31st Dec 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ အဆင့်တစ်ဆင့်ကို ထပ်မံကူးပြောင်း တက်လှမ်းနေပြီလို့ ယာယီသမ္မတအသိပေးပြောကြား

📌 ⁨⁨⁨⁨⁨⁨၂။ နှစ်ဟောင်းကို နှုတ်ဆက်လို့ နှစ်သစ်ကို ကြိုလိုက်ချင်ပါတယ်။ နှစ်သစ်ကို အားအင်အသစ်တွေ နဲ့ အောင်မြင်မှုအသစ်တွေ အရယူဖို့ ချီတက်ကြပါမယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ဆို

📌 ⁨⁨⁨⁨⁨⁨၃။ မြင်းမူမြို့နယ်အတွင်းရှိ စာသင်ကျောင်း () ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့

📌 ⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံရဲ့ ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို လျှောက်လှမ်းတဲ့ခရီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေနဲ့  ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨၅။ မန္တလေးဒေသ၊လူသားစာနာပံ့ပိုးမှုအတွက် အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး(EMC) အနေနဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း သိန်းသုံးထောင်ကျော် ကူညီနိုင်ခဲ့


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨ အပြည်ပြည်ဆိုငိရာရာဇဝတ်မှုတွေကို တရစပ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြိုခွင်းနိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့NUGလူ့အခွင့်အရေးဝန်ကြီးပြောကြား

🚩 ၂။ ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား စောင့်ကြိုတိုက်ခိုက်ခံရ 

🚩 ၃။ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကျင်းပသည့် "အောင်မြေနင်းမယ့် ပစ်ချက်ငါးသောင်း" ကျည်ကမ်ပိန်း မျှော်မှန်းရာခိုင်နှုန်းထက်နည်းပါးနေ၍ တော်လှန်ပြည်သူများအနေနဲ့ပါဝင်ဖို့တိုက်တွန်း

🚩 ၄။ နိုင်ငံရေးအကျဥ်းသူ မနိုလ်ဘယ်အေးအပါအဝင်အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ()ဦးအထိရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ အဆင့်တစ်ဆင့်ကို ထပ်မံကူးပြောင်း တက်လှမ်းနေပြီလို့ ယာယီသမ္မတအသိပေးပြောကြား


ဒီဇင်ဘာ၃၁ရက်

နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ အဆင့်တစ်ဆင့်ကို ထပ်မံကူးပြောင်း တက်လှမ်းနေပြီလို့ယာယီသမ္မတဒူဝါလရှီးလကအသိပေးပြောကြားလိုက်ပါတယ်။

ချင်းညီနောင် [Chin Brotherhood] ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာယာယီသမ္မတကပြောပါတယ်။

"ကျွန်တော်တို့ရဲ့ လက်ရှိ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ အဆင့်တစ်ဆင့်ကို ထပ်မံကူးပြောင်း တက်လှမ်းနေတဲ့ ဖြစ်စဉ်ထဲကို ရောက်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးအောင်မြင်နိုင်ဖို့နှင့် ချင်းပြည်နယ်အတွင်း စစ်အာဏာရှင် စစ်တပ်များ ကင်းစင်စေရေးအတွက် ချင်းလူမျိုးများအချင်းချင်းအကြားသော်လည်းကောင်း၊ ချင်းလူမျိုးများနှင့် နီးစပ်သော အိမ်နီးချင်းလူမျိုးများနှင့်သော်လည်းကောင်း၊  ပြည်ထောင်စု တိုင်းရင်းသားအားလုံးအကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ဖို့ တိုက်တွန်းအပ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်နယ်ရှိမြို့အများစုကိုလက်လွှတ်ဆုံးရှုံးထားရပြီး ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကရင်နီပြည်စတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးများတွင်လည်းနယ်မြေစိုးမိုးမှုမရှိတော့တဲ့အခြေအနေကိုဆိုက်ရောက်နေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ နှစ်ဟောင်းကို နှုတ်ဆက်လို့ နှစ်သစ်ကို ကြိုလိုက်ချင်ပါတယ်။ နှစ်သစ်ကို အားအင်အသစ်တွေ နဲ့ အောင်မြင်မှုအသစ်တွေ အရယူဖို့ ချီတက်ကြပါမယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ဆို


ဒီဇင်ဘာ၃၁ရက်

၂၀၂၄ကို ပြန်လည် သုံးသပ်ထားတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင်၏  RFA ရဲ့ သတင်းဆောင်းပါးအတွက် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့တဲ့ သတင်းစကား  သံမှာနှစ်ဟောင်းကို နှုတ်ဆက်လို့ နှစ်သစ်ကို ကြိုလိုက်ချင်ပါတယ်။ နှစ်သစ်ကို အားအင်အသစ်တွေ နဲ့ အောင်မြင်မှုအသစ်တွေ အရယူဖို့ ချီတက်ကြပါမယ် 


 ((((((ဝန်ကြီးဒေါ်ဇင်မာအောင်))))))


၂၀၂၄ ခုနှစ် တော်လှန်ရေး အခြေအနေကို သုံးသပ်တာဟာ တော်လှန်ရေးအင်အားစုတွေ အကုန်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု ပြည်တွင်း/ပြည်ပပြည်သူလူထု တစ်ရပ်လုံးရဲ့ ပါဝင်ထောက်ခံမှု စွန့်လွှတ်အနစ်နာခံ မှုတွေ ပါဝင်နေတဲ့ တော်လှန်ရေးတစုံလုံးရဲ့ အောင်မြင်မှု ကျရှုံးမှုတွေ ပြန်လည်သုံးသပ် မှတ်ချက်ပြုတာပဲ ဖြစ်ပါတယ်။ ဒါဟာ NUG ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အစိုးရအဖွဲ့ review နဲ့ ကွာခြားပါတယ်။ အစိုးရအဖွဲ့ ရဲ့ ၂၀၂၄ review ဆိုရင်တော့ အားနည်းချက်အားသာချက်တွေက ကျယ်ပြန့်ပါတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင်က သုံးသပ်ပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ မြင်းမူမြို့နယ်အတွင်းရှိ စာသင်ကျောင်း () ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့


ဒီဇင်ဘာ၃၁ရက်

မြင်းမူမြို့နယ်အတွင်းရှိ စာသင်ကျောင်း () ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ၃၁ရက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။

မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြင်းမူမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့ ပူးပေါင်းပြီး မြင်းမူမြို့နယ်အတွင်းရှိ စာသင်ကျောင်း () ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ရာ ကျောင်းသား/သူ ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

 ကျောင်း သား/ သူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များ လှူဒါန်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံရဲ့ ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို လျှောက်လှမ်းတဲ့ခရီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေနဲ့  ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ဆို


ဒီဇင်ဘာ၃၁ရက်


မြန်မာနိုင်ငံ  ရဲ့ ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို လျှောက်လှမ်းတဲ့ခရီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေနဲ့  ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ဆိုပါတယ်။

ဒီဇင်ဘာ၃၁ရက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး  အကြီးအကဲ ဖြစ်သူ ဟယ်လ်လင်းနာ စတောမ် နှစ်သစ်ကူးဆုမွန်ကောင်းတောင်းဆိုစကားမှာဆိုထားပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေမှာ စိန်ခေါ်မှုများစွာ ရှိနေခဲ့ပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့  ဇွဲလုံ့လတွေကြောင့် ကျွန်မ အနေနဲ့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။၂၀၂၅ မှာ မြန်မာပြည်သူပြည်သားများအားလုံးအတွက်  ငြိမ်းချမ်းရေးကို ဦးတည်ပြီး အခက်အခဲတွေအားလုံး ပြေလည်ကာ အခွင့်အလမ်းကောင်းများရရှိနိုင်ပါစေလိို့ တောင်းဆုပြုလိုက်ပါတယ်။မြန်မာနိုင်ငံ  ရဲ့ ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို လျှောက်လှမ်းတဲ့ခရီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေနဲ့  ဆက်လက် ပံ့ပိုးကူညီသွားမည်ကြောင်းကိုလည်း ကတိကဝတ်ပြုပါတယ်"လို့ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကိုလက်မခံ၍နိုင်ငံတကာအစိုးရများဟာ စစ်အုပ်စုကိုသံတမာန်ဆက်ဆံရေးပိုင်းမှာ လျှော့ချခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ မန္တလေးဒေသ၊လူသားစာနာပံ့ပိုးမှုအတွက် အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး(EMC) အနေနဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း သိန်းသုံးထောင်ကျော် ကူညီနိုင်ခဲ့


ဒီဇင်ဘာ၃၁ရက်

မန္တလေးဒေသ၊လူသားစာနာပံ့ပိုးမှုအတွက် အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး(EMC) အနေနဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း သိန်းသုံးထောင်ကျော် ကူညီနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီဇင်ဘာ၃၀ရက်မှာ မန္တလေးမြို့မှတက်ကြွလှုပ်ရှားသူမအေးမြင့်အောင်အောင်ကဆိုထားပါတယ်။

"မန္တလေးဒေသ၊လူသားစာနာပံ့ပိုးမှုအတွက် အရေးပေါ်စီမံခန့်ခွဲရေးကော်မတီ-မန္တလေး(EMC) အနေနဲ့ ၂၀၂၄ တစ်နှစ်တာအတွင်း သိန်း()ထောင်ကျော် ကူညီနိုင်ခဲ့တယ်ပြောရမယ်။ ဒါဟာ ကိန်းဂဏန်းအားဖြင့် များတယ်ဆိုပေမယ့် သောင်းချီပြီး ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်ချက်အားလုံးကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒီ့ထက်ပို ရုန်းနိုင်ကြဖို့ ပြည်တွင်း/ပြည်ပ အသီးသီးက တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့အားကို မန္တလေးဒေသအတွက် မျှော်လင့်နေပါတယ်"လို့ဆိုထားပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်းခြံခရိုင်နဲ့ပြင်ဦးလွင်ခရိုင်တို့တွင်အရပ်သားများထိခိုက်သေဆုံးမှုတို့ရှိနေတယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨ အပြည်ပြည်ဆိုငိရာရာဇဝတ်မှုတွေကို တရစပ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြိုခွင်းနိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့NUGလူ့အခွင့်အရေးဝန်ကြီးပြောကြား


ဒီဇင်ဘာ၃၁ရက်

အပြည်ပြည်ဆိုငိရာရာဇဝတ်မှုတွေကို တရစပ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြိုခွင်းနိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့NUGလူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာ၃၁ရက်တွင် ဆိုရှယ်မီဒီယာမှတစငဆင့် ပြောကြားလိုက်ပါတယ်။

"၂၀၂၅ နှစ်သစ်စိတ်ကူးကတော့ရိုးရိုးလေးပါပဲ။အပြည်ပြည်ဆိုငိရာရာဇဝတ်မှုတွေကို တရစပ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြိုခွင်းနိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါ့မယ်"လို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းခြောက်ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ကာအရပ်သားနေအိမ်ပေါင်းတသိန်းကျော်ကိုမီးရှို့ဖျက်ဆီးထားပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား စောင့်ကြိုတိုက်ခိုက်ခံရ 


ဒီဇင်ဘာ၃၁ရက်

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ပခုက္ကူမြို့ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးလိုက်ပါလာတဲ့ ကား ကို မနေ့ (ဒီဇင်ဘာလ ၃၀ ) ညနေပိုင်းက စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာသူ အားလုံးသေဆုံးပြီး သေနတ် လေးလက် ရရှိတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Young Force UG) က အသိပေးပါတယ်။

မနေညနေပိုင်း နာရီခွဲခန့်က  ပခုက္ကူမြို့၊ စက်မှုဇုန်ဂိတ်မှ မြို့အတွင်းပြန်ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ရဲ့ ကားကို  စက်မှုဇုန် () လမ်း အရောက်မှာ အနီးကပ် ပစ်ခတ်ခဲ့တာလို့  Young Force - UG ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စောင့်ကြို တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အမည် ရာထူးနဲ့ တပ် နံပါတ် တွေကို မသိရသေးပါဘူး။

တိုက်ခိုက်မှု ရုပ်သံမှတ်တမ်အရ အဖြူရောင် Hijet  အမျိုးအစား ကား ကို ချေမှုန်းရေးသေနတ်ကိုယ်စီကိုင် အမျိုးသား သုံးဦးထက်မနည်းက စောင့်ကြို ပစ်ခတ်တာတွေ့ရပါတယ်။

အဆက်မပြတ်ပစ်ခတ်ခံရမှုကြောင့် Hijet ကားလမ်းဘေးကို ထိုးရပ်သွားပြီး ကားပေါ်ကနေ စစ်ကောင်စီ တပ်သုံး MA စီရီး သေနတ်တွေကို သိမ်းဆည်းရမိတာကို ရုပ်သံဖိုင်မှာမြင်ရပါတယ်။

Young Force UG အဖွဲ့က ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းအရ သေနတ် လေးလက်နဲ့  ကျည်ဘောက်တွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာလည်း ပခုက္ကုမြို့ စက်မှုဇုံမှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကား ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရပြီး လေးဦးကျသွားတယ်လို့ ဖော်ပြကြပါတယ်။

 တဆက်တည်းမှာ ပဲ ပခုက္ကုမြို့ရဲ့ လုံခြုံရေး မေးခွန်းထုတ်စရာကောင်းနေပြီလို့လည်း ဝါဒဖြန့် ချန်နယ်တွေမှာရေးသားနေကြပါတယ်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့  ပခုက္ကူမြို့နယ်ဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေစိုးမိုးမှု ကျဆင်းနေပြီး ဒေသတွင်း တော်လှန်ရေးတပ်တွေ အားကောင်းလာတဲ့ မြို့နယ်ဖြစ်လာတယ်လို့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ထားတာရှိပါတယ်။


========================


🚩🚩 ၃။ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကျင်းပသည့် "အောင်မြေနင်းမယ့် ပစ်ချက်ငါးသောင်း" ကျည်ကမ်ပိန်း မျှော်မှန်းရာခိုင်နှုန်းထက်နည်းပါးနေ၍ တော်လှန်ပြည်သူများအနေနဲ့ပါဝင်ဖို့တိုက်တွန်း


ဒီဇင်ဘာ၃၁ရက်

ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကျင်းပသည့် "အောင်မြေနင်းမယ့် ပစ်ချက်ငါးသောင်း" ကျည်ကမ်ပိန်း မျှော်မှန်းရာခိုင်နှုန်းထက်နည်းပါးနေ၍ တော်လှန်ပြည်သူများအနေနဲ့ပါဝင်ဖို့တိုက်တွန်းထားပါတယ်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကျင်းပသည့် "အောင်မြေနင်းမယ့် ပစ်ချက်ငါးသောင်း" ကျည်ကမ်ပိန်းတွင် ()ပတ်အတွင်း ပစ်ချက်ပေါင်း ၂၅ရာခိုင်နှုန်းရရှိထားတယ်လို့အသိပေးဆိုပါတယ်။ကျန်ရှိနေသေးသော ရာခိုင်နှုန်းများကိုလည်း ကမ်ပိန်းကာလအတွင်း မျှော်မှန်းထားသော Targetပြည့်နိုင်အောင်အတွက် တော်လှန်ပြည်သူများအနေဖြင့် တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ပေးကြဖို့ဆိုထားပါတယ်။ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ကာ တိုက်ပွဲများဖော်ဆောင်လျက်ရှိသောကြောင့် လိုအပ်လျက်ရှိသော ပစ်ချက်များအတွက်ဖြည့်ဆည်းရန်လိုအပ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။ နိုင်ငံရေးအကျဥ်းသူ မနိုလ်ဘယ်အေးအပါအဝင်အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ()ဦးအထိရှိခဲ့


ဒီဇင်ဘာ၃၁ရက်


နိုင်ငံရေးအကျဥ်းသူ မနိုလ်ဘယ်အေးအပါအဝင်အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ()ဦးအထိရှိခဲ့တယ်လို့ ဒီဇင်ဘာ၃၁ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ခုနှစ်အတွင်း ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်အတွင်းနှင့်ထောင်ပြင်ပတွင် အမျိုးသား()ဦး၊အမျိုးသမီး() စုစုပေါင်း ()ဦး ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါသတ်ဖြတ်ခြင်းခံခဲ့ရသူများထဲတွင်ဝေါမြို့နယ်တရားရုံးအပြန်တွင် မနိုလ်ဘယ်အေးနဲ့ကိုလေးခွင်းတို့မှာ အမှုရင်ဆိုင်နေရစဉ် ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

ထို့အပြင်ကိုဝင်းသီဟ၊ကိုမင်းသူ()မော်လဝီရှက်မင်း (ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment