16th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး

📌၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြား

📌၃။ ဂျာမနီနိုင်ငံ Frankurt မြို့ရှိ Goethe တက္ကသိုလ်နှင့်ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်တို့ MOU ရေးထိုး

📌၄။ Mon National College နဲ့  Chiang Mai Rajabhat University  ( CMRU) တို့ MOU ရေးထိုး

📌၅။ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

📌၆။ ဒေါ်လာစျေးတက်အောင် လုပ်သည်ဟုဆိုကာ လူပုဂ္ဂိုလ် ၂၆ ဦး Facebook Page Group ၁၇ ခုနှင့်   အကောင့် ၁၀ ခုကို အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ဦး အပါအဝင် ၁၁ ဦးသေဆုံး

🚩 ၂။ ဒီးမော့ဆိုမြိုနယ်အတွင်းရှိ ရွာ၂ ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် သုံးဦး သေဆုံး 

🚩 ၃။ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ကန်နီ ပျူရွာကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြိမ်တိုင် တိုက်ခိုက်ခဲ့ရ

🚩 ၅။ ပုပ္ပား - ဝဲလောင် လမ်းပိုင်း တနေရာတွင် စစ်ကောင်စီ ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်

🚩 ၆။ချောက်မြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ခုခံတိုက်ခိုက်

🚩 ၇။ တော်လှန်ရေး ရဲဘော်တဦးကို ဖမ်းဆီးသွားတဲ့ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်စဉ် ရဲတပ်သား တဦးကို ဖမ်းဆီးရမိ

🚩 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၄၆) ဦးနှင့် အမျိုးသား (၂၄၄) ဦး စုစုပေါင်း (၂၉၀) ဦး သေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး


ဇန်နဝါရီ ၁၅ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၅) ကို ကျင်းပခဲ့ပါတယ်။ 

အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြား


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဒေသအတွင်းရှိ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီများနှင့် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့နောက် တက်ရောက်လာသော  စစ်ကိုင်းဒေသအတွင်းရှိ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်များမှလည်း ယူနစ်လွှတ်တော်၏ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။



========================


📌📌၃။ ဂျာမနီနိုင်ငံ Frankurt မြို့ရှိ Goethe တက္ကသိုလ်နှင့်ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်တို့ MOU ရေးထိုး


ဇန်နဝါရီ၁၅ရက် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်နှင့် ဂျာမနီနိုင်ငံ Frankfurt မြို့ရှိ Goethe တက္ကသိုလ်တို့ Memorandum of Understanding (MOU) လက်မှတ်ရေးထိုးပွဲကို Online မှတဆင့် ကျင်းပခဲ့တယ်လို့သိရပါတယ်။

လက်မှတ်ရေးထိုးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဒေါက်တာ ဇော်ဝေစိုး၊ Gothe တက္ကသိုလ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ဒုတိယအဓိပတိ Dr အောင်နိုင်သူနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပါတယ်။

ထို့နောက်ပိုမိုကောင်းမွန်သော ပညာရေးအခွင့်အလမ်းများတည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌၄။ Mon National College နဲ့  Chiang Mai Rajabhat University  ( CMRU) တို့ MOU ရေးထိုး


Mon National College နဲ့  Chiang Mai Rajabhat University ( CMRU) တို့ MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်မှာ ကျင်းပပြီး လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မွန်အမျိုးသားကောလိပ်ဟာ ထူးချွန်လူငယ်များကို မွေးထုတ်ပေးလျက်ရှိပြီးတော့ နှစ်ဘက် MOU ထိုးချက်အရ မွန်အမျိုးသားလူငယ်များ ပညာသင်ခွင့်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားကောလိပ်နဲ့ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကာ နိုင်ငံတကာတက္ကသိုလ်များနဲ့လည်း ပညာရေးပူးပေါင်းဆောင်ရွက်မှုများ ရှိနေပါတယ်။


========================


📌📌၅။ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး


ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာလ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol  ကို နိုင်ငံတော် ပုန်ကန်မှု စွပ်စွဲချက်ဖြင့် တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတကို  ဖမ်းဆီးရန် ရဲတပ်ဖွဲ့ ၃၀၀၀ ကျော်က ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယွန်ဆတ်ယိုးကို စောင့်ရှောက်ပေးနေသော တပ်ဖွဲ့ငယ်နှင့် သွေးထွက်သံယိုမဖြစ်စေရန် သမ္မတက ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

"ဒီနေ့ လုံခြုံရေး ဧရိယာထဲကို မီးသတ်ကားတွေသုံးပြီး ဖောက်ထွင်းဝင်ရောက်လာတာကို တွေ့လိုက်ရတော့ CIO ရဲ့ စုံစမ်းစစ်ဆေးမှုဟာ တရားမဝင်တဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။ ဒါပေမဲ့ သွေးထွက်သံယို မဖြစ်ရအောင် အဖမ်းခံဖို့ ဆုံးဖြတ်ခဲ့ပါတယ် " ဟု တောင်ကိုရီးယာသမ္မတက ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် အိမ်တွင်းအောင်းနေတဲ့ သမ္မတယွန်းဆွတ်ယိုး နေထိုင်ရာ တောင်စောင်းစံအိမ် ဂိတ်တံခါးကနေက လုံခြုံရေး အပြည့်နဲ့ သမ္မတကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေး ရုံးက တောင်ကိုရီးယား သမ္မတကို စုံစမ်းစစ်ဆေးရန် တရားရုံးထံမှ ဖမ်း၀ရမ်းတောင်းခံ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌၆။ ဒေါ်လာစျေးတက်အောင် လုပ်သည်ဟုဆိုကာ လူပုဂ္ဂိုလ် ၂၆ ဦး Facebook Page Group ၁၇ ခုနှင့်   အကောင့် ၁၀ ခုကို အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ


စစ်ကောင်စီက ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန် ဒေါ်လာ ၄၇၀၀ ကျော် စျေးတက်အောင်လုပ်သည်ဟုဆိုကာ Facebook Page Group ၁၇ ခုနှင့်  လူပုဂ္ဂိုလ် အကောင့် ၁၀ ခုကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ကြေညာထားပါတယ်။

ဗဟိုဘဏ်က ပြည်ထဲရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက်သူများကို စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော်စောသူများ၏ ဘဏ်စာရင်းနှင့် ဘဏ်စနစ်ကို အသုံးပြု ငွေလွှဲခြင်းများကို စိစစ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ ရောင်းချ လဲလှယ်နေသည့် လူပုဂ္ဂိုလ် ၂၆ ဦး ပတ်သက်၍ စိစစ်ခဲ့ရာ ဦးကို အမှုဖွင့် အရေးယူထားပြီး ဦးကို တရားစွဲတင်ပို့ထားကာ ဆက်လက် အရေးယူဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့် တရားမဝင် နိုင်ငံခြားငွေကြေးများ ဝယ်ယူ ရောင်းချ၊ လှဲလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိသော Facebook Group များဖြစ်ကြသည့်  Gold Price Ygn (ဒေါ်လာ/ရွှေကုန်သည်များဂရု) Private Group နေ့စဉ် ရွှေစျေး၊ ငွေစျေး  Public Group  USD Exchange Myanmar Public Group  Daily Exchange Rates For Myanmar (USD/SGD/EURO/AUD/BAHT) Public Group ငွေလဲနှုန်း  Singapore-Myanmar Public Group  Thai TH Myanmar MM Currency Public Group နိုင်ငံတကာငွေကြေး စျေးနှုန်းများ Public Group ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ Public Group နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း (Currency Exchange) Private Group

ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ရေနံ၊ စတော့ရှယ်ယာနှင့် နိုင်ငံတကာငွေကြေးစျေးကွက်  Public Group ရွှေစျေး၊ ငွေစျေး၊ဒေါ်လာစျေး ဂျပန်၊မြန်မာ ငွေလွှဲ/ငွေပို့ဝန်ဆောင်မှု ($$) Public Group တို့ကို အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်သွားမယ်လို့ ဆိုထားပါတယ်။

အလားတူ Facebook Page များဖြစ်သည့် ရွှေစျေး၊ ငွေစျေး  Facebook Page  ရွှေစျေး  Facebook Page   အခေါက်ရွှေစျေး Facebook Page   MC Exchange Facebook Page  Golden Myanmar Facebook Page တို့ကိုလည်း အရေးယူမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျော်ကျော်ဦး၊ ကျော်ထွန်းလင်း၊ သိန်းတိုးအောင်၊ ရင်ရင်မျိုး၊ ကောင်းမြတ်ကျော်၊ လုံဖူး၊ နှင်းခရေ၊ Tat Lu (Zayar Tun) Kyaw Thiha Mali Kha တို့ကိုလည်း အရေးယူသွားမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။ 

အမေရိကန်ဒေါ်လာစျေးသည် ၂၀၂၄ ခုနှစ်အတွင်း တစ်ဒေါ်လာ ၈၀၀၀ ကျပ်အထိ ထိုးတက်ခဲ့ပြီးနောက် စစ်တပ်က အဖမ်းအဆီးများ အလွန်ကြမ်းခဲ့သဖြင့် တစ်ဒေါ်လာလျှင် ငွေကျပ်  ၄၅၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပါးခဲ့ကာ ယခု အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၄၇၀၀ ကျော် အထိ ပြန်လည် မြင့်တက်လာပါတယ်။

"နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသမျှ ကာလပတ်လုံးတော့ စစ်တပ်က ဖိရင် ငြိမ်သွားလိုက်။ စစ်ပွဲတွေ ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်လာရင် ဒေါ်လာစျေး ပြန်တက်လာလိုက်။ ကျပ်စျေး ထိုးကျလိုက်။ တပ်က ပြန်ဖမ်းရင် ငြိမ်သွားလိုက် အဲဒီလိုနဲ့ပဲ သံသရာလည်ပြီး ကျပ်ငွေက ဖောင်းပွနေဦးမှာပဲ။ အဓိက နိုင်ငံရေးပါပဲ။ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးရော၊ ငွေလဲနှုန်းရော တည်ငြိမ်မယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================





🚩🚩 ၁။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ဦး အပါအဝင် ၁၁ ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နပခ) ကို ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ရက်နေ့ နာရီ ၄၅ မိနစ်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး လုံးဖြင့် နမခ တိုင်း စစ်ဌာနချုပ်ကို ပစ်ခတ်ခဲ့ရာ နမခ ဒု-တိုင်းမှူး အဆောင်နဲ့ ဦးစီးရုံးတို့ ထိမှန်ပျက်စီး ခဲ့ပြီး ဗိုလ်ကြီး ကောင်းထက်ဇော် အပါအဝင် ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။။

ထို့အပြင် နောက်ဆက်တွဲ ရရှိသော သတင်းအရ အမှတ် ၁၂ ဆက်သွယ်ရေးတပ် ရုံးကိုလည်း ရှော့တိုက်ဒုံး ထိမှန် ခဲ့ကာ ညစောင့် ဦးနဲ့ ကွန်မန်ဒို စစ်သည် ဦး စုစုပေါင်း ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် တို့က စစ်ကောင်စီ လက်ရုံး တပ်ဖွဲ့များ ကို အမိန့်ပေး ကွပ်ကဲနေတဲ့ စစ်ဌာနချုပ် ဖြစ်ပြီး တော်လှန်ရေး အင်အားစုများအတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်နေတာကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) Shadow (မုံရွာ) Anonymous Heroes  Chindwin Fighters ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ်၊ Democratic Rangers အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဒီးမော့ဆိုမြိုနယ်အတွင်းရှိ ရွာ၂ ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် သုံးဦး သေဆုံး 


ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဘိုးလျားကျေးရွာ နှင့် ဒေါဆိုခူကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရှောင် ၃ဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံတာအယ်စိုးက ပြောကြားကြောင်း ကရင်နီဒေသသတင်းဌာနများမှ သိရပါတယ်။

ဒေါဆိုခူကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ရှောင်‌ မောင်နှမတော်စပ်သူ ၃၁နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အသက် ၇၀ ဝန်းကျင်အရွယ် စစ်ရှောင် အမျိုးသမီး () ဦး ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး မျက်နှာ၊ ခြေထောက်မှာ ထိခိုက်ခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်


ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေခင်း နာရီအချိန်တွင် စစ်ကောင်စီသည် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLAမှ သတင်းထုတ်ပြန်ထားပါတယ်။

 ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နောင်ထောဝ်ရဲစခန်း နှင့် ကျေးရွာဓမ္မာရုံ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ကန်နီ ပျူရွာကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြိမ်တိုင် တိုက်ခိုက်ခဲ့ရ


မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ကန်နီပျူစောထီးရွာကို ရိက္ခာပို့ ထွက်လာတဲ့ ကားတန်းနဲ့ စစ်ကြောင်းကို ငါးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး ခဲ့တယ်လို့ Myaing Supporting Battalion က ထုတ်ပြန် ထားပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၎င်းစစ်ကြောင်းကို အင်းရောင်းကျေးရွာ အနီးမှာ တကြိမ်၊ ဝက်ခေါင်းကျေးရွာ အနီးမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျောင်းကုန်းကျေးရွာ အနီးမှာ ထိတွေ့တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကျောင်းကုန်းနဲ့ ကန်နီ ကျေးရွာကြားမှာ တိုက်ပွဲ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထို့အပြင် ကန်နီကျေးရွာ အနီးမှာ တော်လှန်ရေး တပ်များက ထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်ကောင်စီ တပ်သား ဦး ထပ်မံသေဆုံး ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်များဘက်ကလည်း တိုက်ပွဲများအတွင်း ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုများကို Myaing Supporting Battalion - MSB ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇) တပ်ရင်းများ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၅၊ မြိုင် ပကဖ တပ်ရင်း၊ Pakokku Earthquake အညာမြေ တပ်ပေါင်းစု အဖွဲ့၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ ဒေသခံ .က.ဖ၊ .က. များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ပုပ္ပား - ဝဲလောင် လမ်းပိုင်း တနေရာတွင် စစ်ကောင်စီ ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်


မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပား-ဝဲလောင် လမ်းပိုင်း တနေရာတွင် စစ်ကောင်စီ ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Popa Production & Guerilla Force - PPGF က သတင်းထုတ်ပြန်ထားပါတယ်။

ပုပ္ပား - ဝဲလောင် လမ်းပိုင်းတနေရာမှာ နေ့စဉ် ကင်းပုန်းဝတ်ကာ ပြည်သူများကို စစ်ဆေးငွေညှစ်မှုများ ပြုလုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

၎င်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကားတစီး ပျက်ဆီးခဲ့ပြီး ထိခိုက်သေဆုံးမှု များနိုင်ကာ ကျန် ကားများပေါ်မှ စစ်သားများက လက်နက်ကြီး/ငယ် များဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Popa Guerilla Force (PGF) မှ ရဲဘော်များက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့ နာရီ ၂၀ ခန့်ကလည်း ပုပ္ပါးတောင်မကြီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ပါသေးတယ်။


========================


🚩🚩 ၆။ချောက်မြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ခုခံတိုက်ခိုက်


မကွေးတိုင်း၊ ချောက်မြို့နယ်၊ ထိန်စမ်းတိုက်နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေး တပ်ပေါင်းစုများက ခုခံတိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) က ထုတ်ပြန်ထား ပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ မနက် နာရီ ၄၅ မိနစ်မှာ ကုန်းကြီးပျူရွာမှ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ ၁၀ နာရီ ၃၀ မိနစ်တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။

၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ ပြန်ဆုတ်ခွာရာ လမ်းတလျောက် ရွာသား တဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဦးကို ရက်စက်စွာ သတ်ဖြတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက် ပကဖ) မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ချောက်မြိုနယ် တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ တော်လှန်ရေး ရဲဘော်တဦးကို ဖမ်းဆီးသွားတဲ့ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်စဉ် ရဲတပ်သား တဦးကို ဖမ်းဆီးရမိ


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ အရိပ်မဲ့ စစ်ကြောင်းက ရဲ တပ်သား တဦးကို လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ Myingyan District Army-3 MDA-3 Taungtha Youth အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် နာရီခွဲမှာ သံမဏိ စက်ရုံမှ အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းဟာ နေမကောင်းသဖြင့် အနားယူနေရတဲ့ တပ်ရင်း () လက်အောက်ခံ ရဲဘော် တဦးကို ဖမ်းဆီးသွား တယ်လို့ သတင်းရတာကြောင့် လိုက်လံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ လိုက်လံတိုက်ခိုက်ရင်း စစ်ကောင်စီ စစ်ကြောင်းမှ ရဲသား ဦးဟာ အိမ်သာ တက်နေတာကြောင့် လူစုကွဲ ကျန်ခဲ့ရာ ၎င်းရဲ့ လက်နက်နဲ့ စစ်ဝတ်စုံများကို ချွတ်ချပြီး အရပ်သား ဟန်ဆောင်ကာ PDF ရဲဘော်များကို လမ်း လာမေးစဉ် ဖမ်းဆီးရမိ ခဲ့တာလို့ သိရပါတယ်။

၎င်းရဲတပ်သား ထံမှ G3 သေနတ် တလက်၊ ကျည် ၂၅၀၊ ကျည်ဘောက် ခု၊ ၆၀ မမ အဖူး ဖူးနဲ့ စစ်သုံးပစ္စည်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၄၆) ဦးနှင့် အမျိုးသား (၂၄၄) ဦး စုစုပေါင်း (၂၉၀) ဦး သေဆုံးခဲ့


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၄၆) ဦးနှင့် အမျိုးသား (၂၄၄) ဦး စုစုပေါင်း (၂၉၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး  အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၀) ဦး ပါဝင်တယ်လို့ဆိုပါတယ်။ 

အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၁၀၀) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ညနေ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တဆိုင်၌ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ၍ ဖမ်းဆီးသဖြင့် လူငယ်များထွက်ပြေးကြရာ စစ်အုပ်စုက လိုက်လံပစ်ခတ်ခဲ့သောကြောင့် ကိုမျိုးမင်းသူသည် သေနတ်ကျည်ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment