7th Jan 2025 - Evening Daily News by Radio NUG


၂၀၂၅ ဇန်နဝါရီလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့စစ်တပ်ရဲ့ ကြီးမားတဲ့ ဘဏ္ဍာရေး အရင်းအမြစ် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆီကနေ ဝယ်ယူနေမှုကို ရပ်တန့်သင့်တယ်လို့ယာယီသမ္မတပြော

📌 ⁨⁨⁨⁨⁨⁨⁨၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  စစ်အုပ်စုမှအလှည့်ကျအစီအစဉ်ဖြင့် မီးပေးမှုကြောင့် နေ့စဥ်လူထုဘဝများထိခိုက်

📌 ⁨⁨⁨⁨⁨⁨⁨၃။ RHYTHM-concert လက်မှတ်တွေကို ဒီနေ့ နောက်ဆုံးရောင်းချပေးသွားမည်

📌 ⁨⁨⁨⁨⁨⁨⁨၄။ "ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ Brisbane မြို့မှာ ဇန်နဝါရီအတွင်းပြသသွားမည်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁩ အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

🚩 ၂။ ပုဂံ၊ညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောရဲတပ်သားတစ်ဦး လက်နက်အပ် အလင်းဝင်

🚩 ၃။ အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူထောင်နဲ့ချီလွှတ်ပေးကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသား အနည်းအကျဥ်းသားပါဝင်ကြောင်းAAPPဖော်ပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့စစ်တပ်ရဲ့ ကြီးမားတဲ့ ဘဏ္ဍာရေး အရင်းအမြစ် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆီကနေ ဝယ်ယူနေမှုကို ရပ်တန့်သင့်တယ်လို့ယာယီသမ္မတပြော


ဇန်နဝါရီ၇ရက်


နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ရဲ့ကြီးမားတဲ့ ဘဏ္ဍာရေးအရင်းအမြစ် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆီကနေ ဝယ်ယူနေမှုကို ရပ်တန့်သင့်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလက Al Jazeeraသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

"နိုင်ငံတကာအသိုက်အဝန်းနဲ့  စကစ ကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအကြား တပြိုင်နက်တည်း ပူးပေါင်း ကြိုးပမ်းမှုတွေနဲ့အတူ စကစ ကို ချက်ခြင်းဖျက်ဆီးပစ်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက်ဆိုစကစ ဆီကို ဘဏ္ဍာရေးစီးဆင်းနေတာတွေကို ကိုဖြတ်တောက်ဖို့ အလွန်အရေးကြီးပါတယ်။ စစ်တပ်ဟာ တိုင်းပြည်ကို ဆယ်စုနှစ်တွေနဲ့ချီ ချုပ်ကိုင်ထားခဲ့ရာကနေ ရရှိလာတဲ့ ခိုင်မာတဲ့ အရင်းအမြစ်တွေနဲ့ ကျောထောက်နောက်ခံပြုထားပါတယ်။ ဒါကို ရပ်ဖို့လိုပါတယ်။နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း တပ်မတော်ရဲ့ ကြီးမားတဲ့ ဘဏ္ဍာရေး အရင်းအမြစ် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆီကနေ ဝယ်ယူနေမှုကို ရပ်တန့်သင့်ပါတယ်။ ဒါ့အပြင် လေယာဉ်ဆီ ပံ့ပိုးတာအပြင် စစ်တပ်ကို လက်နက်တွေ ရောင်းချနေတာတွေလည်း ရပ်တန့်သင့်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။

ဒါ့အပြင်စကစနဲ့ ဆက်သွယ်တာ၊ ပြောဆိုဆက်ဆံတာတွေအပြင်  အသိအမှတ် ပြုတာတွေကနေ ရပ်တန့်ဖို့  နိုင်ငံတကာအသိုက်အဝန်းကိုတိုက်တွန်းတောင်းဆိုကြောင်းယာယီသမ္မတကပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  စစ်အုပ်စုမှအလှည့်ကျအစီအစဉ်ဖြင့် မီးပေးမှုကြောင့် နေ့စဥ်လူထုဘဝများထိခိုက်


ဇန်နဝါရီ၇ရက်


ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်စု စုခွဲခြားကာ တစ်အုပ်စုလျှင် နာရီပေး ၊၈ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့် စစ်အုပ်စုကအလှည့်ကျမီးပေးမှုကြောင့် နေ့စဥ်လူထုဘဝများထိခိုက်နေကြောင်းစုံစမ်းသိရှိရပါတယ်။

လက်ရှိမှာစကစဟာ ပျှမ်းမျှတစ်ရက်လျှင် မဂ္ဂါဝပ်၂၂၀၀ ခန့်သာထုတ်လုပ်နိုင်သဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်း ၅၀ လျော့နည်းနေကြောင်းသိရပါတယ်။

"မီးကပေးကိုမပေးတော့တာလို့ပြောလို့ရပါတယ်။လာလည်းခဏပဲ ဖြတ်ဆိုပြန်ပျက်သွားတယ်။ထမင်းအိုးလည်းတည်မရဘူး။ရေလည်းတင်မရဘူး။မီးလာတဲ့အချိန်လည်း ပုံမှန်ကိုမလာတော့တာ"လို့ရန်ကုန်မြို့နေထိုင်သူအိမ်ရှင်မအမျိုးသမီးတဦးကဆိုပါတယ်။

၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲဝေပေးနေကြောင့်စကစရဲ့လျှပ်စစ်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ RHYTHM-concert လက်မှတ်တွေကို ဒီနေ့ နောက်ဆုံးရောင်းချပေးသွားမည်


ဇန်နဝါရီလ ၇ရက် 


နွေဦးတော်လှန်ရေးအတွင်း တော်လှန်အနုပညာရှင်များ၏ အနုပညာခံစားမှုဖြစ်တဲ့   RHYTHM-concert ရဲ့ လက်မှတ်တွေကို ဒီနေ့ ဇန်နဝါရီလ ၇ရက် ည၁၂နာရီအထိ နောက်ဆုံးရောင်းချသွားမှာဖြစ်ပါတယ်။ 

“ concert ရဲ့ tempo အတက်အကျ intermission အားလုံးဟာ အနုပညာကို ချစ်မြတ်နိုး လွန်းတဲ့ Trezaတို့ အားလုံးရဲ့ နှလုံးသားတွေမြင်လိုက်ရ အသံတွေကြားလိုက်ရမယ်ဆိုတာ ယုံကြည်တယ်။လို့ တော်လှန်အနုပညာရှင် ချစ်သုဝေက ပြောထားပါတယ်။

လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ ဇန်နဝါရီ ၁၄ ရက် အထိ ဝက်ဆိုဒ်မှာ ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ထား တယ်လို့လည်း သိရပါတယ်။ 


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ "ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ Brisbane မြို့မှာ ဇန်နဝါရီအတွင်းပြသသွားမည်


ဇန်နဝါရီ၇ရက်


"ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ Brisbane မြို့မှာ ဇန်နဝါရီ ၁၈ရက်တွင် ပြသသွားမယ်လို့သိရပါတယ်။

"ပြည်သူတွေနဲ့တသားတည်း...ပြီးတော့ တော်လှန်ရေးရဲဘော်တွေကိုလဲ အမြဲစောင့်ရှောက်ဖို့ပဲခေါင်းထဲမှာတွေးထားတဲ့ ကိုကျော်၊ကိုမင်းမော်ကွန်းပါ။ သူ့ရဲ့ပထမဦးဆုံးပွဲဦးထွက် တော်လှန်ရေးကားကို Australia မှ Brisbane ပရိတ်သတ်များအတွက် ပြသသွားမှာဖြစ်လို့ အလွတ်မခံကြနဲ့နော်"လို့ဆိုထားပါတယ်။

"ဖြတ်"ရုပ်ရှင်ကို သြစတေးလျနိုင်ငံ Brisbane မြို့မှာ January 18th (စနေနေ့)မှာ ပြသသွားမှာဖြစ်ပြီး ပွဲမှရရှိငွေများကိုလည်း အလေအလွင့်မရှိမြေပြင်သို့တိုက်ရိုက်ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ⁨⁨⁨⁩ အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်


ဇန်နဝါရီလ ၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်ကို ထုတ်နုတ်တင်ပြရလျှင်

၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံးသော အစိုးရအဖွဲ့အစည်းအဝေးဖြစ်တာကြောင့်၊ အားလုံးအတွက် စိတ်သစ်လူသစ် - ခွန်အားသစ်တွေနဲ့ တော်လှန်ရေးခရီးကို အားသွန်ခွန်စိုက် ရှေ့ဆက်ဖို့ အသင့်ဖြစ် နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့အစိုးရအဖွဲ့အစည်းမှာ "၂၀၂၅ ဟာ အပြောင်းအလဲတွေ များမယ့်နှစ်" လို့ ခံယူပြီး ဆက်လက်ချီတက်ဖြတ်သန်းကြဖို့ ပထမဆုံးတိုက်တွန်းလိုပါတယ်။ အပြောင်း အလဲလို့ ပြောတဲ့နေရာမှာ အခြေအနေတွေရဲ့ အပြောင်းအလဲတွေကိုလည်း ကျွန်တော်တို့ ကြုံလာရမယ့် နှစ်ဖြစ်သလို၊ ကျွန်တော်တို့ကိုယ်တိုင်လည်း မိမိကိုယ်ကို အပြောင်းအလဲတွေ လုပ်ကြရမယ့်နှစ်လို့ ယူဆပါကြောင်းဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ကျွန်တော်တို့ လေးလေးနက်နက် ပြန်လည် သုံးသပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်‌တွေကို ပြည်သူလူထုကို အစီရင်ခံတင်ပြဖို့ ကိစ္စရပ်တွေလည်း ရှိလာပြီ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ရှေ့ဆောင်ရှေ့ရွက်အနေနဲ့ ပြည်သူကို အစီရင်ခံ တင်ပြတဲ့ ကိစ္စနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ပြည်သူလူထုထံ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲသည့်အတွက်လည်း ကျွန်တော်က ဝမ်းသာ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ တခြားသော ဝန်ကြီးဌာနတွေလည်း ပြည်သူလူထုကို တင်ပြဖို့ လိုအပ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြပြီး လူထုနဲ့ တစ်သားတည်း ဆက်ဆံရေး ခိုင်မာနေဖို့ အထူးလိုအပ်ကြောင်း ပြောလိုပါတယ်။ 

နောက်ဆုံး အရေးအကြီးဆုံး အချက်အနေနဲ့ ပြောချင်တာကတော့ ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ - ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး" နဲ့ "စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး" ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူးဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ရုံးအဖွဲ့သားများအနေဖြင့် မြေပြင်ရှိ ရဲဘော်များနှင့် တွေ့ဆုံခဲ့သည့် သတင်းများကို သိရှိ မြင်တွေ့ပြီး ဖြစ်ပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်တဦး အခုလို မြေပြင်ရဲဘော်များနှင့် ထိတွေ့နိုင်မှုက မြေပြင်ရဲဘော်များအတွက် စိတ်ဓာတ်ခွန်အားများစွာမြင့်တက်စေသလို ကျွန်တော်တို့တော်လှန်ရေး တစုံလုံးအတွက်လည်း များစွာအားဖြစ်စေပါတယ်ဟု ဖေါ်ပြထားပါတယ်။


========================


🚩🚩 ၂။ ပုဂံ၊ညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောရဲတပ်သားတစ်ဦး လက်နက်အပ် အလင်းဝင်


ဇန်နဝါရီ၇ရက်


ပုဂံ၊ညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသောရဲတပ်သားတစ်ဦး လက်နက်အပ် အလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

ဇန်နဝါရီ၄ရက်ပုဂံ၊ညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မိတ္ထိလာမြို့ ရဲတပ်ရင်း ၃၅ မှ ရဲတပ်သား မောင်နေသူအောင် (၁၉) နှစ်ဟာ ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  Southern YSO PDF အဖွဲ့ထံသို့ ပါးရီ စက်ကလေး သေနတ်အမျိုးအစား ခေါ်  81 သေနတ် တစ်လတ်၊ကျည်ဘောက်၂ခု၊7.62 ကျည် အတောင့်၅၀ တို့နှင့်အတူ လက်နက်အပ်အလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။

လက်နက်အပ်ဝင်ရောက်လာသော ရဲတပ်သားမောင်နေသူအောင် ကို ဆုငွေ ကျပ်သိန်း၄၀  ချီးမြှင့်ပေးခဲ့ပြီး ဌင်းနေထိုင်လိုသော အရပ်သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးထားပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။

ယခုအချိန်ထိ Southern YSO PDF အဖွဲ့ ထံသို့အလင်းဝင်ရောက်လာသော စကစ တပ်သား အမြောက်အမြားရှိနေပြီဖြစ်ပြီး အချို့သည် ၄င်းတို့နေထိုင်လိုသော ဒေသသို့ ပို့ဆောင်ပေးထားပြီး၊ အချို့သည်လဲ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူထောင်နဲ့ချီလွှတ်ပေးကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသား အနည်းအကျဥ်းသားပါဝင်ကြောင်းAAPPဖော်ပြ


ဇန်နဝါရီ၇ရက်


အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူထောင်နဲ့ချီလွှတ်ပေးကြောင်းကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသား အနည်းအကျဥ်းသားပါဝင်ကြောင်း အခြေအနေများနှင့် ပတ်သက်၍ထုတ်ပြန်ချက်မှာ AAPPက ဆိုထားပါတယ်။

၂၀၂၅ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၅၈၆၄) ဦးကို ထောင်မှလွှတ်ပေးခဲ့ကြောင်းကြေညာခဲ့ရာ အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသားပြန်လည်လွတ်မြောက်မှုကို အေအေပီပီက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိပြီးဇန်နဝါရီ၆ရက်ညနေ နာရီအထိ ကောက်ယူရရှိထားသော သတင်းအချက်အလက်များအရ အကျဉ်းထောင် (၃၀) ထောင်နှင့် လူငယ်သင်တန်းကျောင်း () ကျောင်းမှ နိုင်ငံရေးအကျဉ်းသား (၃၄၀) ဝန်းကျင်ကို အရေအတွက်အားဖြင့်လည်းကောင်း၊ အဆိုပါ အရေအတွက်ထဲမှ (၇၃) ဦးကို အမည်နှင့်တကွလည်းကောင်း  ပြန်လည်လွတ်မြောက်လာသည်ကို အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၁၃၄) ဦးရှိပြီး ထိုအထဲမှ (၂၁၄၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၂၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment