမျိုးလှုပ်ရှားမှုမှာ ပြည်သူ့အကျိုးကို ကာကွယ်မယ့် PDF ရဲဘော်များပါဝင်မှုဟာ အထူးအရေးကြီးလှပါတယ်။ 

လူ့အခွင့်အရေးဆိုတာ ဒီဇင်ဘာလ (၁၀)ရက်နေ့ တရက်တည်းမှာပဲ လေးစား၊ ကျင့်သုံးရမှာမဟုတ်ပဲ နေ့တိုင်းနေ့တိုင်း၊ အချိန်တိုင်းအချိန်တိုင်းမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူကချစ်တဲ့ တော်လှန်ရေး ရဲဘော်၊ ရဲမေတွေအဖြစ် ဆက်လက်ပြီး တာဝန်ထမ်းဆောင်ကြစေလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စစ်သည်တော်ကျင့်ဝတ်နဲ့အတူ လူ့အခွင့်အရေးစံနှုန်းများလေးစားလိုက်နာဖို့ သင်တန်းပို့ချမှုများလည်းရှိနေပါတယ်။


========================


🚩🚩 ၃။ မင်းအောင်လှိုင်နဲ့လမ်းခွဲ ပြီးဂုဏ်သိက္ခာ ရှိတဲ့ထွက်ပေါက်ကိုရှာဖို့ အကြမ်းဖက်စစ်တပ်မှ အရာရှိစစ်သည်နဲ့စစ်သည်အားလုံးကို NUGတိုက်တွန်း


ဒီဇင်ဘာ၁၀ရက်


မင်းအောင်လှိုင်နဲ့လမ်းခွဲ ပြီးဂုဏ်သိက္ခာ ရှိတဲ့ထွက်ပေါက်ကိုရှာဖို့ အကြမ်းဖက်စစ်တပ်မှ အရာရှိစစ်သည်နဲ့စစ်သည်အားလုံးကို NUGကတိုက်တွန်းဆိုပါတယ်။


ဒီဇင်ဘာ၁၀ရက်အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းကဆိုပါတယ်။

"မြန်မာစစ်တပ်ထဲမှာရှိကြတဲ့ကျန်အရာရှိတွေ၊အကြပ်တပ်သား၊စစ်သည်တွေ အားလုံးကိုလည်း တပ်မတော်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အပေါင်းအပါလက်ထဲကနေ ပြန်ကယ်တင်ပြီး ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးနဲ့မပတ်သက်တဲ့၊ပြည်သူလူထုကို အမှန်တကယ်အကာအကွယ်ပေးတဲ့အကျိုးပြု တပ်မတော်အဖြစ်နဲ့ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေနဲ့အညီ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိုဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ဒီအချိန်မှာ မင်းအောင်လှိုင်နဲ့လမ်းခွဲ ပြီးဂုဏ်သိက္ခာ ရှိတဲ့ထွက်ပေါက်ကိုရှာခြင်းကသာ အားလုံးအတွက်ကောင်းမွန်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသားပြောကြားလိုပါတယ်"လို့ဆိုပါတယ်။

၂၀၂၄ခု နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း အလင်းဝင်လာသော ခြေလျင်တပ်သား ၃၀၂ ဦး ရေတပ်သား ၁၁  ဦး၊ လေတပ်သား ၁၁  ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၃  ဦး၊ အကျဉ်းဦးစီးဝန်ထမ်း    ဦး စုစုပေါင်း (၄၇၅) ဦးရှိခဲ့ကာဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ပါတယ်။အဆိုပါစာရင်းများထဲမှ ၁၉၁ ဦးမှာ လက်နက်နှင့်အတူ  အလင်းဝင်ရောက်လာသူများဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကျောက်ဂူဒေသ တိုက်ပွဲ၁၀ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထုတ်ပြန်


ဒီဇင်ဘာ၁၀ရက်


ကျောက်ဂူဒေသ တိုက်ပွဲ၁၀ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထုတ်ပြန်ပါတယ်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး  DPLA သည် စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ပါတယ်လို့ဒီဇင်ဘာ၉ရက်ဖော်ပြပါတယ်။နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ၁၀ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးမှနေထိုင်ကြရန် အသိပေးကြေညာထားပါတယ်။



🚩🚩 ၅။ Joe Phyu Revolution Force မှအာဏာရှင်တော်လှန်ဖို့အတွက်ရဲဘော်သစ်များအားခေါ်ယူ


ဒီဇင်ဘာ၁၀ရက်


Joe Phyu Revolution Force မှအာဏာရှင်တော်လှန်ဖို့အတွက်ရဲဘော်သစ်များအားခေါ်ယူလျက်ရှိတယ်လို့ ဒီဇင်ဘာလအတွင်း Joe Phyu Revolution Forceကအသိပေးကြေညာထားပါတယ်။

အသက်၁၈နှစ်မှ၃၅ နှစ်အတွင်းကျန်းမာရေး အထူးကောင်းမွန်သူ၊အရက်သေစာ ၊မူးယစ်ဆေးဝါး ကင်းစင်သူ၊တော်လှန်ရေးစိတ်ဓာတ် အပြည့်အဝရှိသူဖြစ်ရမယ်လို့ဆိုထားပါတယ်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့မှချမှတ်ထားသော စည်းမျဉ်း /စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ကာစည်းကမ်းဖောက်ဖျက်မှု့များအတွက် တပ်ဖွဲ့မှချမှတ်ထားသော ပြစ်ဒဏ်ကိုကြည်ဖြူစွာ ခံယူနိုင်ရမယ်လို့ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ တပ်သားသစ် (၃၀)ဦးအတွက်ယူနီဖောင်း အရေးပေါ်လိုအပ်တယ်လို့ မုံရွာခရိုင်တပ်ရင်း-၄ကအသိပေး


ဒီဇင်ဘာ၁၀ရက်


တပ်သားသစ် (၃၀) ဦးအတွက် ယူနီဖောင်း အရေးပေါ်လိုအပ်တယ်လို့ မုံရွာခရိုင်တပ်ရင်း-၄က ဒီဇင်ဘာ၁၀ရက် မုံရွာခရိုင်တပ်ရင်း-၄က အသိပေးကြေညာပါတယ်။

"Uniform ဆိုတာ ကျနော်တို့ အညာ ကို ရောက်လာဖို့ အချိန်တစ်ခု စောင့်ရပါတယ်။အခု Stock ရှိနေတာဖြစ်သောကြောင့်တပ်သားသစ် (၃၀) ဦး အတွက် အရေးပေါ် ဆင်ပေးချင်ပါတယ်"လို့ဆိုပါတယ်။

ရဲဘော်တဦးအတွက်တစ်စုံ စာ (၁၈၀၀၀၀) ကျပ်ကျသင့်မှာဖြစ်တယ်လို့အသိပေးဖော်ပြထားပါတယ်။ပါဝင်ထောက်ပို့လိုသူများအနေနဲ့မုံရွာခရိုင်တပ်ရင်း- Face Bookသို့ဆက်သွယ်ထောက်ပို့နိုင်ပါတယ်။


⁨⁩ ⁨အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment