14th Dec 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ဂွမြို့ မြန်မာ့စီးပွားရေးဘဏ်က ငွေတွေ ခမရ ၅၆၂ ထံ ရွှေ့ပြောင်း

📌 ⁨⁨⁨⁨၂။အင်းစိန် ကြို့ကုန်းဘူတာအနီးက အကြမ်းဖက်နှိမ်နင်းရေး တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

📌 ⁨⁨⁨⁨၃။စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲလို့ ဖလမ်းမြို့တွင်း ဘယ်သူကိုမှ ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ CNDF အသိပေး


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလအတွင်းဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ၁၅ဝ နီးပါး သေဆုံး 

🚩 ၂။ တောင်ကုတ်မြို့က စကခ- ကို ရခိုင့်တပ်တော် သိမ်းပိုက် 

🚩 ၃။ မိုးကောင်း မိုင်ဂိတ်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA ပြော

🚩၄။ ခေါင်လန်ဖူးဒေသမှာ စစ်တပ်က စစ်အင်အားတိုးချဲ့‌ပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ KIA ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ဂွမြို့ မြန်မာ့စီးပွားရေးဘဏ်က ငွေတွေ ခမရ ၅၆၂ ထံ ရွှေ့ပြောင်း


ဒီဇင်ဘာလ ၁၄ရက်။


ရခိုင်ပြည် ဂွမြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က ငွေသားတွေကို အကြမ်းဖက်စစ်ကောင်စီက မြို့အခြေစိုက် ခမရ- ၅၆၂ တပ်ထံ ရွှေ့ပြောင်းသယ်ယူသွားတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါ တယ်။

ဂွမြို့ မြန်မာ့စီးပွားရေးဘဏ်က ငွေသားနဲ့ စာရွက်စာတမ်းတွေကို ခမရ - ၅၆၂ တပ်ထဲကို မနေ့ ဒီဇင်ဘာ ၁၃ ရက် မနက် ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ လာယူသွားတယ်လို့ သိရပါတယ်။ 

လတ်တလောမှာ စစ်ကောင်စီဟာ ဂွမြို့ခံပြည်သူတွေကို ညမထွက်ရ အမိန့်ထုတ်ထားပြီး ညဘက်လူခြေတိတ်ချိန်မှာ ပြည်သူ့စစ်တွေနဲ့အတူ မြို့ပတ်လည်ကို စစ်ကြောင်းလှည့်နေတယ်လို့ဒေသနေပြည်သူတွေရဲ့အဆိုကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Lay Waddy FM က ဖော်ပြပါတယ်။

ရခိုင့်တပ်တော် AA က စစ်ကောင်စီတပ်ရင်းတွေကို ဒီဇင်ဘာ ၁၃ ရက်ကစပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်နေသလို လက်နက် ငယ်တေနဲ့ပါ ပစ်ခတ်နေတာကြောင့် သေနတ်သံတွေ မြို့ပေါ်ကတောင် ကြားနေရပြီလို့ ဆိုပါတယ်။

ရခိုင်ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ နိရဉ္စရာ ကလည်း ဂွမြို့အခြေစိုက် ခမရ- ၅၆၃ တပ်ရင်းကို ရခိုင့်တပ်တော်က ဒီဇင်ဘာ ၁၃ ရက် ညနေ နာရီခန့်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေ‌ပြီလို့ ဖော်ပြထားပါတယ်။  

ဂွမြို့မှာ ခမရ- ၅၆၂ တပ်ရင်းနဲ့ ခမရ- ၅၆၃ တပ်ရင်းသာရှိတာကြောင့် ရခိုင့်တပ်တော်အနေနဲ့ ဂွမြို့ကို အလွယ်တကူ သိမ်းပိုက်သွားနိုင်တဲ့အနေအထားလို့ ဒေသနေသူတွေက ခန့်မှန်းထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ မြန်မာ့စီးပွားရေးဘဏ်မှာရှိတဲ့ ငွေသားတွေနဲ့ စာရွက်စာတမ်းတွေကို အခုလိုသိမ်းယူ သွား တာဖြစ်နိုင်တယ်လို့ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတွေက ပြောဆိုနေကြပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။အင်းစိန် ကြို့ကုန်းဘူတာအနီးက အကြမ်းဖက်နှိမ်နင်းရေး တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်


ဒီဇင်ဘာလ ၁၄ရက်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းဘူတာအနီးက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်နှိမ်နင်းရေး တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ God's Hand Forces -GHF က ပြောပါ တယ်။

ခလရ ၁၆ တပ်ရင်းလို့သာ လူသိများတဲ့ အကြမ်းဖက်နှိမ်နင်းရေးတပ် လုံခြုံရေးကင်းဂိတ်ကို မနေ့ ဒီဇင်ဘာ ၁၃ ရက် နာရီ ၄၅ မိနစ်အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီအနေနဲ့ လုံး၀ အုပ်ချုပ်ခွင့်မရဘဲ စစ်တပ်ထောက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုနဲ့ ရည်ရွယ်ချက်နဲ့အညီ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ခလရ ၁၆ တပ်ဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့တို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီလက်ကိုင်တုတ် အကြမ်းဖက်နှိမ်နင်းရေးတပ်တခုဖြစ်ပြီး ဒီတပ်က တပ်ဖွဲ့ဝင်တွေကသာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အနီးကပ် ကာကွယ်ပေးနေတာလို့ GHF တာဝန်ခံက ပြောပါတယ်။ 

စစ်ကောင်စီအနေနဲ့ ရန်ကုန်မြို့တော်ကို အရက်ကထက် လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးတာတွေလုပ်နေတဲ့အတွက် လတ်တလောမှာ ထိခိုက်သေဆုံမှုအခြေအနေကို အတည်းမပြုနိုင်ဘူးလို့ ဆိုပါတယ်။

အခုစစ်ဆင်ရေးဟာM-043 စစ်ဆင်ရေးရဲ့ တစိတ်တဒေသဖြစ်ပြီး ကြိမ်မြောက်ဖော်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ကာ ရန်ကုန်သားတွေ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိစေချင်လို့ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထောက်တိုင်တွေရှိတဲ့နေရာ လုပ်ငန်းဌာနတွေအပါအဝင် စစ်တပ် အထိုင်ကင်းတွေ လှည့်ကင်းတွေနဲ့ဝေးတဲ့နေရာကနေ ရှောင်ရှားသွားလာကြဖို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ God's Hand Forces -GHF က မေတ္တာရပ်ခံထားပါတယ်။


========================


⁨ 📌📌 ⁨⁨⁨⁨၃။စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲလို့ ဖလမ်းမြို့တွင်း ဘယ်သူကိုမှ ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ CNDF အသိပေး


ဒီဇင်ဘာလ ၁၄ရက်။

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာတဲ့ ဖလမ်းမြို့တွင်းကို စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲလို့ ဘယ်သူ့ကိုမှ ဝင်ထွက် သွားလာခွင့် မပြုဘူးလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF က မနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေချိန်ဖြစ်တာ ကြောင့် လုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ ဝင်ထွက်သွားလာခွင့် ပိတ်လိုက်တာလို့ နားလည်ရပါတယ်။ 

ဒါပေမဲ့ အရေးပေါ်ကိစ္စရှိလာရင်တော့ သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူတွေကို အကြောင်းကြားနိုင်တယ်လို့ အသိပေးထားပါ တယ်။

ချင်းညီနောင်အဖွဲ့တွေဖော်ဆောင်နေတဲ့ ချင်းညီနောင်စစ်ဆင်ရေး Operation CB အရ ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာ ရက်နေ့ကစပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လက်ရှိအချိန်ထိ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

ဖလမ်းမြို့နဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အောင်မြင်မှုတွေရထားပြီး အလု့းစုံမထိန်းချုပ်နိုင်သေးပေမယ့် အဖက်ဖက်က ကျဆုံးနေတဲ့ အကြမ်းဖက်စစ်တပ် က လေကြောင်းပစ်ကူနဲ့မစ်ဇိုင်းတွေသုံးပြီး စစ်ကူပေးနေတဲ့အတွက် အလုံးစုံအောင်မြင် မှုရဖို့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးကြဖို့ CNO/CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ဖိတ်ခေါ် ထားပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းပီတာထန်းက ကျွန်တော်တို့ရဲ့မြို့ကို ကျွန်တော်တို့ ပြန်ယူနေတာက ကျွန်တော်တို့အတွက် သမိုင်းပေးတာဝန်ပါ။ အဲဒီအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက်ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ ရှိနေမှာ။ ခင်ဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်စီးတဲ့သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ် တော့မှာ လို့ ဖလမ်းမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သတိပေးပြောဆိုထားပါတယ်။ 

ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ။ ဖလမ်းမြို့ ကို ထားခဲ့ပြီးသွားမယ်ဆိုရင် ဆက်သွယ်နိုင်တယ်လို့လည်း ဆလိုင်းပီတာထန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩


========================

========================



🚩🚩 ⁨⁨⁨⁨⁨ တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလအတွင်းဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ၁၅ဝ နီးပါး သေဆုံး 


ဒီဇင်ဘာလ ၁၄ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြားဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၁၅ဝ နီးပါး သေဆုံးသွား တယ်လို့ PDF Southern Military Region က ဒီနေ့ ဒီဇင်ဘာ ၁၄ မှာ ထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်မှု ၃၈ ကြိမ်အထက်ရှိခဲ့ပြီး မိုင်း လက်နက်ကြီးတို့နဲ့ ၁၉ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလအတွင်း ကရင်ပြည် ဖာပွန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းနဲ့ မထောစခန်းကို KNLA/PDF/ BPLA တို့ပါတဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒီစခန်းသိမ်းတိုက်ပွဲနဲ့အခြားတိုက်ပွဲတွေကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေ များစွာ သိမ်းဆည်းရရှိခဲ့တယ် သိရပါတယ်။

နိုဝင်ဘာလအတွင်းဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၁၄၉ ဦးသေဆုံးပြီး ၈၉ ဦး ဒဏ်ရာရကာ ဦး ပြည်သူ့ ကာကွယ်ရေးတပ်မတော်ဘက် အလင်းဝင်ရောက်ခဲ့တာရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစင်း ပျက်စီးဆုံးရှုံးခဲ့တယ် လို့ တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာတလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၁၇ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၄ ဦး ရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိတဲ့ အချက်အလက်တွေကို ချန်လှပ်ထားတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်ဖို့တော့ ရှိပါတယ်။

တိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF မွန်ပြည်တော်လှန်ရေးတပ်-MSRF မွန်ပြည်သစ်-AD ပူးပေါင်းတပ်ဖွဲ့များနဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ တောင်ကုတ်မြို့က စကခ- ကို ရခိုင့်တပ်တော် သိမ်းပိုက် 


ဒီဇင်ဘာလ ၁၄ရက်။

ရခိုင်ပြည် တောင်ကုတ်မြို့က နောက်ဆုံးကျန်နေတဲ့ အမှတ် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ- ကို ရခိုင့် တပ်တော် AA က သိမ်းယူလိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံသွားတာကြောင့် ရခိုင့်တပ်တော် AA ဟာ မနေ့က ဒီဇင်ဘာ ၁၃ ရက်မှာ အမှတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

စကခ- တပ်ကိုတိုက်ခိုက်နေစဉ် ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တပ်ရင်မှူးအဆင့်အပါအဝင် ရာချီတဲ့စစ်သားတွေ ရခိုင့် တပ်တော်ထံမှာ အလံဖြူထောင် လက်နက်ချအညံ့ခံလာကြတာလို့ စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ တောင်ကုတ်မြို့ခံအချို့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာန တခုဖြစ်တဲ့ နိရဉ္စရာက ဖော်ပြပါတယ်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ စစ်စခန်း ၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကိုထိန်းချုပ်ထားနိုင်ပြီလို့ ရခိုင့်တပ်တော် AA က နိုဝင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ ကို နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်း ထပ်မံ သိမ်းယူနိုင်ခဲ့ကာ အဓိကစခန်းဖြစ်တဲ့ စကခ- တပ်မဌာနချုပ်ကို သိမ်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

အခုလို တောင်ကုတ်မြို့က စကခ - ကိုသိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ ဒီဇင်ဘာ ၁၄ ရက် မနက် ၁၁ နာရီကျော်တဲ့အထိ တရားဝင်ထုတ်ပြန်လာတာတော့မရှိသေးပါဘူး။ 

လက်ရှိမှာ ရခိုင့်တပ်တော် AA ဟာ အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ နဲ့ ဂွမြို့က လက်ကျန် စစ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


 🚩🚩 ၃။ မိုးကောင်း မိုင်ဂိတ်ကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA ပြော


ဒီဇင်ဘာလ ၁၄ရက်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ တပ်ရင်း ၄၄ နယ်မြေမှာရှိတဲ့ မိုးကောင်း မိုင်ဂိတ်ကို ဒီဇင်ဘာ ၁၂ ရက် နာရီခွဲအချိန်မှာ စစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်တွေပါတဲ့ အင်အား ၃ဝဝ ခန့်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်းခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။ 

စစ်ကောင်စီတပ် ခမရ- ၃၈၁၊ ၃၈၂ နဲ့ ခလရ -၁ဝ၅ တပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ SNA ပြည်သူ့စစ်နဲ့ ပျူစောထီး တွေပါတဲ့အဖွဲ့တွေပေါင်း‌ပြီး ထိုးစစ်ဆင်လာတဲ့အတွက် KIA ဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်နေချိန်မှာ ဆားမှော်မှာရှိတဲ့ စစ်ကောင်စီလက်နက်ကြီးတပ်ကလည်း လက်နက်‌ကြီးတွေနဲ့ ပစ်ကူပေးတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ လက်နက်ကြီးတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုတွေရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်ဆီးဆုံးရှုံးတာ တွေရှိနေတယ်လို့ ဒေသပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIA သတင်းဌာနက ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ ဖော်ပြ ပါတယ်။ 

မိုင်ကျေးရွာဟာ မိုးကောင်း - ဖားကန့်လမ်းမှာရှိပြီး KIA ဘက်က စခန်းချနေတာမျိုးမှရှိပေမယ့် မိုးကောင်းနဲ့ နမ္မတီး ကြား မှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ SNA ပြည်သူ့စစ်တွေက ထိုးစစ်ဆင်လာတာကြောင့် ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ မိုးကောင်းဒေသ စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။  

အင်တာလိုင်းပြတ်တောက်မှုနဲ့ ဖုန်းလိုင်းဆက်သွယ်မှုအခက်အခဲတွေကြောင့် နှစ်ဖက်ထိခိုက်မှုနဲ့ တိုက်ပွဲအခြေအနေကိုတော့ လက်ရှိမှာ အသေးစိတ်မသိရသေးပါဘူး။ 

ဖားကန့် - မိုးကောင်း လမ်းမှာရှိ စစ်ကောင်စီတပ် အထိုင်ချစခန်းတွေနဲ့ ဖားကန့်ဘက်သွားတဲ့လမ်းတွေမှာရှိတဲ့ စစ်စခန်းတွေ ကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အခုနှစ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖားကန့်ဒေသ အဝင်အထွက်လမ်းတွေကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ခေါင်လန်ဖူးဒေသမှာ စစ်တပ်က စစ်အင်အားတိုးချဲ့‌ပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ KIA ပြော


ဒီဇင်ဘာလ ၁၄ရက်။

ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသကို အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ခေါင်လန်ဖူးဘက်ကို အင်အားတိုးချဲ့နေရာမှာ သူတို့လှုပ်ရှားရာလမ်းကြောင်းနဲ့ ကျေးရွာတွေ အနီးမှာပါ စခန်းချနေရာယူထား‌ပြီး ဒေသနေရွာသားတွေကို ရွာပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေးမေးမြန်းပြီးမှသာ ထွက်ခွင့် ပေးတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အသိပေးထားပါတယ်။ 

KIA နဲ့ ပူးပေါင်းတပ်တွေ ဆွမ်ပရာဘွမ်မြို့ကိုသိမ်းပြီးနောက်ပိုင်း ပူတာအိုနဲ့ ခေါင်လန်ဖူးဒေသဘက်ကို စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့တာတွေ ကျေးရွာတွေမှာ နေရာယူတပ်စွဲထားတာတွေ လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ခုနှစ် မေလ ရက်နေ့မှာ ဆွမ်ပရာဘွမ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး 

 နှင်းတွေဖုံးလွှမ်းနေတဲ့ရေခဲတောင်တွေကြောင့် သဘာဝအလှတရာတွေကြွယ်ဝရာ ခေါင်လန်ဖူးဒေသက ဒေသနေပြည်သူ တွေကတော့ တိုက်ပွဲတွေပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။


⁨⁩ အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment