6th Jan 2025 - Evening Daily News by Radio NUG

၂၀၂၅ ဇန်နဝါရီလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ "၂၀၂၅ မှာ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချေမှုန်းဖို့ ရည်မှန်းထားကြောင်း"ယာယီသမ္မတပြောကြား

📌 ⁨⁨⁨⁨⁨⁨၂။ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာစွာ ဆက်ဆံဖို့ လိုပေမယ့် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူမှုကို  မဖြစ်မနေ ပြုလုပ်ရမှာဖြစ်တယ်"လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ⁨⁨⁨⁨⁨⁨၃။ အတင်းအဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီဆိုပါက PDF/ပကဖ/တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်စေလိုတယ်လို့ ကာကွယ်ရေးဒုအတွင်းဝန်ဆို

📌 ⁨⁨⁨⁨⁨⁨၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများဆွေးနွေးခဲ့

📌 ⁨⁨⁨⁨⁨⁨၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာ၏၃၇ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ ချက်ပြုတ်ရောင်းချရငွေနဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၀၀၀ကျော်ရရှိ


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေးမြို့နယ်၊ ကျောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ တပ်စခန်း ခမရ (၅၈၃)အတွင်းသို့ (၆၀)မမ လက်နက်ကြီးဖြင့် ()လုံး ပစ်ခတ်ခဲ့ရာ  စကစဗိုလ်ကြီး ()ဦးသေဆုံး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

🚩 ၂။ မုံရွာ နမခ မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် မြောက်အရပ်ဘက်သို့ ရမ်းထုနေသောကြောင့် ပြည်သူများ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်ကြရန် အရေးပေါ်သတိပေး

🚩 ၃။ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တပ်သားနှင့်ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

🚩 ၄။ "ချပ်ဝတ်တန်ဆာ-သိန်း ၁၅၀၀" ကမ်ပိန်းစတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ "၂၀၂၅ မှာ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချေမှုန်းဖို့ ရည်မှန်းထားကြောင်း"ယာယီသမ္မတပြောကြား


ဇန်နဝါရီ

Radio NUG

"၂၀၂၅ မှာ မင်းအောင်လှိုင်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချေမှုန်းဖို့ ရည်မှန်းထားကြောင်း"ယာယီသမ္မတဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။


ဇန်နဝါရီလမှာ Al Jazeera သတင်းဌာနနှင့် ယာယီသမ္မတနဲ့ မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"၂၀၂၅ မှာ ကျွန်တော်တို့က ဒုစရိုက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျွန်တော်တို့ မြေပေါ်ကနေ အပြီးတိုင်ချေမှုန်းဖို့ ရည်မှန်းထားပါတယ်"လို့ ယာယီသမ္မတက ပြောပါတယ်။


နွေဦးတော်လှန်ရေးဟာ ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်းကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလကစလို့ တဟုန်ထိုးပြောင်းလဲတိုးတက်လာပါတယ်။


ဒီနောက် ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေ၊ကချင်မြေက နယ်မြေသိမ်းတိုက်ပွဲတွေ၊ ချင်းပြည်နယ်ကမြို့သိမ်း တိုက်ပွဲတွေ နဲ့ တောင်ပိုင်းတိုင်းမှာ တိုးတက်လာနေတဲ့ စစ်ဆင်ရေးတွေ စသဖြင့် မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ အောင်ပွဲတွေ ရရှိလာတာဖြစ်တယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာစွာ ဆက်ဆံဖို့ လိုပေမယ့် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူမှုကို  မဖြစ်မနေ ပြုလုပ်ရမှာဖြစ်တယ်"လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


ဇန်နဝါရီ၆ရက်

Radio NUG

"စစ်သုံ့ပန်းတွေကို လူသားချင်းစာနာစွာ ဆက်ဆံဖို့ လိုပေမယ့် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူမှုကို  မဖြစ်မနေ ပြုလုပ်ရမှာဖြစ်တယ်"လို့ NUGလူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။


ဇန်နဝါရီ၆ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဝန်ကြီး၏ပြောကြားချက်ကို ဖော်ပြထားပါတယ်။


"စစ်သုံ့ပန်းတွေကို လူသားချင်းစာနာစွာ ဆက်ဆံဖို့ လိုပေမယ့် သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ကတော့ စုံစမ်းစစ်ဆေးကာ မှန်ကန်လွတ်လပ်တဲ့ တရားစီရင်မှုအတိုင်း ထိရောက်တဲ့ အရေးယူမှုကို  မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။"လို့ဆိုပါတယ်။


လက်ရှိမှာ တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရမိထားတဲ့ စကစတပ်ရဲ့ စစ်သုံ့ပန်းများကို စနစ်တကျထိန်းသိမ်းထားရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ အတင်းအဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီဆိုပါက PDF/ပကဖ/တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်စေလိုတယ်လို့ ကာကွယ်ရေးဒုအတွင်းဝန်ဆို


ဇန်နဝါရီ၆ရက်

Radio NUG

အတင်းအဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီဆိုပါက PDF/ပကဖ/တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်စေလိုတယ်လို့ ကာကွယ်ရေးဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ဇန်နဝါရီ၆ရက် ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။


"အတင်းအဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီဆိုပါက မိမိကသော်လည်းကောင်း မိသားစုဝင်များကသော်လည်းကောင်း မိမိနေထိုင်ရာဒေသ(ဝါ)နီးစပ်ရာ(ဝါ)သိရှိရာPDF/ပကဖ/တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ကြစေလိုပါတယ်"လို့ဆိုပါတယ်။


လောလောဆယ်အချိန်အထိ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၁၆၉)မှု ဖမ်းဆီးခံရသူပေါင်း (၂၂၈၆၃) ဦးရဲ့ အချက်အလက်တွေရှိနေပြီဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများဆွေးနွေးခဲ့


ဇန်နဝါရီ၆ရက်

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏  ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ()ရက်နေ့၊ ၀၉၀၀နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။


အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့မှ နုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏  ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း) အပေါ် သုံးသပ်ပြီးစီးမှု အခြေအနေများ၊ ယူနစ်အတွင်း နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ပြည်ထောင်စုအစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။ 


အစည်းအဝေးသို့ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာ၏၃၇ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ ချက်ပြုတ်ရောင်းချရငွေနဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၀၀၀ကျော်ရရှိ


ဇန်နဝါရီ၆ရက်

Radio NUG

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာ၏ ၃၇ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ ချက်ပြုတ်ရောင်းချရငွေနဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၀၀၀ ကျော်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇန်နဝါရီ၆ရက်မှာ ၃၇ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ ရောင်းရငွေနဲ့အလှူငွေ စုစုပေါင်း၁၄၃၅၃ဒေါ်လာ ရရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။


"ပြည်သူလူထုက ပြတ်သားတဲ့ စစ်ဆင်ရေးတွေ နယ်မြေစိုးမိုးမှုတွေ လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ တော်လှန်ရေးဦးဆောင်သူတွေက အချိန်မဆွဲဘဲ လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် အကုန်ကျခံပြီး စစ်ရေးဖော်ဆောင်မှုတွေကို ချမှတ်ကြဖို့ ပြည်သူတွေက စောင့်ဆိုင်းနေပြီဖြစ်ပါတယ်"လို့ နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုက တာဝန်ရှိသူတဦးက radio NUGကိုပြောပါတယ်။


ချက်ပြုတ်လှုဒါန်းပေးသော အလှူရှင်များ၊ ငွေသားအလှူရှင်များ၊ အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသော မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ရှိတယ်လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အသိပေးကြေညာပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ လစဥ်အစားအသောက်များ ချက်ပြုတ်ရောင်းချ၍နွေဦးတော်လှန်ရေးအတွက် ကူညီထောက်ပို့နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ ရေးမြို့နယ်၊ ကျောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ တပ်စခန်း ခမရ (၅၈၃)အတွင်းသို့ (၆၀)မမ လက်နက်ကြီးဖြင့် ()လုံး ပစ်ခတ်ခဲ့ရာ  စကစဗိုလ်ကြီး ()ဦးသေဆုံး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့


ဇန်နဝါရီ၆ရက်

Radio NUG

ရေးမြို့နယ်၊ကျောင်းရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ တပ်စခန်း ခမရ (၅၈၃)အတွင်းသို့ (၆၀)မမ လက်နက်ကြီးဖြင့် ()လုံး ပစ်ခတ်ခဲ့ရာ  စကစဗိုလ်ကြီး ()ဦးသေဆုံး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ဇန်နဝါရီ၆ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာ (၃၁)ရက်နေ့တွင် ရေးမြို့နယ်၊ကျောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ တပ်စခန်း ခမရ (၅၈၃)အတွင်းသို့ (၆၀)မမ လက်နက်ကြီးဖြင့် ()လုံး ပစ်ခတ်ခဲ့ရာ စခန်း၏ ဗဟိုကင်းအနီးသို့ ()လုံး စခန်းအလယ်သို့ ()လုံး ခြံစည်းရိုးအနီးသို့ ()လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စခ ဗိုလ်ကြီး ()ဦးသေဆုံး၊ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုရရှိခဲ့တယ်လို့ဆိုပါတယ်။


စစ်ကောင်စီဘက်က ပြန်လည်၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာနားသို့ကျရောက်ခဲ့ပြီး အပြစ်မဲ့အရပ်သား () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ မုံရွာ နမခ မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် မြောက်အရပ်ဘက်သို့ ရမ်းထုနေသောကြောင့် ပြည်သူများ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်ကြရန် အရေးပေါ်သတိပေး


ဇန်နဝါရီ၆ရက်

Radio NUG

မုံရွာ နမခ မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် မြောက်အရပ်ဘက်သို့ ရမ်းထုနေသောကြောင့် ပြည်သူများ ဘေးလွတ်ရာတွင် ရှောင်တိမ်းနေထိုင်ကြရန် ဇန်နဝါရီ၆ရက်မှာ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။


"မုံရွာ နမခ မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် မြောက်အရပ်ဘက်သို့ ရမ်းထုနေပါသောကြောင့် မိဘပြည်သူများ ဘေးလွတ်ရာတွင် သတိနှင့်နေထိုင်နိုင်ကြပါရန် အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာ၁၈ရက်နဲ့ ၁၆ရက်ကလည်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေကားရွာအနီး (မင်းကင်းမြို့နယ်အစပ်)တွင် ()ကြိမ် ဗုံးသီးအလုံးရေ (၇၀)ခန့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် (၁၇)လုံးပျက်ဆီးပြီး နွား()ကောင်သေဆုံးခဲ့ရကာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကျောင်းသား/သူ ()ဦးအပါအဝင် ပြည်သူ ()ဦး အသက်သေဆုံးရပြီး ()ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။


========================


🚩🚩 ၃။ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တပ်သားနှင့်ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့


ဇန်နဝါရီ၆ရက်

Radio NUG

PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တပ်သားနှင့်ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ဇန်နဝါရီ၆ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တပ်သားနှင့်ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ဖော်ပြပါတယ်။


ဒုရဲအုပ် () ဦးအပါအဝင် တပ်သားနှင့်ရဲ (၂၈) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာခဲ့ခြင်းဖြစ်ပြီး အဆိုပါ (၂၈) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ (၁၃) ဦး ရှိခဲ့ပါတယ်။


လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။


ဒီဇင်ဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၃) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း ထားပါတယ်။


========================


🚩🚩 ၄။ "ချပ်ဝတ်တန်ဆာ-သိန်း ၁၅၀၀" ကမ်ပိန်းစတင်


ဇန်နဝါရီ၆ရက်

Radio NUG

"ချပ်ဝတ်တန်ဆာ-သိန်း ၁၅၀၀" ကမ်ပိန်းစတင်လိုက်ပြီဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ်၇တပ်ရင်းက အသိပေးကြေညာပါတယ်။


"၂၀၂၅ အတွင်းမှာ ထူးခြားတဲ့ စစ်ရေးအပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ဒီအတွက် ကျွန်တော်တို့က နောက်ကနေ လိုက်ဖြည့်တင်းရပါတယ်။ ဒီလိုဖြည့်တင်းနိုင်ဖို့အတွက်ကလည်း ပြည်သူကိုပဲအားကိုးရတာဖြစ်ပါတယ်။ ဒါကြောင့် ရဲဘော် အယောက် ၁၀၀ စာအတွက် ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးဖို့ဖြစ်လာပါတယ်။ ခံစစ် ၁၀ ထိုးစစ် ၁၀၀ ဆိုသလို စစ်ကောင်စီဘက်က အင်အား ၁၀၀၀လောက်ကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ လက်နက်၊ခဲယမ်းနဲ့ တစ်ကိုယ်ရည် တန်ဆာပလာအပြည့်ရှိနေတဲ့ ရဲဘော် အယောက် ၁၀၀ တော့ လိုအပ်နေပါတယ်"လို့ဆိုပါတယ်။


ထို့ကြောင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပွင့်ဖြူပကဖ) တိုင်းပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တို့နဲ့အတူ မင်းဘူးခရိုင် အမှတ်- တပ်ရင်းတို့ ပူးပေါင်းပြုလုပ်တဲ့ "ချပ်ဝတ်တန်ဆာ-သိန်း ၁၅၀၀" ကမ်ပိန်းကိုစတင်လိုက်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment