၂၀၂၅ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်အပါအဝင်မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ရဲ့ အမေရိကန်ဖလော်ရီဒါရောက်နှစ်သစ်နွေဦး မြန်မာမိသာစုများနှင့်တွေ့ဆုံပွဲအောင်မြင်စွာကျင်းပပြီးစီး
📌 ၂။ ”တိုင်းပြည်ကို အမြန်ဆုံးပြန်ချင်လို့ လူ့အခွင့်ရေးအလုပ်တွေကို လုပ်နေတာဖြစ်တယ်"လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ထုတ်ဖော်ပြောကြား
📌 ၃။ နော်ဝေနိုင်ငံရှိ မြန်မာစာသင်ကြားရေးအဖွဲ့မှ ရရှိတဲ့လစာများကို ကရင်ပြည်နယ်ရှိ စစ်ရှောင်ကျောင်းသို့ လိုအပ်ချက်များကို မျှဝေကူညီ
📌 ၄။ မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပ
📌 ၅။ မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)သို့ ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် ကိုရီးယားမှာဆန္ဒပြမည်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်တပ်ကစုစုပေါင်း (၃)ကြိမ် လာရောက်မီးရှို့ဖျက်ဆီးသွားခဲ့သောကြောင့် ဒေသခံနေအိမ် (၂၀)ခန့်မီးလောင်ပျက်စီးဆုံးရှုံး
🚩 ၂။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှအတင်းအကြပ် တပ်သားစုဆောင်းခံရပြီး စစ်မှုထမ်းနေရသော စစ်ကောင်စီတပ်သား (၃) ဦး KNDF တပ်ရင်းအမှတ် (၂)ထံသို့ ရောက်ရှိလာ
🚩 ၃။ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု (၁၅၀)စုစာ၊စစ်ဘေး ရှောင်ပြည်သူများထံသို့ ထပ်မံပြီး ဆန်၊ ဆီ၊ အဝတ်အထည်များနှင့်သက်ကြီးရွယ်အို အဖိုးအဖွားများအား ထောက်ပံ့ကူညီငွေများကို ကူညီပေးအပ်ခဲ့
🚩 ၄။ တနင်္သာရီကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုအထက်တန်းကျောင်း၏ ပညာရေးစုံညီ၌ လေကြောင်းရန်ကာကွယ်နည်းများ အသိပညာပေး
🚩 ၅။ တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲရယူပြီးတဲ့ PDFတွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်အပါအဝင်မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ရဲ့ အမေရိကန်ဖလော်ရီဒါရောက်နှစ်သစ်နွေဦး မြန်မာမိသာစုများနှင့်တွေ့ဆုံပွဲအောင်မြင်စွာကျင်းပပြီးစီး
ဇန်နဝါရီ၂၇ရက်
ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်အပါအဝင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ရဲ့ အမေရိကန်ဖလော်ရီဒါရောက်နှစ်သစ်နွေဦး မြန်မာမိသာစုများနှင့်တွေ့ဆုံပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ၂၆ရက်အမေရိကန်Florida, LakeLand မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
အခမ်းအနားသို့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အခြေအနေနဲ့တော်လှန်ရေးအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး သရုပ်ဆောင် ဒေါင်း နှင့် ပိုင်ဖြိုးသုတို့ ပါဝင်သည့် GUILT တော်လှန်ရေးရုပ်ရှင် ဇာတ်လမ်းတို( မိနစ် ၂၀ ) စာကို အခမဲ့ ပြသခဲ့ပြီး တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲတော်ကိုလည်းကျင်းပခဲ့ပါတယ်။
========================
📌📌 ၂။ ”တိုင်းပြည်ကို အမြန်ဆုံးပြန်ချင်လို့ လူ့အခွင့်ရေးအလုပ်တွေကို လုပ်နေတာဖြစ်တယ်"လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ထုတ်ဖော်ပြောကြား
ဇန်နဝါရီ၂၇ရက််
ဇန်နဝါရီလအတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက အခုလိုအသိပေးပြောကြားထားပါတယ်။
"BBC အင်တာဗျုးမှာ မြန်မာပြည်ထဲပြန်ဖို့အစီအစဥ်နဲ့ပတ်သက်ပြီး မေးလာတာကို ပြန်နားထောင်ပြီး တွေးမိတယ်။ကိုယ်ချစ်တဲ့တိုင်းပြည်ကိုထားရစ်ပြီး တော်လှန်ရေးလုပ်ဖို့ နှစ်ကြိမ်ထွက်လာခဲ့ရတယ်။ နှစ်ထပ်ကွမ်းသူပုန်နဲ့ ဒုတ္တိယံပိ နိုင်ငံမဲ့ပေါ့။ထွက်လာခဲ့ရတိုင်း စထွက်လာကတည်းက နိုင်ငံခြားမှာနေချင်လို့၊ နေဖို့ ထွက်လာတာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ကို ကောင်းမွန်အောင် ပြန်လည်ထူထောင်မွမ်းမံနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ပြီး တိုင်းပြည်ကို ပြန်နိုင်ဖို့ထွက်လာတာဖြစ်တယ်။ တခုပိုကြိုးစားလုပ်ရင် ကိုယ်ချစ်တဲ့တိုင်းပြည်ကို ပြန်နိုင်ဖို့တရက်ပိုနီးမယ်ဆိုပြီး ခံယူခဲ့တယ်။ တိုင်းပြည်ကို မပြန်ချင်လို့လုပ်နေတာမဟုတ်ဘူး။ အမြန်ဆုံးပြန်ချင်လို့ အလုပ်လုပ်နေတာပါ"လို့ဝန်ကြီးကပြောပါတယ်။
လတ်တလောမှာလူ့အခွင့်ရေးဝန်ကြီးဌာနအနေနဲ့စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုမှတ်တမ်းတင်လျက်နိုင်ငံတကာအစိုးရများနဲ့ကုလသမဂ္ဂထံပေးပို့လျက်ရှိပါတယ်။
========================
📌📌 ၃။ နော်ဝေနိုင်ငံရှိ မြန်မာစာသင်ကြားရေးအဖွဲ့မှ ရရှိတဲ့လစာများကို ကရင်ပြည်နယ်ရှိ စစ်ရှောင်ကျောင်းသို့ လိုအပ်ချက်များကို မျှဝေကူညီ
ဇန်နဝါရီ၂၇ရက်
နော်ဝေနိုင်ငံရှိ မြန်မာစာသင်ကြားရေးအဖွဲ့မှ ရရှိတဲ့လစာများကို ကရင်ပြည်နယ်ရှိ စစ်ရှောင်ကျောင်းသို့ လိုအပ်ချက်များကို မျှဝေကူညီခဲ့ပါတယ်။
နော်ဝေနိုင်ငံ မြန်မာစာသင်ကြားမူမှ ရရှိသောခလေးများလစာမှ ကုန်ကျစရိတ်များနှုတ်၍ ကျန်သောငွေများအား ကရင်ပြည်နယ်ရှိ ကျောင်းသား ၁၃၅ ယောက်ရှိသော Sone Si Yar IDP Camp Lor Bar Kho(Karenni State)သို့ လိုအပ်နေသောကျောင်းသုံး White Board များနှင့် တခြားလိုအပ်ချက်များ ကူညီခဲ့တယ်လို့ CRPH Support Group, Norwayက အသိပေးဆိုထားပါတယ်။
လှူဒါန်းရန်ကူညီပေးသောအဖွဲ့ အား ကျေးဇူးတင်ရှိကြောင်းနဲ့ ကျောင်းသားအရွယ် ခလေးငယ်များအားလုံး အခမဲ့စာသင်ကြားခွင့်ရနိုင်သော မြန်မာပြည်အမြန်ဆုံးဖြစ်နိုင်ပါစေလို့ CRPH Support Group, Norwayကဆိုထားပါတယ်။
========================
📌📌 ၄။ မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပ
ဇန်နဝါရီ၂၇ရက်
မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းခရိုင် သယံဇာတ တာဝန်ခံ၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြောင်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့ ပူးပေါင်းပြီး မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အခမ်းအနားသို့ကျောင်းသား/သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများအတွက် စာရေးကိရိယာများ လှူဒါန်းပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၅။ မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)သို့ ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် ကိုရီးယားမှာဆန္ဒပြမည်
ဇန်နဝါရီ၂၇ရက်
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)သို့ ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် ကိုရီးယားမှာဆန္ဒပြမယ်လို့သိရပါတယ်။
ဇန်နဝါရီ၂၈ရက် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ်၊ ဘူဖျောင်းအဝိုင်းမှာ မြန်မာအင်အားစုများက လှုပ်ရှားမယ်လို့သတင်းရရှိပါတယ်။
မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ရရှိစေရန်၊နိုင်ငံတကာမှ စစ်အာဏာရှင်အပေါ် အရေးယူဆောင်ရွက်မှုများကို လျှင်မြန်စွာဆောင်ရွက်စေရန်၊မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာသို့ ရောက်ရှိစေရန် ရည်ရွယ်တယ်လို့ ပွဲကျင်းပခြင်းရဲ့ရည်ရွယ်ချက်ကိုသိရပါတယ်။
တော်လှန်ရေးအမှတ်တရပစ္စည်းများ၊မြန်မာ အစားအသောက်များ နှင့် ရန်ပုံငွေစျေးရောင်းပွဲတော် အစီအစဥ်လည်းပါ၀င်မည်ဖြစ်ပြီး MFDMC ထောက်ပို့တပ်သား၆လအထက် တာ၀န်ထမ်းဆောင်နေသူများကို ထောက်ပို့တပ်သားIDကဒ်များ ထုတ်ပေးမယ်လို့သိရှိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်တပ်ကစုစုပေါင်း (၃)ကြိမ် လာရောက်မီးရှို့ဖျက်ဆီးသွားခဲ့သောကြောင့် ဒေသခံနေအိမ် (၂၀)ခန့်မီးလောင်ပျက်စီးဆုံးရှုံး
ဇန်နဝါရီ၂၇ရက်
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်တပ်ကစုစုပေါင်း (၃)ကြိမ် လာရောက်မီးရှို့ဖျက်ဆီးသွားခဲ့သောကြောင့် ဒေသခံနေအိမ် (၂၀)ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ TNLAကသတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်တစ်ကြိမ်၊ ဇန်နဝါရီလ ၁၉ ရက်တစ်ကြိမ်နှင့် ယနေ့ ဇန်နဝါရီလ ၂၆ ရက် ညနေ (၅း၃၀)အချိန်တွင် တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် လာရောက်မီးရှို့ဖျက်ဆီးသွားခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဒေသခံနေအိမ် (၂၀)ခန့် ပျက်စီးသွားခဲ့ပါတယ်။
လွန်ခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်တွင်လည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၈)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၂။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှအတင်းအကြပ် တပ်သားစုဆောင်းခံရပြီး စစ်မှုထမ်းနေရသော စစ်ကောင်စီတပ်သား (၃) ဦး KNDF တပ်ရင်းအမှတ် (၂)ထံသို့ ရောက်ရှိလာ
ဇန်နဝါရီ၂၇ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှအတင်းအကြပ် တပ်သားစုဆောင်းခံရပြီး စစ်မှုထမ်းနေရသော စစ်ကောင်စီတပ်သား (၃) ဦး ဇန်နဝါရီလအတွင်း KNDF တပ်ရင်းအမှတ် (၂)ထံသို့ ရောက်ရှိလာတယ်လို့ KNDFတပ်ရင်းအမှတ်၂က အတည်ပြုဆိုထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စုဆောင်းခံရသော တပ်သား (၃)ဦးမှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့တွင် စစ်သင်တန်း အပတ်စဉ် (၃) ဆင်းပြီးနောက် လွိုင်ကော်မြို့သို့ ပို့ဆောင်ခံခဲ့ရပြီး၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့ပြင်ရှိ တာဝန်ကျရာ ကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တပ်ရင်းသို့ရောက်ရှိလာသော တပ်သား (၃)ဦးကို ကောင်းမွန်စွာစစ်ဆေးခဲ့ပြီး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားရှိတယ်လို့သိရပါတယ်။
========================
🚩🚩 ၃။ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု (၁၅၀)စုစာ၊စစ်ဘေး ရှောင်ပြည်သူများထံသို့ ထပ်မံပြီး ဆန်၊ ဆီ၊ အဝတ်အထည်များနှင့်သက်ကြီးရွယ်အို အဖိုးအဖွားများအား ထောက်ပံ့ကူညီငွေများကို ကူညီပေးအပ်ခဲ့
ဇန်နဝါရီ၂၇ရက်
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စု အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု (၁၅၀)စုစာ၊စစ်ဘေး ရှောင်ပြည်သူများထံသို့ ထပ်မံပြီး ဆန်၊ ဆီ၊ အဝတ်အထည်များနှင့်သက်ကြီးရွယ်အို အဖိုးအဖွားများအား ထောက်ပံ့ကူညီငွေများကိုကူညီပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီလအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ)က တရားဝင်အသိပေးဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ) ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနမှ ၊ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စု အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု (၁၅၀)စုစာ၊စစ်ဘေး ရှောင်ပြည်သူများထံသို့ ထပ်မံပြီး ဆန်၊ ဆီ၊ အဝတ်အထည်များနှင့်သက်ကြီးရွယ်အို အဖိုးအဖွားများအား ထောက်ပံ့ကူညီငွေများ၊ (လမ်းပမ်းဆက်သွယ်ရေး ခတ်ခဲသောနေရာများရှိ) အမျိူးသမီးငယ်များအတွက် အမျိုးသမီးလစဥ်သုံးပစ္စည်းများနှင့် အခြားအသုံးဆောင်ပစ္စည်းများကိုသွားရောက်လှူဒါန်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။(TRI ဗျူဟာ)၏ ပြည်သူ့ဆက်ဆံရေးဌာနသည် ဝေမျှပေးရန် ပိုလျှံနေသည့် ပြည်သူ နှင့် လိုအပ်နေသောပြည်သူကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားတစ်ခုဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRIဗျူဟာ)၏ "ပြည်သူမှ ပြည်သူသို့" အစီအစဉ်မှာမန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း (၁၄)ခုမှအိမ်ထောင်စု (၆၅၂)စု၊ လူဦးရေ (၂၁၉၈)ဦးတို့အား ထောက်ပံ့ကူညီလှူဒါန်းပေးပြီးဖြစ်ကာ ကျေးရွာ( ၇ )ရွာရှိ စစ်ဘေးရှောင် အိမ်ထောင်စု ( ၁၃၇ )စု၊ လူဦးရေ ( ၆၆၃) ဦးစာ လှူဒါန်းပေးရန်ကျန်ရှိနေသေးတယ်လို့သိရပါတယ်။
========================
🚩🚩 ၄။ တနင်္သာရီကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုအထက်တန်းကျောင်း၏ ပညာရေးစုံညီ၌ လေကြောင်းရန်ကာကွယ်နည်းများ အသိပညာပေး
ဇန်နဝါရီလ ၂၇ရက်
တနင်္သာရီကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုအထက်တန်းကျောင်း၏ ပညာရေးစုံညီ၌ လေကြောင်းရန် ကာကွယ်နည်းများ အသိပညာပေးခဲ့ပါတယ်။
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုမြေပြင်အထက်တန်းကျောင်းတကျောင်း၏ ပညာရေးစုံညီ၌ စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်ခြင်းနည်းလမ်းများအား သရုပ်ဖော်ပြသခဲ့ကြတယ်လို့ ဗကသများအဖွဲ့ချုပ်ကအတည်ပြုဖော်ပြပါတယ်။
တဆက်တည်းမှာပဲ ၎င်းပညာရေးစုံညီကို တက်ရောက်လာကြသော ပြည်သူလူထုအား လေကြောင်းရန်ကာကွယ်နည်း လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့ကြပါတယ်။
========================
🚩🚩 ၅။ တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲရယူပြီးတဲ့ PDFတွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်တယ်လို့ဆို
ဇန်နဝါရီ၂၇ရက်
တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲ ရယူပြီးတဲ့ PDF တွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်တယ်လို့ ဇန်နဝါရီလအတွင်း စစ်ရေးသုံးသပ်ချက်များကိုရေးသားဖော်ပြတဲ့ PDFInsightက သုံးသပ်ထားပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပကဖ အဖွဲ့တွေဟာ တနိုင်ငံလုံးမှာ စစ်အာဏာရှင် အမြစ်ပျက်ချေမှုန်းရေး တိုက်ပွဲဝင်လျက်ရှိပါတယ်။ မြေပြန့်ဒေသမှာရော၊ တောင်တန်း ဒေသမှာပါ စစ်အုပ်စုကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ နဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ မြောက်ပိုင်းက ကချင်တောင်တန်း ဒေသမှာ၊ အနောက်ပိုင်းက ချင်းတောင်တန်းမှာ၊ ပင်လယ်ကမ်းခြေနားက ရခိုင်ဒေသမှာ၊ ကရင် နယ်ခြားဒေသမှာ၊ တနင်္သာရီဒေသမှာ PDF နဲ့ ပကဖ တွေဟာ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ ပြည်နယ် (၇) ခု လုံးမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်လျက်ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄ ခုနစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲ ရယူပြီးတဲ့ PDF တွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
PDF နဲ့ ပကဖ တွေ ဒေသတခု၊ နယ်မြေ တခု၊ တိုင်း တတိုင်း၊ ပြည်နယ် တပြည်နယ် လွတ်မြောက်ရေး တိုက်ပွဲဝင်နေတာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ထူထောင်ဖို့ တိုက်ပွဲဝင်နေကြသူတွေ ဖြစ်တယ်လို့လည်းPDF Insightကဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment