16th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားအချင်းချင်းညီညွတ်ရေးကအဓိကအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို

📌 ⁨⁨⁨⁨၂။ ဂျဲန်ဒါတန်းတူညီမျှရေးဌာန နှင့် ဗဟိုကျန်းမာရေးဌာန၏ ဌာနမှူးများ၊တာဝန်ခံများ တရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတက်ရောက်

📌 ⁨⁨⁨⁨၃။ အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာလအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၃မှုကိုကျူးလွန်ခဲ့"

📌 ⁨⁨⁨⁨၄။ လားရှိုးမြို့မှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့

📌 ⁨⁨⁨⁨၅။ အဆိုတော် ကျားပေါက်(ဟန်ထူးလွင်) ရဲ့ Comeback Showကြည့်ရှုနိုင်မယ့် လက်မှတ် (e-ticket)များရောင်းချပေးနေ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ကားအစီး ၂၀ နဲ့ ဆင်းလာတဲ့ စစ်တပ် စစ်ကြောင်းကို ရခိုင့်တပ်တော် AA ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းယူ 

🚩၂။လက်ပံတန်း တိုက်ပွဲမှာ စစ်သား ဦး သေဆုံးသွားပြီး စစ်တပ်စစ်ကြောင်း ပြန်ဆုတ်  

🚩 ၃။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်သား ဦးက ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ပြီး ငွေနဲ့ပစ္စည်းတွေယူသွား

🚩 ⁨⁨၄။ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတာကြောင့် သေဒဏ်ထိချမှတ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ကျောတိုက်နယ် ပအဖ ပြန်လည်ပြင်ဆင်ထုတ်ပြန် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားအချင်းချင်းညီညွတ်ရေးကအဓိကအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို


ဒီဇင်ဘာ၁၆ရက်


ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားအချင်းချင်းညီညွတ်ရေးကအဓိကအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကဆိုပါတယ်။

ဒီဇင်ဘာလအတွင်းအမေရိကန်ပြည်ထောင်စုရှိတွေ့ဆုံမေးမြန်းခန်းLiveတခုမှာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။

"ကျနော်သွားတဲ့နေရာတိုင်းမှာကျနော်အဓိကထားပြောတယ်။စည်းလုံးခြင်းမရှိတော့ဘူးဆိုရင်ချင်းပြည်နယ်ဆိုတာမရှိတော့ဘူး။ညီညွတ်မှုမရှိရင်ချင်းအနာဂါတ်မရှိဆိုသလိုပေါ့"လို့ဝန်ကြီးကဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာအနေနဲ့အမေရိကန်ပြည်ထောင်စုသို့အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေပြီးမြန်မာအရေးနှင့်ပတ်သက်၍ ရွေးကောက်ပွဲအနိုင်ရ အမေရိကန်လွှတ်တော်အမတ်များနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ ဂျဲန်ဒါတန်းတူညီမျှရေးဌာန နှင့် ဗဟိုကျန်းမာရေးဌာန၏ ဌာနမှူးများ၊တာဝန်ခံများ တရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတက်ရောက်


 ဒီဇင်ဘာလ (၁၆) ရက်


ဂျဲန်ဒါတန်းတူညီမျှရေးဌာန နှင့် ဗဟိုကျန်းမာရေးဌာန၏ ဌာနမှူးများ၊တာဝန်ခံများ တရားဝင်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဂျဲန်ဒါတန်းတူညီမျှရေးဌာန၊ ဗဟိုကျန်းမာရေးဌာနစသည့် ဌာနနှစ်ခု၏ ဌာနမှူး၊ ဒုတိယဌာနမှူးနှင့် တာဝန်ခံများအား တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်သည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်တွင် ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးနှင့်KNDF ဥက္ကဋ္ဌခွန်းဘီထူး၊ KNDF ဗဟိုကော်မတီများမှ ဂုဏ်ပြုကြိုဆိုစကားများ ပြောကြားပေးခဲ့တယ်လို့သိရပါတယ်။ 

KNDF မှ ဖော်ဆောင်လျက်ရှိသည့် စစ်ဆင်ရေးများအပြင် စစ်ဆင်ရေးမရှိသည့် အချိန်ကာလများ၌ပင် ရဲဘော်များ၏ ကျန်းမာရေးကိစ္စအဝဝကို တာဝန်ယူနိုင်ရန်အတွက် ဗဟိုကျန်းမာရေးဌာနကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရခြင်းဖြစ်တယ်လို့သိရပါတယ်။

KNDF ရှိ အမျိုးသမီးနှင့် ဂျဲန်ဒါကွဲပြားသည့် ရဲဘော်များအပြင် တပ်တခုလုံးတွင် တန်းတူညီမျှမှုရရှိစေရေးအတွက် ဂျဲန်ဒါတန်းတူညီမျှရေးဌာနကို ဖွဲ့စည်းခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာလအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၃မှုကိုကျူးလွန်ခဲ့"


ဒီဇင်ဘာ၁၆ရက်


"အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာလအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၃မှုကိုကျူးလွန်ခဲ့တယ်"လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီးခွန်ဗဟန်းထန်ကဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စုဆောင်းရရှိခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။

"အကြမ်းဖက်စစ်အုပ်စုကလူ့အခွင့်အရေးချိုးဖောက်မှုကို နိုဝင်ဘာလအတွင်းကောက်ယူခဲ့တဲ့မှတ်တမ်းတွေအရ တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၈၅မှု၊မီးရှို့ဖျက်ဆီးမှု၁၃၂မှု၊အခြားချိုးဖောက်မှု၁၀၆မှုအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၃မှုကိုရက်ရက်စက်စက်ကျူးလွန်ခဲ့တာကိုတွေ့ရှိရပါတယ်"လို့ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ  လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေ ကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ လားရှိုးမြို့မှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့


ဒီဇင်ဘာ၁၆ရက်


လားရှိုးမြို့မှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့MNDAAကသတင်းထုတ်ပြန်ပါတယ်။

  ပြည်ထောင်စု မြန်မာနိုင်ငံ၏ အထူးဒေသ() ကျန်းမာရေးဌာနသည် ငှက်ဖျား၊ တီဘီနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော ကူးစက်ရောဂါများ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာများ လူသိများစေရန် လားရှိုးမြို့တွင် အသိပညာဖြန့်ဝေခြင်း လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။

အသိပညာဖြန့်ဝေရာတွင် ကျန်းမာရေးဌာနမှ ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ကူးစက်ရောဂါအမျိုးမျိုး၊ ကူးစက်မူလမ်းကြောင်းများ၊ ကာကွယ်ရေးနည်းလမ်းများနှင့် ကူးစက်ရောဂါများ၏ အဖြစ်များသော ရောဂါလက္ခဏာများစသည့် အဓိကကျသော အသိပညာအချက်များကို စနစ်တကျ မိတ်ဆက်ပေးခဲ့ပြီ ငှက်ဖျားရောဂါ နှင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ခြင်ထိန်းချုပ်ရေး နှင့် ခြင်နှိမ်နှင်းရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

 ခြင်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ရွာလူထုနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ခြင်ပေါက်ပွားမှုကို လျှော့ချရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက် အိမ်တွင်းနှင့်အနီးတစ်ဝိုက်ရှိ ရေစိမ့်သောနေရာများကို ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ကာ ခြင်ထောင်နှင့် အခြားအကာအကွယ်ပစ္စည်းများကို မှန်ကန်စွာအသုံးပြုရန်ပြောကြားခဲ့ပါတယ်။

အထူးဒေသ အုပ်ချုပ်ရေးကော်မတီသည် ငှက်ဖျား၊ TB တီဘီ နှင့် HIV (AIDS) ကဲ့သို့သော ကူးစက်ရောဂါများ ကူးစက်ခံထားရသော လူနာများကို အခမဲ့ ကုသပေးမယ်လို့ဆိုထားပါတယ်။

ထို့အပြင် ကျန်းမာရေးဌာနသည် အသိပညာပေးပွဲအပြီးတွင် အခမဲ့ သွေးစစ်ဆေးပေးသည့် နေရာတစ်ခု ဖွင့်လှစ်ပေးထားပြီး ဒေသခံများ အဆင်ပြေစေရန်အတွက် ရောဂါစမ်းသပ်ဝန်ဆောင်မှုများ လုပ်ဆောင်ပေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ အဆိုတော် ကျားပေါက်(ဟန်ထူးလွင်) ရဲ့ Comeback Showကြည့်ရှုနိုင်မယ့် လက်မှတ် (e-ticket)များရောင်းချပေးနေ


ဒီဇင်ဘာ၁၆ရက်

အဆိုတော် ကျားပေါက်(ဟန်ထူးလွင်) ရဲ့ Comeback Show အနေနဲ့ ပြုလုပ်မယ့် "Live Sessions in Paris" ဆိုတဲ့ ခေါင်းစဉ်နဲ့ Online Live Streaming ဖျော်ဖြေပွဲကို၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်လွှင့် တင်ဆက်သွားမယ်လို့သတင်းရရှိပါတယ်။

ဒီ Live Streaming ဖျော်ဖြေပွဲကြီးမှာ ကျားပေါက်နဲ့အတူ The EZ Going Band တို့က ပါဝင် တီးခတ်သွားမှာ ဖြစ်ပြီးတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်လွှင့် တင်ဆက်သွားမှာဖြစ်ပါတယ်။

ကြည့်ရှုနိုင်မယ့် လက်မှတ် (e-ticket) တစောင်ကို ထိုင်းဘတ် 500 ဘတ် (500THB) ဖြင့် Bipolarbear Page မှာ ဝယ်ယူနိုင်မှာဖြစ်သလို၊ အသေးစိတ် အချက်အလက်တွေကိုလည်း အဲ့ဒီ Page မှာပဲ ဝင်ရောက် လေ့လာနိုင်တယ်လို့ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ⁨⁨⁨⁨မြို့သိမ်းတိုက်ပွဲတွေမှာတိုင်းရင်းသားERO တွေနဲ့အတူ PDF တွေနဲ့အတူပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်းပဲအတူတကွပူးပေါင်းပါဝင်ဆင်နွှဲနေ


ဒီဇင်ဘာ၁၆ရက်


မြို့သိမ်းတိုက်ပွဲတွေမှာတိုင်းရင်းသားERO တွေနဲ့အတူ PDF တွေနဲ့အတူပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်းပဲအတူတကွပူးပေါင်းပါဝင်ဆင်နွှဲနေတယ်လို့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကဆိုပါတယ်။

ရန်ကုန် PDF နှင့် ရန်ကုန် ပကဖ အတူတကွ ဟန်ချက်ညီဆောင်ရွက်ကြမည့် ရန်ကုန်သို့လျှောက်သောလမ်း "Road to Rangoon" Campaign အစီအစဉ် ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကဆိုပါတယ်။

"အခုအခြေအနေမှာကျနော်တို့တော်လှန်ရေးအင်အားစုကတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတဲ့နယ်မြေတွေရှိပါတယ်။မြို့သိမ်း တိုက်ပွဲတွေလည်းဆင်နွှဲနေပြီဖြစ်ပါတယ်။အောင်မြင်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။အထူးသဖြင့်သိမ်းခဲ့တဲ့ဟာဆိုရင်ပင်လည်ဘူးရှိမယ်။ရွှေပြည်အေးတို့၊ခမ်းပတ်တို့၊တကောင်း၊စဥ့်ကူးတို့ရှိမယ်။ဒီလိုမြို့သိမ်းတိုက်ပွဲတွေမှာတိုင်းရင်းသားERO တွေနဲ့အတူ PDF တွေနဲ့အတူပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်းပဲအတူတကွပူးပေါင်းပါဝင်ပြီးရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ပကဖတွေကလည်းပဲ ကိုယ့်မြို့ကိုယ့်ရွာကိုကာကွယ်တာတင်မဟုတ်ဘဲ သိမ်းပိုက်တာမှာလည်းစွမ်းစွမ်းတမံပါဝင်နေတယ်ဆိုတာအသိပေးလိုပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာအကြမ်းဖက်စကစတပ်အများစုဟာ နယ်မြို့များမှာ တပ်တွင်းကတပ်ပြင်သို့ စစ်ကြောင်းနဲ့စစ်ဆင်ရေးမရှိဘဲ သီးသန့်ထွက်ဝံ့ခြင်းမရှိတော့ကြောင်းသိရှိရပါတယ်။


========================


🚩🚩 ၂။ ထားဝယ်မြို့ပေါ်ရှိ ခလရ-၂၅တပ်ရင်းနှင့်ခန်းမဆောင်ကြားတွင်ကင်းလှည့်နေသော စစ်ကောင်စီတပ်ယာဥ်()စီးအားမိုင်းခွဲတိုက်ခိုက်၍ စကစတပ်သားများထိခိုက်ဒဏ်ရာရရှိ


ဒီဇင်ဘာ၁၆ရက်


ထားဝယ်မြို့ပေါ်ရှိ ခလရ-၂၅တပ်ရင်းနှင့်ခန်းမဆောင်ကြားတွင်ကင်းလှည့်နေသော စစ်ကောင်စီတပ်ယာဥ်()စီးအားမိုင်းခွဲတိုက်ခိုက်၍ စကစတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကိုဒီဇင်ဘာ၁၆ရက်မှာ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Dawei Defense Team - DDT)က စစ်ရေးသတင်းကိုအတည်ပြုဖော်ပြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ပေါ်ရှိ ခလရ-၂၅တပ်ရင်းနှင့်ခန်းမဆောင်ကြားတွင်ကင်းလှည့်နေသော စစ်ကောင်စီတပ်ယာဥ်()စီးအား  ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Dawei Defense Team - DDT)ရဲဘော်များမှ    ၂၀၂၄ခုနစ်၊ဒီဇင်ဘာလ (၁၃)ရက်နေ့ ညနေ ၀၆.၃၀ နာရီအချိန်ခန့်တွင် ပေါက်ကွဲအားပြင်းထန်သော မိုင်းကိုအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။

ထိုတိုက်ခိုက်ခံရသောကားပေါ်တွင် စစ်သား(၁၀)ဦးခန့်ပါရှိ၍ ထိခိုက်၊ဒဏ်ရာရသူများကို ကုတင်(၁၀၀)တပ်နယ်ဆေးရုံသို့ပို့ဆောင်ထားရသိရပါတယ်။

အဆိုပါမြို့ပြစစ်ဆင်ရေးကို  ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team - DDT)ရဲဘော်များမှ       ဘေးကင်းအောင်မြင်စွာဖြစ် သွားရောက်ဖော်ဆောင်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ နိုဝင်ဘာလအတွင်း ဗိုလ်မှူး () ဦးအပါအဝင် တပ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများကို လက်နက်ယူဆောင် လာသူများကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့


ဒီဇင်ဘာလ (၁၆) ရက်


နိုဝင်ဘာလအတွင်း ဗိုလ်မှူး () ဦးအပါအဝင် တပ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများကို လက်နက်ယူဆောင် လာသူများကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ ဒီဇင်ဘာ၁၆ရက်ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တပ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ဖော်ပြပါတယ်။

အရာရှိအဆင့် ဗိုလ်မှူး() ဦးအပါအဝင် တပ်သားနှင့်ရဲ (၃၃) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်ပြီး

အဆိုပါ (၃၃) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။

နိုဝင်ဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း ကြေညာထားပါတယ်။


========================


🚩🚩 ၄။ အရာတော်မြို့နယ်တွင်သတင်းထောက်အမျိုးသမီးနဲ့အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်သူအား မြို့နယ်ပလဖကပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၃၂၃အရအမှုဖွင့်လှစ်


ဒီဇင်ဘာ၁၆ရက်


စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်တွင်သတင်းထောက်အမျိုးသမီးနဲ့အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်သူအား မြို့နယ်ပလဖကပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၃၂၃အရအမှုဖွင့်လှစ်မယ်လို့

ဒီဇင်ဘာ၁၆ရက်မှာ နစ်နာသူသတင်းထောက်အမျိုးသမီးက ဆိုရှယ်မီဒီယာတွင်အသိပေးဆိုထားပါတယ်။

"မြို့နယ် ပလဖရုံးမှာ တိုင်ချက်ဖွင့်ထားပါတယ်။ပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၃၂၃ နှစ်ခုနဲ့ အမှုဖွင့်ပေးမယ်လို့တော့ သိရပါတယ်။ နောက်ပြီး သူ့ဘက်ကလဲ အမှုပြန်ဖွင့်လာနိုင်ပါတယ်။ အဲ့ဒီ့အတွက် ကျနော့်အနေနဲ့ အကူညီတောင်းချင်ပါတယ်။ဝင်းကျော် ရဲ့ အရင်က ရှုပ်ခဲ့တဲ့ လိမ်ခဲ့တာတွေကို မှတ်တမ်းကောက်ယူချင်ပါတယ်ခင်ဗျာ။ကျနော် တရားရုံးကိုတင်ပြရင် သုံးဖို့ရာအတွက်ပါခင်ဗျာ။ကူညီပေးကြဖို့တောင်းဆိုပါတယ်။ဥပဒေအကြံပေးနိုင်မယ့်သူတွေရဲ့ အကြံဉာဏ်လည်း ရယူလိုပါတယ်"လို့ဆိုထားပါတယ်။

အမှုဖြစ်စဥ်မှာဒီဇင်ဘာ၁၄ရက် ည၉နာရီအချိန် အရာတော်မြို့နယ်အတွင်းက အင်တာနက်ဆိုင်တစ်ဆိုင်မှာသတင်းထောက်အမျိုးသမီးကသတင်းရေးသားနေစဥ် ဝင်းကျော်ဆိုသူကလာရောက်စကားပြောရာကနေရန်ရှာခဲ့ပြီး ရိုက်နှက်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ခင်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်  ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူများ  မျက်နှာစုံညီတွေ့ဆုံပွဲ ကျင်းပ


ဒီဇင်ဘာ၁၆ရက်


ခင်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်  ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူများ  မျက်နှာစုံညီတွေ့ဆုံပွဲ ကျင်းပခဲ့တယ်လို့

ဒီဇင်ဘာလအတွင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်ကျေးရွာ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူများ မျက်နှာစုံညီ တွေ့ဆုံပွဲကိုဒီဇင်ဘာ၁၅ရက်ကျင်းပခဲ့တယ်လို့ဆိုပါတယ်။

 တွေ့ဆုံပွဲ၌ အုပ်ချုပ်ရေးပိုင်းနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာ၏အားသာချက်၊ အားနည်းချက်များနှင့် မြေပြင်အခြေအနေများကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တင်ပြမေးမြန်းလာမှုများကို သက်ဆိုင်ရာတာဝန်ခံများမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ မူဝါဒ၊ လမ်းညွှန်မှု၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျယ်တဝင့် ဆွေးနွေးရှင်းလင်းခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  နာယက၊ အဖွဲ့ခေါင်းဆောင်၊ ရုံးအဖွဲ့မှူးနှင့်ရေးရာတာဝန်ခံများ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒု -တာဝန်ခံနှင့်အဖွဲ့ဝင်များ၊ ရဲဘော်များ၊ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊  ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပါတယ်။


⁨⁩ ⁨အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment