28 Dec 2024 - (Ethnic language program-CHO_DAAI) by Radio NUG

 


📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ ဒီဇင်ဘာလ ( ၂၈ ) ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ 


📌📌 ၁။ ချင်းတောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်လာ။

 

ချင်းပြည်တောင်ပိုင်းတခုလုံး (ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်) မြို့ မြို့မှာ စစ်ကောင်စီ ကင်းစင်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ နှစ်နဲ့ လဝန်းကျင်အတွင်း ဒီအပြောင်းအလဲတွေ ဖြစ်ပွားခဲ့တာပါ။

 

ပလက်ဝ

ချင်းပြည်ထဲက ပလက်ဝမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ ပထမဆုံးမြို့ ဖြစ်ခဲ့ပါတယ်။

ပလက်ဝမှာရှိတဲ့ စစ်ကောင်စီတပ်ကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ အာရက္ခတပ်တော် - AA က စတင်ထိုးစစ်ဆင်ခဲ့ပြီး လအကြာ ၂၀၂၄ ဇန်နဝါရီ ၁၄ ရက်နေ့ ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ပလက်ဝမှာ ဗျူဟာ၊ ခဝဲဗျူဟာ၊ ပွိုင့် (၃၇၇) ဗျူဟာကုန်း၊ ရှင်းလက်ဝဗျူဟာ၊ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်နဲ့ မီးဝဗျူဟာကုန်းစတဲ့ စစ်ကောင်စီအထိုင်ချစခန်းတွေ ရှိတယ်လို့ သိရပါတယ်။

 

မတူပီ

မတူပီမြို့ကို ၂၀၂၄ ဇွန်လ ရက်နေ့ကချင်းညီနောင်စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲအဖြစ် ဖော်ဆောင်ခဲ့ပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ ဇူလိုင် ၂၉ ရက်နေ့အထိ ရက်ပေါင်း ၄၀ ဝန်းကျင်ကြာမြင့်ခဲ့ပြီး မြို့ကို အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ခြေမြန်တပ်ရင်း (ခမရ) - ၃၀၄ နဲ့ ခြေလျင်တပ်ရင်း (ခလရ) - ၁၄၀ အပါအဝင် စစ်ဗျူဟာအထိုင်ချထားတဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာချင်းညီနောင် အာရက္ခတပ်တော် - AA Yaw Army – YA နဲ့ Yaw Defense Force - YDF တို့ ပါဝင်ပါတယ်။

 

မင်းတပ်

မင်းတပ်မြို့မှာတော့ ၂၀၂၄ နိုဝင်ဘာ ရက်နေ့ချင်းညီနောင်စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲ စတင်ပါတယ်။

ခြေလျင်တပ်ရင်း (ခလရ) - ၂၇၄ တပ်ရင်းအထိုင်ချထားတဲ့ မြို့သိမ်းတိုက်ပွဲဟာ ၄၄ ရက်တိတိကြာမြင့်ခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ မင်းတပ်မြို့တခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၂၀၂၄ နိုဝင်ဘာ ရက်နေ့စတင်တဲ့ မင်းတပ်မြို့သိ၊မ်းတို၊က်ပွဲမှာချင်းညီနောင်နဲ့ မဟာမိတ် အာရက္ခတပ်တော် - AA ယောကာကွယ်ရေးတပ် - YDF ယောတပ်တော် - YA မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အပါအဝင် မဟာမိတ်အင်အားစုတချို့ပူးပေါင်း တို၊က်ပွဲဝင်ခဲ့ပါတယ်။

 

ကန်ပက်လက်

ကန်ပက်လက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာကနေထွက်ပြေးလို့ စစ်ဆင်ရေးအောင်မြင်တယ်လို့ချင်းညီနောင်က ၂၀၂၄ ဒီဇင်ဘာ ၂၃ ထုတ်ပြန်ခဲ့ပါတယ်။

 

ကျင်ဒွေး

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို မြို့သိမ်းစစ်ဆင်ရေးအဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) နဲ့အတူ CDF, PDF ပူးပေါင်းအင်အားစုက ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်နေ့ စတင်ပြီး လကျော်ကြာ ဖော်ဆောင်ခဲ့ပါတယ်။

၂၀၂၄ မတ်လ ရက်နေ့မှာတော့ချင်းညီနောင်စစ်ဆင်ရေးအဖြစ်ကြေညာပြီး ၅၄ ရက်အကြာ ၂၀၂၄ ဧပြီ ၂၇ ရက်နေ့ ကျင်ဒွေးမြို့မရဲစခန်းအလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

 

========================

 

📌📌 ၂။ ကန်ပက်လက်မြို့ချင်းညီနောင်စစ်ဆင်ရေးအောင်မြင်တယ်လို့ ထုတ်ပြန်။

 

မြို့သိမ်းတိုက်ပွဲ စတင်ပြီလို့ ကြေညာထားတဲ့ ကန်ပက်လက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာကနေထွက်ပြေးလို့ စစ်ဆင်ရေးအောင်မြင်တယ်လို့ချင်းညီနောင်က ဒီဇင်ဘာ ၂၃ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြို့တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။

ကန်ပက်လက်မြို့ဟာ မြန်မာနိုင်ငံရဲ့ တတိယအမြင့်ဆုံးတောင် (ဝိတိုရိယတောင်) နဲ့ ၁၀ မိုင်ဝန်းကျင်အကွာ၊ မင်းတပ်မြို့နဲ့ မိုင် ၄၀ ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။

ချင်းပြည်တောင်ပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်တွေဟာ စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေတွေ ဖြစ်လာခဲ့ပါပြီ။ 

ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ချင်းပြည်အတွင်း ကျန်ရှိနေတဲ့ နေရာတွေမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်ပြီး ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဖော်ပြထားပါတယ်။

 

========================

 

📌📌 ၃။ချင်းညီနောင်စစ်ဆင်ရေးအောင်ပွဲအပေါ် ချင်းလဲန်းကောင်စီ ဂုဏ်ပြု။

 

ချင်းညီနောင်စစ်ဆင်ရေး မင်းတပ်၊ ကန်ပက်လက်မြို့သိမ်းအောင်ပွဲအပေါ် လေးလေးမြတ်မြတ် ဂုဏ်ပြုတယ်လို့ ချင်းလဲန်းကောင်စီက ဒီဇင်ဘာ ၂၄ရက်က ထုတ်ပြန်ပါတယ်။

ချင်းပြည်တဝှမ်း စစ်ကောင်စီကင်းစင်ရေး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ကာလဖြစ်တာနဲ့အညီ မင်းတပ်မြို့သိမ်းတိုက်ပွဲ၊ ကန်ပက်လက်မြို့သိမ်းအောင်ပွဲ ဆင်နွှဲခဲ့ကြတဲ့ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုအပါအဝင် တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေရဲ့ အသက်၊ သွေးချွေးပေးဆပ်မှုအပေါ် လေးလေးမြတ်မြတ် ဂုဏ်ပြုတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၄ နိုဝင်ဘာ ရက်နေ့စတင်တဲ့ မင်းတပ်မြို့သိ၊မ်းတိုက်ပွဲမှာချင်းညီနောင်နဲ့ မဟာမိတ် အာရက္ခတပ်တော်၊ ယောကာကွယ်ရေးတပ်၊ ယောတပ်တော်၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အပါအဝင် မဟာမိတ်အင်အားစုတချို့ပူးပေါင်း တိုက်ပွဲဝင်ခဲ့ပြီး ၄၄ ရက်အကြာမှာ မင်းတပ်မြို့တခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကန်ပက်လက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာအသီးသီးကနေ ထွက်ပြေးလို့ စစ်ကောင်စီကင်းစင်ပြီး စစ်ဆင်ရေးအောင်မြင်တယ်လို့ချင်းညီနောင်က ၂၀၂၄ ဒီဇင်ဘာ ၂၃ ထုတ်ပြန်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment