25th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ NUG ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်

📌 ⁨⁨⁨၂။ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ CRPHနဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨၃။ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ဆိုင်ရာ လေ့လာသုံးသပ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့

📌 ⁨⁨⁨၄။ IIMM အကြီးအကဲဖြစ်သူ ခွန်ဂျန် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်နှင့် လူအမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့

📌 ⁨⁨⁨၅။  မန္တလေး ကျုံးအနောက်တံခါးပေါက်က စည်ရှည်တံတားအနီးမှာ စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို မန္တလေးလူထုသပိတ်လှုပ်ရှားသူများ ကပ်ထားခဲ့

📌 ⁨⁨⁨၆။ ဂျပန်နိုင်ငံတိုကျိုမှာ"မြန်မာ့နွေဦးတော်လှန်ရေး အလံမလှဲ လူထုလှုပ်ရှားမှု"လုပ်ဆောင်မယ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် တပ်သား ()ဦး လက်နက်နှင့် အလင်းဝင်လာခြင်းကို သွားရောက်ခေါ်ထုတ်စဉ် စကစမှ ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် အလင်းဝင် တပ်သား ၃ဦးနှင့် PDF ၁ဦး ကျဆုံး

🚩 ၂။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲအရာရှိတွေ အပါ ရှစ်ဦး သေဆုံးခဲ့ကြောင်း ဖလမ်းခရိုင်ရဲမှူး ပြောဆို

🚩 ၃။ မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် လမ်းပိုင်းကင်းယူခြင်း၊ ပြည်သူများကို အနိုင်ကျင့် ဆက်ကြေးကောက်ခြင်း ပြုလုပ်နေတဲ့ ပျူစောထီးနှင့် စစ်သားများကို မိုင်းဆွဲ

🚩 ၄။ ခေါဇာ ခလရ ၃၁ တပ်စခန်းကို မွန်တော်လှန်ရေး တပ်တွေနဲ့ PDF ဝင်ရောက်တိုက်ခိုက်

🚩 ၅။ ထားဝယ်၊ ပကာရီ ရဲစခန်း အနီးက စစ်ဆေးရေး ဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံး

🚩 ၆။ ဒူးသထူ ခရိုင်အတွင်း စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ

🚩 ၇။ မန်ကောင်းရွာမှာ အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨၁။ NUG ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်


ဇန်နဝါရီ၂၄ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၅)ကို ဇန်နဝါရီ ၂၂ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပြီး  ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌ () -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ "ယခုလိုတော်လှန်ရေးကာလတွင်  တရားဥပဒေစိုးမိုးရေးသည်လည်း အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် ကော်မတီအနေဖြင့် ယခုကဲ့သို့ အသီးသီး ဝိုင်းဝန်းဆွေးနွေးကြပြီး တရားဥပဒေစိုးမိုးနိုင်ရန်နှင့် တော်လှန်ရေးအောင်မြင်ရေး ဆက်လက်ကြိုးစားပေးကြရန်" ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ မှုခင်းဆောင်ရွက်ချက်များ တရားရေးဝန်ကြီးဌာနမှ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် ညွှန်ကြားချက် (မူကြမ်း)နှင့် အကျဉ်းထောင်ရေးရာ ကိစ္စရပ်တို့အား တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာသူများမှ အပြန်အလှန်တင်ပြဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨၂။ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ CRPHနဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီ၂၄ရက်

Radio NUG

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာနတို့သည် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (ကြာသပတေးနေ့) နေ့လယ် နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ ဥပဒေမူကြမ်း (Articles of Federal Transitional Arrangements - AFTA) တို့တွင် ပါရှိသည့် သဘောတူညီချက်များ၊ အခြေခံသဘောထား အယူအဆများ၊ ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် ရှေ့လုပ်ငန်းစဉ် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသည့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြပြီး ဖက်ဒရယ်ရေးရာကော်မတီနှင့် ဝန်ကြီးဌာနတို့အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ဖက်ဒရယ်အသိပညာပေးဆိုင်ရာသင်တန်းကိစ္စများအား အတူလက်တွဲ ဖော်ဆောင်သွားနိုင်ရန် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်။


အစည်းအဝေးသို့ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီးများဖြစ်သည့် မိုင်းဝင်းထူး၊ ဦးချစ်ထွန်းနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨၃။ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ဆိုင်ရာ လေ့လာသုံးသပ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့


ဇန်နဝါရီ၂၄ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်တို့သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ  တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့မှ  နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ ဆောင်ရွက်ပြီးစီးခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ဆိုင်ရာ လေ့လာသုံးသပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ တရားစီရင်ရေးဆိုင်ရာ မျှော်မှန်းချက်များကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါတယ်။


ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော တာဝန်ရှိသူများက  သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကာ ယူနစ်လွှတ်တော် ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း‌ ဖြေကြားခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင်အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨၄။ IIMM အကြီးအကဲဖြစ်သူ ခွန်ဂျန် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်နှင့် လူအမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့


ဇန်နဝါရီ၂၄ရက်

Radio NUG

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခရီးစဥ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား အကြီးအကဲဖြစ်သူ ခွန်ဂျန်သည် အဆင့်မြင့်အစိုးရအရာရှိကြီးများအပြင် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်နှင့် လူအမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့တယ်လို့ ဇန်နဝါရီ ၂၄ရက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMMက အသိပေးထုတ်ပြန်ပါတယ်။


"ကျွန်တော်စကားပြောခဲ့တဲ့ ရိုဟင်ဂျာများကတော့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်မှုအပြီး ခုနစ်နှစ်ခွဲကြာပြီးချိန်အထိတောင် အခြေအနေတွေက သူတို့ကို နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးလို့ စိတ်ပျက်ရတယ်လို့ ပြောကြပါတယ်။  ရိုဟင်ဂျာများအနေနဲ့ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိ မိမိဆန္ဒအလျောက် ရေရှည်တည်တံ့မှုရှိတဲ့ နေရပ်ကို ပြန်နိုင်ရေးအတွက် အရပ်သားတွေကို ပစ်မှတ်ထားကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ပြီး အဲ့ဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိဖို့အတွက် ဆောင်ရွက်ရမှာက အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်"လို့ IIMMယန္တရားအကြီးအကဲက ပြောပါတယ်။


၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းစစ်ဆင်ရေးများမှာ ကျူးလွန်ခဲ့ကြသည့် ကြောက်မက်ဖွယ်ရာဇဝတ်မှုများနှင့် လတ်တလော ရခိုင်ပြည်နယ်အတွင်းရှိ လူထုပဋိပက္ခများအား စုံစမ်းစစ်ဆေးခြင်းများမှာ ယန္တရားနှင့် အစဥ်တစိုက် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း အထူးကျေးဇူးတင်တယ်လို့ IIMMက ထုတ်ပြန်ပါတယ်။


========================


📌📌 ⁨⁨⁨၅။  မန္တလေး ကျုံးအနောက်တံခါးပေါက်က စည်ရှည်တံတားအနီးမှာ စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို မန္တလေးလူထုသပိတ်လှုပ်ရှားသူများ ကပ်ထားခဲ့


ဇန်နဝါရီ၂၄ရက်

Radio NUG

မန္တလေး ကျုံးအနောက်တံခါးပေါက်က စည်ရှည်တံတားအနီးမှာ စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို မန္တလေးလူထုသပိတ်လှုပ်ရှားသူများ ကပ်ထားခဲ့တယ်လို့ ဇန်နဝါရီ ၂၄ရက်မှာ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက အသိပေးဆိုထားပါတယ်။


"မင်းအောင်လှိုင်တယောက် ဘုရင်ရူးရူးပြီး ပြန်တည်ဆောက်နေတဲ့ မန္တလေးကျုံး အနောက်တံခါးပေါက်က စည်ရှည်တံတားအနီးမှာ ကျွန်တော်တို့ ပြည်သူများကို နှိုးဆော်ပေးရုံသာမက စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို ကပ်ထားခဲ့ပါတယ်။ တဖန် စစ်ကောင်စီ ထောက်လှမ်းရေးတွေ၊ ""သုံးလုံးတွေ နေရာယူလေ့ရှိတဲ့ မြောက်ဘက်ကျုံးနံဘေးနဲ့ ကျုံးမြို့ရိုး အင်္ဂါထောင့်မှာပါ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို တပြိုင်တည်း ဖော်ဆောင်ခဲ့ကြပါသေးတယ်"လို့ ဆိုပါတယ်။


မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့  ပြည်သူအားလုံးမှာ တာဝန်ရှိကြလို့ဒေါက်တာတေဇာဆန်းက အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨၆။ ဂျပန်နိုင်ငံတိုကျိုမှာ"မြန်မာ့နွေဦးတော်လှန်ရေး အလံမလှဲ လူထုလှုပ်ရှားမှု"လုပ်ဆောင်မယ်


ဇန်နဝါရီ၂၄ရက်

Radio NUG

ဂျပန်နိုင်ငံတိုကျိုမှာ"မြန်မာ့နွေဦးတော်လှန်ရေး အလံမလှဲ လူထုလှုပ်ရှားမှု"လုပ်ဆောင်မယ်လို့သိရပါတယ်။


"ဖေဖော်ဝါရီလ ရက်နေ့ဟာဆိုရင် စစ်တပ်မှ အဓမ္မနိုင်ငံတော်အာဏာလုယူထားသည့် ()နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။မအောင်မြင်သော စစ်အာဏာသိမ်းမှုအား ကြံ့ကြံ့ခံကာ ဆက်လက်တွန်းလှန်နေသည့် ပြည်သူလူထု၏ ပြင်းပြသောဆန္ဒနှင့် သာလွန်သော စိတ်ခွန်အားများကြောင့် စစ်အုပ်စုမှာ ကျဆုံးမှုများစွာနှင့် ရင်ဆိုင်နေရသည့်အပြင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီအောင်ပွဲဟာလည်း လက်တကမ်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း"မြန်မာ့နွေဦးတော်လှန်ရေး အလံမလှဲ လူထုလှုပ်ရှားမှု" မှာပါဝင်ပြီး ပြည်သူလူထုကိုယ်စား သဘောထားဆန္ဒများကို ပါဝင်ထုတ်ဖော် ပူးပေါင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်"လို့ အသိပေးကြေညာထားပါတယ်။


ဆန္ဒပြပွဲကို မိမိတို့နှစ်သက်ရာ ပိုစတာများ/အလံ/ခေါင်းစီးများရှိပါက လွတ်လပ်စွာ ကိုင်ဆောင် အသုံးပြုနိုင်ပြီး ဖေဖော်ဝါရီ၁ရက်နေ့ လှုပ်ရှားမှာဖြစ်ပြီးတော့ ချီတက်ဆန္ဒဖော်ထုတ်ပွဲ ပြီးဆုံးသည်နှင့် Shinagawa ရှိ စကစ ဖက်စစ်အခွန်ရုံးရှေ့တွင် ကြွေးကြော်သံများဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




========================


========================





🚩🚩 ၁။ အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် တပ်သား ()ဦး လက်နက်နှင့် အလင်းဝင်လာခြင်းကို သွားရောက်ခေါ်ထုတ်စဉ် စကစမှ ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် အလင်းဝင် တပ်သား ၃ဦးနှင့် PDF ၁ဦး ကျဆုံး


ဇန်နဝါရီ ၂၄ 

Radio NUG 


ဇန်နဝါရီလ (၁၇)ရက်နေ့တွင် အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူး၊ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား()ဦးမှ လက်နက်နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်အဖွဲ့- နေပြည်တော်သို့ ဘက်ပြောင်း ခိုလှုံလာခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အလင်းဝင်လာသူများအား သွားရောက်ခေါ်ထုတ်စဉ်တွင် ရန်သူ့ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့၊  တိုင်း-တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး၊ ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေးမြို့နယ်-ပကဖမှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကာ ဘက်ပြောင်းခိုလှုံလာသည့် တပ်သား()ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ကျဆုံးရဲဘော်များအား အာဇာနည်ကုန်းတွင် ဂုဏ်ပြုတပ်ဖွဲ့မှအလေးပြု၍ အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။


ကျဆုံးရဲဘော်များ၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်ပေးပါသော၊ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသော EROsခေါင်းဆောင်များ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား လေးနက်စွာဖြင့် မှတ်တမ်းတင်ရှိပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲအရာရှိတွေ အပါ ရှစ်ဦး သေဆုံးခဲ့ကြောင်း ဖလမ်းခရိုင်ရဲမှူး ပြောဆို


ဇန်နဝါရီ ၂၄ 

Radio NUG 


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လုံရွာကို ဇန်နဝါရီ ရက်နေ့တွင် ချင်းညီနောင်တပ်ဖွဲ့ ရဲ့ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ စာသင်ကျောင်းကို စစ်တပ်မှ ဗုံးကြဲခဲ့တာကြောင့် စစ်ကောင်စီရဲ့ အရာရှိတွေနဲ့ မိသားစုဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူးက CNDF က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောဆိုထားပါတယ်။ 


ကျွန်တော်တို့ကို ထိန်းသိမ်းထားတဲ့ ကျောင်းဆောင်ပေါ့၊ ကျောင်းဆောင်ကို ၁၁နာရီ ၁၅ မိနစ်လောက် အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရပါတယ်။ ကျွန်တော့်ဆီက အရာရှိရဲအုပ် တစ်ယောက်၊ ဒုရဲအုပ် သုံးယောက်၊ အခြားအဆင့် သုံးယောက်၊ ခုနှစ်ယောက်နဲ့ မှီခိုသူ အမျိုးသမီး တစ်ယောက် စုစုပေါင်း ရှစ်ယောက် ကျဆုံးခဲ့ပါတယ်။  ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးမိုးနိုင်က ပြောပါတယ်။


ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၃ ဦး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

လက်ရှိမှာ တော်လှန်ရေးအဖွဲ့တွေက နှိပ်စက်တာမလုပ်ဘဲ ကောင်းမွန်စွာ စောင့်ရှောက်ထားတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်မပူကြဖို့ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနဲ့ ဒု- ရဲမှူးတို့က ဗီဒီယိုဖိုင်ထဲမှာ ပြောဆိုထားပါတယ်။ 


ကျွန်တော်တို့ကတော့ အဲလိုလာပြီးတော့ တိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ရဲဝန်ထမ်းတွေ၊ ရဲတာဝန်ထမ်းဆောင်ရင်းနဲ့ အဖမ်းခံထားရတယ်ဆိုတော့လေ။ ကိုယ့်မျက်စိရှေ့တင်ဆိုတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ မိသားစုဝင် ရှစ်ဦး သေဆုံးသွားတော့ တော်တော်ကြီး စိတ်မကောင်းဖြစ်မိတယ်။ တို့ကိုတော့ အဲလိုကြီး မလုပ်လောက်ပါဘူးလို့ ထင်ခဲ့တာလေ။လို့ ဒု - ရဲမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။ 


တော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့ အညီကောင်းမွန်စွာစောင့်ရှောက်ထားတာကြောင့် CDM ပါဝင်မယ့်သူတွေကို ဖိတ်ခေါ်တယ်လို့ ပြောဆိုထားပါတယ်။


========================


🚩🚩 ၃။ မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် လမ်းပိုင်းကင်းယူခြင်း၊ ပြည်သူများကို အနိုင်ကျင့် ဆက်ကြေးကောက်ခြင်း ပြုလုပ်နေတဲ့ ပျူစောထီးနှင့် စစ်သားများကို မိုင်းဆွဲ


ဇန်နဝါရီ ၂၄ 

Radio NUG 


ဇန်နဝါရီလ ၂၄ရက်နေ့ မနက် ၉နာရီ ၁၂မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် တောပုပျူရွာမှ ထွက်၍ လမ်းပိုင်းကင်းယူခြင်း၊ ပြည်သူများကို အနိုင်ကျင့်ဆက်ကြေးကောက်ခြင်း ပြုလုပ်လေ့ရှိသော ပျူစောထီးနှင့် စစ်သားများကို  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


မိုင်းဆွဲတိုက်ခိုက်ရာ နေရာတွင် ()ဦး ထိခိုက်၍  ပြင်းပြင်းထန်ထန်ဒဏ်ရာများ ရရှိခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို စုံစမ်းဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ပျူများနှင့် စစ်သားများဘက်မှ လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ညီနောင်ရဲဘော်များ ဘေးမသီရန်မခ အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ဖွဲ့ () Special Force-11(LPDF)Monywa, Special ဒိတ်ဒိတ်ကြဲအဖွဲ့  Monywa Dynamite(STF)  တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ခေါဇာ ခလရ ၃၁ တပ်စခန်းကို မွန်တော်လှန်ရေး တပ်တွေနဲ့ PDF ဝင်ရောက်တိုက်ခိုက်


ဇန်နဝါရီလ ၂၄ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ - ၃၁ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် နာရီ ၁၅ မိနစ်အချိန်မှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဘက်မှ ဦး သေဆုံးပြီး ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ထားဝယ်၊ ပကာရီ ရဲစခန်း အနီးက စစ်ဆေးရေး ဂိတ်ကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံး


ဇန်နဝါရီလ ၂၄ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းအနီးက စစ်ဆေးရေးအကြောင်းပြကာ ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ YePhyu People Defence Force - YPPDF က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၄ ရက်၊ နေ့လည် ၁၂ နာရီခွဲ ခန့်မှာ ပကာရီ ရဲစခန်း အနီးက စစ်ဆေးရေး ဂိတ်ကို ဒူရက စစ်ကြောင်း ရဲဘော်များက စနိုက်ဘာဖြင့် သွားရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအပြီး ဒူရကစစ်ကြောင်းမှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ရေး အရှိန်မြှင့် ဆောင်ရွက်နေတဲ့အချိန် ဖြစ်တာကြောင့် မိဘပြည်သူများ အနေနဲ့ အထူးသတိပြုပြီး သွားလာနေထိုင်ကြဖို့နဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ပူးပေါင်းပေးကြဖို့ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၆။ ဒူးသထူ ခရိုင်အတွင်း စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ


ဇန်နဝါရီလ ၂၄ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ KNU အုပ်ချုပ်နယ်မြေ၊ ဒူးသထူ ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး နဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် အရပ်သား ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၃ ရက် ညနေ နာရီခွဲ အချိန်မှာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်၊ သုံးခွရွာဘက်ကို စစ်ကောင်စီ က ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


ဒရုန်းဗုံးသီး ထိမှန်ခဲ့တာကြောင့် သုံးခွရွာက ကားဝပ်ရှော့ရုံဟောင်း တစ်ခု ထိမှန်ပျက်စီးခဲ့ပြီး အနီးနားမှာ သွားလာနေတဲ့ ဝင်းကံရွာ တဖက်ကမ်းနေ စောအယ်စိုး ဆိုသူ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဒရုန်းဟာ ဗုံးသီး ချပြီးနောက် စစ်ကောင်စီရဲ့ အမတ ၂၀၇ နဲ့ အမတ ၃၁၀ တပ်စခန်းတို့ဘက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


ညနေ နာရီ ၄၅ မိနစ်ခန့်မှာ ခမရ တပ်ရင်းကနေ သထုံမြို့နယ်၊ ဝီယော ကျေးနယ်က ပြည်သူလူထု နေထိုင်ရာ ကျေးရွာထဲကို လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ထို့ကော်ကျိူး ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၃ နှစ်အရွယ် စောကျော်ထက်ဟိန်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။


========================


🚩🚩 ၇။ မန်ကောင်းရွာမှာ အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ


ဇန်နဝါရီလ ၂၄ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ ထိန်းချုပ်နယ်မြေ၊ မန်ကောင်းရွာမှာ အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၂ ရက်နေ့ နာရီခန့်မှာ အသက် ၃၄ နှစ်အရွယ် ဦးဆိုင်လီနော် ဆိုသူဟာ ယခင် စစ်ကောင်စီတပ် ခမရ (၅၀၄) စခန်းဟောင်း အနီးမှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် ၎င်းရဲ့ လက်နှစ်ဖက်နဲ့ လက်ချောင်းများ ပြတ်ထွက်ခဲ့ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့ကလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာက ဦးအိုက်ဆိုင် ဆိုသူဟာ ခြံအတွင်း မြက် ရှင်းနေရင်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment