17th Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ပထမဆု ပတ္တမြားတဆင်စာ အထူးဆုများပေးအပ်မယ့် တော်လှန်အမွေကမ်ပိန်း မဲလက်မှတ်စောင်ရေ ၅၀၀ သာကျန်တော့

📌၂။ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားIIMMကစုဆောင်းနေ၍ အချက်အလက်များပေးပို့နိုင်

📌၃။ မန္တလေးမှာ စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ ၁၅ ရက်အတွင်း လူငယ် ၁၂ဝ ကျော်ကို စစ်တပ်က ဖမ်းဆီး 

📌၄။ မြန်မာစစ်တပ်မှအာဏာလုခဲ့တဲ့ ဖေဖော်ဝါရီ၁ရက်နေ့တွင်  နော်ဝေနိုင်ငံမှာ မြန်မာအင်အားစုများဆန္ဒပြမည်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပူတာအိုဒေသကိုသိမ်းပိုက်နိုင်ရေး မကြာမီတိုက်ပွဲဆင်နွှဲမယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး

🚩 ၂။ ခမ်းပတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ရဟန်းတပါးနဲ့ ကလေး၂ ဦး အပါအဝင် ဦးသေဆုံး

🚩 ၃။ ခင်ဦးမြို့နယ် ရွှေကူတဲစုရွာကို စစ်တပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၈လုံး ပြာကျ

🚩 ၄။ စစ်ရေးတင်းမာနေတဲ့ ရပ်စောက် ကျောက်ဂူဒေသက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်

🚩 ၅။ KNDF ဗျူဟာ ရဲ့ အပတ်စဉ် သင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ ပထမဆု ပတ္တမြားတဆင်စာ အထူးဆုများပေးအပ်မယ့် တော်လှန်အမွေကမ်ပိန်း မဲလက်မှတ်စောင်ရေ ၅၀၀ သာကျန်တော့


ဇန်နဝါရီ၁၇ရက်


ပထမဆု ပတ္တမြားတဆင်စာ အထူးဆုများပေးအပ်မယ့် တော်လှန်အမွေကမ်ပိန်း မဲလက်မှတ်စောင်ရေ ၅၀၀ သာကျန်တော့တယ်လို့ ဇန်နဝါရီ၁၇ရက်မှာ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကအသိပေးဆိုပါတယ်။

"အလှူရှင်တို့ရေ MOWYCA အတွက်လိုအပ်ချက်တွေ ဖြည့်ပေးဖို့ ကမ်ပိန်းလေးပြည့်ဖို့ စောင်ရေ ၅၀၀ ပဲ ကျန်ပါတော့တယ်။အားပေးမှုတွေအတွက်ကျေးဇူးအများကြီးတင်သလို

နောက်ထပ် လူ ၅၀၀ ပဲ လိုတော့တာမို့ အားပေးကြပါဦး"လို့ဆိုထားပါတယ်။

တော်လှန်ကံထူးရှင်များအနေနဲ့  ပထမဆု ပတ္တမြားတဆင်စာအပါအဝင် အထူးဆုများအနေနဲ့နွေဦးတော်လှန်ရေး ဦးထုပ် အလုံး၂၀၊လက်ရာမြောက်ကော်ဖီပန်းချီ ၁၀ကါး၊ ဆီဆေးပန်းချီကားနဲ့အလှဆင်ထားတဲ့ အိတ်လှလှလေး အလုံး၂၀စတဲ့ဆုလက်ဆောင်တွေကိုပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

 တော်လှန်အမွေ ကမ်းပိန်းမှ မဲလက်မှတ်ရောင်းရငွေများကိုစစ်ရှောင် ကလေးများနှင့် အမျိုးသမီးများအတွက် ၃၀%၊ထောင်ဒဏ်ကျ အမျိုးသမီးများနှင့် လူငယ်များအတွက် ၃၀%

၊အမျိုးသမီး ရဲဘော်များအထွေထွေအသုံးစရိတ်အတွက် ၃၀ %၊အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ ၁၀% စသဖြင့် ခွဲဝေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌၂။ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားIIMMကစုဆောင်းနေ၍ အချက်အလက်များပေးပို့နိုင်


ဇန်နဝါရီ၁၇ရက်


နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားIIMMကစုဆောင်းနေ၍ အချက်အလက်များပေးပို့နိုင်တယ်လို့ ဇန်နဝါရီ၁၆ရက်မှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားIIMMက အသိပေးကြေညာပါတယ်။


"ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို ယန္တရားက အခုအချိန်မှာ စုဆောင်းဖို့က ဘာကြောင့် အရေးကြီးနေတာလဲ။အထောက်အထားတွေကို ထိန်းသိမ်းဖို့ - ယန္တရားက ဒီအထောက်အထားတွေ ပျောက်ဆုံးမသွားခင်၊ ဒါမှမဟုတ် ဖျက်ဆီးမခံရခင် စုဆောင်း၊ စိစစ်သုံးသပ်ပြီး ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် ဒီရာဇဝတ်မှုတွေကို မြင်တွေ့ခဲ့ရသူတွေနဲ့ ရှင်သန်ကျန်ရစ်သူတွေက ဒီအဖြစ်အပျက်တွေကို မှတ်မိဆဲအချိန်မှာ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်ပါတယ်။  အထောက်အထားများ ကိုင်တွယ်မှုကွင်းဆက်ကို ထိန်းသိမ်းဖို့ - အထောက်အထားတွေက ယုံကြည်ရပြီး ဘယ်သူကမှ ကြားဝင်စွက်ဖက်ထားခြင်း မရှိကြောင်း ပြသနိုင်ဖို့ ဘယ်လိုထိန်းသိမ်းကိုင်တွယ်ထားတယ်ဆိုတဲ့ ကွင်းဆက်အဆင့်ဆင့်ကို ယန္တရားက မှတ်တမ်းပြုစုထားပါတယ်။ ဒါမှလည်း တချိန်ချိန် တရားရုံးတွေမှာ ဒီအထောက်အထားတွေကို အသုံးပြုနိုင်မှာပါ"လို့ဆိုပါတယ်။


လက်ရှိမှာIIMMဟာထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို ယန္တရားက ရရှိထားပါတယ်။


 ယန္တရားက နိုင်ငံတကာရာဇ၀တ်မှုခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးရှိ  ရိုဟင်ဂျာဆိုင်ရာ အမှုများ ဆောင်ရွက်နေတဲ့ တရားရေးအာဏာပိုင်တွေထံ အချက်အလက်ပေါင်း တစ်သန်းကျော်နဲ့  စိစစ်သုံးသပ် ချက် ဖိုင်ပေါင်း ၁၀၀ နီးပါးကို မျှဝေထားပါတယ်။


========================


📌📌၃။ မန္တလေးမှာ စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ ၁၅ ရက်အတွင်း လူငယ် ၁၂ဝ ကျော်ကို စစ်တပ်က ဖမ်းဆီး 


ဇန်နဝါရီ၁၇ရက်


မန္တလေးမြို့တော်စည်ပင်နယ်နိမိတ်ထားမှာပါတဲ့ မြို့နယ် ခုမှာ ဇန်နဝါရီလရဲ့ ၁၅ ရက်တာကာလအတွင်း လူငယ် ၁၂ဝ ကျော်ကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်မငထမ်းဥပဒေကြောင့် မန္တလေးမြို့တော်မှာရှိတဲ့ မြို့နယ် ခုက လူငယ်တွေ မတရား ဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်လို့ မန္တလေး သပိတ်အင်အားစုက ဒီနေ့ ဇန်နဝါရီ ၁၇ မှာ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

လူ့အခွင့်အရေးတွေကို ဗြောင်ကျကျချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါတွေဟာ ဇန်နဝါရီ ရက်နေ့က ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေပြဌာန်းခဲ့ပြီးနောက် ၁၅ ရက်အတွင်း လူငယ်တွေ ဖမ်းဆီးခံရတာ ပဲ ဖြစ်ပါတယ်။

အဲဒီဥပဒေကိုအကြောင်းပြပြီး အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါတွေဟာ လမ်းသွားလမ်းလာလူငယ်တွေရဲ့ လက်ကိုင်ဖုန်း တွေကို စစ်ဆေးပြီး မတရား စစ်မှုထမ်းခိုင်းနေတာကိုလည်း တွေ့နေရတယ်လို့ မန္တလေး သပိတ်အင်အားစုက ပြောပါတယ်။ 


ဒါကြောင့် မန္တလေးသပိတ်အင်အားစုအနေနဲ့ မတရားဖမ်းဆီးခံခဲ့ရတဲ့လူငယ်တွေစာရင်းကိုပြုစုခဲ့ရာ အောင်မြေသာဇံမြို့နယ် မှာ ၁၉ ဦး၊ ချမ်းအေးသာဇံမြို့နယ်မှာ ၁၅ ဦး၊ မဟာအောင်မြေမြို့နယ်မှာ ၁၇ ဦး၊ ချမ်းမြသာစည်မြို့နယ်မှာ ၁၉ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၁၉ ဦး၊ အမရပူရမြို့ နယ်မှာ ၁၈ ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ ၁၅ ဦးနဲ့ စုစုပေါင်းလူငယ် ၁၂၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းမီဒီယာတွေက ဖော်ပြထားတာကို အခြေခံပြီး ပြုစုထားတဲ့စာရင်းဖြစ်တဲ့အတွက် မြေပြင် အခြေနေမှာ ဒိထက် ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြ ဖမ်းဆီးရာမှာ နေ့ မရွေးဖမ်းဆီးနေပြီး ညအချိန်မတော် ဧည့်စာရင်းဥပဒေကို အကြောင်းပြ ဖမ်းဆီးခြင်း၊ အလုပ်ကနေပြန်လာတဲ့ အခြေခံလူတန်းစား လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးခြင်းများအပြင် ဇန်နဝါရီ ရက်နေ့က ထုတ်ပြန်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို အကြောင်းပြုပြီး ဖုန်းတွေကို စစ်ဆေးကာ မတရားဖမ်းဆီး ငွေတောင်းတာတွေ နေ့စဉ် ကျူးလွန်နေတယ်လို့ မန္တလေးသပိတ်အင်အားစုက အသိပေးပါ တယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ အပြင်သွားတာ ဒါမှမဟုတ် ဧည့်စာရင်းဝင်စစ်တဲ့အခါတွေမှာ VPN အပါအဝင် ဖျက်သင့် ဖျက်ထိုက်တာတွေ ကြိုတင်ဖျက်ထားဖို့၊ ပျော်ပွဲရွှင်ပွဲတွေသွားလာတာကို တတ်နိုင်သမျှရှောင်ကြဉ်ပြီး နေအိမ်ပြင်ပ ထွက်ရမယ်ဆိုရင် သတိထားဖို့၊ ပတ်ဝန်းကျင်မှာ စစ်ကောင်စီယန္တရားတွေရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် လေ့လာ အကဲခတ်ပြီး ကြိုတင်ရှောင်ရှားကြဖို့ မန္တလေးသပိတ်အင်အားစုက ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ 

ဒါအပြင် မိသားစုနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ခံရတဲ့ အခြေအနေနဲ့ကြုံရပြီး တပ်သားသစ် စုဆောင်းခံရမယ်ဆိုရင်လည်း လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ မတရားဖမ်းဆီးခံရတာမျိုးတွေ့ရင် တော်လှန်ရေးအဖွဲ့အစည်းတွေကို သတင်းပေးပို့ကြဖို့ မန္တလေးသပိတ်အင်အားစုက နှိုးဆော်ထားပါတယ်။


========================


📌📌၄။ မြန်မာစစ်တပ်မှအာဏာလုခဲ့တဲ့ ဖေဖော်ဝါရီ၁ရက်နေ့တွင်  နော်ဝေနိုင်ငံမှာ မြန်မာအင်အားစုများဆန္ဒပြမည်


ဇန်နဝါရီ၁၇ရက်


နော်ဝေနိုင်ငံမှာ မြန်မာစစ်တပ်မှအာဏာလုခဲ့တဲ့ ဖေဖော်ဝါရီ၁ရက်နေ့တွင် မြန်မာအင်အားစုများဆန္ဒပြပွဲပြုလုပ်သွားမယ်လို့ ဇန်နဝါရီ၁၆ရက်မှာ Myanmr (CRPH) Support Group, Norwayမှအထွေထွေအတွင်းရေးမှူးမဝတ်မှုန်ဝင်းက ပြောပါတယ်။

"ဖေဖော်ဝါရီလ ရက်၊ စနေနေ့နေ့ က ဆန္ဒပြပွဲလုပ်ဖြစ်ပါမယ်။အော်စလိုမှာတော့ ပါလီမာန်ရှေ့ မဟုတ်ရင်  စကစ ရုံးရှေ့ဖြစ်ပါမယ်။၂ ရက်နေ့က နော်ဝေ/ ဂျာမဏီက ကမကထလုပ်ပြီး EU နိုင်ငံတွေ က စီစဉ်မယ့် online စကားပြောပွဲရှိပါတယ် NUG ဝန်ကြီးတွေနဲ့ EAO / ကာကွယ်ရေးတပ်မှူး ယောက် ဖိတ်ဖို့ရည်ရွယ်ထားပါတယ်"လို့ဆိုပါတယ်"လို့ဆိုပါတယ်။

နော်ဝေရောက်မြန်မာအင်အားစုများစုစည်းလုပ်ဆောင်မှုများကိုနော်ဝေပါလီမာန်အမတ်များအပါအဝင်နော်ဝေအစိုးရကပါအသိအမှတ်ပြုလာပြီဖြစ်ပါတယ်။

"ကျမအနေနဲ့ ဒီနွေဦးတော်လှန်ရေးကို စစ်အာဏာသိမ်းတဲ့နေ့ကစလို့ မတရားမူကိုလက်မခံပဲတော်လှန်တဲ့ဘက်ကပါဝင်ခဲ့တာဒီနေ့ထိပါ။ နော်ဝေကနေ တစုတစည်းတည်းညီညွတ်စွာအလုပ်လုပ်ကြဖို့နဲ့ နော်ဝေကနေ မြန်မာပြည်ကို ကူညီဖို့၊ အလေးထား ကြည့်ပေးကြဖို့နဲ့ နိုင်ငံရေးပိုင်းမှာလဲ သတိပြုမိနေစေဖို့ လုပ်ရတာ မလွယ်ခဲ့ပါဘူး။ သို့သော် ၂၀၂၅ ခုနှစ်စပိုင်းမှာတော့ ကျမတို့အဖွဲ့ရဲ့လှုပ်ရှားမူတွေ ကို နော်ဝေ အစိုးရ၊ တက္ကသိုလ်ကျောင်း နဲ့ NGO တွေအသိအမှတ်ပြုဆက်သွယ်လာတာကိုမြင်နေရပါပြီ"လို့မဝတ်မှုန်ဝင်းကဆိုပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်  မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




========================



========================



🚩🚩 ၁။ ပူတာအိုဒေသကိုသိမ်းပိုက်နိုင်ရေး မကြာမီတိုက်ပွဲဆင်နွှဲမယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး


ဇန်နဝါရီ၁၇ရက်


ကချင်ပြည်နယ် ပူတာအိုဒေသကိုသိမ်းပိုက်နိုင်ရေး မကြာမီ တိုက်ပွဲဆင်နွှဲမယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အတူ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်- KPF က အသိပေးပြောဆိုလိုက်ပါတယ်။

ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်ပေးခဲတဲ့အကြောင်း ဇန်နဝါရီ ၁၆ ရက်ညပိုင်းက သတင်းထုတ်ပြန် ရာမှာ အခုလို အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာနဲ့ ဒဏ်ရာရစစ်သည်တွေကို စွန့်ပစ်ထားခဲ့မှု အခြေအနေကို လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ပြည်သူ့စစ်အဖွဲ့ဟာ သူတို့ထောင်ထားတဲ့ မိုင်းကို ပြန်နင်းမိပြီး ဦး ဒဏ်ရာရခဲ့ရာမှာ ဒဏ်ရာရပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်မပေးဘဲ ချန်ထားခဲ့တာကြောင့် KPF တပ်ဖွဲဝင်တွေက မနေ့ ဇန်နဝါရီလ ၁၆ ရက်မှာ သွားရောက်ရှာဖွေပြီး သင်္ဂြိုလ်ပေးခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် ခေါင်လန်ဖူးဒေသနဲ့ ပူတာအိုဒေသမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ အာဏာရှင် စစ်အုပ်စုနဲ့ အပေါင်းအပါဖြစ်တဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဝါဒဖြန့်နေတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။ 

ဒါကြောင့် အာဏာရှင် စစ်အုပ်စုနဲ့ အပေါင်းအပါဖြစ်တဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဘက်က ဝါဒဖြန့်နေတာတွေကို မယုံကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ 

အခုလို မဟုတ်မမှန် ဝါဒပြည်နေတာကြောင့် မကြာတော့တဲ့အချိန်မှာ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ် တွေအနေနဲ့ ပူတာအိုဒေသကိုသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ မလွှဲသာမရှောင်သာတော့ပဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲသွားမယ်လို့ KPF က ထုတ်ပြန်ထားပါတယ်။

KPF နဲ့ ပူးပေါင်းတပ်တွေဟာ လန်ဆယ်ဒေသတိုက်ပွဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ပြည်သူတွေဘက်ကရပ်တည်ပြီး KPF ထံ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ ခမ်းပတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ရဟန်းတပါးနဲ့ ကလေး၂ ဦး အပါအဝင် ဦးသေဆုံး


ဇန်နဝါရီ၁၇ရက်


စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ရဟန်းတပါးနဲ့ ကလေးငယ် ဦး အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၁၆ ရက် နာရီခွဲဝန်းကျင်မှာ စစ်တပ် တိုက်လေယာဉ်က တမူးခရိုင် ခမ်းမြို့ကို လေကြောင်း တိုက်ခိုက်မှု ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးရတာလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်က အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ကွက်နဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲချခဲ့တာ ကြောင့် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ကလေး ၂ဦး၊ လူကြီး ဦးနဲ့ ရဟန်းတပါး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြုပါတယ်။ 

တမူးမြို့နယ်မှာပါဝင်တဲ့ ခမ်းပါတ်မြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ရက်နေ့ကတည်းက သိမ်းပိုက်ထားတဲ့ မြို့တမြို့ဖြစ်ပါတယ်။ 

လက်ရှိမှာ ဒေသနေပြည်သူတွေဟာ နောက်တပ် လေကြောင်းကနေ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းလုံးမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အခုနှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထား တဲ့ ဒေသတွေက မြို့တွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၃။ ခင်ဦးမြို့နယ် ရွှေကူတဲစုရွာကို စစ်တပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၈လုံး ပြာကျ


ဇန်နဝါရီ၁၇ရက်


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေကူတဲစုရွာကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့စစ်ကြောင်းက  ပြည်သူပိုင်နေအိမ် များကို မီးရှို့ဖျက်ဆီးတဲ့အတွက် အိမ် ၈လုံး မီးလောင်ပြာကျတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ခင်ဦးမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ပျဉ်ထောင်ပျူစောထီးရွာမှာ အခြေချနေတဲ့စစ်သားတွေနဲ ပျူစောထီးတွေပါတဲ့ အင်အား ၅၀ ဝန်းကျင်ဟာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မနက်အစောပိုင်း နာရီဝန်းကျင်မှာ ပျဉ်ထောင်ရွာအရှေ့ဘက်မှာရှိတဲ့ ရွှေကူတဲစု ရွာကို စစ်ကြောင်းထိုးဝင်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။ 

ပျဉ်ထောင်ရွာက ပျူစောထီးတွေနဲ့ စစ်သားတွေဟာ ရွှေကူတဲစုကျေးရွာက အရပ်သားပြည်သူတဦးရဲ့ အလှူမင်္ဂလာရှင်ပြုပွဲ ကို လာရောက်ဖျက်ဆီးသွားတဲ့အပြင် အလှူအိမ်နဲ့ အနီးဝန်ကျင်က လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ် လုံးအပြင် မကြာသေးမီကမှ ရိတ်သိမ်းထားတဲ့ စပါးတင်းရေ ရာချီ ပျက်စီးခဲ့ရတယ်လို့လည်း အတည်ပြုထားပါတယ်။

 လက်ရှိမှာ ပျူစောထီးတွေနဲ့ စစ်သားတွေဟာ မနက် နာရီဝန်းကျင်မှာ ပျဉ်ထောင်ရွာထဲ ပြန်ဝင်သွားပြီဖြစ်တာကြောင့် ရွှေကူတဲစုကျေးရွာကဒေသနေ ပြည်သူတွေလည်း ရွာထဲပြန်နေကြပြီဖြစ်ပါတယ်။

ရွှေကူတဲစုကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးတာ ဒီတကြိမ်နဲ့ဆိုရင် ကြိမ် ရှိသွားပြီလို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ရေးတင်းမာနေတဲ့ ရပ်စောက် ကျောက်ဂူဒေသက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်


ဇန်နဝါရီ၁၇ရက်


ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရေးတင်းမာနေတဲ့ ရပ်စောက် ကျောက်ဂူဒေသက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ ရပ်စောက် ကျောက်ဂူဒေသက ကျေးရွာ ခုကို လေကြောင်းကနေတိုက်ခိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား မနေ့ ဇန်နဝါရီ ၁၆ ရက်နေ့က မနက်ပိုင်းကနေ ညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာ ရွာကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းရွာ၊ ကျောက်မီးခတ်ရွာ၊ ခဲကြားရွာနဲ့ လွယ်ဟောင်ရွာ‌ က အိမ်တွေပျက်စီးခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်မှုအခြေအနေကိုတော့ လက်ရှိ စစ်ရေးအခြေအနေအရ အတည် မပြုနိုင်သေးဘူးလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရပ်စောက်မြို့ဘက်ကနေ ကျောက်ဂူဒေသဘက်ကို စစ်အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA တို့ ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ အကြမ်းဖက် စစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းကြောင့် ဘာသာရေးအဆောက်အအုံ လုံးနဲ့ နေအိမ် ၁၅ လုံး ထိမှန်ပျက်စီးခဲ့သလို ဇန်နဝါရီ ၁၅ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်တာ ကြောင့် အရပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ရပ်စောက်-အင်တော-ကျောက်ဂူလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ ဓနုတပ် DPLA က ကြိုးစားနေသလို စစ်တပ်ဘက် ကလည်း အင်အားဖြည့်တင်းနေတဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပဲ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ KNDF ဗျူဟာ ရဲ့ အပတ်စဉ် သင်တန်းဆင်းပွဲ ပြုလုပ်


ဇန်နဝါရီ၁၇ရက်


ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ဗျူဟာရဲ့ အပတ်စဉ် သင်တန်းဆင်းပွဲကို မနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ကရင်နီပြည်ကလွတ်မြောက်နယ်မြေတခမြှာ ကျင်းပခဲ့ပါတယ်။

အဲဒီသင်တန်းမှာ အမှတ် ဗျူဟာ လက်အောက်မှာရှိတဲ့ တပ်ရင်းအသီးသီးက သင်တန်းသား ၁၀၀ ကျော် တက်ရောက် ခဲ့တယ်လို့ KNDF အမှတ် ဗျူဟာ ထုတ်ပြန်ထားပါတယ်။

အဲဒီသင်တန်းသားတွေထဲမှာ အမျိုးသမီးသင်တန်းသူ ၃၀ ရာခိုင်နှုန်းပါဝင်ပြီး အမျိုးသားတွေနဲ့တန်းတူ သင်တန်းတက် ရောက် အောင်မြင်ခဲ့တယ်လို ဆိုပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို KNDF ဗဟိုကော်မတီဝင်များ၊ ဒုစစ်ရေးချုပ်၊ အမှတ် ဗျူဟာနဲ့အမှတ် ဗျူဟာက ဗျူဟာမှူးများ၊ ရှမ်းတောင် စစ်ဦးချုပ်၊တပ်ရင်းအသီးသီးက တပ်ဗိုလ်၊တပ်မှူးများနဲ့ ရပ်မိရပ်ဖဧည့်သည်‌တော်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီသင်တန်ဆင်းပွဲအခမ်းအနားမှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးမယ့် မူဝါဒမရှိဘဲ အနိုင်ရအောင်တိုက်ဖို့သာရှိတယ်လို့ KNDF ဒုတိယစစ်ရေးချုပ်က ပြောဆိုခဲ့တာရှိတယ်လို့ ဒေသတွင်းသတင်း အချို့မှာ ဖော်ပြထားပါတယ်။ 

အခမ်းအနားမှာ သင်တန်းသားတွေ စစ်ရေးချီတက်ခြင်း၊ အလံတော်တင်ခြင်းနဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုခြင်း၊ တာဝန်ရှိပုဂ္ဂိုလ်တွေက အားပေးအမှာစကားပြောကြားခြင်းနဲ့ စစ်ကြောင်းပြန်လည်ထွက်ခွာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

                   

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်⁩⁩⁩





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment