1st Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။အကျဉ်းသားအကျဉ်းသူ ၁၇ဝခန့်ကို NUG က လွတ်ငြိမ်းသက်သာခွင့်ပြု 

📌 ⁨⁨⁨⁨⁨၂။ ဝန်ကြီးဌာနတွေကို ပြုပြင်ပြောင်းလဲတာတွေလုပ်ပြီး တာဝန်ယူဦးဆောင်နိုင်သူတွေကို လွှဲပြောင်းပေးဖို့အသင့်ရှိတယ်လို့ NUG ယာယီသမ္မတ ပြော

📌 ⁨⁨⁨⁨⁨⁨၃။ ယူကရိန်းနိုင်ငံရဲ့သမ္မတဟောင်းဖြစ်တဲ့ သမ္မတ Petro Poroshenko နဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨၄။ ၂၀၂၅ ခုနှစ် နှစ်သစ်အတွက် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှစ်သစ်ဆုမွန်ကောင်းတောင်း

📌 ⁨⁨⁨⁨⁨⁨၅။ ရန်ကုန်မြို့တော်မှာ "လမ်းများအားလုံး ရန်ကုန်သို့" ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

📌 ⁨⁨⁨⁨⁨⁨၆။ (၂၀၂၅) ခုနှစ် နှစ်သစ်မှာ ယူကေအစိုးရက မြန်မာပြည်သူပြည်သားများနဲ့အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့ဆို


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨ လွိုင်ကော်မြို့အရှေ့ခြမ်းက စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် ဦးသေဆုံး

🚩 ၂။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်ပစ်ကူပေးခုခံ

🚩 ၃။ တောင်တွင်းကြီးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ဦးသေဆုံး

🚩 ၄။ စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ၃၂ သန်းကျော် (၆၃%)သာ ကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၃၇%) ကို မကောက်ယူနိုင်ခဲ့

🚩 ၅။စစ်တပ်က ရုရှားထုတ် ကာမီကာဇေ ဒရုန်းတွေအသုံးပြုတိုက်ခိုက်လာတယ်လို့ သရက်ခရိုင်အမှတ်- တပ်ရင်း သတိပေး

🚩 ၆။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ၂၀၂၄ ဒီဇင်ဘာလအထိ သေဆုံးသူခြောက်ထောင်ကျော်ထဲတွင် အမျိုးသမီးနဲ့ကလေးငယ်စုစုပေါင်းနှစ်ထောင်နီးပါးပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။အကျဉ်းသားအကျဉ်းသူ ၁၇ဝခန့်ကို NUG က လွတ်ငြိမ်းသက်သာခွင့်ပြု 


ဇန်နဝါရီ၁ရက်

အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကျဉ်းသားအကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပြီး ကျန်တဲ့ အကျဉ်းသား အကျဉ်းသူတွေကို ထောင်ဒဏ်လျှော့ပေါ့ပေးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

NUG အနေနဲ့ ပထမဆုံးအကြိမ်အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ထုတ်ပြန်တာဖြစ်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေး အကျိုးစီးပွားကို ရှေးရှုတာ၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ - အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တာလို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

လွတ်ငြိမ်းသက်သာခွင့်မှာ  အကျုံးမဝင်ဘဲ ကျန်နေတဲ့ အကျဉ်းသား အကျဉ်းသူတွေကိုလည်း သူတို့ ကျခံနေရတဲ့ ထောင် ဒဏ်ရဲ့ သုံးပုံတပုံကို လျှော့ပေါ့ကျခံစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ- အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပေးလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

အခု လွတ်ငြိမ်းသက်သာခွင့်ရသူတွေဟာ တရားရေးဌာနက အမိန့်ချပြီးတဲ့ တရားခံတွေနဲ့ တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံပမ်းတွေကို ရွေးချယ်စိစစ်ပြီး လွတ်ငြိမ်းပေးခဲ့တာလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ ဝန်ကြီးဌာနတွေကို ပြုပြင်ပြောင်းလဲတာတွေလုပ်ပြီး တာဝန်ယူဦးဆောင်နိုင်သူတွေကို လွှဲပြောင်းပေးဖို့အသင့်ရှိတယ်လို့ NUG ယာယီသမ္မတ ပြော


ဇန်နဝါရီ၁ရက်

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင် သွားမှာဖြစ်တာကြောင့် တာဝန်ယူဦးဆောင်နိုင်သူတွေကို လွှဲပြောင်းပေးဖို့အသင့်ရှိတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှိးလ က ပြောကြားလိုက်ပါတယ်။

ယာယီသမ္မတက ဒီနေ့ ဇန်နဝါရီလ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

NUG အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်ဖို့ရှိတယ်ဆိုတာ ယာယီသမ္မတက အသိပေးခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ တည်ဆဲအခြေအနေထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်နိုင်မယ့်သူတွေ လိုအပ်နေတာကြောင့် အစားထိုးတာဝန်ယူနိုင်သူတွေကို လွှဲပြောင်းပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

လူထုရဲ့တာဝန်ပေးချက်အရ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရာထူး ထိုင်ခုံနေတွေကို ဖက်တွယ်နေမှာမဟုတ်သလို အစိုးရအခန်းကဏ္ဍကို တိုးချဲ့တာလည်းမဟုတ်ဘူးလို့ ယာယီသမ္မတက ရှင်းပြထားပါတယ်။

အစိုးရအဖွဲ့မှာ လက်ရှိတည်ဆဲအခြေအနေထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်မယ့်သူတွေ လိုအပ်နေပါတယ်။ တည်ဆဲရာထူးနေရာတွေမှာ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ကျနော်တို့က လွှဲပြောင်းပေးအပ်ဖို့ အသင့်ရှိတယ်ဆိုတာ လူထုကို အသိပေးစေချင်ပါတယ်။ အဲဒီအတွက် ကျနော်တို့ဘက်က အမြဲ လမ်းဖွင့်ထားတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

လူထုအတွက် တော်လှန်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မယ့်ခေါင်းဆောင်တွေကို လှိုက်လှဲစွာ ကြိုဆိုနေ ပါတယ်လို့ ထပ်ပြီး အသိပေးထားပါတယ်။

ကျနော်တို့နဲ့အတူ လူထုတာဝန်တွေကိုထမ်းဆောင်ဖို့ လေးစားစွာဖိတ်ခေါ်ချင်ပါတယ်။  ၂၀၂၅ ခုနှစ်မှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစု များအနေနဲ့ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အခုထက်ပိုပြီး လက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ မြင်တယ်လို့ လည်း ယာယီသမ္မတက ဆိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့  အဓိကမဏ္ဍိုင်ဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးဖြစ်တဲ့အတွက် အာဏာ လုပ်ပိုင်ခွင့်နဲ့တဖွဲ့ချင်းရဲ့ နယ်မြေပိုင်စိုးရေးဆိုတာတွေဟာ လူထုရဲ့ လွတ်မြောက်မှု လူထုရဲ့ အကျိုးစီးပွားနဲ့နှိုင်းယှဉ်ရင် သာမညကိစ္စတွေသာဖြစ်ပါတယ်လို့လည်း ယာယီသမ္မတက အသိပေးထားပါတယ်။

NUG အနေနဲ့ မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုပြီး အားစိုက်သွားမှာဖြစ်သလို တိုးတက်လာတဲ့ တော်လှန်ရေး ဒီရေနဲ့ အတူ လိုက်ပါပြောင်းလဲနိုင်ဖို့ အစိုးရအတွင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ရှိတာကြောင့် အားနည်းချက်တွေကို ပြုပြင်နိုင်ဖို့ အစိုးရအဖွဲ့အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်နိုင်မယ်သူတွေကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

NUG အနေနဲ့ လက်ရှိမှာ အစိုးရအဖွဲ့ဝင်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေသလို ပြည်တွင်းအခြေအနေအရ မြေပြင်မှာအင်အားစုစည်းရမယ့် လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နေတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ ယူကရိန်းနိုင်ငံရဲ့သမ္မတဟောင်းဖြစ်တဲ့ သမ္မတ Petro Poroshenko နဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ


ဇန်နဝါရီ၁ရက်


ယူကရိန်းနိုင်ငံရဲ့သမ္မတဟောင်းဖြစ်တဲ့ သမ္မတ Petro Poroshenko နဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ တွေ့ဆုံမှုအား ဝန်ကြီးဒေါက်တာဆာဆာကယခုလိုအသိပေးဆိုထားပါတယ်။

"ယူကရိန်းနိုင်ငံရဲ့ ပဉ္စမမြောက်သမ္မတဖြစ်တဲ့ သမ္မတ Petro Poroshenko နဲ့ တွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်။  2025 နှစ်သစ်သို့ ခြေလှမ်းစလာသည်နှင့်အမျှ ၎င်းတို့၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီကို မယိမ်းယိုင်မယိမ်းယိုင် ကြိုးပမ်းဆောင်ရွက်နေသည့် ယူကရိန်းနှင့် မြန်မာနိုင်ငံတို့မှ ရဲရင့်သော ပြည်သူများအတွက် အသစ်တဖန် ခွန်အားနှင့် ဉာဏ်ပညာများ ဆောင်ကြဉ်းပေးပါစေ။ ယူကရိန်းသည် ဥရောပတွင် စွဲချက်တင်ခံရသကဲ့သို့ မြန်မာနိုင်ငံသည် အာရှတွင် လွတ်လပ်ရေး ရှေ့တန်းမှ ရပ်တည်နေပါတယ်"လို့ဆိုထားပါတယ်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဘက်အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြန်မာပြည်အကြောင်းအရာများကိုလည်း ပြောဆိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ ၂၀၂၅ ခုနှစ် နှစ်သစ်အတွက် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှစ်သစ်ဆုမွန်ကောင်းတောင်း


ဇန်နဝါရီ၁ရက်


၂၀၂၅ ခုနှစ် ဇန်နဝါရီ၁ရက်မှာ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ နှစ်သစ်ဆုမွန်ကောင်းကို အခုလိုတောင်းဆိုထားတာတွေ့ရပါတယ်။

"ပျော်ရွှင်ဖွယ်နှစ်သစ်! ယခုနှစ်တွင် ကျွန်ုပ်တို့အားလုံးအတွက် ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ခံနိုင်ရည်ရှိမှု စာမျက်နှာသစ်ကို အမှတ်အသားပြုနိုင်ပါစေ။ ကျွန်ုပ်တို့သည် လွတ်လပ်မှုနှင့် တရားမျှတမှုဆီသို့ ကျွန်ုပ်တို့၏ခရီးကို ဆက်လက်လျှောက်လှမ်းနေချိန်တွင် ကျွန်ုပ်တို့၏မျှဝေထားသော မျှော်လင့်ချက်နှင့် ဆုံးဖြတ်ချက်အတွက် ခွန်အားကို ရှာဖွေနိုင်ပါစေ။ ဤနေရာတွင် အတူတကွ ပိုမိုတောက်ပ ခိုင်မာသော အနာဂတ်ဆီသို့"လို့ ဝန်ကြီးကဆိုပါတယ်။

ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနဟာ အစိုးရဝက်ဘ်ဆိုက်များကိုကာကွယ်ပေးသည့်လုပ်ငန်းဆောင်တာများအပြင်အညာဒေသတွင်အင်တာနက်နဲ့ဆက်သွယ်ရေးရရှိရေးကိုအဓိကထားဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ ရန်ကုန်မြို့တော်မှာ "လမ်းများအားလုံး ရန်ကုန်သို့" ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်


ဇန်နဝါရီ၁ရက်ရန်ကုန်မြို့တော်ရဲ့ အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေဦးဆောင်ပြီး "လမ်းများအားလုံး ရန်ကုန်သို့" ဆိုတဲ့ လှုပ်ရှားမှုတခုကို ဒီနေ့ ဇန်နဝါရီလ ရက်နေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတခုဖြစ်တဲ့ အဲဒီလုပ်ရှားမှုကို ရန်ကုန်မြို့တော်ရဲအထင်ကရနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရား၊ ဝန်ကြီးများရုံး၊ ဆူးလေးပန်းခြံ၊ ပြည်သူ့ရင်ပြင်နဲ့ ကန်တော်ကြီး စတဲ့နေရာတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"လမ်းများအားလုံး ရန်ကုန်သို့" စာသားတွေပါတဲ့ အဲဒီလှုပ်ရှားမှုကို တော်လှန်ရေးအဖွဲ့များနဲ့အတူ Road To Rangoon အဖွဲ့သားတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။စပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီလ ရက်နေ့  ညပိုင်းမှာတင်ပြပေးမယ့်( Radio NUG ညပိုင်း ပြည်တွင်းသတင်းများ)ကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၆။ (၂၀၂၅) ခုနှစ် နှစ်သစ်မှာ ယူကေအစိုးရက မြန်မာပြည်သူပြည်သားများနဲ့အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့ဆို


ဇန်နဝါရီ၁ရက်


(၂၀၂၅) ခုနှစ် နှစ်သစ်မှာ ယူကေအစိုးရက မြန်မာပြည်သူပြည်သားများနဲ့အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်လို့ ဗြိတိသျှသံရုံး၊ရန်ကုန် အကြီးအကဲ Ken O Flaherty က နှစ်သစ်သတင်းစကားမှာ ထည့်သွင်းဆိုထားပါတယ်။

"စစ်တပ်အာဏာသိမ်းတဲ့ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ကတည်းက အရပ်သားပြည်သူအနည်းဆုံး (,၀၀၀) နီးပါး သေဆုံးခဲ့ရပါတယ်။ ဒါဟာ တကယ့်ကို ကြောက်မက်ဖွယ်အခြေအနေပါပဲ။  သြဂုတ်လ နဲ့ အောက်တိုဘာလအတွင်း စစ်တပ်ရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုများဟာ စစ်တပ်အာဏာသိမ်းကတည်းက အမြင့်ဆုံးအရေအတွက်ကိုရောက်ရှိခဲ့ပါတယ်။ ကုလသမဂ္ဂမှာ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သလိုပဲ ယူကေအစိုးရက ၄င်းလေကြောင်းတိုက်ခိုက်ခြင်းများကို ပြတ်ပြတ်သားသားရှုတ်ချပါတယ်။(၂၀၂၅ ) ခုနှစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့အသေအချာမသိနိုင်ပေမဲ့ ယူကေအစိုးရကတော့ သင်တို့အားလုံးနဲ့အတူရပ်တည်ပြီး သင်တို့အားလုံးနဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ်အတွက်ကြိုးပမ်းမှုမှာ အတူတကွလက်တွဲလုပ်ဆောင်သွားမယ်ဆိုတာကတော့ သေချာပါတယ်"လို့ဆိုပါတယ်။

ယူကေအစိုးရဟာမြန်မာနိုင်ငံမှာပြင်းထန်တဲ့တိုင်ဖုန်း ယာဂီကြောင့် ထိခိုက်ခဲ့ရတဲ့ ရေဘေးဒဏ်သင့်လူမှုအသိုက်အဝန်းတွေအတွက်  စတာလင်ပေါင် () သန်း ကူညီပေးအပ်ခဲ့ပြီး  ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများအပါအဝင် ဒေသအခြေပြုပံ့ပိုးမှုများအတွက်လည်း စတာလင်ပေါင် (၃၆) သန်းကူညီပေးနိုင်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့နှစ်က ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းများနှစ်ကြိမ်ချမှတ်ခဲ့ရာမှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့သူများအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း နဲ့ မြန်မာစစ်တပ်ရဲ့ လေယာဥ်ဆီနဲ့ ဆက်စပ်ပစ္စည်းများရရှိနေခြင်းကို ဖြတ်တောက်ရန် ပိတ်ဆို့အရေးယူခြင်းများကိုလည်း ချမှတ်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨ လွိုင်ကော်မြို့အရှေ့ခြမ်းက စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် ဦးသေဆုံး


ဇန်နဝါရီ၁ရက်

ကရင်နီပြည် လွိုင်ကော်မြို့အရှေ့ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တဲ့အတွက် အသက်တနှစ်ကျော်အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတဦး ထပ်မံသေဆုံးသွားတဲ့အတွက် သေဆုံးသူ ဦး ရှိလာပြီလို့ စစ်ရှောင်အရေးကူညီနေသူ တွေနဲ့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

မနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေ နာရီခန့်မှာ ဆင်စခန်းလို့ခေါ်တဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံး ကြိမ်ကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ အမျိုးသမီးတဦးသေဆုံးပြီး အသက် တနှစ်ကျော်အရွယ်ကလေးငယ်အပါအဝင် ဦး ဒဏ်ရာ ရရှိခဲ့ရာ အသက် တနှစ်ကျော်အရွယ်ကလေးငယ်မှာဗုံးစထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့သလို ဆေးကုသမှုခံနေရတဲ့ အမျိုးသမီးတ ဦးပါ သေဆုံးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ဆေးကုသမှုခံယူနေရတဲ့ ကျောင်းသူတဦးဟာလည်း စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ လွိုင်ကော်မြို့က စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နှစ်သစ်ကူးညမှာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်ပစ်ကူပေးခုခံ


ဇန်နဝါရီ၁ရက်

ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ တလနီးပါးရှိနေပြီဖြစ်ရာ လက်ရှိအချိန်အထိ မြို့ပေါ် မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးကာ ခုခံနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၃၁ ရက်ကဆိုရင် ဗန်းမော်မြို့ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က တရက်တည်း လေကြောင်းကနေ တိုက်ခိုက်တာ ၁၁ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သိမ်တော်ကြီးဘုရားကျောင်းအပါအဝင် ပြည်သူလူထုနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကတော့ ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်ကနေ အသိပေးဖော်ရာမှာ မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေရရှိခဲ့ပြီး အလံဖြူထောင်သူများတွေရှိတယ်လို့ ရေးသားထား ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့က ဗန်းမော်မြို့ ဝင်းလိုက် ဟိုတယ်နဲ့  သိမ်တော်ကြီးဝင်းနေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆို ပါတယ်။

စစ်ရေးသတင်းတွေကို ရေးသားဖော်ပြနေတဲ့ CDM ဗိုလိကြီး ဇင်ယောက်ကလည်း ဗန်းမော်မြို့သိမ်တိုက်ပွဲနဲ့ပတ်သက်လို့ ဗန်းမော်ဟာ လေကြောင်းတိုက်ခိုက်မှု ဒါဇင်၀က်ကျော်ကြားထဲကနေ KIA နဲ့ ပူးပေါင်းအဖွဲ့ တွေ လှုပ်ရှားနေဆဲဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

အလံဖြူထောင်ပြီးလက်နက်ချသူတွေလည်းရှိတာကြောင့် ထမင်းကျွေးထားရမယ့်အဖွဲ့တွေ တသုတ်ပြီးတသုတ် ရောက်ရှိ နေကာ မိုးမောက် မိုင်ဘက်တိုက်ပွဲမှာ လက်နက်ခဲယမ်းနဲ့ ကျည်တွေထပ်ရထားတယ်လို့ ဆိုပါတယ်။  

KIA အနေနဲ့ ဗန်းမော်နဲ့ မံစီမြို့ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ကာ ဒေသတခုလုံး သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေဆဲလို့ သိရပါတယ်။


========================


🚩🚩 ၃။ တောင်တွင်းကြီးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ဦးသေဆုံး


ဇန်နဝါရီ၁ရက်

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦး သေဆုံးသွားတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် - တပ်ရင်း က ပြောပါတယ်။

 တောင်တွင်းကြီးမြို့ အသောကဘုန်းကြီးကျောင်းအနီးက ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နဲ့နန်းထိုက်စံဓာတ်ဆီဆိုင်ကြားမှာ စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နာရီအချိန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး စုစုပေါင်း ဦး သေဆုံးကာ အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အသောကဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်က စပါးဒိုင်တခုမှာ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ  လှုပ်ရှားနေတယ်လို့ သတင်းရတဲ့အတွက် ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နဲ့နန်းထိုက်စံဓာတ်ဆီဆိုင်ကြားမှာ အသင့် ထောင် ထားတဲ့ အဝေးထိန်းမိုင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ စစ်သားနဲ့ပျူစောထီးတွေဆီက ထွက်ကျလာတဲ့ သွေးကွက်တွေကို ထုံးတွေနဲ့  ဖုံးအုပ်သွားတယ်လို့လည်း အသိပေးထာပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းနဲ့ ပုဏ္ဏဝတီ အထူးပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မြို့နယ်အတွင်း လုံခြုံရေးနဲ့တိုက်ပွဲဖော်ဆောင်တာတွေမှာ ဆက်လက်အားဖြည့် သွားမမယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် - တပ်ရင်း က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ၃၂ သန်းကျော် (၆၃%)သာ ကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၃၇%) ကို မကောက်ယူနိုင်ခဲ့


ဇန်နဝါရီ၁ရက်


စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ၃၂ သန်းကျော် (၆၃%)သာ ကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၃၇%) ကို မကောက်ယူနိုင်ခဲ့ဘူးလို့ Data for Myanmarက စကစရဲ့၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်း အချက်အလက်တွေကိုသုံးသပ်ထုတ်ပြန်ထားပါတယ်။

ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာမှာ ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်တဲ့ မြို့နယ် (၁၄၅) မြို့နယ်၊ တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်တဲ့ မြို့နယ် (၁၂၇) မြို့နယ်နဲ့ လုံးဝ စာရင်းမကောက်ယူနိုင်တဲ့ မြို့နယ် (၅၈) မြို့နယ်ရှိကြောင်း ဖော်ပြပါတယ်။ ရှေ့ပြေးလူဦးရေစာရင်းမှာဖော်ပြထားတဲ့ မြို့နယ်အလိုက် အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါ ကွဲလွဲမှုရှိတာတွေ့ရပါတယ်။ မြို့နယ်အလိုက် အချက်အလက်တွေအရ ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်တဲ့ မြို့နယ် (၁၄၅) မြို့နယ်၊ တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်တဲ့ မြို့နယ် (၁၂၃) မြို့နယ်နဲ့ လုံးဝ စာရင်းမကောက်ယူနိုင်တဲ့ မြို့နယ် (၆၂) မြို့နယ်ရှိကြောင်း တွေ့ရပါတယ်။ ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာမှာ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ၃၂ သန်းကျော် (၆၃%)သာ ကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၃၇%) ကို မကောက်ယူနိုင်ခဲ့ပါဘူးလို့ဖော်ပြပါတယ်။

သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ လူဦးရေ ၁၉ သန်းကျော်အနက် လူဦးရေ သန်းနဲ့ချီ မကောက်ယူနိုင်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းတွေဆိုရင် စစ်ကိုင်းတိုင်းမှာ လူဦးရေ . သန်း၊ မကွေးတိုင်းမှာ သန်း၊ ရခိုင်ပြည်နယ်မှာ . သန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ . သန်းနဲ့ ကချင်ပြည်နယ်မှာ . သန်း အသီးသီးရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်း အချက်အလက်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ၂၀၂၄ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


========================


🚩🚩 ၅။စစ်တပ်က ရုရှားထုတ် ကာမီကာဇေ ဒရုန်းတွေအသုံးပြုတိုက်ခိုက်လာတယ်လို့ သရက်ခရိုင်အမှတ်- တပ်ရင်း သတိပေး


ဇန်နဝါရီ၁ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်- စစ်ဒေသ မကွေးတိုင်း သရက်ခရိုင် အမှတ် - တပ်ရင်း စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်း ထိတွေ့တိုက်ပွဲတွေမှာ ရန်သူစစ်ကောင်စီဘက်က ရုရှားထုတ် ကာမီကာဇေ ဒရုန်းတွေ  အသုံးပြု တိုက်ခိုက် လာတယ်လို့ သရက်ခရိုင်အမှတ်- တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ရက်နေမှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ရန်သူစစ်ကောင်စီဘက်က ရုရှားထုတ် ကာမီကာဇေ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်လာတာကို ဒေသတွင်းက အခြားသော တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေ သတိပြုနိုင်ဖို့အတွက် သရက်ခရိုင်အမှတ်- တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သရက်ခရိုင် အမှတ် - တပ်ရင်းဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန် တိုက်ခိုက်နေသလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေက စစ်ဘေးသင့်အိမ်ထောင်စုတွေ ကို စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တာတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။


========================


🚩🚩 ၆။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ၂၀၂၄ ဒီဇင်ဘာလအထိ သေဆုံးသူခြောက်ထောင်ကျော်ထဲတွင် အမျိုးသမီးနဲ့ကလေးငယ်စုစုပေါင်းနှစ်ထောင်နီးပါးပါဝင်


ဇန်နဝါရီ၁ရက်


အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ၂၀၂၄ ဒီဇင်ဘာလအထိ သေဆုံးသူခြောက်ထောင်ကျော်ထဲတွင် အမျိုးသမီးနဲ့ကလေးငယ်စုစုပေါင်း နှစ်ထောင်နီးပါး ပါဝင်တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် သေဆုံးအချက်အလက်များ ဖော်ပြချက်အရသိရပါတယ်။

အဆိုပါအချက်အလက်များအရ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်၆၀၈၇ဦးရှိပြီးအတည်ပြုရန်လိုအပ်ဆဲအရေအတွက်၂၉၀၀ကိုလည်းသီးခြားပြုစုထားတယ်လို့ဆိုပါတယ်။သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ရခိုင်ပြည်နယ် တို့မှာအများဆုံးပါဝင်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment