13th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရေးနှင့်စပ်လျဥ်း၍ CRPHရေးရာကော်မတီ () ရပ် တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨၂။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ကရင်နီ စတဲ့ဒေသတွေမှာရှိတဲ့ မြို့နယ်ပေါင်း (၆၀)ကျော်မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့

📌 ⁨⁨⁨⁨၃။ ကချင်ပြည်နယ်မှာ Rehabilitation Center တည်ထောင်ပြီး ခြေတုလိုအပ်နေတဲ့သူတွေကို တပ်ပေးနေတာ အယောက် ( ၂၀၀ ) ပြည့်ခဲ့

📌 ⁨⁨⁨⁨⁩၄။ကချင်ဒေသမှာရှိတဲ့ မြန်မာ-တရုတ်နယ်စယ်ဂိတ်တွေအားလုံး ပြန်ဖွင့်

📌 ⁨⁨⁨⁨၅။ တောင်ကိုရီးယားရောက် အရပ်ဖက်မြန်မာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများက ကိုရီးယားနိုင်ငံ ဒီမိုကရေစီကာကွယ်ထိန်းသိမ်းရေး လှုပ်ရှားမှုကို ထောက်ခံကာ ကိုရီးယားပြည်သူများနှင့် တသားတည်းရပ်တည်ကြောင်း သဘောထားထုတ်ပြန်ကြေညာ

📌 ⁨⁨⁨⁨၆။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းတို့ပူးပေါင်း၍ လူထုသပိတ်လှုပ်ရှား


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန - ဧရာဝတီ ဖွဲ့စည်း

🚩၂။ နတ်တလင်းမှာ ဆိုင်ကယ်တွေနဲ့ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဦးသေဆုံး

🚩 ၃။ဂွမြို့အနီးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့စစ်သားတွေကို ငါးသိုင်းချောင်းဆေးရုံပို့ပြီး ဆေးကုပေးနေချိန်မှာ ခမရ ၅၆၂ က စစ်သား ဦး သေဆုံး

🚩 ၄။ပခုက္ကူ ရေလာလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲမှာ စစ်သား ဦးသေဆုံးပြီး သုံ့ပန်း ဦးထက်မနည်း ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

🚩 ၅။ မှော်ဘီ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် 

🚩၆။ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေပါ အသုံးပြုလာတယ်တဲ့အတွက် လုံခြုံတဲ့နေရာမှာ နေကြဖို့ KNDF သတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရေးနှင့်စပ်လျဥ်း၍ CRPHရေးရာကော်မတီ () ရပ် တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ၁၃ရက်

ဒီဇင်ဘာ၁၂ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီက ဦးဆောင်၍ ပြည်သူ့ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ပညာရေးကော်မတီတို့သည် နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးသာမက အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပါတယ်။

 ရေးရာကော်မတီ () ရပ်မှ ကော်မတီအဖွဲ့ဝင်များအနေဖြင့် နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်များအား တော်လှန်ရင်း ကိုယ်အင်္ဂါဆုံးရှုံးသွားသော ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူလူငယ်များ ပညာဆက်လက်သင်ယူနိုင်ရေး၊ နိုင်ငံခြားပညာတော်သင်စေလွှတ်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ကနဦး ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

 ထို့နောက် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များတွင် နည်းပညာဆိုင်ရာ၊ စာပေအနုပညာဆိုင်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်းလက်မှုဆိုင်ရာ အစရှိသော ပညာရပ်များအား ဆက်လက်သင်ယူလေ့လာသွားနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းစဥ်များ ချမှတ်၍ အကောင်အထည်ဖော်သင့်ကြောင်း၊ ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသော ရဲဘော်များ၏ အချက်အလက်များအား စနစ်တကျ စုဆောင်း၍ ခြေတု၊ လက်တု၊ မျက်လုံးအတု အစရှိသည်တို့အား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ပိုမိုဖြည့်ဆည်းပေးနိုင်အောင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီ()ရပ်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ကရင်နီ စတဲ့ဒေသတွေမှာရှိတဲ့ မြို့နယ်ပေါင်း (၆၀)ကျော်မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့


ဒီဇင်ဘာ၁၃ရက်

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ကရင်နီ စတဲ့ဒေသတွေမှာရှိတဲ့ မြို့နယ်ပေါင်း (၆၀)ကျော်မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ၁၃ရက်မှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုထားပါတယ်။

"စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ကရင်နီ စတဲ့ဒေသတွေမှာရှိတဲ့ မြို့နယ်ပေါင်း (၆၀)ကျော်မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ လှုပ်ရှားမှုတွေထဲမှာ ပညာပေးမှုတွေ၊ ဟောပြောမှုတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင် ဖြန့်ဝေမှုတွေ၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား အသိပညာတိုးမြှင့်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာဖို့အတွက် အသိပညာပေး ဆွေးနွေးမှုတွေမျိုးစုံ ပါဝင်ပါတယ်။ဝန်ကြီးဌာနတခုက လုပ်ဆောင်တာမဟုတ်ပဲနဲ့ ဝန်ကြီးဌာနတွေပူးပေါင်းပြီးလုပ်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားမှုတွေကနေ တာဝန်ရှိတဲ့သူတွေနဲ့ ပြည်သူတွေကလည်း မိမိရဲ့တာဝန်သိမှုတွေကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့လူ့အခွင့်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ ကချင်ပြည်နယ်မှာ Rehabilitation Center တည်ထောင်ပြီး ခြေတုလိုအပ်နေတဲ့သူတွေကို တပ်ပေးနေတာ အယောက် ( ၂၀၀ ) ပြည့်ခဲ့


ဒီဇင်ဘာ၁၃ရက်

ကချင်ပြည်နယ်မှာ Rehabilitation Center တည်ထောင်ပြီး ခြေတုလိုအပ်နေတဲ့သူတွေကို တပ်ပေးနေတာ အယောက် ( ၂၀၀ ) ပြည့်ခဲ့ပြီဖြစ်တယ်လို့ ဒီဇင်ဘာလအတွင်းမှာ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဌ ဒေါက်တာခင်မောင်လွင်မှ အသိပေးဆိုထားပါတယ်။

"ကျွန်တော်တို့ သိပ်မပြောပါဘူး။အလုပ်နဲ့ပဲ သက်သေပြလိုက်ပါပြီ။ကချင်မြေမှာ Rehabilitation Center လေး တည်ထောင်ပြီး ခြေတုလိုအပ်နေတဲ့သူတွေကို တပ်ပေးနေတာ အယောက် ( ၂၀၀ ) ပြည့်ခဲ့ပါပြီ။မနဲတော့တဲ့ ဒီအရေအတွက် ရောက် အောင်အဆင့်ဆင့်ကြိုးစားလာခဲ့ရတာပါ။အားလုံးကို အခမဲ့တပ်ဆင်ပေးနေတာပါ"လို့ဆိုပါတယ်။

လိုအပ်တဲ့ရန်ပုံငွေများ ပံ့ပိုးခဲ့ကြတဲ့MFM ( Medical Family Mandalay )၊ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၊ပြည်တွင်းအလှူရှင်များ၊ပြည်ပ အလှူရှင်များ အာလုံးကိုအထူးပဲ ကျေးဇူးတင်ပြီး လေးစားဂုဏ်ယူမိတယ်လို့ဆိုထားပါတယ်။

ခြေတုလိုအပ်နေသူများလည်းအချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ကာ ခြေတုတပ်ဆင်ရေးလှူဒါန်းလိုသူများအနေနဲ့လည်းဆက်သွယ်နိုင်တယ်လို့သိရပါတယ်။ခြေတု တခုအတွက်ကုန်ကျစရိတ်ကတော့ဒူးအထက် ခြေတုတခုကို ( ၁၅ )သိန်းခန့် ဒူးအောက် ခြေတုတခုကို ( ၁၀ ) သိန်းခန့် ကုန်ကျမှုရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁩၄။ကချင်ဒေသမှာရှိတဲ့ မြန်မာ-တရုတ်နယ်စယ်ဂိတ်တွေအားလုံး ပြန်ဖွင့်


ဒီဇင်ဘာ၁၃ရက်

ကချင်ဒေသမှာရှိတဲ့ မြန်မာ-တရုတ်နယ်စယ်ဂိတ်တွေအားလုံးကို KIO/KIA ဘက်ကရော တရုတ်ဘက်ကပါ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပြီလို့ ဒေသတွင်းသတင်းဌာနအချို့က ဖော်ပြလာပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုရလဒ် အဖြစ် KIO သိမ်းပိုက်ထားတဲ့ နယ်မြေပိုက်နက်အတွင်းက မြန်မာ-တရုတ်နယ်စပ် ဂိတ်တွေအားလုံး ပြန်ဖွင့်လိုက်တာလို့ ဆိုပါတယ်။

KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ်အားလုံး ဒီမနက်ပြန်လည်ဖွင့်ပါပြီ။ KIO လူကြီးတွေနဲ့တရုတ်အစိုးရ ကူမင်းမှာတွေ့ ဆုံဆွေနွေးမှုရဲ့ရလဒ်ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ သဘောတူ ဆွေးနွေးမှုတွေအရ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့သဘောတူညီမှုရရှိတာဖြစ်ပါတယ်လို့ လိုင်ဇာအခြေစိုက် KIO သတင်းရင်းမြစ်အဆိုကို ကိုးကား‌ပြီး ဖော်ပြခဲ့တာပါ။ 

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်-CPPCC အဖွဲ့ မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပြီး နယ်စပ် ဂိတ်ဖြတ်သန်းခွင့်အ‌ခြေနေနဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးဘူးလို့ ဒေသတွင်းသတင်းတွေကိုအသိပေးနေတဲ့ Kachin News Group က ဖော်ပြပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး လက်ရှိအချိန်အထိ တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေဆဲဖြစ်တာကြောင့် KIO ဥက္ကဋ္ဌနဲ့ အဖွဲ့ လိုင်ဇာကို ပြန်မရောက်သေးဘူးလို့ သိရပါတယ်။ 

တရုတ်အစိုးရက လွယ်ဂျယ်နယ်စပ်ဂိတ်ကို မနေ့ ဒီဇင်ဘာ ၁၂ ကတည်းက ဖွင့်ထားပေမယ့် KIAဘက်က ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှ နယ်စပ်ဂိတ်မှာရှိတဲ့ အတားအဆီးတွေကို KIO ဝန်ထမ်းတွေက ဖယ်ရှားခဲ့တာဖြစ်ပြီး ဖယ်ရှားနေတဲ့ ရုပ်သံမှတ်တမ်း လည်း ထွက်ပေါ်လာခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ တောင်ကိုရီးယားရောက် အရပ်ဖက်မြန်မာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများက ကိုရီးယားနိုင်ငံ ဒီမိုကရေစီကာကွယ်ထိန်းသိမ်းရေး လှုပ်ရှားမှုကို ထောက်ခံကာ ကိုရီးယားပြည်သူများနှင့် တသားတည်းရပ်တည်ကြောင်း သဘောထားထုတ်ပြန်ကြေညာ


ဒီဇင်ဘာ၁၃ရက်

လတ်တလောအခြေအနေတွင် ကိုရီးယားနိုင်ငံ၏ အရေးကြီးသော နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်များအတွင်း ကိုရီးယားပြည်သူများ၏ စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံသားများသည်လည်း ထပ်တူခံစားနားလည်လျက် ကိုရီးယားပြည်သူများ လိုလားသောဆန္ဒအား အပြည့်အဝ ထောက်ခံအားပေး အပ်တယ်လို့ တောင်ကိုရီးယားရောက် အရပ်ဖက်မြန်မာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အမြစ်ခိုင်အောင် မတည်ဆောက်နိုင်သေးသည့်အတွက် စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကိုတလှည့်၊ စစ်အာဏာသိမ်းမှုကိုတလှည့် ကြုံတွေ့ရင်ဆိုင်နေရကာ ပြည်သူများသည် စစ်အာဏာရှင်စနစ်အောက်တွင် ကြီးမားသောအခက်အခဲများကို ခံစားနေရပြီး မြန်မာပြည်သူများသည် ယနေ့ ကိုရီးယားကဲ့သို့ ဒီမိုကရေစီတော်လှန်ရေးကို တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

ကိုရီးယားဒီမိုကရေစီသည် မြန်မာနှင့်အာရှ၏ ငြိမ်းချမ်းရေးလည်း ဖြစ်ကာကိုရီးယားနေ မြန်မာနိုင်ငံသားများသည် ကိုရီးယားပြည်သူများနှင့်အတူ မြန်မာနှင့် ကိုရီးယား အပါအဝင် အာရှ၏ ဒီမိုကရေစီကာကွယ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၆။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းတို့ပူးပေါင်း၍ လူထုသပိတ်လှုပ်ရှား


ဒီဇင်ဘာလ(၁၃)ရက်

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း အနေဖြင့်၊ ဒေသခံပြည်သူနှင့်အတူပူးပေါင်းကာ၊အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်

 ကျောင်းသားလူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ ဒီဇင်ဘာ၁၃ရက်မှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးဖော်ပြပါတယ်။အဆိုပါအစီအစဉ်တွင်ဒေသခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်များမှ တက်ရောက်လာသော ကျောင်းသားပြည်သူနှင့်အတူ သပိတ်တရားများဟောကြားခဲ့ကြပါတယ်။ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊စစ်အာဏာရှင်စနစ်ကို "ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်ကာ " တော်လှန်ရေးမီးစာအမြင့်ဆုံးသို့မြှင့်တင်ကာ၊ ရရာကဏ္ဍ အသီးသီးမှပါဝင်တိုက်ပွဲဝင်နိုင်ရန်တိုက်တွန်းအပ်တယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨⁨ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန - ဧရာဝတီ ဖွဲ့စည်း


ဒီဇင်ဘာ၁၃ရက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန-ဧရာဝတီ ဖွဲ့စည်းလိုက်တယ်လို့  မနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

တိုင်းစစ်ဌာန-ဧရာဝတီကို NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ်- စစ်ဒေသခွဲ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။ 

အခုဖွဲ့စည်းလိုက်တဲ့ တိုင်းစစ်ဌာန-ဧရာဝတီကို ပြည်သူ့သားကောင်း စစ်သည်တော်တွေနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပြီး စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာ စတဲ့ အဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကချမှတ်ထားတဲ့ သစ္စာဓိဌာန်-၄ချက်ကို မြဲမြံစွာစောင့်ထိန်းပြီး အဆင့်ဆင့်သော အမိန့်ပေး ကွပ်ကဲနာခံမှုနဲ့ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ တိုင်းစစ်ဌာန-ဧရာဝတီက ဆိုပါတယ်။

တိုင်းစစ်ဌာန-ဧရာဝတီရဲ့  အန္တိမရည်မှန်းချက်ဟာ ဧရာဝတီမြေကို ထိုးဖောက်ဝင်ရောက်ပြီး မဟာမိတ် EROs တွေနဲ့ ပူးပေါင်းပြီး အောင်ပွဲတွေရယူနိုင်ဖို့ဖြစ်တယ်လို့ ကြေညာထားပါတယ်။ 

တိုင်းစစ်ဌာန-ဧရာဝတီအနေနဲ့ စစ်ရေးတိုက်ပွဲသတင်းတွေနဲ့ ကာကွယ်ရေးဆိုင်ရာထုတ်ပြန်‌ ကြေညာချက်တွေ တရားဝင် ထုတ်ပြန်နိုင်ဖို့ လူမှုကွန်ယက်စာမျက်နှာ Facebook Page ကို တိုင်းစစ်ဌာန-ဧရာဝတီ အမည်နဲ့ ဖွင့်လှစ်ထားတဲ့အတွက် တော်လှန်ပြည်သူတွေ ယုံကြည်စွာနဲ့ချက်ဆက်နိုင်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩၂။ နတ်တလင်းမှာ ဆိုင်ကယ်တွေနဲ့ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဦးသေဆုံး


ဒီဇင်ဘာ၁၃ရက်

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပြီး  လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ နတ်စစ်သည်တပ်ခွဲက ဆိုပါတယ်။

နတ်တလင်းမြို့နယ် လယ်မအင်းကျေးရွာအနီးကို ဆိုင်ကယ် ၇စီးနဲ့ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ ဒီဇင်ဘာ ၁၂ ညနေ ၅နာရီခွဲခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဆိုင်ကယ် စီး မိုင်းထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံး ကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ နတ်စစ်သည်တပ်ခွဲက အသိပေးပါတယ်။

ဆိုင်ကယ် စီး အင်အား ၁၄ ဦးနဲ့ လှည့်ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒမငယ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် အထိုင်စခန်းက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေဆုံးသွားသူတွေနဲ့ ဆိုင်ကယ်တွေကို ဖောကားနဲ့ နတ်တလင်းမြို့ဘက် သယ်သွား တယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ နတ်စစ်သည်တပ်ခွဲကရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ် ပါတယ်။

နတ်တလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသနေပြည်သူတွေေ စစ်ဘေးရှောင်နေရတာလည်းရှိပါတယ်။  


========================


🚩🚩 ၃။ဂွမြို့အနီးတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့စစ်သားတွေကို ငါးသိုင်းချောင်းဆေးရုံပို့ပြီး ဆေးကုပေးနေချိန်မှာ ခမရ ၅၆၂ က စစ်သား ဦး သေဆုံး


ဒီဇင်ဘာ၁၃ရက်

ရခိုင်ပြည် ဂွမြို့အနီးက တိုက်ပွဲတွေမှာ ဒဏ်ရာရသွားတဲ့စစ်သားတွေကို ဧရာ၀တီတိုင်း ငါးသိုင်းချောင်းမြို့ တိုက်နယ်ဆေးရုံ ပို့ပြီး ဆေးကုသပေးနေရာမှာ ခမရ ၅၆၂ က ဒဏ်ရာရတပ်သား ဦး သေဆုံးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တခုဖြစ်တဲ့ ပုသိမ် သတင်းအထူးတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဆေးရုံကို ဂွမြို့ အခြေစိုက် ခမရ ၅၆၂ တပ်က ဒဏ်ရာရ စစ်သားတွေကို စစ်ကားအကြီး စီး၊ လူနာတင်ကား စီး၊ စစ်ကားအသေးတစီး အိမ်စီးကားတစီးတို့နဲ့ လာရောက် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆေးရုံးကိုရောက်လာတဲ့ ဒဏ်ရာရသူတွေထဲက စစ်သား ဦး ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းမှာ သေဆုံးသွားတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆေးရုံအနီးတဝိုက် ခြေရှုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။

ထို့ပြင် ဧရာ၀တီတိုင်းစစ်ကောင်စီအဖွဲ့ကလည်း မနေ့ ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ ငါးသိုင်းချောင်းဆေးရုံကို လာရောက် ခဲ့ပြီး ဂွမြို့အနီးကတိုက်ပွဲမှာ ဒဏ်ရာရလာတဲ့စစ်သားတွေကို လာရောက်ကြည့်ရှုသွားတယိလို့ သိရပါတယ်။ 

ရခိုင့်တပ်တော် AA ဟာ အောက်တိုဘာလဆန်းပိုင်းကစပြီး ဂွမြို့ဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် ဂွမြို့နဲ့ အနီးဆုံးနေရာ တွေမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေမယ့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များနေတဲ့အတွက် တပ်သားသစ်တွေနဲ့ စစ်သားတွေ လက်နက်ချ အလင်းဝင်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၄။ပခုက္ကူ ရေလာလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲမှာ စစ်သား ဦးသေဆုံးပြီး သုံ့ပန်း ဦးထက်မနည်း ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 


ဒီဇင်ဘာ၁၃ရက်

မကွေးတိုင်း ပခုက္ကူမြို့ နယ်အတွင်းက အကြမ်းဖက်စစ်‌ကောင်စီစခန်းတခုဖြစ်တဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ် တွေ စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးပြီး သုံ့ပန်း ဦးထက်မနည်းဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် Local တပ်ရင်း Thurain - TR People Defense Force က ဒီနေ့ ဒီဇင်ဘာ ၁၃ မှာ ထုတ်ပြန်ပါတယ်။

အမှတ်- စစ်ကြောင်းဦးဆောင်မှုနဲ့အတူ တော်လှန်ရေးတပ်တွေပူးပေါင်းပြီး ပခုက္ကူမြို့နယ် ရေလာလေး ရန်သူ့စစ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မနက် နာရီကစပြီး ရန်သူ့အထိုင်စခန်းနဲ့ ရန်သူ့ဘန်ကာတွေကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရတာဖြစ်တဲ့အတွက် တိုက်ပွဲဟာ တနာရီခွဲခန့်ကြာမြင့်ခဲ့တယ်လို့လည်း ပခုက္ကူခရိုင် Local တပ်ရင်း Thurain - TR က အသိပေးပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ရန်သူစစ်ကောင်စီဘက်ကလေယာသ်နဲ့ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ပေမယ့် စစ်သား ဦး သေဆုံး သွားတာ မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်လေယာဉ်က ဗုံးကြဲပြီး ပစ်ကူပေးခဲ့တာကြောင့် ဒေသနေပြည်သူ ဦးနဲ့ ရဲဘော်၃ဦး ထိခိုက်ဒဏ်ရာ ရခဲ့ တယ်လို့ သိ၇ပါတယ်။။

ထို့အတူ အမှတ်- စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့-SRF က တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး() ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့က ငါးမျိုးကောင်း စစ်သည်ဆုရ ရဲဘော်ကိုထက်တို့ တိုက်ပွဲအတွင်း အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရေလာလေးရွာက ရန်သူ့စစ်စခန်းသိမ်းတိုက်ပွဲမှာ ၆၀ မမ စိန်ပြောင်းတလက်၊ MA-2 တလက် MA-3 တလက်၊ M2 ကာဘိုင် ၁၂လက်၊ ရှော့ဂန်း လက်၊ ပွိုင့်၅၆ လက်လုပ်တလက်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ ၂ထောင်ဝန်းကျင်နဲ့ စစ်အသုံးအဆောင်ပစ္စည်းများအပြင် သုံ့ပန်း ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိပါတယ်။

ဒီတိုက်ပွဲဟာ တပ်ပေါင်းစုညီညွတ်ရေး စုဖွဲ့တိုက်ပွဲဝင်နေတဲ့ အမှတ် - စစ်ကြောင်း ဦးဆောင်မှုနဲ့ စစ်ရေးရည်မှန်းချက်ကို အကောင်ထည်ဖော်ခဲ့တာဖြစ်ပြီး ကျောင်းသားလက်ရုံးတပ်တော်-SAF ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ပခုက္ကူခရိုင် Local တပ်ရင်း ThuRain - TR people defense force Kamma Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ မှော်ဘီ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် 


ဒီဇင်ဘာ၁၃ရက်

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခဲ့ရာ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ Operation Flame-OF က ဆိုပါတယ်။ 

ရန်ကုန်-ပြည်ကားလမ်းဘေးက အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးတွေ အခြေချနေတဲ့ သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ ဒီဇင်ဘာ ၁၂ ရက် နာရီကျော်အချိန်မှာ အဝေးထိန်းမိုင်းတွေသုံးပြီး ဖောက်ခွဲတိုက်ခိုက် ခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။  

အဝေးထိန်းမိုင်း လုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ပျူစောထီး  ဦး ထိခိုက်မှု ရှိနိုင်ပါတယ်လို့ Operation Flame OF  တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းခွဲပြီးတဲ့နောက် လုံခြုံရေး တင်းကျပ်နေပြီး စစ်ကားတွေ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ချက်ချင်းရောက်လာခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းတဲ့နေရာ ပြန်ရောက်နေပြီလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးတွေဟာ စစ်မှုထမ်းတွေအတွက် ဆက်ကြေးကောက်တာ၊ ပေါ်တာဆွဲတာ တွေအပါအဝင် ရန်ကုန်-ပြည်ကားလမ်းတလျောက်သွားလာနေတဲ့ ကားတွေကိုစစ်ဆေးတာ ဖမ်းဆီးတာတွေမှာလည်း ပါဝင် နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်တဲ့ Operation Flame OF အဖွဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၆။ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေပါ အသုံးပြုလာတယ်တဲ့အတွက် လုံခြုံတဲ့နေရာမှာ နေကြဖို့ KNDF သတိပေး


ဒီဇင်ဘာ၁၃ရက်

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ် အစပ်မှာရှိတဲ့ အချို့သောနေရာတွေကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာပြီဖြစ်တာကြောင့် ဒေသနေပြည်သူများအနေနဲ့ လုံခြုံတဲ့ နေရာမှာနေကြဖို့ KNDF က သတိပေးပြောဆိုလိုက်ပါတယ်။

မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ခမရ-၄၂၂ တပ်က မိုးဗြဲမြို့နဲ့ မြို့ပတ်ဝန်ကျင်ကို ဒီဇင်ဘာ ရက်နဲ့ ရက်နေ့တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါတဲ့  ၅၆၀ အဆိပ်ငွေ့ပြားတွေ ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အဆိပ်ငွေ့ပြားတွေကိုတပါတည်း ထည့်သွင်းအသုံးပြုတိုက်ခိုက်တာကြောင့် ဗုံးသီးကျရောက်ရာ အနီးဝန်ကျင်မှာ မီးခိုးတွေ အများအပြားထွက်လာပြီး ရှုရှိက်မိတဲ့ တော်လှန်ရေးရဲဘော်အချို့ မူးဝေတာ၊ ခေါင်းမူးတာ၊ အော့အန်ချင်သလိုဖြစ်တာ  အိပ်ချင်လာတာ ခန္တာကိုယ်မလန်းဆန်းတာ၊ အားပြတ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ချိန် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ပေမယ့် အဲဒီဝေဒနာတွေခံစားကြရတဲ့အတွက် ဗုံးသီးကျတဲ့နေရာတွေကို စစ်ဆေးခဲ့ရာက အက်စ်ဖော့စ်အဆိပ်ငွေ့ပြားတွေ ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

ဒါကြောင့် အများပြည်သူတွေအနေနဲ့ သတိထားဖို့လိုပြီး မိမိတို့အနီးဝန်ကျင်မှာ ဒရုန်းတွေ ပျံဝဲနေတာနဲ့ တိုက်ခိုက်ခံရတဲ့ နေရာတွေအနီးမှာ ရှိနေမယ်ဆိုရင် လေ့လာစူးစမ်းတာမျိုးမလုပ်ဘဲ လုံခြုံတဲ့နေရာတွေမှာ ပုန်းခိုနေကြဖို့ KNDF က အကြံပြု ထားပါတယ်။ 

ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ လွိုင်ကော်လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့မှုတွေ ကြိုကြား ကြိုကြားဖြစ်နေပြီး စစ်ကောင်စီဘက်က ဒရုန်းတွေကိုအားပြုပြီး စစ်ဆင်ရေးလုပ်ဆောင်လာသလို အဆိပ်ငွေ့တွေ ကိုပါ ထည့်သွင်းအသုံးပြုလာတဲ့အတွက် အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။


⁨⁩အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment