8th Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။ US Congressional Burma Caucus ပူးတွဲဥက္ကဌ၊ အမေရိကန်အောက်လွှတ်တော်အမတ် Bill Huizengaနှင့် ယူကရိန်းပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာ Hryhoriy တို့ကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨၂။ မြန်မာ့အမျိုးသမီးသမဂ္ဂပိုမို အောင်မြင်ပါစေကြောင်း NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးမှ ဆုမွန်ကောင်းတောင်း

📌 ⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးဦးရေ ၁၇၈၁ဦး၊အရွယ်မရောက်သေးတဲ့လူငယ်၂၂၃၆ ဦးရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨၄။ ကရင်နီပြည်တွင်  ကျန်းမာရေးဝန်ထမ်းများကို တာဝန်ထမ်းဆောင်ရန် ခေါ်ယူ


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ ဗန်းမော်၊ မန်စီ မြို့ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ရက်မနက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ ဘက်ကအောင်မြင်မှုအထိုက်အလျှောက် ရရှိထား

🚩 ၂။ စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာ နမခကို စစ်လက်နက်ပစ္စည်းတွေလာပို့တဲ့ စစ်ကား စီးကို မိုင်းဆွဲတိုက်ခိုက် 

🚩၃။ ပေါင်းတလည်မြို့မှာ လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းနေတဲ့ ရာအိမ်မှူး လင်မယားကို ပစ်ခတ်ရှင်းလင်း  

🚩၄။ဆောမြို့မရဲစခန်းက စစ်ကောင်စီဝင် ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

🚩 ၅။ ပြည်ထောင်စုလမ်းမကြီး တွင် ခရီးသည်ကားများ  နှင့် ကုန်တင်ကားများ အားလုံး ခရီးသွားလာရာတွင် မှန်ချမောင်းပေးကြရန်တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမေတ္တာရပ်ခံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။ US Congressional Burma Caucus ပူးတွဲဥက္ကဌ၊ အမေရိကန်အောက်လွှတ်တော်အမတ် Bill Huizengaနှင့် ယူကရိန်းပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာ Hryhoriy တို့ကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ တွေ့ဆုံ


ဇန်နဝါရီ၈ရက်

US Congressional Burma Caucus ပူးတွဲဥက္ကဌ၊အမေရိကန် အောက်လွှတ်တော်အမတ် Bill Huizenga နှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ တွေ့ဆုံခဲ့တယ်လို့ ဇန်နဝါရီ၈ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။

" Congressional Burma Caucus ပူးတွဲဥက္ကဌ၊ Michigan မှ အောက်လွှတ်တော်အမတ် Bill Huizenga နှင့် အပြုသဘောဆောင်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးမှုတွင် ပါဝင်ရခြင်းသည် အလွန်

ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဆွေးနွေးပွဲတွင် အဓိကကျသော မဟာဗျူဟာနယ်ပယ်ငါးခုဖြစ်သည့် နိုင်ငံရေးစနစ်ပြောင်းလဲမှု၊ စစ်ရေးတာဝန်ခံမှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်မှုနှင့် ပထဝီဝင်နိုင်ငံရေး တည်ငြိမ်ရေးတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးတစ်ရပ်ကို ပေးအပ်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

ဆွေးနွေးပွဲတွင် US NDAA Burma Act နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တို့ကို အလေးထား အကောင်အထည်ဖော်ရန် အာရုံစိုက်ဆွေးနွေးပြောကြားခဲ့တယ်လို့ဝန်ကြီးကဆိုပါတယ်။အခုလိုဆွေးနွေးမှုများကို အဓိပ္ပါယ်ရှိသော လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲရန် အမေရိကန်လွှတ်တော်အမတ် နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်တယ်လို့လည်းဆိုထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာသည် ယူကရိန်းပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာ Hryhoriy နှင့်လည်း မြန်မာအရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 2025 ခုနှစ်သည် (မြန်မာ) နှင့် ယူကရိန်း နှစ်နိုင်ငံလုံးအတွက် အဓိကကျသော နှစ်တစ်နှစ်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် လေးနက်သော နာကျင်မှု၊ ဆင်းရဲဒုက္ခများနှင့် အပျက်အစီးများကို ကျော်လွှားရန်အတွက် ကျွန်ုပ်တို့၏ ဒီမိုကရေစီစံနှုန်းများနှင့် အခြေခံမူများကို မျှဝေပေးသည့် ကတိကဝတ်များသာမက နိုင်ငံနှင့်လူမျိုးအဖြစ် တည်ရှိနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

ငြိမ်းချမ်း၊သာယာဝပြောပြီး ဒီမိုကရေစီ အနာဂတ်ကို တည်ဆောက်ရန် ကျွန်ုပ်တို့၏ စုပေါင်းကြိုးပမ်းမှုများကို ယခုနှစ်တွင် တွန်းအားပေးကြပါစို့လို့ ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ မြန်မာ့အမျိုးသမီးသမဂ္ဂပိုမို အောင်မြင်ပါစေကြောင်း NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးမှ ဆုမွန်ကောင်းတောင်း


ဇန်နဝါရီ၈ရက်


ဇန်နဝါရီ၈ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂပိုမို အောင်မြင်ပါစေကြောင်း NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းမှ ဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။

"မြန်မာ့အမျိုးသမီးသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၃၀)ပြည့်၊ ပုလဲရတုအထိမ်းအမှတ် အခမ်းအနားလေးကို တက်ရောက်ဖို့ ဖိတ်ကြားစာလေးရရှိပါတယ်။ လူကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် နှစ်(၃၀)တိတိ အမျိုးသမီးအဖွဲ့အစည်းတခုအဖြစ်ရပ်တည်လည်ပတ်ပြီးရှေ့ဆက်နိုင်ဖို့အတွက် ပါဝင်ခဲ့ကြတဲ့၊ ပါဝင်နေကြတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂမှ ညီအစ်မများကို လေးစားစွာဂုဏ်ပြုအပ်ပါတယ်။ကိုယ်တိုင်တက်ကြွလှုပ်ရှားသူဘဝနဲ့ လှုပ်ရှားစဥ်တုန်းက  အမျိုးသမီးအဖွဲ့တခု ပေါ်ပေါက်လာဖို့အတွက် အားပေးအားမြှောက်ပြုပြီး ဝိုင်းဝန်း၊ ကူညီလုပ်ဆောင်ပေးရတဲ့ အဖွဲ့လေးဖြစ်တဲာကြောင့် အထူး သံယောဇဥ်တွယ်ခဲ့မိရပါတယ်။သမိုင်းတကွေ့မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ပါဝင်ခွင့်ပြုခဲ့တဲ့အတွက် မြန်မာ့အမျိုးသမီးသမဂ္ဂကို ကျေးဇူးတင်ရင်း ဒိထက်ပိုမို အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။"လို့ဆိုပါတယ်။

အဖွဲ့အစည်းတခု နှစ်ပေါင်း(၃၀) လည်တ်ရုံတင်မကပဲ  အမျိုးသမီးသမဂ္ဂတွေ စုပေါင်းပြီးတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု၊ ငြိမ်းချမ်းရေးမှာ ပါဝင်မှု၊ အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့အစည်းလှုပ်ရှားမှု ဖြစ်လာဖို့အတွက် ကြိုးပမ်းနိုင်ခဲ့တာ တကယ့်ကို အရည်အချင်းတွေရှိခဲ့လို့ဖြစ်တယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးဦးရေ ၁၇၈၁ဦး၊အရွယ်မရောက်သေးတဲ့လူငယ်၂၂၃၆ ဦးရှိခဲ့


ဇန်နဝါရီ၈ရက်


အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးဦးရေ ၁၇၈၁ဦး၊အရွယ်မရောက်သေးတဲ့လူငယ်၂၂၃၆ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ၈ရက်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။

"ဝန်ကြီးဌာနကပြုစုထားတဲ့စာရင်းတွေအရ အကြမ်းဖက်စစ်တပ်ဟာ မတရားအာဏာလုယူခဲ့တဲ့၂၀၂၁ ခုနှစ်ကစတင်ပြီးတော့ ၂၀၂၄ ခုနှစ်နိုဝင်ဘာလအထိ သေဆုံးခဲ့ရတဲ့အမျိုးသမီးဦးရေဟာ ၁၇၈၁ဦး၊အရွယ်မရောက်သေးတဲ့လူငယ်၂၂၃၆ဦးရှိပြီး ကလေးသူငယ်၉၅၆ဦးရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် အဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူများအနေနဲ့ပြည်သူ့ရင်ခွင်ဘက်သို့ထွက်ပြေးကူးပြောင်းရန်လည်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူကသတင်းစကားပါးဆိုလိုက်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ ကရင်နီပြည်တွင်  ကျန်းမာရေးဝန်ထမ်းများကို တာဝန်ထမ်းဆောင်ရန် ခေါ်ယူ


ဇန်နဝါရီ၈ရက်


ကရင်နီပြည်တွင် ကျန်းမာရေးဝန်ထမ်းများကို တာဝန်ထမ်းဆောင်ရန်  ခေါ်ယူနေပြီဖြစ်ကြောင်း ဇန်နဝါရီလ၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။

 ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာန၏ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာန၏ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်တဲ့တာဝန်များအတွက် လျှောက်လွှာတင်သွင်းနိုင်တယ်လို့ဆိုပါတယ်။

လိုအပ်တဲ့ရာထူးတာဝန်များမှာအထူးကုဆရာဝန်များ (မည်သည့်အထူးကုဘာသာရပ် အမျိုးအစားမဆို)၊ဆရာဝန်များလိုအပ်တယ်လို့ဆိုပါတယ်။

 လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံဖွား ၊ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ပြီးနိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ၊အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ဆိုပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် (၃၁--၂၀၂၅) ရက်နေ့နောက်ဆုံးထား၍ နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ () နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ⁨⁨ ဗန်းမော်၊ မန်စီ မြို့ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ရက်မနက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ ဘက်ကအောင်မြင်မှုအထိုက်အလျှောက် ရရှိထား


ဇန်နဝါရီ၈ရက်


ဗန်းမော်၊ မန်စီ မြို့ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ရက်မနက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ ဘက်ကအောင်မြင်မှုအထိုက်အလျှောက် ရရှိထားတယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဇန်နဝါရီ၈ရက်မှာ အသိပေးဆိုထားပါတယ်။

"ဗန်းမော်၊ မန်စီ မြို့ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ရက်မနက်ကတည်းက စခဲ့တာပါ။ မြို့ မြို့ ဆိုပေမယ့် ပြည်မဖက်က မြို့တွေလို မြို့စောင့်တပ်ရင်း လောက်တင် ရှိနေတာမျိုး မဟုတ်ပဲ၊ နှစ်ပေါင်းများစွာ တော်လှန်ရေးကို ကြံ့ကြံ့ခံနိုင်ဖို့ ပတ်ပတ်လည်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်စခန်းကြီးများ ဝန်းရံထားတဲ့ စစ်ဒေသဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဗန်းမော်ဟာ ရန်သူ့စကစဖက်က အားသာချက်များကတော့ ထောက်ပို့လွယ်ကူခြင်း ဖြစ်ပါတယ်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း ရှိခဲ့တယ်။ အခုတော့ ကုန်းကြောင်း၊ ရေကြောင်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားပြီးလေကြောင်းထောက်ပို့ကိုသာ အားကိုးနေရတဲ့ သဘောရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

ဇန်နဝါရီ၇ရက်နေ့ တရက်တည်းမှာပင်စကစဘက်ကဂျက်ဖိုက်တာ ၁၈စင်း နှင့် ထောက်ပို့ယဉ် Y12 စင်း နဲ့ အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

"ရန်သူ စကစ အင်အား အနေဖြင့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ မန်ဝန်းကြီးမြို့၊ ဆင်ဘိုမြို့၊ မြို့သစ်၊ ကုန်းလော၊ ယောယုံဗျူဟာ၊ စိန်လုံဗျူဟာ လို တပ်စခန်းကြီးများမှ တပ်ဆုတ်များ စုပေါင်းထားရာ နေရာဖြစ်ရာ၊ တိုက်ရည် ခိုက်ရည် တင့်တင့်ရှိပြီးသူများ စုဝေးရာ နေရာ ဖြစ်နေတာကတကြောင်း၊ ရန်သူ့ဖက်က လေကြောင်းအင်အားအများအပြား သုံးနိုင်တာဖြစ်ပါတယ်။အခက်ခဲပေါင်းများစွာမှ တော်လှန်ရေးအင်အားစုများ အောင်မြင်မှုအထိုက်အလျှောက် ရရှိနေပါပြီ"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကဆိုပါတယ်။


========================


🚩🚩 ၂။ စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာ နမခကို စစ်လက်နက်ပစ္စည်းတွေလာပို့တဲ့ စစ်ကား စီးကို မိုင်းဆွဲတိုက်ခိုက် 


ဇန်နဝါရီ၈ရက်


စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာ နမခကို စစ်လက်နက်ပစ္စည်းတွေလာပို့တဲ့ စစ်ကား စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီး ပျက်စီးသွားတယ်လို့ Area 71 PDF Monywa က ဒီနေ့ ဇန်နဝါရီ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအတွက် လူအင်အား လက်နက်နဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်ရာမှာ အရေးပါတဲ့ မုံရွာ-မန္တလေးလမ်ပိုင်းအတိုင်း စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခကို စစ်ရေးအတွက် အရေးပါတဲ့ လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သံပြားကာ Jummer ကား စီး ဖြတ်သန်းလာမယ်လို့ တပ်သတင်းရင်းမြစ်က အချိန် နာရီ အတိအကျ သတင်းပေးပို့လာတဲ့အတွက် အခုလို တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတပ်မ ၃၃ ကနေ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သံပြားကာ Jummer ကား ၃စီးကို ချောင်းဦး- မုံရွာ လမ်းပိုင်းတနေရာမှာ မနေ့ ဇန်နဝါရီလ ရက် ညနေ နာရီ ၁၈ မိနစ်မှာ TNT ယမ်းတွေနဲ့ အထူးပြုလုပ်ထားတဲ့ နှစ်ဆင့်ကွဲ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ သံပြားကာ Jummer ကား စီးအနက် ဒုတိယမြောက်ကားကို ထိထိမိမိဖောက်ခွဲနိုင်ခဲ့တဲ့အတွက် အဲဒီကား ဘော်ဒီပွင့်သွားတယ်လို့ ပြောပါတယ်။ 

မိုင်းမသွားတဲ့ကားဟာ မိုင်းကွင်းတနေရာမှာ ရပ်တန့်သွားပေမယ့် လမ်းပိုင်းလုံခြုံရေးတာဝန်ကျ စစ်သားတွေက လမ်းဘေး ဝဲယာကို ရမ်းသန်းပစ်ခတ်တာကြောင့် မိုင်းဆွဲခဲ့တဲ့ ရဲဘော်တွေဟာ စစ်သားတွေ ကြောက်ကန် ကန်ပြီး ပစ်ခတ်နေတဲ့ ကျည်ဆန်တွေကြားကနေ ခက်ခက်ခဲခဲ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် ထိခိုက်သေဆုံးမှုမသိရသေးဘဲ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး-ပကဖ ဖောက်ခွဲရေးအဖွဲ့နဲ့အတူ Area 71 PDF Monywa ANYAR DEFENCE FORCE -ADF Tiger Brother Peoples Defence Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၃။ ပေါင်းတလည်မြို့မှာ လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းနေတဲ့ ရာအိမ်မှူး လင်မယားကို ပစ်ခတ်ရှင်းလင်း  


ဇန်နဝါရီ၈ရက်


ပဲခူးတိုင်း ပြည်ခရိုင် ပေါင်တလည်မြို့နယ်မှာ စစ်တပ်အတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းနေတဲ့ ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ရက်မှာ ထုတ်ပြန်ပါတယ်။

ပေါင်းတလည်မြို့ အုပ်ဆွဲအုပ်စု ရေကြည်ကုန်းရွာမှာနေတဲ့ ရာအိမ်မှူး ချက်ဖောင်း () ဇော်မင်းဦးတို့ လင်မယားကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ က မနေ့ ဇန်နဝါရီ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ 

အဲဒီလင်မယားဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ဘယ် PDFမှဂရုစိုက်စရာမလိုဘူးလို့ ကြွေးကြော်ကာ ပြည်သူလူထု အပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ပေါင်းတလည်ရဲတွေနဲ့ပေါင်းပြီး လူငယ်လူရွယ်များရှိရာ အိမ်တွေကို ငွေညှစ်တောင်းခံခြင်း၊ ကျေးရွာအုပ်စုအတွင်းက ပြည်သူတွေကို ထောက်ပို့ PDF အားပေးတယ်ဆိုပြီး ပေါင်းတလည်ရဲစခန်းကို တိုင်ကြား ဖမ်းဆီး ခိုင်းခြင်း၊ ငွေဖြင့် ပြန်ရွေးခိုင်းခြင်း စတာတွေ ကျူးလွန်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် သူတို့လင်မယားရဲ့ တိုင်ကြားမှုကြောင့် ဒေသပြည်သူအချို့ ရိုက်နှက်စစ်ခံရပြီး ထောင်ကျသွားသူတွေလည်းရှိတယ် လို့ သိရပါတယ်။ 

အဲဒီလို ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေကြောင့် ချက်ဖောင်းတို့လင်မယားကို ပြတ်ပြတ်သားသား အရေးယူ လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ဆောမြို့မရဲစခန်းက စစ်ကောင်စီဝင် ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်


ဇန်နဝါရီ၈ရက်


မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ်ရဲစခန်းကိုထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက စစ်ကောင်စီအဖွဲ့ဝင် ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမှတ် စစ်ဒေသက ဒီနေ့ ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ဦးဟာ MA-1 တလက်၊ MA-3 တလက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး လုံး၊ MA ကျည်အိမ် ခုနဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၃နဲ့ တပ်ရင်း ထံ ဇန်နဝါရီလ ရက်နေ့မှာ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

ထို့အတူ ဇန်နဝါရီလ ရက်နေကလည်း ဆောမြို့မရဲစခန်းက ရဲတပ်သားတဦးဟာ ဂန့်ဂေါခရိုင် တပ်ရင်း- ထံ G-3 လက်၊ ပွိုင့် ၆၂ ကျည် ၅၀ တောင့်၊ ကျည်အိမ် ခုနဲ့ အလင်းဝင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဆောမြို့နယ် လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး ဖျင်ချောက်အရှေ့ဘက်မှာ ဂန့်ဂေါခရိုင် တပ်ရင်း နဲ့ တပ်ရင်း ၅က တပ်ဖွဲ့ဝင်တွေ ဇန်နဝါရီလ ရက်နေ့က နယ်မြေရှင်းလင်းရေးထွက်လာချိန်မှာ စစ်ကောင်စီအဖွဲ့ဝင် ဦး ဖမ်းဆီးရမိခဲ့ပြီး MA-1 လက်၊ MA ကျည် ၄၀၇ တောင့်၊ အီနာဂါ လုံး၊ လက်ပစ်ဗုံးတလုံး၊ နင်းမိုင်း တလုံး၊ MA ကျည်အိမ် ခု၊ ကျည်ကာ ဦးထုပ် လုံး၊ ကျည်ကာအင်္ကျီ ထည်၊ ကျောပိုးအိမ် လုံး၊ စစ်ယူနီဖောင်း ထည်၊ ဖုန်း  လုံး၊ ရေဘူး တဘူး၊ ဓားတ လက် သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဇန်နဝါရီလ ရက်နေ့မှာပဲ လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်းမှာ ဂန့်ဂေါခရိုင် တပ်ရင်း- က နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဦးထံကနေ ပျက်စီးနေတဲ့ MA-1 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်က လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၅၊ ၆၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့တို့ပါတဲ့ ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဦး သေဆုံးပြီး တဦးကို ဒဏ်ရာနဲ့ ဖမ်းဆီးရမိကာ MA-2 လက်၊ MA-3 တလက်၊ G-3 တလက်၊ ကျည်အိမ် ၁၄ ခု၊ G-3 ကျည် ၆၄ တောင့်၊ MA ကျည် ၂၅၀ တောင့်၊ အီနာဂါ လုံး၊ ၆၀ မမ ဗုံးသီး လုံး၊ Equipment ခု၊ ကျောပိုးအိတ် ခု၊ ရေဘူး တဘူး၊ စစ်ယူနီဖောင်း စုံ၊ ရဲယူနီဖောင်း တစုံ သိမ်းဆည်းရမိခဲ့တယ်လို့  အမှတ် စစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပြည်ထောင်စုလမ်းမကြီး တွင် ခရီးသည်ကားများ  နှင့် ကုန်တင်ကားများ အားလုံး ခရီးသွားလာရာတွင် မှန်ချမောင်းပေးကြရန်တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမေတ္တာရပ်ခံ


ဇန်နဝါရီ၈ရက်


ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်ကားများနှင့် ကုန်တင်ကားများအားလုံး ခရီးသွားလာရာတွင် မှန်ချမောင်းပေးကြရန် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၈ရက်မှာတနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာထားပါတယ်။

ပြည်ထောင်စုလမ်းမကြီး တွင် ခရီးသည်ကားများ  နှင့် ကုန်တင်ကားများ အားလုံး ခရီးသွားလာရာတွင် ခရီးသည်ကားများ မှန်ချမောင်းပေးကြပါရန်၊ ကုန်တင်ကားများ ကုန်ပစ္စည်းမပါက အမိုးအကာဖွင်ပေးထားရန် အကြမ်းဖက်စစ်ကောင်စီ ကားများနှင့် အနီးကပ်မောင်း ခြင်းများမပြုလုပ်ကြဖို့ ကျွန်တော်တို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ဇုန် အဖွဲ့ မှ မေတ္တာရပ်ခံအပ်ပါတယ်လို့ဆိုပါတယ်။

အကြမ်းဖက်စကစတပ်များဟာ အများပြည်သူလမ်းနဲ့ခရီးသည်တင်ကားများအသုံးပြု၍လိုက်ပါခြင်း၊စစ်ရေးဆောင်ရွက်ခြင်းများကိုမကြာခဏအသုံးပြုလျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment