19th Dec 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကားကျေးရွာတို့အပေါ် စကစက လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းလို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

📌၂။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို စျေးထပ်လျှော့ကာ လေလံတင်မည်

📌၃။ ကင်ဆာရောဂါကြောင့်  မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း CRPH ထုတ်ပြန်

📌၄။ Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းကာ ကျောင်းသား/သူ () ဦးကို Credit (24) ခုနှင့် ညီမျှသည့် တစ်နှစ်တာ ပညာသင်ဆု ပေးအပ်သွားမည်

📌၅။ အိမ်နီးချင်းနိုင်ငံများအကြား မြန်မာအရေးအစည်းအဝေးများတွင် စစ်အုပ်စုကို ဖိတ်ကြားမှုမှာ မြန်မာနိုင်ငံ၏ အစစ်အမှန်အစိုးရအပေါ် ထိခိုက်နစ်နာစေ

📌၆။ မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ် ရှစ်ထောင် နီးပါးအတွက် အရေးပါသော အထောက်အပံ့များ UNICEF က ပေးအပ်နိုင်ခဲ့

📌၇။ ဘားအံမြို့နယ်တွင် လူငယ် (၁၀၀) ခန့် အပတ်စဉ် () စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ခံရ

📌၈။ ဆားလင်းကြီးမြို့နယ်မှ မီးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့

📌၉။ လားရှိုးမြို့အတွင်း ရပ်ကွက်အလိုက် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများ လုပ်အားပေးခေါ်ယူကာ ဆောင်ရွက်ခဲ့

📌၁၀။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် (၁၄၄) ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၄၅) ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်

📌၁၁။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၁) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၂၈) ဦး ပါဝင်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PSLF/TNLA အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် () သင်တန်းဖွင့်ပွဲ ကျင်းပ

🚩 ၂။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံး

🚩 ၃။ ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ () ဦး သေဆုံး () ဦး ဒဏ်ရာရ

🚩 ၄။ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၁၁) ဦးသေဆုံး 

🚩 ၅။ ချောင်းဦးတွင် စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်း () လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး

🚩 ၆။ ဖာပွန်ခရိုင်တွင် (၁၅) ရက်အတွင်း တိုက်ပွဲပေါင်း (၄၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ () ဦးခန့် ထိခိုက်ဒဏ်ရာရရှိ

🚩 ၇။ အဓမ္မ စုဆောင်းခံထားရတဲ့ စစ်ကောင်စီ တပ်သား () ဦး KNDF ထံ ဘက်ပြောင်းခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌၁။ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကားကျေးရွာတို့အပေါ် စကစက လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းလို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်


ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကားကျေးရွာတို့အပေါ်စကစကလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု  ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ (၁၈) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့ () နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနှင့် ကျောက်လှေကားကျေးရွာတို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီ၏ လေကြောင်းမှ  လေယာဉ်ဖြင့် ရက်စက်ယုတ်မာစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်စွာ ရက်စက်ယုတ်မာမှုများကြောင့် ကျောက်လှေကား ကျေးရွာမှ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ယူနေသော မောင်ဇင်ကိုချစ် (Grade-6) မမေမြတ်နိုး(Grade-7) မရွှေဇင်ဝင်း (Grade-12) ကျောင်းသူကျောင်းသား အပြစ်မဲ့ကလေးသူငယ် ()ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ () ဦး ပွဲချင်းပြီး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ကျောင်းသူကျောင်းသား ()ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၀) ဦးရှိခဲ့တယ်လို့ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကျောင်းများ၊ လူနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည်  ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းပင်ဖြစ်တယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနသည်ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်တယ်လို့ဖော်ပြပါတယ်။


========================


📌📌၂။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို စျေးထပ်လျှော့ကာ လေလံတင်မည်


ထောင်ဒဏ် (၃၃) နှစ် ဖမ်းဆီးထောင်ချထားခြင်းခံတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့မှ အမွေဆိုင်အိမ်အား ကြမ်းခင်းဈေး ကျပ် (၂၉၇) ဘီလီယံဖြင့် ဖေဖော်ဝါရီ () ရက်တွင် ထပ်မံလေလံတင်မည်ဖြစ်ကြောင်း ကမာရွတ်ခရိုင်တရားရုံးက ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ပထမအကြိမ်တွင် ကြမ်းခင်းဈေး ကျပ် (၃၁၅) ဘီလီယံ၊ ဒုတိယအကြိမ်၌ ကျပ် (၃၀၀) ဘီလီယံတို့ဖြင့် လေလံတင်ခဲ့ရာ ဝယ်သူ မရှိသည့်အတွက် ယခုတတိယအကြိမ်တွင် ကျပ် (၂၉၀) ဘီလီယံ ကြမ်းခင်းဈေး သတ်မှတ်ပေးရန် တရားရုံးသို့ လျှောက်ထားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့သဖြင့် တရားရုံးမှ ကြမ်းခင်းဈေး ကျပ် (၂၉၇) ဘီလီယံ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် (၂၀၂၂) ခုနှစ်၌ သတ်မှတ်ကြေညာခဲ့ပြီး မည်သူမဆို ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း၊ ပုံစံပြောင်းခြင်း၊ အခြား နည်းအသုံးချခြင်းများ ပြုလုပ်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အရေးယူ မည့်အပြင် လုပ်ဆောင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌၃။ ကင်ဆာရောဂါကြောင့်  မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း CRPH ထုတ်ပြန်


စစ်အာဏာသိမ်းပြီးနောက် ပုန်းအောင်းနေထိုင်ရင်း ကင်ဆာရောဂါကြောင့် မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်(ခေါ်) ဦးမောင်မောင် ကွယ်လွန်ခြင်းအတွက် အထူးပင် စိတ်မကောင်းဖြစ်မိပါကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ - CRPH က ထုတ်ပြန်လိုက်ပါတယ်။

ဒီမိုကရေစီရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် ပံ့ပိုးကူညီမှုတွေကို သတိရနေမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

တရားမဝင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် () ဦးနဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးတို့ဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မတရားဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။


========================


📌📌၄။ Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းကာ ကျောင်းသား/သူ () ဦးကို Credit (24) ခုနှင့် ညီမျှသည့် တစ်နှစ်တာ ပညာသင်ဆု ပေးအပ်သွားမည်


Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းကာ ကျောင်းသား/သူ () ဦးကို Credit (24) ခုနှင့် ညီမျှသည့် တစ်နှစ်တာ ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ၁၈ရက် နွေဦးတက္ကသိုလ်က တရားဝင်အသိပေးကြေညာပါတယ်။

"နွေဦးတက္ကသိုလ်အနေဖြင့် ကျောင်းသားလူငယ်များ ပညာသင်ကြားမှု ရပ်တန့် မသွားဖို့ ရည်ရွယ်ကာ မတူညီတဲ့ ပညာရေးအစီအစဥ်များကိုလုပ်ဆောင်လျက်ရှိပါတယ်။ယခုတစ်ခါမှာတော့ နွေဦးတက္ကသိုလ်နှင့် MOU ရေးထိုးထားသော Arizona State University နှင့် ကျောင်းတော်ကြီးတို့ ပူးပေါင်းကာ ကျောင်းသား/သူ () ဦးကို တစ်နှစ်တာ ပညာသင်ဆု ပေးအပ်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

ထိုပညာသင်ဆုကို ရရှိမည့် ကျောင်းသားများမှာ- Arizona State University မှ နိုင်ငံတကာ ကျောင်းသားများအတွက် ဖွင့်လှစ်သည့် အွန်လိုင်း တန်းခွဲ () ခုကို မိမိစိတ်တိုင်းကျ ရွေးချယ်တက်ရောက်နိုင်ပြီး တန်းခွဲ ()ခုကို Credit (3) ခုနူန်းဖြင့် နိုင်ငံတကာအသိအမှတ်ပြု Credit (24) ခုကို ပညာသင်ဆုဖြင့် ရယူနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားများအနေဖြင့် ထိုတန်းခွဲ () ခုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပါတယ်။

ပထမအဆင့်-  Application Form ကိုဖြည့်ကာ လိုအပ်သော Essay များကို စနစ်တကျ တင်ပြဖို့ လိုအပ်မျာဖြစ်ပြီးတော့ဒုတိယအဆင့်- ပထမအဆင့် အောင်မြင်သော ကျောင်းသားများကို အင်တာဗျူးခေါ်ယူပြီး ဆက်လက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူကျောင်းသားများအနေနဲ့ နွေဦးတက္ကသိုလ်ကတရားဝင်Face Book စာမျက်နှာတွင်ဖော်ပြထားပါတယ်။


========================


📌📌၅။ အိမ်နီးချင်းနိုင်ငံများအကြား မြန်မာအရေးအစည်းအဝေးများတွင် စစ်အုပ်စုကို ဖိတ်ကြားမှုမှာ မြန်မာနိုင်ငံ၏ အစစ်အမှန်အစိုးရအပေါ် ထိခိုက်နစ်နာစေ


အိမ်နီးချင်းနိုင်ငံများအကြား မြန်မာအရေးအစည်းအဝေးများတွင် စစ်အုပ်စုကိုဖိတ်ကြားမှုမှာမြန်မာနိုင်ငံ၏ အစစ်အမှန်အစိုးရအပေါ် ထိခိုက်နစ်နာစေတယ်လို့ Defend Myanmar Democracy က ဒီဇင်ဘာ (၁၈) ရက်မှာ တရားဝင်အသိပေးဆိုထားပါတယ်။

ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဆွေးနွေးပွဲများသို့ စစ်အုပ်စုအား ဖိတ်ကြားထားကြောင်း သတင်း သိရှိရပြီး၊ မြန်မာနိုင်ငံ၏ အစစ်အမှန်အစိုးရအား ဖိတ်ကြားမှုနှင့်ပတ်သက်၍ အရိတ်အမြွတ်ပင် မသိရပေ။ အစည်းအဝေးများတွင် စစ်အုပ်စုကိုယ်စားလှယ်များ ပါဝင်ခြင်းသည် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေးတရားဝင်မှုကို ပေးအပ်မည်ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ အစစ်အမှန်အစိုးရအပေါ် ထိခိုက်နစ်နာစေ၍၊ အကျပ်အတည်းအား ပိုမိုဆိုးရွားစေမည့် အန္တရာယ်လည်း ရှိနေတယ်လို့ဖော်ပြပါတယ်။

Defend Myanmar Democracy ပြောရေးဆိုခွင့်ရှိသူ နော်အောင်က မှတ်ချက်ပြုသည်မှာ "အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အုပ်စုကြောင့်ဖြစ်တဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီချင်တယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ရဲ့ တရားဝင်အစိုးရနဲ့ ဆက်ဆံဆောင်ရွက်ရပါမယ်။ တိုင်းပြည်ကို လုယူဖို့ကြိုးစားနေတဲ့ ရွေးကောက်ခံမဟုတ်တဲ့ လူသတ်ကောင်အစုအဖွဲ့နဲ့ ဆက်ဆံရမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။


========================


📌📌၆။ မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ် ရှစ်ထောင် နီးပါးအတွက် အရေးပါသော အထောက်အပံ့များ UNICEF က ပေးအပ်နိုင်ခဲ့


မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ် ရှစ်ထောင် နီးပါးအတွက် အရေးပါသော အထောက်အပံ့များ ပေးအပ်နိုင်ခဲ့တယ်လို့ ယူနီဆတ်မြန်မာက ဒီဇင်ဘာ (၁၈) ရက်မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။

"မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများ ကြားထဲမှာပင် ယူနီဆက်သည် လွန်ခဲ့သော နှစ်လအတွင်း မသန်စွမ်းကလေးငယ် () ထောင် နီးပါးအတွက် အရေးပါသော အထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။

၎င်းတွင် ငွေသားထောက်ပံ့မှုများ၊ အထောက်အကူပြုပစ္စည်းများနှင့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးများ (physiothreapy) ပါဝင်တယ်လို့ သိရပါတယ်။

ယခုလိုမျိုး အထောက်အပံ့များက ကလေးတိုင်း မသန်စွမ်းမှု အခြေအနေ မည်သို့ပင်ရှိစေကာမူ သင်ယူခွင့်၊ ကစားခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်များ ရရှိစေနိုင်ဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။


========================


📌📌၇။ ဘားအံမြို့နယ်တွင် လူငယ် (၁၀၀) ခန့် အပတ်စဉ် () စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ခံရ


ယခုရက်ပိုင်းအတွင်း ဘားအံမြို့ပေါ် အပါအ၀င် ဘားအံမြို့နယ်တစ်၀ိုက်ရှိ လူငယ်တချို့ကို စစ်ကောင်စီတပ်မှ အတင်းခေါ်ယူကာ စစ်သင်တန်းကျောင်းသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း Hpa-an News မှာ ဖော်ပြထားပါတယ်။

ခေါ်ယူခံရသော လူငယ်အများစုမှာ မူလတန်း/ အလယ်တန်းအဆင့် ကျောင်းနေဖူးသူများ ဖြစ်ကာ အချို့မှာမူ ငွေကြေးမတတ်နိုင်သောသူများ ဖြစ်ပြီး တစ်ဦးလျှင် (၁၀) သိန်းမှ (၁၅) သိန်းကြား ပေးကာ ခေါ်ယူသွားတယ်လို့ သိရပါတယ်။ 

စစ်မှုထမ်းဖို့ အယောက် (၂၀၀) လိုအပ်ပေမယ့် ရှာမရတော့တာကြောင့် ရသလောက် စစ်သင်တန်းကျောင်းသို့ ပေးပို့လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အပတ်စဉ် () စစ်သင်တန်းကျောင်းကို ဖွင့်ဖို့ စီစဉ်နေတာဖြစ်ပြီး သင်တန်းသား အမြောက်အများ လိုအပ်နေတာကြောင့် လူငယ်များအနေနှင့် လမ်းသွား လမ်းလာ လူပြတ်သည့်နေရာများသို့ သွားလျှင် သတိထား သွားလာသင့်ကြောင့် အသိပေးထားပါတယ်။


========================


📌📌၈။ ဆားလင်းကြီးမြို့နယ်မှ မီးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့


ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာတစ်ရွာအား ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်မှ ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စု (၁၉) စုထံသို့ တစ်အိမ်ထောင်စုလျှင် () သိန်းကျပ်နှုန်း ကူညီထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ နေအိမ်များဆီသို့ ပြန်၍နေထိုင်လို့ မရသေးဘဲ ရှောင်တိမ်းနေရသောကြောင့် ကူညီမှုများလည်း လိုအပ်လျက်ရှိနေသေးပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီထောက်ပံ့ပေးစေလိုကြောင်း တိုက်တွန်းထားပါတယ်။


========================


📌📌၉။ လားရှိုးမြို့အတွင်း ရပ်ကွက်အလိုက် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများ လုပ်အားပေးခေါ်ယူကာ ဆောင်ရွက်ခဲ့


အထူးဒေသ () လားရှိုးမြို့အတွင်း သန့်ရှင်းလှပပြီး  စည်ပင်သာယာရေးအတွက် ရပ်ကွက်အလိုက် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများ လုပ်အားပေးခေါ်ယူကာ ဆောင်ရွက်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ထားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးက "ကျွန်တော်တို့ ရပ်ကွက် (၁၀) မှာ နယ်မြေ ကိုးခုရှိတယ်ခင်ဗျ။ နယ်မြေတစ်ခုကို ဒေသခံပြည်သူ ငါးဦးဘဲ ခေါ်တာပါ။ ဒီမနက်‌တော့ ဒေသခံပြည်သူ (၄၅)ယောက် လာပါတယ်။ အဓိက ကတော့ ရပ်ကွက်အလိုက် မြက်ရှင်း၊ ခြုံရှင်းတာပေါ့နော်။" လို့ ပြောပြခဲ့ပါတယ်။

လာရောက်လုပ်အားပေးသူများကလည်း မြို့အတွက်ဆိုတော့ လုပ်ပေးရမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ရပ်ကွက် (၁၁) နယ်မြေ () တွင်လည်း ဒေသခံပြည်သူ (၅၀)ကျော် လာရောက် လုပ်အားပေးခဲ့ကြောင်းသိရှိရပါတယ်။

လုပ်အားပေးလာရောက်သူ ပြည်သူအများစုက "ကျွန်မတို့က ရပ်ကွက် (၁၁) နယ်မြေ ()မှာ နေတာပါ၊ ကိုယ့်ရပ်ကွက်ထဲကောင်းဖို့ဆိုတော့ လာရမှာပေါ့၊ တစ်ယောက်နည်းနည်းနဲ့ နိုင်သလောက်လုပ်တာဆိုပေမယ့် လူများတော့ အလုပ်ပြီးပါတယ်" လို့ ပြောပြပါတယ်။ 

လက်ရှိအထူးဒေသ () လားရှိုးမြို့ရဲ့အနေအထားအရ ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့အတွက် အခက်အခဲများစွာ၊ စိန်ခေါ်မှုပေါင်းများစွာ ကြုံတွေ့ရပေမယ့် အထူးဒေသ () လားရှိုးစစ်ရေးအုပ်ချူပ်မှုကော်မတီရဲ့စီမံကွပ်ကဲမှုနဲ့ ဌာနပေါင်းစုံ ၊ဘက်ပေါင်းစုံကနေ အကောင်းဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

လျှပ်စစ်မီးရရှိရေး၊ ရေ ရရှိရေးအပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံကိုလည်း ပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများအနေနဲ့ တတ်စွမ်းသမျှ ပါဝင်ကူညီအားဖြည့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨၁၀။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် (၁၄၄) ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၄၅) ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်


ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် (၁၄၄)ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၄၅) ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထိုဖွဲ့စည်းမှု အခမ်းအနားကို ဒီဇင်ဘာ (၁၈) ရက်နေ့  နေ့လည် (၁၂း၃၀) နာရီအချိန်တွင် စတင်၍၊ တက်ရောက်လာသူ ပြည်သူလူထု၏ အများဆန္ဒနှင့်အညီ အဆိုပြု၊ ထောက်ခံ၊ အတည်ပြုကာ  ရပ်ကျေး ပအဖ () ဦးကို အသီးသီး ရွေးချယ်ခဲ့ကြပါတယ်။

အခမ်းအနားသို့ မြို့နယ် ပအဖ နာယက၊ မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ ဒုတာဝန်ခံ၊ တရားရေးဥက္ကဌနှင့် အဖွဲ့ဝင် () ဦး၊ လူသားစာနာ တာဝန်ခံ၊ ပြည်သူ့ရင်ခွင် တာဝန်ခံ၊ အခွန်တော်အရာရှိ စတဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

ဖွဲ့စည်းမှုအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ  ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨၁၁။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၁) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၂၈) ဦး ပါဝင်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် စုစုပေါင်း အမျိုးသမီး (၁၂၁) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၂၈) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ထိုအရေအတွက်တွင် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာ (၂၉) ဦးစီဖြင့်  သေဆုံးမှု အများဆုံးဒေသများ ဖြစ်ပြီး (၁၂၁) ဦးအနက် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၈၀) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။

(၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ အကြမ်းဖက်စစ်အုပ်စု၏ အမြောက်တပ်မှ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကံကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ လှဝင်း နှင့် ခင်တိုးကြည် တို့သည် ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြရတယ်လို့ သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ PSLF/TNLA အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် () သင်တန်းဖွင့်ပွဲ ကျင်းပ


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် () သင်တန်းဆင်းပွဲနဲ့ အပတ်စဉ် () သင်တန်းဖွင့်ပွဲကို တအောင်းပြည် (TNLA ထိန်းချုပ်နယ်မြေ) တနေရာမှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ (၁၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ အခမ်းအနားကို မနက် () နာရီမှ (၁၂) နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကာ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း နဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တို့က အမှာစကား တက်ရောက်ပြောကြားခဲ့ကြပါတယ်။ 

ထို့ပြင် စစ်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကိစ္စကြောင့် သင်တန်းဆင်းပွဲ မတက်ရောက်နိုင်တဲ့ PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန် ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ကာ ဆက်လက်ပြီး သင်တန်းဆင်း ကျောင်းသားများအား ဘက်စုံထူးချွန်ဆု၊ စာပေထူးချွန်ဆု၊ စစ်ရေးဆိုင်ရာ ထူးချွန်ဆု များကို ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။

TAOT အပတ်စဉ် () သင်တန်းဟာ အချိန်ကာလ (၁၈) ကြာမြင့်ခဲ့ပြီး သင်တန်းသား (၁၃၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများဟာ၁၀၂၇စစ်ဆင်ရေး အပိုင်း () မှာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ကြကာ တိုက်ပွဲအတွင်း (၁၂) ဦး အသက်ပေးလှူခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် သင်တန်းဆင်းပွဲမှာ သင်တန်းသား (၁၁၄) ဦး သင်တန်းဆင်းနိုင်ခဲ့ပြီး အလုပ်သင် ဗိုလ်သင်တန်းသား (၁၃၅) ဦးဖြင့် အပတ်စဉ် () သင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားသို PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ရေးချုပ် တားနောရိူန်း နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာအရှိ/အရာခံများ၊ ရပ်မိရပ်ဖများ နဲ့ သင်တန်းသားများ စုစုပေါင်း လူဦးရေ (၇၀၀) ကျော် တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံး


ကရင့်အမျိုးသား အစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံးပြီး () ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၇) ရက်နေ့ မနက် (၁၀း၂၃) အချိန်မှာ နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်က ၁၂၂ - မမ () လုံး ပစ်ခတ်ခဲ့ရာ သူးကဘီးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ဘေး ရှောင်နေတဲ့ နောင်ကုန်းရွာက စောဖိုးမြ နဲ့ နော်ထိုလွီထူ တို့နှစ်ဦး သေဆုံးခဲ့ကာ နော်အယ်စေး နဲ့ နော်ငွေကြည် တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထို့အပြင် နေ့လည် () နာရီ (၂၇) မိနစ်နဲ့ (၅၀) မိနစ် အချိန်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄) တပ်ရင်းက ၁၂၀ - မမ () လုံး ပစ်ခတ်ခဲ့ရာ လိန်ပင်ဝဲ ကတို့ဆိပ်မှာ ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။

ဒီဇင်ဘာလ (၁၅) ရက်၊ နေ့လည် () နာရီခွဲ အချိန်မှာလည်း ၎င်းခလရ (၂၆၄) တပ်ရင်းက ၁၂၂ - မမ () လုံး ပစ်ခတ်ခဲ့ရာ ဒါးကုလား ကျေးရွာနဲ့ လော်မူသော ကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒါးကုလား ကျေးရွာက ဒေါ်ခင်ဌေး နဲ့ ဒေါ်မနီ တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဆောထိမြို့နယ် မှာလဲ ဒီဇင်ဘာ (၁၄) ရက်နေ့ မနက် (၁၀) နာရီ (၄၀) မိနစ်ခန့်မှာ တောင်ငူလေတပ်မှ တက်လာတဲ့ တိုက်လေယာဉ်များက ပေါင် (၅၀၀) ဗုံးသီး () လုံးဖြင့် တဃော်ကွီးရွာဟောင်းကို ကျဲချတိုက်ခိုက်ခဲ့ပါတယ်။

ထို့အပြင် ညနေ () နာရီ အချိန်မှာလည်း ခလရ - ၅၇ ပူးပေါင်း တပ်ရင်းမှ ၆၀ - မမ တလုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အောင်ခက်ကျော် ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာ (၁၅) ရက်နေ့ မနက် () နာရီ (၄၀) မိနစ်ခန့်မှာလည်း ခလရ - ၂၆၄ တပ်ရင်းကနေ ၁၂၀ - မမ () လုံး ပစ်ခတ်ခဲ့ရာ အောပလား ကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ () ဦး သေဆုံး () ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အရပ်သားပြည်သူ () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာန က ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ (၁၇) ရက်နေ့ (၁၁) နာရီခန့်မှာ စစ်တွေမြို့ရှိ စစ်ကောင်စီ တပ်ရင်းကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျည်ဟာ ဏားကျွန်းမြို့နယ်၊ ပဒေသာရွာမှာ ကျရောက်ပေါက်ကွဲ ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ်၊ ကြံတောရွာကနေ ပဒေသာရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် (၅၈) နှစ်အရွယ် ဦးမောင်ယဉ်သာ ဆိုသူ သေဆုံးခဲ့ပါတယ်။

ထို့အပြင် ပဒေသာရွာက ဒေါ်မသိန်းနု၊ ဒေါ်သိန်းနု၊ မဘုမချေ နှင့် ကျောက်တော် မြို့နယ်မှ ပဒေသာရွာကို အလည် လာတဲ့ အမျိုးသမီး တဦး တို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၁၁) ဦးသေဆုံး 


ဒီဇင်ဘာ (၁၆) ရက်နေ့မနက် () နာရီ (၂၀) မိနစ်တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်မှ ထွက်လာသော စစ်ကောင်စီ+ပျူစောထီးစစ်ကြောင်းနှင့် ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁၁) ဦးသေဆုံးပြီး၊ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ရာ ၎င်းတို့ဘက်မှအထိနာ၍ လေကြောင်းပါ ပစ်ကူပေးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် မှ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ တစ်နေကုန်နီးပါး ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများလာ၍ ဒီဇင်ဘာ (၁၆) ရက်နေ့ နေ့လယ် (၁၂) နာရီ () မိနစ်နှင့် (၁၂) နာရီ (၁၂) မိနစ်တို့တွင် တံတားဦးတက် Jet Fighter တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု () ကြိမ်ပြုလုပ်ကာ လေကြောင်းပါပစ်ကူပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၁၁) ယောက်ကျပြီး၊ ထိခိုက်ဒဏ်ရာရသူများကာ ကား () စီးဖြင့် ကျွန်းလှမြို့မှတဆင့် ကန့်ဘလူ ကုတင် - ၁၀၀ ဆေးရုံသို့ ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်မှ သေနတ် လက်နှင့် ခဲယမ်းမီးကျောက်အချို့ကိုလဲ  တော်လှန်ရေးအင်အားစုများက သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ Drone စီး ဆုံးရှုံးခဲ့ကာ ရဲဘော် ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းအနေဖြင့် စစ်ကောင်စီတပ်ဘက်မှ ကျဆုံးစကစ+ပျူများအား ကန့်ဘလူ သုဿာန်တွင် ဒီဇင်ဘာလ ၁၈ရက် နေ့လယ်၌ မီးသင်္ဂြိုလ်ပေးခဲ့ပြီး ၎င်းတို့မီးသင်္ဂြိုဟ်သည့် အချိန်၌ သုဿာန်အနီး ပြည်သူပင်ဖြတ်သန်းခွင့် မပေးဘူးလို့ ဖော်ပြထားပါတယ်။

သုဿာန်အနီး ဘန်ကာဆောက်၍ ဂိတ်ချထားသည်မှာ ကြာလှပြီဟုလည်းသိရပြီး ကျဆုံးပျူများထဲတွင် နတ်ပေးရွာမှ ပျူစောထီးတစ်ယောက်၊ သင်မန်းတောရွာမှ  ငဖြိုးနှင့် ရာကျော်ဝင်းအပြင် အလောင်းပြန်မရသည့်  ပိုင်ရှင်မဲ့အထုပ် ထုပ်လဲ ရွာပြန်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ချောင်းဦးတွင် စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်း () လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် မိုင်းလာကောက်ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်း () လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးခဲ့တယ်လို့ BLDF တပ်ခွဲ (အညာမိုင်း) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၇) ရက် ညနေ () နာရီမှာ ချောင်းဦးမြို့ လမ်းပိုင်းတနေရာမှာ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) တပ်ခွဲ၊ အညာမိုင်း တပ်ဖွဲ့မှ မိုင်း () လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာ ရသူများကို စစ်ကောင်စီ တပ်က ကားနဲ့ တပ်ရင်းအတွင်း ပြန်ခေါ်သွားတယ်လို့ မျက်မြင်ပြည်သူတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ထို့နောက် စစ်ကောင်စီ တပ်စခန်းအတွင်းမှာ အင်အားများ ထပ်ဖြည့်ကာ နောက်ထပ် ကင်းပုန်း သုံးနေရာ ခွဲကာ ကင်းယူထားပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဖာပွန်ခရိုင်တွင် (၁၅) ရက်အတွင်း တိုက်ပွဲပေါင်း (၄၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ () ဦးခန့် ထိခိုက်ဒဏ်ရာရရှိ


ဖာပွန်ခရိုင်တွင် (၂၀၂၄) ခုနှစ် ဒီဇင်ဘာလ () ရက်နေ့မှ (၁၅) ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၄၅) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးပြီး () ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ထားပါတယ်။

ထိုသို့တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၂၈) လုံးခန့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရာသား ပြည်သူ () ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ အဓမ္မ စုဆောင်းခံထားရတဲ့ စစ်ကောင်စီ တပ်သား () ဦး KNDF ထံ ဘက်ပြောင်းခိုလှုံ


ပြည်သူ့စစ်မှုထမ်း ခေါင်းစဉ်ဖြင့် အဓမ္မ စုဆောင်းခံထားရတဲ့ စစ်ကောင်စီတပ်သား () ဦး KNDF ထံ ဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့က ကရင်နီပြည် ရှေ့တန်း တနေရာမှာ စစ်ကောင်စီ တပ်သား () ဦး KNDF ထံ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာပါ။

အဆိုပါ စစ်ကောင်စီ တပ်သား () ဦးဟာ MA - 1 သေနတ် () လက်ကို တပါတည်း ယူဆောင်လာပြီး ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

၎င်းတို့ဟာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်း ခေါင်းစဉ်ဖြင့် အဓမ္မ စုဆောင်းခံရပြီး ရှေ့တန်း စစ်မြေပြင်ကို ပို့ဆောင်ခြင်း ခံခဲ့ရတာလို့ သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် အာဏာရှင်စနစ် သက်ဆိုး ရှည်စေဖို့နှင့် လူတစ်စု ကောင်းစားရေး အတွက် ပေးဆပ်လုပ်ကိုင် နေရတဲ့ ဘဝနဲ့ ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မလုပ်ကြဘဲ လွတ်လပ် မျှတသော စနစ်တခု အမြန် ပေါ်ထွန်းနိုင်ရန် ပြည်သူ့ဘက် မျက်နှာမူပြီး ယုံကြည်စွာဖြင့် ဘက်ပြောင်းခိုလှုံ လာကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment