22nd Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ စစ်အုပ်စုရဲ့ ဘဏ္ဍာရေး အသက်ရှုပေါက်ကို ချောင်အောင် လုပ်ပေးနေတဲ့ ဒေသတွင်းသံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် ကြိုးစားဖို့ ယာယီသမ္မတ ပြော

📌၂။ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေ စပြီး တူးထုတ်ပစ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြော

📌၃။ ဆွစ်ဇာလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကြီးမှူးကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့

📌၄။ စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း GANHRI အပြီးသတ်ဆုံးဖြတ်ချက်ထုတ်ပြန်

📌၅။ ကန်ချနဘူရီဒေသ အဝေးပြေးလမ်းတွင် ယာဉ်မောင်း ထွက်ပြေးသွားပြီး ကျန်ခဲ့သည့် မော်တော်ယာဉ်ပေါ်မှ မြန်မာနိုင်ငံသားများကို ဖမ်းမိ

📌၆။ မြန်မာငွေ သိန်း (၂၈၀)နီးပါး ရရှိခဲ့တဲ့ ထိုင်းနိုင်ငံချင်းမိုင်က စစ်ဘေးရှောင်ရံပုံငွေ ရုပ်ရှင်ပြပွဲ ရာနှုန်းပြည့် စစ်ဘေးရှောင်ဒေသများသို့ ထောက်ပံ့ကူညီသွားမယ်



========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ က... ပျားတူတပ်ဖွဲ့ အပါတ်စဥ် အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

🚩 ၂။ တပ်မ (၃၃) ကို တပ်သားသစ်များ ပို့ဆောင်ရန် နမခ မှ ထွက်လာတဲ့ စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်

🚩 ၃။ မုံရွာ - မန္တလေး လမ်းပေါ်က မြပုလဲ စစ်ကောင်စီဂိတ်ကို ရက်ဆက် ဗုံးချတိုက်ခိုက်

🚩 ၄။ ခမ်းပါတ်မြို့အနီး လေကြောင်းတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက် ပြုလုပ်

🚩 ၅။ နောင်ချိုတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး လုံး ကြဲချခဲ့ရာ ပြည်သူ ဦး သေဆုံး

🚩 ၆။ ကျိုက်ထိုနဲ့ ဘီးလင်း မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၇။ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဟိန္ဒူ ဘာသာဝင်တွေကို ကူညီထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ စစ်အုပ်စုရဲ့ ဘဏ္ဍာရေး အသက်ရှုပေါက်ကို ချောင်အောင် လုပ်ပေးနေတဲ့ ဒေသတွင်းသံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် ကြိုးစားဖို့ ယာယီသမ္မတ ပြော


ဇန်နဝါရီ၂၁ရက်

Radio NUG

စစ်အုပ်စုရဲ့ ဘဏ္ဍာရေးအသက်ရှုပေါက်ကို ချောင်အောင် လုပ်ပေးနေတဲ့ ဒေသတွင်းသံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် ကြိုးစားဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ /၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးခရီး မှတ်တိုင်ပေါင်းများစွာကို ကျွန်တော်တို့ အားလုံးဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေးအပြင် ဘဏ္ဍာရေးကဏ္ဍကလည်း အရေးတကြီး ပါဝင်နေပါတယ်။ စစ်အုပ်စုရဲ့ ဘဏ္ဍာရေးဒေါက်တိုင်တွေ ယိုယွင်းသထက် ယိုယွင်းလာစေရေးအတွက် ကျွန်တော်တို့ဟာ စစ်ရေးနည်းလမ်းအပါအဝင် နိုင်ငံရေးနည်းလမ်းနဲ့လည်း ကြိုးစားလုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးအသက်ရှုပေါက်ကို ချောင်အောင် လုပ်ပေးနေတဲ့ ဒေသတွင်း သံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ်အောင် ကျွန်တော်တို့ဘက်က တွန်းတွန်းတိုက်တိုက် ကြိုးစားဖို့ လိုနေသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီကိစ္စကိုလည်း အားထည့် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။လို့ ယာယီသမ္မတက ပြောပါတယ်။


ဒါ့အပြင် ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်ပြီး ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးလို့ ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။


========================


📌📌၂။ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေ စပြီး တူးထုတ်ပစ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြော


ဇန်နဝါရီ၂၁ရက်

Radio NUG

စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၂၁ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


"လူတစ်စု အာဏာရူးပြီး စိတ်ထင်တိုင်းလုပ်ခဲ့ကြတဲ့ အကျိုးဆက်ရဲ့ နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်ရဲ့ လူမှုယန္တရားတခုလုံး ပြိုကျပျက်စီးသွားခဲ့ရတာ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီတော်လှန်ရေးဟာ သမိုင်းတစ်လျှောက် တော်လှန်ရေးတွေနဲ့ယှဥ်ရင် အားရကျေနပ်စရာတွေ အများကြီးရရှိခဲ့တယ်ဆိုပေမယ့် ပေးဆပ်ခဲ့ရမှုတွေလည်း အလွန်များတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့လည်း ကျွန်တော်တို့အားလုံး ခုချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကြပဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ဝန်ကြီးဌာနအချင်းချင်း တိုင်ပင် ဆွေးနွေးမှုတွေ၊ တော်လှန်ရေးမဟာမိတ်အင်အားစုအသီးသီးနဲ့ တိုင်ပင်ဆွေးနွေးမှုတွေဟာ အင်မတန် အရေးကြီးကြောင်း   အစည်းအဝေးတွေကိုသော်လည်း‌ကောင်း၊ တွေ့ဆုံမှုတွေကိုသော်လည်းကောင်း ရလဒ်ထွက်တဲ့အထိ လုပ်နိုင်ဖို့လိုမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစီရင်ခံစာအား တင်ပြဆွေးနွေးခြင်း အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ ကရင် ကရင်နီ ခရီးစဉ်များအား တင်ပြဆွေးနွေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌၃။ ဆွစ်ဇာလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကြီးမှူးကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့


ဇန်နဝါရီ၂၁ရက်

Radio NUG

ဆွစ်ဇာလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကြီးမှူးကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံကို လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။


အဆိုပါ ညီလာခံကို အင်္ဂလန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း () ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာယန္တရားမှ ထိပ်တန်းအရာရှိများ၊ ဥရောပနိုင်ငံအစိုးရများမှ လူ့အခွင့်အရေးဆိုင်ရာ သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ အထူးတာဝန်ရှိသူများ၊ လူ့အခွင့်အရေးကို အားပေးလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းရှင်များအပြင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


"လူထုအဖွဲ့အစည်းတွေ အားကောင်းဖို့အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကာကွယ်စောင့်ရှောက်ရေး တိုးမြှင့်နိုင်ဖို့ဆိုတဲ့ခေါင်းစဥ်နဲ့ UK နိုင်ငံမှာ ကျင်းပတဲ့ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အခြေအနေကို တင်ပြနိုင်ခဲ့သလို အခုလိုမျိုး လက်နက်ကိုင်ပဋိပက္ခ ကာလအတွင်းမှာ ပိုမိုပြီးတော့ အန္တရာယ်ကျရောက်နေနိုင်တဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အခြေအနေ၊ သူတို့တွေရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေကို ဖိနှိပ်ဖို့ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြနိုင်ခဲ့သလို၊ နိုင်ငံတကာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် ကာကွယ်စောင့်ရှောက်မှု ယန္တရားတွေရဲ့ တချို့အားနည်းချက်တွေကိုလည်း တင်ပြနိုင်ခဲ့ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုထားပါတယ်။


ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအရေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင်များ အထူးအလေးထားလုပ်ဆောင်ရန်နှင့် ကုလသမဂ္ဂလုပ်ငန်းစဉ်ယန္တရားများတွင်လည်း ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထူးတိုးတက်အောင် လုပ်ဆောင်ပေးရန် ဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌၄။ စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း GANHRI အပြီးသတ်ဆုံးဖြတ်ချက်ထုတ်ပြန်


ဇန်နဝါရီ၂၁ရက်

Radio NUG

စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း GANHRI အပြီးသတ်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ  ၁၆ ရက်နေ့တွင် အလုပ်အဖွဲ့နှင့် ANNI တို့မှ ထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ယင်းဖြစ်စဥ် စတင်ချိန်ကတည်းက MNHRC သည် စစ်အုပ်စုနှင့် လုံးလုံးလျားလျား လက်တွဲပူးပေါင်းနေခဲ့ပြီး

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ MNHRC အစဥ်တစိုက် နှုတ်ဆိတ်နေခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊  လွတ်လပ်အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်းသတ်မှတ်ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။ 


MNHRC သည် စစ်အုပ်စု၏ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေပြီး စစ်အုပ်စု၏ မှားယွင်းသော ထုတ်ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများမှ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေးနေပြီး နောက်ဆုံးအနေဖြင့် MNHRC သည် စစ်အုပ်စု၏ ရာဇ၀တ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေတယ်လို့ဆိုပါတယ်။


========================


📌📌၅။ ကန်ချနဘူရီဒေသ အဝေးပြေးလမ်းတွင် ယာဉ်မောင်း ထွက်ပြေးသွားပြီး ကျန်ခဲ့သည့် မော်တော်ယာဉ်ပေါ်မှ မြန်မာနိုင်ငံသားများကို ဖမ်းမိ


ဇန်နဝါရီ ၂၁ 

Radio NUG 


ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ထိုင်းနိုင်ငံ ကန်ချနဘူရီဒေသ အဝေးပြေးလမ်းမှ  ယာဉ်မောင်း ထွက်ပြေးသွားပြီး ကျန်ခဲ့သည့် မော်တော်ယာဉ်ပေါ်မှ မြန်မာနိုင်ငံသားများကို ဖမ်းမိကြောင်း Khaosod English မှာ ဖော်ပြထားပါတယ်။


အဆိုပါ မော်တော်ယာဉ်မှာ ဘုရားသုံးဆူနယ်စပ်ကို အထောက်အထားမဲ့ ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာစဉ် ယာဉ်မောင်းက လမ်း၌ထားခဲ့ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန်အတွက် တစ်ဦးလျှင် ဘတ် (၁၆၀၀၀)စီ ပေးခဲ့ကြရတယ်လို့ သိရပါတယ်။


========================


📌📌၆။ မြန်မာငွေ သိန်း (၂၈၀)နီးပါး ရရှိခဲ့တဲ့ ထိုင်းနိုင်ငံချင်းမိုင်က စစ်ဘေးရှောင်ရံပုံငွေ ရုပ်ရှင်ပြပွဲ ရာနှုန်းပြည့် စစ်ဘေးရှောင်ဒေသများသို့ ထောက်ပံ့ကူညီသွားမယ်


ဇန်နဝါရီ၂၁ရက်

Radio NUG

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးဒေသများအတွက် စစ်ဘေးရှောင်ရံပုံငွေ ရုပ်ရှင်ပြပွဲအား ဇန်နဝါရီလ ( ၂၀ )ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။


ရုပ်ရှင်ကြည့်ပရိသတ် တော်လှန်ပြည်သူများ ရုံပြည့် ရုံလျှံ လာရောက်အားပေးခဲ့ကြပြီး ရုပ်ရှင်ဇာတ်လမ်းတိုများတွင် ပါဝင်ကြတဲ့ သရုပ်ဆောင်များ၊ အတတ်ပညာရှင်များသာမက ချင်းမိုင်ရောက်တော်လှန်အနုပညာရှင်များလည်း လာရောက်အားပေးဝန်းရံခဲ့ကြပါတယ်။


ရုံဝင်လက်မှတ်နှင့် သီးခြား အလှူငွေများမှ စစ်ဘေးရှောင်ရံပုံငွေစုစုပေါင်း  မြန်မာငွေ သိန်း (၂၈၀)နီးပါးရရှိခဲ့ပြီး ရာနှုန်းပြည့် ၁၀၀% စစ်ဘေးရှောင်ဒေသများသို့ ထောက်ပံ့ကူညီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================





🚩🚩 ၁။ က... ပျားတူတပ်ဖွဲ့ အပါတ်စဥ် အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်


ဇန်နဝါရီ ၂၁ 

Radio NUG 


ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး က... -  ပျားတူတပ်ဖွဲ့၏ အပါတ်စဥ် အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။


အဆိုပါ အခမ်းအနားတွင် ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) စစ်ဦးစီးချုပ်၊  KPLA တပ်မဟာ ၇၈၂၆ အမှတ် ဗျူဟာမှူး ပျားတူ တပ်ဖွဲ့ တပ်ဖွဲ့မှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


"ကျွန်တော်တို့ တရားသောစစ်အောင်ပွဲခံနိုင်ဖို့အတွက် အဖက်ဖက်မှ လိုအပ်သော စိတ်ဓာတ် စည်ကမ်း ကိုယ်တိုင်နိုးကြားမှုနဲ့ တော်လှန်ရေးအပေါ် တပ်ဖွဲ့အပေါ် ပြည်သူလူထုအပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြပါ"ဟု ကလလတ စစ်ဦးစီးချုပ်က သင်တန်းဆင်း ရဲဘော်များကို မှာကြားခဲ့ပါတယ်။


ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ MOD နှင့် ပျားတူတပ်ဖွဲ့တို့ ပူးပေါင်း၍ ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA)စစ်ဦးစီးချုပ်ထံသို့ လက်နက်ပေးအပ်ခြင်း တို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


 အဆိုပါ  အခြေခံစစ်သင်တန်းတွင် ပျားတူတပ်ဖွဲ့အပြင် KPLA အမှတ် ၉၄၂၁ တပ်ရင်း၊ ၉၄၂၂ တပ်ရင်း နှင့် ၉၄၂၅ တပ်ရင်း တို့ ပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ တပ်မ (၃၃) ကို တပ်သားသစ်များ ပို့ဆောင်ရန် နမခ မှ ထွက်လာတဲ့ စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်


ဇန်နဝါရီ ၂၁ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း အခြေစိုက် တပ်မ (၃၃) ကို တပ်သားသစ်များ ပို့ဆောင်ရန် မုံရွာ နမခ စစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 PDF Monywa အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၁ ရက် နေ့လည် နာရီ ၄၄ မိနစ်မှာ Jummer ကား စီး အပါအဝင် ကား ၁၀ စီးပါ ကားတန်းမှ စီးမြောက်၊ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီ တပ်သားများပါသောကားကို ပဒေသာမိုင်း လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီး ကားတန်းမှာ အနည်းငယ် အရှိန်သပ်သွားပြီး ကားပေါ်မှ စစ်သားများက လမ်းဘေးဝဲယာ တလျောက်ကို သေနတ်များဖြင့် ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် လမ်းဘေးရှိ စစ်ကောင်စီ ကင်းပုန်းများကလည်း တလစပ်ပစ်ခတ်နေခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိအောင် ခက်ခက်ခဲခဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် .က. ဖောက်ခွဲရေး အဖွဲ့ Area 71 PDF Monywa Anyar Defence Force (ADF) နဲ့ Tiger Brother Peoples Defence အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မုံရွာ - မန္တလေး လမ်းပေါ်က မြပုလဲ စစ်ကောင်စီဂိတ်ကို ရက်ဆက် ဗုံးချတိုက်ခိုက်


ဇန်နဝါရီ ၂၁ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - မန္တလေး လမ်းပေါ်က မြပုလဲ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းကို ရက်ဆက် ဗုံးချတိုက်ခိုက် ခဲ့တယ်လို့ 5/ Commando Force က သတင်းထုတ်ပြန်ထားပါတယ်။


ပြည်သူလူထုအပေါ် နေ့စဉ်နဲ့အမျှ ဆက်ကြေးကောက်၊ ပေါ်တာဆွဲနေတဲ့ ၎င်း ဂိတ်စခန်းကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ဆက်တိုက် Drone ဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း M9 , ERO, Droup Bomb, လက်လုပ် အီနာကာ ဗုံးသီးများနဲ့ အတိအကျ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပြီး ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း () အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) တပ်ရင်း () တပ်ခွဲ () (5/ Commando Force) တပ်ရင်း (၂၃) တပ်ခွဲ () Tiger Brothers people's Defence Force မုံရွာခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () (မိုးကြိုး ကျည်သံ ပျောက်ကြားတပ်ဖွဲ့) နဲ့ BLDF အညာမိုင်း အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ခမ်းပါတ်မြို့အနီး လေကြောင်းတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက် ပြုလုပ်


ဇန်နဝါရီ  ၂၁ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့အနီးတဝိုက်ကို ဇန်နဝါရီလ ၂၀ရက်နေ့ ညနေ ၅နာရီ၁၂မိနစ်ကနေ စပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းကနေ အကြောင်းမဲ့ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Zalen Media မှာ ဖော်ပြထားပါတယ်။


ယင်းလေကြောင်းတိုက်ခိုက်မှုတွင်  လူနေအိမ် ၃လုံးနဲ့ ဆိုင်ကယ် ၂စီးပျက်စီးသွားပြီး ပြည်သူများ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။


 မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံများဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။


ထို့ပြင် ဇန်နဝါရီလ ၂၁ရက် ညနေ :၅၅ နာရီခန့်တွင် စစ်ကောင်စီကနေ ခမ်းပါတ်မြို့အနီးကို လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်တယ်လို့သိရပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးဘူးလို့ ဆိုပါတယ်။


========================


🚩🚩 ၅။ နောင်ချိုတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး လုံး ကြဲချခဲ့ရာ ပြည်သူ ဦး သေဆုံး


ဇန်နဝါရီ ၂၁ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ () နယ်မြေ၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို TNLA က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီ ၂၁ ရက် နေ့လည် နာရီ အချိန်မှာ နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံး အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံး လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ တစ်ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် တစ်လုံးနဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ရတဲ့ နေအိမ်တွေကိုလည်း ဒေသခံ ပြည်သူများနဲ့ PSLF/TNLA မီးသတ်ဌာနက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ နာရီ ခန့်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ၊ တိုးဂိတ် အနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ ကျိုက်ထိုနဲ့ ဘီးလင်း မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီ ၂၁ ရက်၊ 

Radio NUG


ကရင့်အမျိုးသားအစည်းအရုံး-KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် ကျိုက်ထိုနဲ့ ဘီးလင်း မြို့နယ်တို့က အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၁၉ ရက် နေ့လည် နာရီ ၄၇ မိနစ်မှာ ကျိုက်ထိုမြို့နယ် အခြေစိုက် အမတ ၃၁၀ တပ်ကနေ ၈၁ မမ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာအတွင်းကို ကျရောက်ခဲ့ပြီး လမ်းမီးတိုင် ဓါတ်ကြိုးများ ပျက်စီးခဲ့ကာ မီးပွားကူးပြီး တောမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။


ညနေ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ကျဲချခဲ့ရာ အောင်နဝင်းကုန်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး နာရီခွဲမှာ ထပ်မံဗုံးချခဲ့ရာ စစ်ကွင်းရွာက ကုန်စုံဆိုင် တစ်ဆိုင်မီးလောင် ပျက်စီးခဲ့ပါတယ်။


ထို့အပြင် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် နာရီ ၅၀ မိနစ်ခန့်မှာ ငှက်ပျောတောနဲ့ တဂေးချောင်းဖျားကြား အာရှလမ်းမပေါ်ရှိ မောင်တုကုန်း စစ်ကောင်စီ တပ်အင်အား ၃၀ ခန့်က Drone ဖြင့် ပစ်ခတ်ခဲ့ရာ ကရဝေးဆိပ် ကျေးရွာ အဝင်လမ်းနဲ့ နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး ဒဏ်ရာ အနည်းငယ်ရခဲ့ကာ နေအိမ်နဲ့ ဈေးဆိုင် ထိခိုက်ပျက်စီးခဲ့ပါတယ်။


ဇန်နဝါရီလ ၁၇ ရက်မှာလည်း ဘီးလင်းမြို့နယ်၊ မဲပလီအုပ်စု၊ ကစယ်ဖိုး ကျေးရွာထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးသီး လုံး လာရောက်ကျဲချခဲ့ရာ ပြည်သူပိုင် နေအိမ် လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဟိန္ဒူ ဘာသာဝင်တွေကို ကူညီထောက်ပံ့


ဇန်နဝါရီ ၂၁ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဟိန္ဒူ ဘာသာဝင်တွေကို ကူညီ ထောက်ပံ့မှုများ ပြုလုပ်ခဲ့တယ်လို့ပကဖ အသံက ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၀ ရက်မှာ ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ၊ ရန်ကုန်တိုင်း စစ်ရေးတာဝန်ခံ၊ အမှတ် ၃၅၀၂ တပ်ရင်း ပြည်သူ့လုံခြုံရေးတာဝန်ခံနဲ့ တခြားသော တာဝန်ရှိသူတွေက သွားရောက်ကူညီ ထောက်ပံ့ခဲ့ပြီး Myanmar Hindu Union အဖွဲ့က ကိုယ်စား လက်ခံခဲ့တယ်လို့ ဆိုပါတယ်။


ဖြူးမြို့နယ်အတွင်းက ဟိန္ဒူဘုရားကျောင်းအတွင်းကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဟိန္ဒူဘာသာဝင် () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရခဲ့တာဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူ တစ်ဦးချင်းစီကို ထောက်ပံ့ငွေ သိန်း သောင်းကျပ်စီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။


ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ရေး တာဝန်တွေအပြင် လူထုကူညီ ထောက်ပံ့ရေးနဲ့ စည်းရုံးရေး တာဝန်တွေကိုလည်း အရေးကြီး တာဝန်တရပ်အဖြစ် ပူးပေါင်း ထမ်းဆောင်နေတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment