23rd Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ ယာယီသမ္မတ ဒူဝာလရှီးလနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီတို့တွေ့ဆုံဆွေးနွေး 

📌 ⁨⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးစိုးမိုးဒေသများသို့ ကွင်းဆင်းသွားရောက်၍ လူသားစာနာထောက်ပံ့မှုများ ပေးအပ်"

📌 ⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ဖို့သားငယ်ကိုထိန်လင်းတောင်းဆိုမှုရုပ်သံ အားမြန်မာပြည်သူလူထုတခဲနက်ထောက်ခံ

📌 ⁨⁨⁨⁨၄။ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးကဒီဇင်ဘာလအတွင်း အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄-ဦးကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့

📌 ⁨⁨⁨⁨၅။ မြန်မာနိုင်ငံမှာ သန်းနဲ့ချီတဲ့လူတွေဟာ ခိုနားစရာ နေရာနဲ့ အခြေခံ အိမ်သုံးပစ္စည်းတွေ လိုအပ်နေ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း() တို့ပါဝင်တိုက်ခိုက်ခဲ့

🚩 ၂။ ရွှေဘိုပကဖ အခြေခံစစ်ပညာနဲ့ စီမံအုပ်ချုပ်မှုသင်တန်းဆင်းပွဲကျင်းပ

🚩 ၃။ ရွာငံမြို့နယ် ပျူစောထီး ခေါင်း ဆောင် အိမ်ကသေနတ်သိမ်းဆည်းရမိ

🚩 ၄။ ပြည့်သူကာကွယ်ရေးတပ်မတော်(မိုးကုတ်ဗျူဟာမှတပ်သားသစ်များခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ ယာယီသမ္မတ ဒူဝာလရှီးလနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီတို့တွေ့ဆုံဆွေးနွေး 


ဒီဇင်ဘာလ (၂၃) ရက်


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မ ဒူဝါလရှီးလ နှင့် အစိုးရအဖွဲ့ဝင်တာရှိသူများသည် ဒီဇင်ဘာလ (၂၀) ရက်နေ့ က မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ နှင့် Zoom မှ တဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော် ယာယီသမ္မတ နှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းဝန်၊ သမ္မတရုံးအတွင်းဝန် နှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့ ပါဝင် တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ ( SAC-M ) သည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် မြန်မာပြည်သူလူထု၏ တိုက်ပွဲဝင်မှုကို ပံ့ပိုးကူညီရန် ဖွဲ့စည်းလုပ်ဆောင်နေသည့်လွတ်လပ်သော နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ ( SAC-M ) တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ဥက္ကဋ္ဌဟောင်းဖြစ်သည့် မစ္စတာ Marzuki Darusman မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူးဟောင်း Professor Yanghee Lee မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အဖွဲ့ဝင်ဟောင်း မစ္စတာ Sidoti တို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးစိုးမိုးဒေသများသို့ ကွင်းဆင်းသွားရောက်၍ လူသားစာနာထောက်ပံ့မှုများ ပေးအပ်"


ဒီဇင်ဘာ၂၃ရက်


"အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးစိုးမိုးဒေသများသို့ ကွင်းဆင်းသွားရောက်၍ လူသားစာနာထောက်ပံ့မှုများ ပေးအပ်"ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းနှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ရှိ NUG စိုးမိုးထိန်းချုပ် နယ်မြေများသို့ သွားရောက်၍ စစ်ရှောင်စခန်းတာဝန်ခံများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမှန်တစ်ကယ်လိုအပ်နေသူများထံ ပိုမို ထိရောက်မှုရှိစွာ ပေးအပ်နိုင်ရေးနှင့်စပ်လျဥ်း၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ခရီးစဥ်အတွင်း ဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများကို ပြည်သူများ သိရှိနားလည်အောင် ရှင်းလင်းပြောကြားခြင်း၊ စစ်ဘေးရှောင်များကိုတွေ့ဆုံ၍ စိတ်ခွန်အားပေးခြင်းနှင့် လူသားစာနာထောက်ပံ့မှုများ ပေးအပ်ခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှတဆင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရသူများ၊ နေအိမ်မီးရှို့ခံရပြည်သူများအား တွေ့ဆုံ၍ နှစ်သိမ့် ဆွေးနွေးခြင်း၊ လူသားစာနာ အကူအညီများပံ့ပိုးခြင်း၊ income generation အတွက် ဝန်ကြီးဌာနက ထောက်ပံ့ထားမှုအပေါ် အကောင်အထည် ဖော်ထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဒါ့အပြင်ဆက်လက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုဖော်ထုတ်ခြင်း၊ စာသင်ကျောင်းများ၌ ဗုံးခိုကျင်းတူးဖော်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခြင်း၊ မြို့နယ်များ၌ ဖွင့်လှစ်ထားသည့် ဆေးခန်းများနှင့် သူနာပြုသင်တန်းကျောင်းများသို့ သွားရောက်၍ တာဝန်ကျ ဆရာဝန်ကြီး၊ သူနာပြုများ၊ လူနာများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးဇူးတင်  အားပေးစကားများပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ဖို့သားငယ်ကိုထိန်လင်းတောင်းဆိုမှုရုပ်သံ အားမြန်မာပြည်သူလူထုတခဲနက်ထောက်ခံ


ဒီဇင်ဘာ၂၃ရက်


ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ဖို့သားငယ်ကိုထိန်လင်းတောင်းဆိုမှုရုပ်သံ အားမြန်မာပြည်သူလူထုတခဲနက်ထောက်ခံအားပေးခဲ့ကြပါတယ်။ဒီဇင်ဘာတတိယပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းကလူမှုကွန်ရက်မှာရုပ်သံနဲ့တကွဖော်ပြခဲ့ပါတယ်။"မေမေအမြန်ဆုံးလွတ်မြောက်ပါစေ"လို့ သားငယ်ကိုထိန်လင်းကဆိုထားပါတယ်။

အဆိုပါရုပ်သံအား မြန်မာပြည်သူလူထုကမျှဝေဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား လွတ်မြောက်ရန်သားငယ်တောင်းဆိုမှုကိုထောက်ခံကြောင်းပြသခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူ့အစိုးရအဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းအကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးကာပုဒ်မများတပ်၍ အကျဥ်းထောင်များအတွင်းဖမ်းဆီးအကျဥ်းချထားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးကဒီဇင်ဘာလအတွင်း အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄-ဦးကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့


ဒီဇင်ဘာ၂၃ရက်


ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးကဒီဇင်ဘာလအတွင်း အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄-ဦးကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းကို ဒီဇင်ဘာလအတွင်း ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။

"NUGကိုယ်စားလှယ်ရုံးသည် နေထိုင်ခွင့် ဗီဇာအခက်အခဲကြောင့် ကိုရီးယားလဝက၏ အဖမ်းအဆီးခံရသူများကို ပြန်လည်လွတ်မြောက်ရေးအတွက် ဥပဒေဘောင်ထဲမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ဒီဇင်ဘာလအတွင်းတွင် အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄-ဦးကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပြီး၊ ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) သက်တမ်းတိုးရန် အငြင်းခံရသူ တစ်ဦးအား ပြေလည်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။

လဝက၏ အဖမ်းအဆီးခံရလျှင် ရဲမှုခင်း ပြစ်မှု တစုံတရာ ကင်းရှင်းမှသာလျှင် ပြန်လည် လွတ်မြောက်ရန် အခွင့်အရေးရှိပြီး၊ ပြစ်မှုတစုံတရာ ရှိခဲ့လျှင် ပြန်လည် လွတ်မြောက်ရန် အခွင့်အရေးရှိမည် မဟုတ်ကြောင်း ကိုယ်စားလှယ်ရုံးကအသိပေးကြေညာပါတယ်။

ထို့ပြင် တော်လှန်ရေးတွင် ပါဝင်ထားသော မိမိ၏ ထောက်ပို့မှတ်တမ်းများ၊ လှုပ်ရှားမှုမှတ်တမ်းများ၊ သက်ဆိုင်ရာ သတင်းမှတ်တမ်းများကို ကြိုတင်စုဆောင်း ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ မြန်မာနိုင်ငံမှာ သန်းနဲ့ချီတဲ့လူတွေဟာ ခိုနားစရာ နေရာနဲ့ အခြေခံ အိမ်သုံးပစ္စည်းတွေ လိုအပ်နေ


ဒီဇင်ဘာ၂၃ရက်


မြန်မာနိုင်ငံမှာ သန်းနဲ့ချီတဲ့လူတွေဟာ ခိုနားစရာ နေရာနဲ့ အခြေခံ အိမ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒီဇင်ဘာ၂၃ရက်မှာ UN OCHA Myanmarကအသိပေးဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းနီးပါးရှိပါတယ်။ အခြေခံ အဆောက်အဦနဲ့ အိုးအိမ်တွေ အများအပြားလည်း ပျက်စီးလျက်ရှိပါတယ်။ သန်းနဲ့ချီတဲ့လူတွေဟာ ခိုနားစရာ နေရာနဲ့ အခြေခံ အိမ်သုံးပစ္စည်းတွေ လိုအပ်ပါတယ်လို့ဖော်ပြပါတယ်။၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန် နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ဒသမ သန်းထဲကလူဦးရေ ဒသမ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ဘူးလို့လည်း UN OCHA Myanmarကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩



========================

========================



🚩🚩 ⁨⁨⁨⁨⁨⁨မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း() တို့ပါဝင်တိုက်ခိုက်ခဲ့


ဒီဇင်ဘာ၂၃ရက်


မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း() တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ်မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည် Yaw Defense Force (YDF), Yaw Army (YA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း() တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။

အဆိုပါအင်အားစုများနဲ့အတူ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် ချင်းပြည်၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား အပြီးတိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မင်းတပ်မြို့နယ်သည် စစ်ကောင်စီတပ်ကင်းစင်သည့် မြို့နယ်တစ်ခုဖြစ်ခဲ့ပြီ ဖြစ်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ရွှေဘိုပကဖ အခြေခံစစ်ပညာနဲ့ စီမံအုပ်ချုပ်မှုသင်တန်းဆင်းပွဲကျင်းပ


ရွှေဘိုပကဖ အခြေခံစစ်ပညာနဲ့ စီမံအုပ်ချုပ်မှုသင်တန်းဆင်းပွဲကိုကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်နယ်ပကဖ၊ ရပ်/ကျေးပကဖတာဝန်ခံတွေရဲ့ အခြေခံစစ်ပညာနဲ့ စီမံအုပ်ချုပ်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ပကဖအသံကဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များဟာ ရှေ့တန်းစစ်မြေပြင်များမှာလည်းတိုက်ပွဲဝင်ဆင်နွှဲခဲ့ပြီး မွမ်းမံသင်တန်းများလည်းတက်ရောက်လျက်ရှိပါတယ်။


========================


🚩🚩 ၃။ ရွာငံမြို့နယ် ပျူစောထီး ခေါင်း ဆောင် အိမ်ကသေနတ်သိမ်းဆည်းရမိ


ဒီဇင်ဘာ ၂၃ရက်


ရှမ်းပြည်နယ် တောင်ပိုင်း၊ရွာငံမြို့နယ် ၊ရေလှကျေးရွာနေ ပျူစောထီးခေါင်းဆောင်အိမ်အား  ဓနု ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး ဝင်ရောက်စီးနင်းပြီး၊ သေနတ် တစ်လက်သိမ်းဆည်းခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီဇင်ဘာ ၁၈ ရက်မှာ Danu State National Defense Armyက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဒီဇင်ဘာ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ၊ ပျူခေါင်းဆောင် ဌေးလွင်ဟာ အိမ်မှာ မရှိတဲ့အတွက် လွတ်မြောက်သွားခဲ့ပြီး၊ သေနတ်တစ်လက် ကျည်ဆံများ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ ပြည့်သူကာကွယ်ရေးတပ်မတော်(မိုးကုတ်ဗျူဟာမှတပ်သားသစ်များခေါ်ယူ


ဒီဇင်ဘာ၂၃ရက်


ပြည့်သူကာကွယ်ရေးတပ်မတော်(မိုးကုတ်ဗျူဟာမှတပ်သားသစ်များခေါ်ယူလျက်ရှိကြောင်းကို ဒီဇင်ဘာ၂၃ရက်မှာ ပြည့်သူကာကွယ်ရေးတပ်မတော်မိုးကုတ်ဗျူဟာက အသိပေးဆိုပါတယ်။

"ပြည့်သူကာကွယ်ရေးတပ်မတော်(မိုးကုတ်ဗျူဟာ)သို့ဝင်ရောက်တာဝန် ထမ်းဆောင်လိုသောတပ်သားသစ်များအနေဖြင့်အချက်အလက်များနှင့်တကွPage Messenger တွင်လာရောက် စာရင်းပေးသွင်းနိုင်တယ်လို့ဆိုပါတယ်။

လျှောက်ထားလိုသူများအနေနဲ့အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းဖြစ်ရမည်ဖြစ်ပြီးအုပ်ထိန်းသူခွင့်ပြုချက်ရှိသူ၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမယ်လို့ဆိုပါတယ်။

အမျိုးသမီးရဲဘော်များကို အရည်အချင်းပေါ် မူတည်၍လက်ခံခေါ်ယူပါမည်ဖြစ်ပြီးအချက်အလက်အတု (သို့မဟုတ်) အချက်အလက်အမှားများဖြင့် လိမ်လည်စာရင်းသွင်းပါက ထိရောက်စွာ အရေးယူခံရမယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment