10th Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ အမေရိကန်နိုင်ငံ အင်ဒီယားနားရှိ အထက်လွှတ်တော်အမတ် Todd Young နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ
📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ NUG က ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူ
📌 ⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ အောင်ပန်းမြို့ ရဲစခန်းက အချုပ်သား ဦး ထွက်ပြေးရာမှာ ဦးလွတ်မြောက်
📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ Mytel အပေါ်အမေရိကန်အရေးယူပိတ်ဆို့မှုJusticeForMyanmarကကြိုဆိုလိုက်ပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် နိုင်ငံတကာ အစိုးရများကိုတောင်းဆို


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁩⁨⁨လွိုင်လင်လေးအခြေစိုက် စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် အိုင်စန့်ရွာက ကလေးငယ်၂ဦး သေဆုံးကာ လသားအရွယ်ကလေးငယ်တဦး လက်တဖက်ဆုံးရှုံး

🚩 ၂။⁨⁨ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ် ဦးကို စစ်တပ်က သေနတ်နဲ့ပစ်တာကြောင့် လူငယ် ဦး ပြင်းထန်ဒဏ်ရာရပြီး တဦးစိုးရိမ်ရ 

🚩 ၃။စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တလအတွင်း ပိုင်ရှင်မဲ့အလောင်း လောင်းတွေ့ရှိပြီး ဓားပြတိုက်မှု ကြိမ် ဖြစ် 

🚩 ၄။ ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စကစဘက်မှ ရဲသားတစ်ဦးလက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ အလင်းဝင်ခဲ့၍  ငွေကျပ် သိန်း (၁၀၀) ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ အမေရိကန်နိုင်ငံ အင်ဒီယားနားရှိ အထက်လွှတ်တော်အမတ် Todd Young နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ


ဇန်နဝါရီ၁၀ရက်


အမေရိကန်နိုင်ငံ အင်ဒီယားနားရှိအထက်လွှတ်တော်အမတ် Todd Young နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ တွေ့ဆုံခဲ့ကြောင်းကို ဇန်နဝါရီ၁၀ရက်မှာ ဝန်ကြီးဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။

" အင်ဒီယားနားပြည်နယ်မှ အထက်လွှတ်တော်အမတ် Todd Young နှင့် တွေ့ဆုံပြီး အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုများတွင် ပါဝင်ခွင့်ရခြင်းမှာ လေးနက်သော ဂုဏ်ယူမှုနှင့် အခွင့်ထူးဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အပါအဝင် ၎င်း၏ မဲဆန္ဒနယ်မှ အထက်လွှတ်တော်အမတ် ယန်း၊ နှင့် ၎င်း၏ မဲဆန္ဒနယ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် မယိမ်းမယိုင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဆီးနိတ်လွှတ်တော်အမတ် ယန်းအား ကျေးဇူးတင်ရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

တွေ့ဆုံမှုတွင် အထက်လွှတ်တော်အမတ် Young နှင့်မြန်မာပြည်သူလူထု၏ အကျပ်အတည်းအပါအဝင် မြန်မာ့စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အချက်ငါးချက်ပါ မဟာဗျူဟာ လမ်းပြမြေပုံကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်


ဇန်နဝါရီ၁၀ရက်


ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့၊ နေ့လယ် ()နာရီကျော်အချိန်တွင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။

ထို့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့ပြီး (၅၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ်။

NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ NUG က ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူ


ဇန်နဝါရီ၁၀ရက် 


ချင်းပြည်နယ်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်းထမ်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူနေပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ချက်အမှတ် /၂၀၂၅ နဲ့ ဇန်နဝါရီလ ရက်နေ့ရက်စွဲနဲ့ခေါ်ယူနေတာဖြစ်ပါတယ်။

ချင်းပြည် Chinland အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်က ဆေးရုံဆေးခန်းတွေမှာ တာဝန် ထမ်းဆောင်ဖို့ ဘာသာရပ်အစုံက အထူးကုဆရာဝန်တွေနဲ့ ဆရာဝန်များ၊ သွားနှင့်ခံတွင်း၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုနဲ့သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ၊ ဘွဲ့ ရရှိသူတွေ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆေးဝါးတက္ကသိုလ်တွေကနေ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ရရှိသူများ၊ ကျန်းမာရေးမှူး များ၊ အမျိုးသမီးကျန်းမာရေးဆရာမများ-LHV ပြည်သူ့ကျန်းမာရေးကြီးကြပ်- နဲ့ ၂၊ သားဖွား ဆရာမများနဲ့ ရုံးပိုင်းဆိုင်ရာ အတွက် စီမံဘဏ္ဍာအရာရှိများအပါအဝင် ဌာနခွဲစာရေး-BC အကြီးတန်းနဲ့ အငယ်တန်းစာရေးတွေပါ ခေါ်ယူနေတာ ဖြစ်ပါ တယ်။

ဒီထုတ်ပြန်ချက်ဟာ ဆေးရုံတရုံမှာလိုအပ်တဲ့ ဝန်ထမ်းအစုံကို ခေါ်ယူထားတဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ စစ်ဘေးရှောင် ကျန်းမာရေး CDM ဝန်ထမ်းတဦးက ပြောပါတယ်။

လျှောက်ထားလိုသူများအနေနဲ့ အခု ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားပြီး ပိတ်ရက်မရှိ နေ့စဉ် မနက် ၁၀ နာရီကနေ  နာရီအထိ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန Telegram Account - https://t.me/HR_MOHNUG  ဒါမှမဟုတ် Telegram Username - @HR_MOHNUG မှာ လျှောက်လွှာပုံစံတွေ  ထုတ်ယူပြီး လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနဟာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကျန်းမာရေးဌာနအောက်မှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် အထူးကုဆရာဝန်တွေနဲ့ဆရာဝန်တွေကို  ခေါ်ယူထားပါသေးတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ အောင်ပန်းမြို့ ရဲစခန်းက အချုပ်သား ဦး ထွက်ပြေးရာမှာ ဦးလွတ်မြောက်


ဇန်နဝါရီ၁၀ရက်


ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့မှာရှိတဲ့ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သား ဦး ထွက်ပြေးရာမှာ တဦး ပြန်လည်ဖမ်းမိပြီး ဦး လွတ်မြောက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောင်ပန်းရဲအချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ဦးအနက် အမျိုးသား ဦးဟာ မနေ့ ဇန်ဝါရီလ ရက်နေ့ မနက် နာရီခွဲခန့်မှာထွက်ပြေးသွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တဦးဖြစ်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

ကင်းတာဝန်ကျနေတဲ့ ရဲတပ်သား ထွန်းမင်းကျော် တာဝန်ကျနေချိန် အမျိုးသားတွေချုပ်နှောင်ထားတဲ့အိမ်သာဘက်က အသံတွေထွက်လာတာကြောင့် သွားကြည့်ချိန်မှာ အချုပ်သားတွေထွက်ပြေးဖို့ကြိုးစားနေတာကိုစတင်တွေ့ရှိခဲ့ပြီး အော်ဟစ်တားဆီးတာကြောင့် ကင်းမှူးနဲ့အခြားကင်းသမားတွေ နိုးလာပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ခိုးမှုနဲ့ အချုပ်ကျ နေတဲ့ ညီညီအောင် ခေါ် ညီအောင်ကို ချက်ခြင်းဖမ်းမိခဲ့ပေမယ့် ဦးလွတ်မြောက်သွားတယ်လို့ အသိပေးပါတယ်။ 

ထွက်ပြေးလွတ်မြောက်သွားတဲ့ ဦးအနက် ခိုးမှုနဲ့အချုပ်ကျနေတဲ့ မိုးဆွေဟိန်း ခေါ်  ရဲလေးကို အဲဒီနေ့မနက် နာရီခွဲ ဝန်းကျင်မှာ အမှတ် ၉၀၃ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး ပြန်လည်ဖမ်းဆီးရမိပေမယ့် ကျန်တဲ့ ယောက် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 

ထွက်ပြေးလွတ်မြောက်သွားသူတွေဟာ အချုပ်ခန်းတာဝန်ကျ ကင်းမှူး ရဲတပ်ကြပ်ကြီးထွန်းမြင့်ကိုင်တဲ့ ကျည်မပါတဲ့ ၁၂ ဗို့ သေနတ်ကို ယူဆောင်သွားတဲ့အတွက် ကလောခရိုင် ရဲမင်းကြီး ခင်နိုင်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး အပူတပြင်းရှာဖွေနေတယ်လို့ ပြောပါတယ်။ 

 အဲဒီအချုပ်ခန်းမှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၃၂ ဦးထဲမှာ အသက် ၃၂ နှစ်အရွယ်ဟာ အသက်အကြီးဆုံးဖြစ်‌ပြီး အသက် ၁၅ နှစ်အရွယ်က အငယ်ဆုံးလို့ သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သား ၁၀ ဦး သေနတ်ယူပြီး ရဲစခန်းကနေ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။  

 ရဲနဲ့ အချုပ်သားတွေ ထွက်ပြေးသွားပြီးနောက်ပိုင်း အောင်ပန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ တင်းကြပ်နေပြီး ထွက်ပြေးသွားတဲ့သူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။

အောင်ပန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေ ထွက်ပြေးတဲ့ဖြစ်စဥ်ဟာ ဒါ ပထမဆုံးအကြိမ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ Mytel အပေါ်အမေရိကန်အရေးယူပိတ်ဆို့မှုJusticeForMyanmarကကြိုဆိုလိုက်ပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် နိုင်ငံတကာ အစိုးရများကိုတောင်းဆို


ဇန်နဝါရီ၁၀ရက်


Mytel သည် မြန်မာစစ်တပ်အား စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေစေရန် ကူညီပံ့ပိုးပေးပါတယ်။မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အပြည့်အ၀အပါအဝင် မြန်မာစစ်တပ်၊ ၎င်း၏ လုပ်ငန်းများနှင့် မိတ်ဖက်များအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် နိုင်ငံတကာ အစိုးရများကို ကျွန်ုပ်တို့ တောင်းဆိုအပ်ပါတယ်လို့ ဇန်နဝါရီ၁၀ရက်မှာ JusticeForMyanmarက အသိပေးကြေညာထားပါတယ်။

Mytel အမြတ်အစွန်း ခန့်မှန်းချက်များအရ မြန်မာစစ်တပ်၏ အစုရှယ်ယာများသည် Mytels ပဉ္စမနှစ်မှ ကိုးနှစ်ကြာ လည်ပတ်မှုတွင် ကန်ဒေါ်လာ သန်း ၂၇၀ နှင့် ယင်းနောက် ငါးနှစ်အတွင်း နောက်ထပ်ဒေါ်လာ သန်း ၄၅၀ ရရှိနိုင်မည်ဖြစ်ပြီး ယင်းနောက် ငါးနှစ်အတွင်း တပ်မတော်နှင့် ထိပ်တန်းဗိုလ်ချုပ်ကြီးများအတွက် ကြီးမားသော အကျုံးဝင်မှုဖြစ်နိုင်သည်ဟု Mytel အမြတ်အစွန်း ခန့်မှန်းချက်များအရ သိရတယ်လို့ဆိုပါတယ်။

Mytelကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူကြောင်း ဇန်နဝါရီလ ရက်နေ့တွင် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနက ကြေညာခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨⁩⁨⁨လွိုင်လင်လေးအခြေစိုက် စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် အိုင်စန့်ရွာက ကလေးငယ်၂ဦး သေဆုံးကာ လသားအရွယ်ကလေးငယ်တဦး လက်တဖက်ဆုံးရှုံး


ဇန်နဝါရီ၁၀ရက်


ကရင်နီပြည်နယ် လွိုင်လင်လေးမြို့မှာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ- ၅၃၀ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အိုင်စန့်ရွာကကလေးငယ်၂ဦး သေဆုံးပြီး လသားအရွယ်ကလေးငယ်တဦး လက်တဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၉ရက် မနက် ၁၁ နာရီခန့်အချိန်မှာ လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီတပ်က အိုင်စန့်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေ သေဆုံးရတာလို့ သိရပါတယ်။

စစ်တပ်ကကပစ်တဲ့လက်နက်ကြီးကျည်တွေ အိုင်စန့်ရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၂ဦးသေဆုံးပြီး လသားအရွယ် ကလေးငယ်တဦး လက်တဖက်ပြတ်သွားတယ်လို့ လွိုင်ကော်မြို့က စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးတဦးလည်း ရင်ဘက်မှာ လက်နက်ကြီးစမှန်တဲ့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကလည်း အတည်ပြုထားပါတယ်။

အရပ်သားပြည်သူတွေ အထူးသဖြင့်ကလေးငယ်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စိရဲ့လုပ်ရပ်ဟာ  အယုတ်မာဆုံးနဲ့ အကြမ်းကြုတ်ဆုံးလုပ်ရပ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲ လူထုအပေါ်ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မှတ်ချက်ပြုထားပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ရက်နေ့ကလည်း လွိုင်လင်လေးအခြေစိုက် ခမရ ၅၃၀ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့နယ် နိုးကိုးစံပြကျေးရွာနဲ့ သရက်ပင်ကျေးရွာတို့က ဒေသနေပြည်သူ ဦးသေဆုံးပြီး ဦးဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။⁨⁨ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ် ဦးကို စစ်တပ်က သေနတ်နဲ့ပစ်တာကြောင့် လူငယ် ဦး ပြင်းထန်ဒဏ်ရာရပြီး တဦးစိုးရိမ်ရ 


ဇန်နဝါရီ၁၀ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူငယ် ဦး ပြင်းထန်ဒဏ်ရာရခဲ့ရမှာ တဦးက စိုးရိမ်ရတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

နတ်တလင်းမြို့အထွက် 3 Star KTV အနီးက လမ်းမပေါ်မှာ ပေါ်တာဆွဲနေတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်စီး လာတဲ့ လူငယ် ဦးကို ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ဇန်နဝါရီလ ရက် ညနေ နာရီခန့်အချိန်မှာ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အခုလို ပစ်ခတ်ဖမ်းဆီးတာကြောင့် လူငယ် ဦး သေနတ်ကျည်ထိမှန်ရာမှာ တဦးဟာ အသက်သေဆုံးနိုင်တဲ့ ပြင်းထန်ဒဏ်ရာရခဲ့ပြီး တဦးမှာလည်း လက်ဖြတ်ရနိုင်တဲ့ဒဏ်ရာ ရသွားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Tharyarwaddy 8 City မီဒီယာက ဖော်ပြထားပါတယ်။ 

စစ်သားနဲ့ရဲတွေ ပေါ်တာဆွဲဖို့ ဆိုင်ကယ်ကိုရပ်ခိုင်းတာသိတဲ့အတွက် မောင်းပြေးတဲ့အတွက် သေနတ်နဲ့လိုက်ပစ်တာဖြစ်ပြီး သေနတ်ဒဏ်ရာရသွားတဲ့သူတွေကို လူနာတင်ယာဥ်နဲ့ ဆေးရုံပို့ထားပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။  

အသက်သေဆုံးနိုင်တဲ့ ဒဏ်ရာရသွားသူဟာ ကိုဆန်းမင်းဦး () ချက်ကြီးဖြစ်ပြီး လက်ဖြတ်ခံရနိုင်တဲ့ ဒဏ်ရာရသွားသူက ကိုစည်သူဖြစ်ကာ နတ်တလင်းမြို့နယ် မြို့ခြံကျေးရွာမှာ နေထိုင်ကြသူတွေလို့ သိရပါတယ်။


========================


🚩🚩 ၃။စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တလအတွင်း ပိုင်ရှင်မဲ့အလောင်း လောင်းတွေ့ရှိပြီး ဓားပြတိုက်မှု ကြိမ် ဖြစ် 


ဇန်နဝါရီ၁၀ရက်


တအာင်းပြည် တပ်မဟာ နယ်‌မြေထဲက စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း လောင်းတွေ့ရပြီး လုယက်မှုနဲ့ ဓားပြတိုက်မှု ကြိမ် ဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။ 

ဒီဇင်ဘာ ရက်နေ့မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂လောင်း၊ ဒီဇင်ဘာ ၁၂ ရက်မှာ ရုပ်အလောင်း လောင်းနဲ့ ဒီဇင်ဘာ ၂၅ ရက် မှာ ရုပ်အလောင်းတလောင်း တွေ့ရှိတာဖြစ်ပြီး မူးယစ်သုံးစွဲထားသူတွေလို့ ဆိုပါတယ်။

လုယက်မှုတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်၊ ၂၂ ရက်နဲ့ ဓားပြတိုက်မှုအဖြစ် ဒီဇင်ဘာ ၂၅ ရက်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ဟိုမွန်ရပ်ကွက်မှာရှိတဲ့ အလှပြင်ဆိုင်တဆိုင်မှာ အမျိုးသမီးတဦး ခေါင်း‌လျှော်နေတဲ့အချိန်မှာ အမည်မသိအမျိုးသားတဦးက ကားရွေ့ပေးမယ်ဆိုပြီး ကားသော့တောင်းယူရာကနေ ကားကိုမောင်းပြီး ထွက်ပြေးသွား တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက်မှာလည်း ပစ္စည်းသွားပို့တဲ့ အမျိုးသမီး ဦး ရွှေသမင်ကုန်းအဆင်းမှာ အမျိုးသား ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားခဲ့သလို ဒီဇင်ဘာ ၂၅ ရက်မှာလည်း ကားစီးလာတဲ့ တရုတ်အမျိုးသား ဦးက ဈေးရောင်းနေတဲ့ အမျိုးသမီးတဦးကို ဓားပြတိုက်ပြီး ငွေတွေယူဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ နေ့စဉ်နဲ့ အမျှ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အနေနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စကစဘက်မှ ရဲသားတစ်ဦးလက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ အလင်းဝင်ခဲ့၍  ငွေကျပ် သိန်း (၁၀၀) ချီးမြှင့်


ဇန်နဝါရီ၁၀ရက်


ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စကစဘက်မှ ရဲသားတစ်ဦးလက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ အလင်းဝင်ခဲ့၍  ငွေကျပ် သိန်း (၁၀၀) ချီးမြှင့်သွားမယ်လို့သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့ ညတွင် ချင်းပြည်နယ် တီးတိန်မြို့ ရတဖ (၂၆)တပ်ရင်းမှ ရဲတပ်သား ခိုင်ထူးဉာဏ်သည် CDF CDM SIYIN ထံသို့ လက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ အလင်းဝင်ခဲ့တယ်လို့အတည်ပြုပါတယ်။

လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီရဲတပ်သားကို ငွေကျပ် သိန်း (၁၀၀) ချီးမြှင့်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း၊ မြို့တွင်းတွင်ဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ သွားရောက်ကြိုဆိုပေးမည်ဖြစ် ပြီး သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျစီမံဆောင်ရွက်ပေး မယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့် နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment