3rd Dec 2024 - Morning Daily News by Radio NUG

၂၀၂၄ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ

📌 ၂။ သေဒဏ်ကျခံ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျောက်ကပ်ရောဂါ၊ အဆုတ်ရေဝိုင်းရောဂါများဖြင့်  အင်းစိန်အကျဉ်းထောင်တွင်း ကျဆုံး

📌 ၃။ မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့၏ အဖွဲ့ဝင်များတွေ့ဆုံပွဲကျင်းပ

📌 ၄။တအာင်းထီ၏ (၁၈)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ်မှ ဆွတ်ခူး

📌 ၅။အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိပြီး  တချို့အကျဉ်းထောင်များ၌ ဆေးဝါးပို့ဆောင်ခွင့်ကို ကန့်သတ်ချက်များနှင့် လုံးဝ ပိတ်ပင်ထား

📌 ၆။⁩ ⁨မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဟု CDFမင်းတပ် အသိပေး


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်းတယ်လို့ လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ဝန်ခံ

🚩 ၂။ ထီးလင်း - ပခုက္ကူ ကားလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ စစ်ကောင်စီတပ်သား အလောင်းများ ပုပ်ပွနံစော်နေ

🚩 ၃။မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၄။၂၀၂၄ ခုနစ်တွင်း နိုင်ငံတဝှမ်းလုံးမှာ ရန်သူ့ဘက်က ဆုတ်ခွာသွားရတဲ့ စခန်းကြီးငယ်ပေါင်း တစ်ရာကျော် ရှိ

🚩 ၅။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း ဒေသခံ ၃၈ ဦး သေဆုံး

🚩 ၆။နိုဝင်ဘာလအတွင်း စစ်ကောင်စီ ထိခိုက်ကျဆုံးမှု ၃ဝ ကျော်အောင် Spring Warriors Column က ချေမှုန်းနိုင်ခဲ့

🚩 ၇။ တိုက်ပွဲကာလ မီးလောင်ပျက်စီးခဲ့တဲ့ မင်းပြားဒေသ လူနေအိမ်များကို ULA/AA ပြန်ဆောက်ပေးနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ


ဒီဇင်ဘာ၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံခဲ့ကြပါတယ်။

အစည်းအဝေးတွင် NUG-MoPFI ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးတင်ထွန်းနိုင်၊ ဒုတိယဝန်ကြီး ဆရာ မင်းဇေယျာဦးနဲ့ အတွင်းဝန်တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ 

အစည်းအဝေးမှာ နှစ်ဘက် ပါဝင်တက်ရောက်ကြသူများ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

NUG-MoPFI တာဝန်ရှိသူများကလည်း မန္တလေးလုပ်ငန်းကော်မတီ၏ အခွန်ဘဏ္ဍာကဏ္ဍနဲ့ပတ်သတ်တဲ့ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားပြီး ဖြည့်စွက် အကြံပြုချက်များလည်း ပြောကြားခဲ့ကြပါတယ်။

ထို့အပြင် ကြားကာလ နိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


⁨📌📌 ၂။ သေဒဏ်ကျခံ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျောက်ကပ်ရောဂါ၊ အဆုတ်ရေဝိုင်းရောဂါများဖြင့်  အင်းစိန်အကျဉ်းထောင်တွင်း ကျဆုံး


ဒီဇင်ဘာ RadioNUG 


သေဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦးသည် ကျောက်ကပ်ရောဂါဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပြီးနောက် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ ( :၃၀)နာရီတွင် ကျဆုံးခဲ့ရကြောင်း PPNMမှ သတင်းထုတ်ပြန်ပါတယ်။

ကိုပြည့်စုံဦးသည် စစ်အုပ်စုအာဏာသိမ်းစဉ်တွင် CDM တပ်သားအနေဖြင့် ၂၀၂၁ခုနှစ် မတ်လအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်ကာ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ၂၇..၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး‌နောက် သံလျှင်ရေတပ်မှ တပ်ပြေးပုဒ်မ နှင့်အခြားပုဒ်မများဖြစ်သည့် ပုဒ်မ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇) တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂) တို့ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ၁၂..၂၀၂၃ နေ့တွင် သေဒဏ်အမိန့်ချ၍ အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် ရောဂါပြင်းထန်လာပြီးနောက် ကျဆုံးခဲ့ရခြင်းဖြစ်ပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့၏ အဖွဲ့ဝင်များတွေ့ဆုံပွဲကျင်းပ


ဒီဇင်ဘာ၂ရက်


မြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့၏ အဖွဲ့ဝင်များတွေ့ဆုံပွဲ ကိုဒီဇင်ဘာ၁ရက်နေ့ ကကျင်းပခဲ့ပါတယ်။

တွေ့ဆုံပွဲ၌ တော်လှန်ရေးကာလအတွင်း အများပြည်သူ့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဆုံးရှုံးနစ်နာခဲ့သည့် ပစ္စည်းဥစ္စာများနှင့် စပ်လျဉ်း၍ နောင်တစ်ချိန် ပြန်လည်ကုစားနိုင်ရေးအတွက် အဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့နောက် အဖွဲ့အနေဖြင့် နိုထရီအရာရှိများ ခန့်အပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တာဝန်ရှိသူများထံ ထိရောက်စွာ အကြံပြုနိုင်ရေးကိစ္စရပ်အပြင် အလုပ်အဖွဲ့များ (Working Teams)များ ဖွဲ့စည်းခြင်း၊ အများပြည်သူထံ ဥပဒေအသိပညာပေးခြင်း၊ ဥပဒေသင်တန်းများ ကျင်းပခြင်း၊ မြို့နယ်များ၌ ဥပဒေဟောပြောပို့ချမှုများပေးခြင်း အစရှိသည့် ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲ၌ အမြဲတမ်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များက အဖွဲ့၏ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများ၊ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။တအာင်းထီ၏ (၁၈)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ်မှ ဆွတ်ခူး


ဒီဇင်ဘာ RadioNUG 


တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီ၏ (၁၈) ကြိမ်မြောက် အမြင့်ဆုံး သိန်း ၅၀၀ ဆုအား တအာင်းပြည် မိုးမိတ်မြို့နယ်၊ လက်ခုတ်ပင်ကျေးရွာတွင် နေထိုင်သည့် မသီရီသန္တာကိုမှ ဆွတ်ခူးရရှိသွားကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။

(၁၈) ကြိမ်မြောက် ထီဖွင့်ပွဲအား တအားပြည် တစ်နေရာတွင် ဒီဇင်ဘာလ()ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဦးဆောင် ဖွင့်လှစ်ခဲ့ပြီး (၁၈)ကြိမ်မြောက် သိန်း(၅၀၀) ဂဏန်းသည် အက္ခရာ C - 17241 ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၁၀၀) ဆု () ဆု၊ သိန်း(၅၀)ဆု ()ဆု၊ သိန်း (၃၀) ဆု() ဆု၊ (၁၀) သိန်းဆု () ဆု၊ () သိန်းဆု (၁၀) ဆု၊()သိန်းဆု (၃၀) နဲ့ သွပ်)ဆု စုစုပေါင်း (၅၉)ဆု ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယခုလအတွင်း  ဒေသခံပြည်သူများသည် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် စား၀တ်နေရေးကြပ်တည်းပြီး ထီရောင်းအား ယခင်လထက်  ကျဆင်းလာတာကြောင့် နို၀င်ဘာလအတွင်း ထီရောင်းရငွေမှ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်း(၃၀၀)သာ ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တအာင်းပြည်အတွင်း စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ် (၁၀) မြို့နယ်ထက်မနည်း ရှိနေခဲ့ရာ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တအာင်းပြည် ပညာရေးကောင်စီမှ ကျောင်းပေါင်း (၅၀၀)ဝန်းကျင် ဖွင့်လှစ်ပေးထားပြီး စာသင်ကျောင်းများအတွက် လိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့် ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ပညာရေးအား ကူညီလိုလျှင် တအာင်းထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းထားပါတယ်။


========================


📌📌 ၅။အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိပြီး  တချို့အကျဉ်းထောင်များ၌ ဆေးဝါးပို့ဆောင်ခွင့်ကို ကန့်သတ်ချက်များနှင့် လုံးဝ ပိတ်ပင်ထား


ဒီဇင်ဘာ၂ရက်


နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိပြီး လုံလောက်သည့် ဆေးဝါးကုသမှုလည်း မပေးကြောင်း သိရှိရပြီးတချို့အကျဉ်းထောင်များ၌ ဆေးဝါးပို့ဆောင်ခွင့်ကို ကန့်သတ်ချက်များနှင့် လုံးဝပိတ်ပင်ထားမှုများလည်း ရှိတယ်လို့ AAPPက ဖော်ပြပါတယ်။

 ထို့ပြင် အကျဉ်းသားများအား ထောင်ပြောင်းရွှေ့မှုများလည်း အကြိမ်ကြိမ် လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ခန့်ကို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၅၁) ဦးရှိပြီး ထိုအထဲမှ (၂၁၁၈၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၆။⁩ ⁨မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဟု CDFမင်းတပ် အသိပေး


ဒီဇင်ဘာ RadioNUG 


ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို အောင်မြင်အောင်ဆင်နွှဲမည်ဟု မင်းတပ်မြို့နယ်  ချင်းဒေသကာကွယ်ရေးတပ် (CDF)က ပြည်သူများအား အသိပေးထုတ်ပြန်ထားပါတယ်။


မြို့သိမ်းစစ်ဆင်ရေး မစတင်ခင်ကတည်းက အဆိုပါစစ်ဆင်ရေးတွင် အသုံးပြုရန် ရန်ပုံငွေရှာဖွေမှုကို CDF မင်းတပ် ရန်ပုံငွေရှာဖွေရေးကော်မတီက ဦးဆောင်ပြီး တောင်ဇလပ်မြေကမ်ပိန်းအဖြစ် မြေကွက်များ ကံစံမဲရောင်းချခဲ့ရာ နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိ ပြုလုပ်ခဲ့သည့် တောင်ဇလပ်မြေ ကမ်ပိန်းအတွက် ကံစမ်းမဲလက်မှတ်အစောင်ရေ ၁၀,၀၀၀ (ကျပ်သိန်း ၂၀၀၀)ကို ရောင်းချခဲ့ရာ ကံစမ်းမဲလက်မှတ်အစောင်ရေ ၁၈,၀၀၀ ကျော် (ကျပ်သိန်း ၄၅၀၀ကျော်)ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


“CDF Mindat ရဲဘော်များအနေဖြင့်လည်း မင်းတပ်မြို့သိမ်းတိုက်ပွဲအောင်မြင်အောင် ဆင်နွှဲပါမည်။ အရေးတော်ပုံပြီးသည်အထိ တော်လှန်ရေးအောင်နိုင်သည်အထိ စွမ်စွမ်းတမံကြိုးစားသွားပါမည်ဟု ကတိပြုလိုက်ရပါတယ် ခင်မျာ" လို့ CDF မင်းတပ်က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။စစ်တပ်က စစ်မှုထမ်း တပ်သားသစ်များကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့၍ နေအိမ်များကို မီးရှို့ခိုင်းတယ်လို့ လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ဝန်ခံ


ဒီဇင်ဘာ RadioNUG 


လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို စစ်ဆေးမေးမြန်းထားသည့် ဗီဒီယိုကို Karenni Nationalities Defence Force က  ဒီဇင်ဘာလ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး စစ်တပ်က WY ဆေးပြားများ သုံးစွဲခိုင်းခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခိုင်းကြောင်း စစ်သုံ့ပန်းများက ဝန်ခံပြောဆိုထားပါတယ်။

"နေအိမ် မီးရှို့တာကတော့ ကြုံဖူးတယ်။ အိမ် မီးရှို့တာကတော့ သူတို့က ဒီအိမ်က မသင်္ကာဘူးဆို ရှို့တယ် များတယ်။ နေအိမ် အလုံး အရေအတွက် များတယ်။ ၅၀ ကျော် ၆၀ နီးပါး လောက် မကဘူးနဲ့ တူတယ်။ ကျွန်တော် ပန်းနီရောင် WY ဆိုတဲ့ဟာပဲ တွေ့တယ်။ အခုဆိုရင် တပ်စိတ် စိတ်လုံးက သုံးတယ်။ သူတို့ သုံးပြီးတော့ တိုက်ခိုင်းတယ်။ ရှေ့တိုးခိုင်းတယ်။ သူတို့ဘာသာ သူတို့ မရရအောင် ရှာကြံပြီးတော့ ဝယ်ကြတယ်။ တစ်သောင်းဖိုးကို ပြား၊ ပြား  ကျွန်တော်လည်း မသိဘူး။ သူတို့ကိုယ်တိုင် တပ်စိတ်ဖွဲ့ပြီးတော့ လုပ်လည်းလုပ် ခွင့်လည်း ခွင့်ပြုထားတယ်။ လူကြီးတွေက အကြီးအကဲတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းတွေ ဘာတွေ မလွတ်တဲ့ဟာတို့ မြင်ကွင်းတွေ ဘာတွေ မလွတ်တဲ့ အိမ်တို့ ရှို့တယ်။ အဝတ်အစားတွေ ဘာတွေ တွေ့တဲ့ အိမ်တွေ ဒီလိုမျိုး လုပ်ခဲ့မိတာတွေ ခွင့်လွှတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။ အကြောင်းကြောင်းကြောင့်နဲ့ ဒါ လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိတွေကို။ အပြားသေးသေးလေးပေါ့။ WY လို့ ရေးထားပါတယ်။ ကင်းစောင့်ရင် အိပ်ချင်မှာစိုးလို့။ စိတ်ညစ်တဲ့အခါကျရင် လူလည်း လန်းတယ်။ အဲဒါကြောင့်မို့ သုံးတာ" ဟု စစ်သုံ့ပန်း ဖိုးထူးနှင့် မျိုးသက်မင်း တို့က ဝန်ခံပြောဆိုခဲ့ပါတယ်။

ထို့ပြင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ အရာရှိများကလည်း လက်အောက်ငယ်များကို အသေခံ တိုက်ခိုက်ပြီး ၎င်းကိုယ်တိုင် တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်ကြောင်း၊ လက်အောက်ငယ်သားများကိုလည်း နောက်ပြန်ဆုတ်ခိုင်းခြင်းမရှိဘဲ ၎င်းကိုယ်တိုင် WY ဆေးပြားများ သုံးစွဲကြောင်း သိရသည်။ယ်လို့ သိရပါတယ်။

" ကျွန်တော် မကျေနပ်တာကတော့ဗျာ ဗိုလ်မှူးတစ်ယောက်ပဲ မကျေနပ်တာ။ ဘာလို့လဲဆိုတော့ သူ ခေါင်းဆောင်တစ်ယောက် သူက ပထမကတည်းက စထွက်လာကတည်းက ဘယ်လိုပြောလဲဆိုတော့ ဘယ်လိုအခက်အခဲပဲ ရှိနေ ရှိနေ ငါ မင်းတို့ ရှေ့မှာပဲ ရှိမယ်။ တကယ့် တကယ် အစ်ကိုတို့ဘက်က လူတွေလည်း လာလည်း လာရော ဘယ်သူမှကို မသိလိုက်ဘူး နောက်ကို ဆုတ်သွားတယ်။ ယောက်လုံး။ ကျွန်တော်တို့ဘက်မှာ ရှိတာဆိုလို့ ဗိုလ်ကြီးတစ်ယောက်ပဲ ရှိတယ်။ ဗိုလ်ကြီးကတော့ တိုက်ပွဲ ကျသွားပြီ။ ကျွန်တော်တို့နဲ့ အတူတူပဲ။ ကျန်တဲ့လူက သေတဲ့လူက ၁၅ ၂၀ လောက်တော့ ရှိမယ်။ မနေ့က ဖြစ်တဲ့ ပုံစံက ဒါ သူ မပေးသင့်တဲ့ အမိန့်လေ။ သူကတော့ နောက်ဆုတ်တယ်။ ကျန်တဲ့ လက်အောက်ငယ်သားတွေကျတော့ မင်းတို့တွေ တစ်ယောက်မှနောက်မဆုတ်နဲ့  ခံပစ် ခံပစ်ဆိုပြီး သူ့ပါးစပ်က ပြောတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်အထက် အရာရှိဆိုတော့ ကိုယ်ကလည်း ပြန်မပြောရဲဘူး။ သူ သေမှာကျတော့ ကြောက်တယ်။ မဆုတ်ခိုင်းဘူး။ ကျွန်တော်တို့ကို ဘယ်လိုပြောလဲဆိုတော့ မင်းတို့ ခံပစ် ခံပစ်ဆိုပြီး ပြောတယ်။ နောက်လှည့်ကြည့်တော့ သူက မရှိတော့ဘူး။ သူရယ် ဆေးတပ်သားရယ် နောက် သူ့ရဲ့ တစ်ယောက်ရယ် ပေါင်း ယောက်" ဟု  ဖိုးထူးက ပြောဆိုထားပါတယ်။


========================


🚩🚩 ၂။ ထီးလင်း - ပခုက္ကူ ကားလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ စစ်ကောင်စီတပ်သား အလောင်းများ ပုပ်ပွနံစော်နေ


ဒီဇင်ဘာ ရက်၊ Radio NUG


မကွေးတိုင်း၊ ယောနယ်၊ ထီးလင်းမြို့ အရှေ့ဘက် ထီးလင်း - ကျင်း - ပခုက္ကူ ပြည်ထောင်စု ကားလမ်းမကြီးဘေး (ဒေသအခေါ် စခန်းကြီး) နေရာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စွန့်ပစ်ထားတဲ့ စစ်ကောင်စီ တပ်သား ရုပ်အလောင်း လောင်းဟာ ပုပ်ပွနံစော်နေပြီး ဖြစ်တယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။

အဆိုပါ ရုပ်အလောင်းများဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ရွှေထီးခန်းမက စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ ဖြစ်ကြပြီး ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ ကောက်ယူခြင်း မရှိသေးဘူးလို့ ဆိုပါပါတယ်။

အဆိုပါ ရုပ်အလောင်းများထဲမှာ ထီးလင်းမြို့က () ပွင့် ဗိုလ်ကြီး အဆင့်ရှိ စစ်ကြောင်းမှူး၊ ဗိုလ်ကြီးအောင်စိုးဦး () ဗိုလ်ကြီးညောင်ဦး ရဲ့ ရုပ်အလောင်းလည်း ပါဝင်နေပြီး အရာရှိတဦးရဲ့ ရုပ်အလောင်းကိုတောင် ကောက်ယူပြီး သင်္ဂြိလ်ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။

ထီးလင်းမြို့ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ယခုရက်ပိုင်းအတွင်း မြို့ပတ်လည် နေရာများမှာသာ ကင်းပုန်းဝတ်၊ ကင်းပတ်တာတွေ လုပ်ဆောင်နေပြီး နယ်ဘက်ကို စစ်ကြောင်းထိုး ထွက်တာမျိုးကို မတွေ့ရသေးဘဲ နောက်ထပ် အင်အား ဖြည့်တင်းပြီးမှသာ ထွက်နိုင်မယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံး


ဒီဇင်ဘာ ရက်၊ Radio NUG


ကရင့်အမျိုးသား အစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ရက်နေ့မှာ မူတြော်ခရိုင်၊ ထွီးသီးအု နေရာက စစ်ကောင်စီ တပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃၀ ရက် ညနေ နာရီနဲ့ နာရီမှာလည်း ဖာပွန်နယ်မြေ (ငှက်ပျောတော) နဲ့ ထီးသီးအု နယ်မြေတို့မှာ တိုက်ပွဲ တကြိမ်စီ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ပြီး MA1 သေနတ် လက်နဲ့ MA4 သေနတ် လက် ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ထားတဲ့ မာထော စစ်စခန်းအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ ရာမှာလည်း ၈၁ မမ လက်နက်ကြီး လက် ထပ်မံသိမ်းပိုက် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။၂၀၂၄ ခုနစ်တွင်း နိုင်ငံတဝှမ်းလုံးမှာ ရန်သူ့ဘက်က ဆုတ်ခွာသွားရတဲ့ စခန်းကြီးငယ်ပေါင်း တစ်ရာကျော် ရှိ


ဒီဇင်ဘာ၂ရက်


၂၀၂၄ ခုနစ်တွင်း နိုင်ငံတဝှမ်းလုံးမှာ ရန်သူ့ဘက်က ဆုတ်ခွာသွားရတဲ့ စခန်းကြီးငယ်ပေါင်း တစ်ရာကျော် ရှိတယ်လို့ ဒီဇင်ဘာ၂ရက်ပကဖအသံက ဖော်ပြထားပါတယ်။

"၂၀၂၄ ခုနစ် ဇန်နဝါရီလ မှ စတင်၍ နိုဝင်ဘာလ (၁၀) ရက် အထိ နိုင်ငံတဝှမ်းလုံးမှာ ရန်သူ့ဘက်က ဆုတ်ခွာသွားရတဲ့ စခန်းကြီးငယ်ပေါင်း (၁၃၅) ခု ထိ ရှိပါတယ်။ ရန်သူဟာ ထိုးစစ် အခြေအနေကနေ ခံစစ် အခြေအနေ ကို ရောက်သွားရုံသာမက နယ်မြေလက်လွှတ်ရမှု များပြားလာတာကို စခန်းဆုတ်ခွာမှု စာရင်းက ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့အသီးသီးက ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်နေမှုကြောင့် ယခုလို ကြီးမားတဲ့ စစ်ရေးအောင်ပွဲ ရရှိလာခြင်း ဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ရရှိထားတဲ့ စာရင်းတွေ အရ ရန်သူ့စခန်း ဆုတ်ခွာမှု အများဆုံး နယ်မြေတွေကတော့ ကချင်ပြည်နယ် (၂၉) ခု၊ ကရင် ပြည်နယ် (၂၁) ခု နဲ့ မကွေးတိုင်း (၁၆) ခု တို့ပဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

 နိုင်ငံအလယ်ပိုင်း ဒေသ စစ်အခြေခံ စခန်းတွေ၊ တပ်မ၊ တပ်ရင်း စခန်းတွေ၊ လေတပ်စခန်း နဲ့ လက်နက်စက်ရုံတွေ ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း အသီးသီးကိုလဲ ပကဖ အဖွဲ့တွေက ပုံမှန် တိုက်ခိုက်နေတာတွေ့ရပြီး ရှေ့တန်းနယ်မြေလို့ ပြောလို့ရတဲ့ တောင်တန်းဒေသ နဲ့ အထက်အညာ ဒေသကို စစ်အုပ်စု ချီတက်သွားလာရေးကို ကြီးမားစွာ နှောင့်ယှက်ဟန့်တားပေးနေတယ်လို့ ပကဖအသံက ဆိုပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း ဒေသခံ ၃၈ ဦး သေဆုံး


ဒီဇင်ဘာ ရက်၊ Radio NUG


တအောင်းဒေသ (TNLA) ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃၈ ဦးသေဆုံးကာ ၇၀ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၃၀ လုံး ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၆ ဦး သေဆုံးခဲ့ပြီး သံဃာ ပါး အပါအဝင် ၂၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅၇ လုံးနဲ့ ကား စီး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလဲ ဒေသခံ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီး ခဲ့ပါတယ်။

ထို့အပြင် မိုင်းငေါမြို့ မန်လုံရပ်ကွက်မှာလည်း စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက် ခဲတာကြောင့် ဒေသခံ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၂၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကွတ်ခိုင်မြို့၊ ရပ်ကွက် () မှာလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နာရီ ၃၅ မိနစ်မှာလည်း ကျောက်မဲမြို့၊ အင်ကြင်းတောင် ရပ်ကွက်မှာ စစ်ကောင်စီ တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၂၅ လုံးကျော် ထိခိုက်ပျက်စီး ခဲ့ပါသေးတယ်။


========================


🚩🚩 ၆။နိုဝင်ဘာလအတွင်း စစ်ကောင်စီ ထိခိုက်ကျဆုံးမှု ၃ဝ ကျော်အောင် Spring Warriors Column က ချေမှုန်းနိုင်ခဲ့


ဒီဇင်ဘာ ရက်၊ Radio NUG


ဖာပွန်ခရိုင်၊ အမှတ် () တပ်ရင်း (P27001) - Spring Warriors Column က ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော် ထိခိုက်ကျဆုံးအောင် တိုက်ခိုက်ချေမှုန်း နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Spring Warriors Column ဟာ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်နှင့် ရွေကျင် မြို့နယ်တို့မှာ မြေပြင် စစ်ဆင်ရေး နေရာနဲ့ Drone စစ်ဆင်ရေး နေရာ စုစုပေါင်း နေရာမှာ တာဝန်ထမ်းဆောင် နေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေး နယ်မြေများမှာ နိုဝင်ဘာလအတွင်း မြေပြင်တိုက်ပွဲ ၁၁ ကြိမ်နဲ့ Drone စစ်ဆင်ရေး ကြိမ် ဗုံးသီး အလုံး ၃၀ ကျော်ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှု ၃၀ အထက် ရှိခဲ့ပြီး Spring Warriors Column မှ ရဲဘော် ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ တိုက်ပွဲကာလ မီးလောင်ပျက်စီးခဲ့တဲ့ မင်းပြားဒေသ လူနေအိမ်များကို ULA/AA ပြန်ဆောက်ပေးနေ


ဒီဇင်ဘာ RadioNUG 


တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးခဲ့တဲ့ မင်းပြားမြို့နယ်၊ ရပ်ရွာတချို့က လူ‌နေအိမ်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ULA/AA နဲ့ အာရက္ခပြည်သူလူထုတို့ ပူးပေါင်းပြီး မင်းပြားမြို့နယ်ကို အာရက္ခတပ်တော်သိမ်းပိုက်ပြီးစကာလကပင် အဖြတ်လိုက် အဖြတ်လိုက် ပြန်ဆောက်ပေးနေတယ်လို့ APMမှ သတင်းထုတ်ပြန်ပါတယ်။

မင်းပြားမြို့နယ်တွင် တိုက်ပွဲကာလအတွင်း နေအိမ် ၅၅၂ လုံးထက်မနည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး နောက်ထပ် နေအိမ် ၆၈၆ လုံးလည်း တဝက်တပျက် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုအိမ်တွေကို ULA/AA နဲ့  အာရက္ခပြည်သူလူထု‌ေတွ ပူးပေါင်းပြီး အိမ်တအိမ်ကို တိုင် ၁၂ လုံး၊ အုန်း ၁၅၀၀၊ ဝါး ၅၀၀ စီ အသီးသီး ထောက်ပံ့ပြီး ဝိုင်းဝန်းတည်ဆောက်ပေးနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment