2nd Dec 2024 - Evening Daily News by Radio NUG

၂၀၂၄ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨၁။ အမျိုးသမီး၊ မိန်းကလေးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ တစ်ယောက်ချင်းစီကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ပပျောက်ရေးProfile Change Campaign NUGဝန်ကြီးများတက်တက်ကြွကြွပူးပေါင်းပါဝင်

📌 ⁨⁨၂။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုICCကဖမ်းဝရမ်းထုတ်ရန်ပြင်ဆင်မှု မြန်မာပြည်သူတွေနဲ့တော်လှန်ရေးအတွက်ကောင်းမွန်တာ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ⁨⁨၃။ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ

📌 ⁨⁨၄။ အမျိုးသမီးအခွင့်အရေးအတွက် ပိတ်ဆို့တားဆီးနေတာတွေကို ဖယ်ရှားတဲ့လှုပ်ရှားမှုတွေကို အစုအဖွဲ့အသီးသီးက ညီညွတ်စွာနဲ့ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်း

📌 ⁨⁨၅။⁨⁨⁨⁨⁨⁨ NUGပညာရေးဒုဝန်ကြီးဂျာထွယ်ပန်မြေပြင်သို့သွားရောက်၍ CDMပညာရေးဝန်ထမ်းများ၊မိသားစုများနဲ့ထိတွေ့

📌 ⁨⁨၆။ လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Campaign ကိုပူးပေါင်းပါဝင်ဖို့ လူ့အခွင့်ရေးဝန်ကြီးဌာနလှုံ့ဆော်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီတပ်ဆီမှာ ရောက်နေတဲ့သူတွေအားလုံး ပြည်သူ့ဖက်ကို လက်နက်နဲ့အတူ ဘက်ပြောင်းဝင်ရောက်ဖို့ KNDFကဖိတ်ခေါ်

🚩၂။ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တောင်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ () ဦးသေဆုံး

🚩၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်၍ ဒေသခံပြည်သူများ နှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပ

🚩၄။ ရေဦး PDF နှင့်အတူ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တွန်းလှန်တိုက်ခိုက်ရန် စစ်သည်တော်အသစ်များကို ခေါ်ယူနေ

🚩၅။ ၂၀၂၄ခုနှစ် ဆယ့်တစ်လတာအတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး(၂၀)ဦး ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨၁။ အမျိုးသမီး၊ မိန်းကလေးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ တစ်ယောက်ချင်းစီကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ပပျောက်ရေးProfile Change Campaign NUGဝန်ကြီးများတက်တက်ကြွကြွပူးပေါင်းပါဝင်


ဒီဇင်ဘာ၂ရက်


အမျိုးသမီး၊ မိန်းကလေးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ တစ်ယောက်ချင်းစီကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ပပျောက်ရေးProfile Change Campaignမှာ NUGဝန်ကြီးများ တက်တက်ကြွကြွပူးပေါင်းပါဝင်ခဲ့ပါတယ်။

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အမျိုးသမီးနှင့်မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအနေဖြင့် အမျိုးသမီး၊ မိန်းကလေးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ တစ်ယောက်ချင်းစီကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ပပျောက်ရေး ဦးတည်ချက်ဖြင့် profile change campaign များကိုပြုလုပ်လျက်ရှိပါတယ်။

အဆိုပါလှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ မှပြည်ထောင်စုဝန်ကြီး ဒေါက်တာဝက်းမြတ်အေး၊ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့အပါအဝင်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက် တို့လည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨၂။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုICCကဖမ်းဝရမ်းထုတ်ရန်ပြင်ဆင်မှု မြန်မာပြည်သူတွေနဲ့တော်လှန်ရေးအတွက်ကောင်းမွန်တာ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဒီဇင်ဘာ၂ရက်


"အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICCကဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်မှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလအတွင်း ပြည်သူမှပြည်သူသို့အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုပြောပါတယ်။

"အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအခုလိုမျိုးICCကနေပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့အတွက်ရှေ့နေချုပ်ကနေပြီးတော့ခွင့်တောင်းတဲ့အရာပေါ့။ ဒါကတော်လှန်ရေးမတိုင်ခင်ကတည်းကဖြစ်နေတဲ့ကိစ္စပေါ့။တော်လှန်ရေးမှာပိုပြီးအရေးကြီးလာတယ်။ဒါဟာပြည်သူတွေအတွက်ကောင်းတယ်။မတရားလုပ်တဲ့လူဟာဥပဒေအရအရေးယူခံရမယ်ဆိုတာနိယာမတရားဖြစ်တယ်။အခုဟာက ကမ္ဘာ့ခုံရုံးရာဇဝတ်စစ်ဆေးတဲ့နေရာကနေဖမ်းဝရမ်းထုတ်မှာဆိုတော့ ဒါဟာ ကျနော်တို့မြန်မာနိုင်ငံအတွက်ကော၊မတရားမှုကိုမလိုလားလို့တရားကိုရှာဖွေနေတဲ့သူတွေအတွက်ကောကောင်းပါတယ်"လို့ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)  ရှေ့နေချုပ်  Karim A.A. Khan KC က ICC တရား ရုံးတွင် နိုဝင်ဘာ၂၇ရက်နေ့ကတင်ပြလျှောက်ထားခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအာဂျင်တီးနားတရားရုံးမှာလည်းစွဲချက်တင်ထားကာဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေဆဲကာလလည်းဖြစ်ပါတယ်။


========================


📌📌 ⁨⁨၃။ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ


ဒီဇင်ဘာ၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် ရေးဆွဲရေး လုပ်ငန်းကော်မတီတို့ ဒီဇင်ဘာ၁ရက်နေ့မှာ ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးတွင် နှစ်ဘက် ပါဝင်တက်ရောက်ကြသူများ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။

ပြည်ထောင်စုဝန်ကြီးကလည်း မန္တလေးလုပ်ငန်းကော်မတီ၏ တရားစီရင်ရေးကဏ္ဍနဲ့ပတ်သတ်တဲ့ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားပြီး ဖြည့်စွက် အကြံပြုချက်များလည်း ပြောကြားခဲ့ကြပါတယ်။

ထို့အပြင် ကြားကာလ နိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့ဆက်၍ လိုအပ်သလို ချိတ်ဆက် တွေ့ဆုံကြရန်လည်း ဆွေးနွေး သဘောတူခဲ့ကြပါတယ်။


========================


📌📌 ⁨⁨၄။ အမျိုးသမီးအခွင့်အရေးအတွက် ပိတ်ဆို့တားဆီးနေတာတွေကို ဖယ်ရှားတဲ့လှုပ်ရှားမှုတွေကို အစုအဖွဲ့အသီးသီးက ညီညွတ်စွာနဲ့ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်း


ဒီဇင်ဘာ၂ရက်

ဒီဇင်ဘာလ ( )ရက်ကျင်းပပြုလုပ်တဲ့ She Trades Program သင်တန်း ဖွင့်ပွဲအခမ်းအနားမှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးကအခုလိုဆိုလိုက်ပါတယ်။

"ယခုအချိန်ကာလဟာလည်း ၁၆ ရက်တာ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု (နိုဝင်ဘာ ၂၅ ရက် - မှ ဒီဇင်ဘာ ၁၀ ရက် နေ့ အထိ) အချိန်ဖြစ်ပါတယ်။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှု တွေပပျောက်ဖို့ကြိုးပမ်းချက်ကာလတွေမှာ She Trades Program သင်တန်း ကို စီစဉ်ဆောင်ရွက်ပေးနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။ယခုနှစ်အတွက် ၁၆ ရက်တာ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု ရဲ့ဆောင်ပုဒ်မှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ် ဖို့ တို့များ အတူပေါင်းစည်းစို့ Towards Beijing+30:UNITE to End Violence Against Women and Girls " ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ဆောင်ပုဒ်သည် အမျိုးသမီးအခွင့်အရေးအတွက် ပိတ်ဆို့တားဆီးနေတာတွေကို ဖယ်ရှားတဲ့လှုပ်ရှားမှုတွေကို အစုအဖွဲ့အသီးသီးက ညီညွတ်စွာနဲ့ပူးပေါင်းလုပ်ဆောင်ကြဖို့ဖြစ်ပါတယ်"လို့ဆိုပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာပေါ်မှာ အမျိုးသမီး () ဦးမှာ () ဦးဟာအကြမ်းဖက်ခံနေရပါတယ်။ 

အမျိုးသမီး တွေကိုအကြမ်းဖက်သူတွေဟာလည်း နီးစပ်သူခင်ပွန်း၊ ဆွေမျိုးသားချင်း၊ လက်တွဲဖော် ထဲက အများစုဖြစ်ပြီးတော့ စီးပွားရေးအားနည်းသူ အမျိုးသမီးများဟာ ပိုပြီး ဖိနှိပ် ခံ၊  အကြမ်းဖက်ခံရတယ်လို့အစီရင်ခံတွေကဆိုပါတယ်။


========================


📌📌 ⁨⁨၅။⁨⁨⁨⁨⁨⁨ NUGပညာရေးဒုဝန်ကြီးဂျာထွယ်ပန်မြေပြင်သို့သွားရောက်၍ CDMပညာရေးဝန်ထမ်းများ၊မိသားစုများနဲ့ထိတွေ့


ဒီဇင်ဘာ၂ရက်


NUGပညာရေးဒုဝန်ကြီးဂျာထွယ်ပန်မြေပြင်သို့သွားရောက်၍ CDMပညာရေးဝန်ထမ်းများ၊မိသားစုများနဲ့ထိတွေ့၍ သိလိုသည့်မေးခွန်းများကို ဖြေကြားခဲ့တယ်လို့ ဒီဇင်ဘာ၂ရက်ဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီးဂျာထွယ်ပန်က အသိပေးဆိုထားပါတယ်။

"အခက်အခဲကြားက ကြိုးစားဆောင်ရွက်နေတဲ့ တော်လှန်ပြည်သူများရဲ့ မြေပြင်ပြည်သူ့ပညာရေးလှုပ်ရှားမှုများကို သွားရောက်အားပေး၊ တော်လှန်ပညာရေးမိသားစုများနဲ့ မြေပြင်တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။

CDMပညာရေးဝန်ထမ်းများ၊မိသားစုများနဲ့မြေပြင်တွင်တွေ့ဆုံစကားပြောကြားရာမှာ ဒုဝန်ကြီးက ရင်းရင်းနှီးနှီးဆက်ဆံခဲ့ပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလပညာသင်ကြားရေးကို မြေပြင်ရောအွန်လိုင်းပေါ်မှာပါအကောင်အထည်ဖော်ဆောင်ရွက်နေပြီး စိုးမိုးထိန်းချုပ်နေရာများမှာ စာသင်ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ⁨⁨၆။ လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Campaign ကိုပူးပေါင်းပါဝင်ဖို့ လူ့အခွင့်ရေးဝန်ကြီးဌာနလှုံ့ဆော်


ဒီဇင်ဘာ၂ရက်


"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Campaign ကိုပူးပေါင်းပါဝင်ဖို့ ဒီဇင်ဘာလအတွင်း NUGလူ့အခွင့်ရေးဝန်ကြီးဌာနမှ လှုံ့ဆော်လိုက်ပါတယ်။

"လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ (၁၀) ရက်ဟာ ကျနော်တို့ နိုင်ငံအတွက် အင်မတန်မှ ထင်ရှားတဲ့ နိုင်ငံရေးသမိုင်းမှတ်တိုင်တစ်ခုလည်း ရှိပါတယ်။ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (10 D) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ၁၉၉၁ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။စစ်အာဏာရှင်တွေရဲ့ထုံးစံအတိုင်း လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒါကြောင့်( 10 D) လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။အာဏာရှင်စနစ် တစ်ခုမဟုတ်တစ်ခုအောက်မှာ ရှိနေသမျှ ကျွန်တော်တို့လူထုအနေနဲ့ မွေးရာပါ လူတိုင်းရပိုင်ခွင့်ရှိတဲ့ ဘယ်သူမှ လွှမ်းမိုးချုပ်ကိုင်လို့မရတဲ့ လူ့အခွင့်အရေးတွေကို အခုလိုပဲ လက်နက်အားကိုး ပိတ်ပင်တားဆီးခံနေရဦးမှာဖြစ်ပါတယ်။ဒီလို ပိတ်ပင်တားဆီးခံနေရတဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ ကိုယ်တိုင်တိုက်ခိုက်ယူနေရပြီး အောင်မြင်မှုအသီးအပွင့်တွေကိုလည်းစတင်တွေ့ရှိနေရပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။

လူတိုင်းရပိုင်ခွင့်တွေကို ကိုယ်တိုင်တိုက်ယူပြီး တရားမျှတ၊ငြိမ်းချမ်းမှုနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ တို့အားလုံးရဲ့ နိုင်ငံအသစ်ကို ဖော်ညွှန်းဖို့အတွက်   "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ

ဆိုတဲ့ Campaign Theme နဲ့အတူ ၂၀၂၄ ရဲ့ 10 D Campaign ကိုကျင်းပသွားမှာပဲဖြစ်တယ်လို့ဆိုပါတယ်။

တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ပြသဖို့ 10 D Campaign အတွင်းဆောင်ရွက်သွားမယ့် Profile Campaign မှာပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩⁩



========================

========================




🚩🚩၁။ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီတပ်ဆီမှာ ရောက်နေတဲ့သူတွေအားလုံး ပြည်သူ့ဖက်ကို လက်နက်နဲ့အတူ ဘက်ပြောင်းဝင်ရောက်ဖို့ KNDFကဖိတ်ခေါ်


ဒီဇင်ဘာ၂ရက်


အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီတပ်ဆီမှာ ရောက်နေတဲ့သူတွေအားလုံး ပြည်သူ့ဖက်ကိုလက်နက်နဲ့အတူ ဘက်ပြောင်းဝင်ရောက်ဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသား ဖိတ်ခေါ်လိုက်ပါတယ်။

"ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုပဲ ကျနော်တို့ KNDFသည်လည်း ဓါးလည်းရှိတယ် တရားလည်းရှိပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီတပ်ဆီမှာ ရောက်နေတဲ့သူတွေအားလုံး ပြည်သူ့ဖက်ကို လက်နက်နဲ့အတူ ဘက်ပြောင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ KNDF ကနေ အကောင်းဆုံးကူညီပါမယ်"လို့ဆိုပါတယ်။

စကစတပ်သားများဟာ ၁၀၂၇စစ်ဆင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းတွင်တပ်ရင်းအလိုက်လက်နက်ချအညံ့ခံမှုများရှိခဲ့ပြီး အခြားပြည်နယ်နဲ့တိုင်းများတွင်လည်း လက်နက်ချမှုများရှိခဲ့ပါတယ်။


========================


🚩🚩၂။ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တောင်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ () ဦးသေဆုံး


ဒီဇင်ဘာ()ရက်


ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တောင်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ () ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ၂ရက်နေ့မှာ မင်းဘူးခရိုင်အမှတ် () တပ်ရင်းက စစ်ရေးသတင်းကိုအတည်ပြုဖော်ပြပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို မင်းဘူးခရိုင်အမှတ် () တပ်ရင်း၊ မကွေးတိုင်း ပကဖ၊ ရွေ့လျားစစ်ကြောင်း (Yenanthar Cloumn)နှင့် ပွင့်ဖြူ ပကဖတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၇ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ () ဦးသေဆုံးကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိကြောင်း မင်းဘူးခရိုင်အမှတ် () တပ်ရင်းက အတည်ပြုထားပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ အလောင်းလာကောက်သော အင်အား (၂၀) ခန့်ပါ စစ်ကောင်စီတပ်သားများလည်း အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံံံံံံရပြီး သေဆုံးမှုရှိကြောင်းဆိုထားပါတယ်။


========================


🚩🚩၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်၍ ဒေသခံပြည်သူများ နှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပ


ဒီဇင်ဘာ၂ရက်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်၍ ဒေသခံပြည်သူများ နှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ ဒီဇင်ဘာ၂ရက်လူ့အခွင့်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။

အဆိုပါလူထုလှုပ်ရှားမှုကို  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့ တွင်  "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ခေါင်းစဉ်ဖြင့်  လူ့အခွင့်ရေးဆိုင်ရာ ဟောပြောပွဲ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩၄။ ရေဦး PDF နှင့်အတူ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တွန်းလှန်တိုက်ခိုက်ရန် စစ်သည်တော်အသစ်များကို ခေါ်ယူနေ


ဒီဇင်ဘာ၂ရက်


ရေဦး PDF နှင့်အတူ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တွန်းလှန်တိုက်ခိုက်ရန် စစ်သည်တော်အသစ်များကို ခေါ်ယူနေတယ်လို့ ရေဦး PDFက တရားဝင်အသိပေးကြေညာထားပါတယ်။

" ရေဦး PDF နှင့်အတူ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တွန်းလှန်တိုက်ခိုက်ရန် စစ်သည်တော်အသစ်များကို ခေါ်ယူနေပါပြီ။အသေးစိတ်အချက်အလက်နှင့် ဝင်ခွင့်ပုံစံတင်ရန် Page Chat Box သို့ ဆက်သွယ်နိုင်ပါပြီ"လို့ဆိုထားပါတယ်။

ထို့အပြင်လျှောက်ထားလိုသူများအနေနဲ့ရေဦးPDFTelegram တွင်လည်း ဆက်သွယ်နိုင်ပြီလို့ဆိုပါတယ်။


========================


🚩🚩၅။ ၂၀၂၄ခုနှစ် ဆယ့်တစ်လတာအတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး(၂၀)ဦး ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရ


ဒီဇင်ဘာ၂ရက်


၂၀၂၄ခုနှစ် ဆယ့်တစ်လတာအတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး(၂၀)ဦး ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရတယ်လို့ ဒီဇင်ဘာ၂ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးဆိုပါတယ်။

"၂၀၂၄ခုနှစ် ဆယ့်တစ်လတာအတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး(၂၀)ဦး ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ရပါတယ်။PPNM မှ ပြုစုရရှိထားသည့် စာရင်းများအရ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး (၂၀)ဦးသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ()ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အတွင်း ကွယ်လွန်ခဲ့ရပါတယ်"လို့ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် ကျဆုံးရသူများထဲတွင် နိုင်ငံရေးအကျဉ်းသား (၁၈)ဦးနှင့်နိုင်ငံရေးအကျဉ်းသူ ()ဦးပါဝင်ပြီးနိုင်ငံရေးအကျဉ်းသားများအပေါ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းသည် အကျဉ်းဦးစီးဌာနအနေဖြင့် တစ်ဖက်လက်ဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်များကို သေအောင်ပိတ်ဆို့ တားဆီးနေခြင်း သတ်ဖြတ်နေခြင်းပင်ဖြစ်တယ်လို့PPNM ကဖော်ပြပါတယ်။

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment