13th Feb 2025 - Evening Daily News by Radio NUG

၂၀၂၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့

📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုပူးပေါင်းထူထောင်ဖို့ မွန်တော်လှန်ရေးအင်အားစုများကို အမျိုးသားညီညွတ်ရေးအစိုးရကဖိတ်ခေါ်

📌 ၃။ စစ်ဘေးရှောင်မိခင်နှင့်ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် (MOWYCA)ထံ ဂျပန်ယန်းငွေ နှစ်သိန်း ( ယန်း ၂၀၀၀၀၀ ) ပေးအပ်လှူဒါန်း

📌 ၄။ စစ်မြေပြင်ဒေသက ပြည်သူတွေတောင်းဆိုလာလို့ လူထုအခြေပြုဆေးခန်းတစ်ခု ဖွင့်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒုဝန်ကြီးခွန်စောဖူးအသိပေး


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံ

🚩 ၂။ မွန်လူမျိုးတွေအနေနဲ့ တော်လှန်ရေးမှာ အရှိန်မြှင့်ပါဝင်ကြဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ တိုက်တွန်း

🚩 ၃။ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက် (၁၁၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရှေ့တန်းရောက်ရဲဘော်များကို ပဲပြုတ်နှင့်နံပြားကျွေးမွေး

🚩 ၄။ညောင်ရွှေမြို့မှာ စစ်တပ်နဲ့ PNO/PNA ပအိုဝ်းပြည်သူ့စစ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ကလေးတဦးအပါအဝင် အရပ်သား ၂ဦးသေဆုံး 

🚩 ၅။ရှမ်းမန်းစစ်ဆင်ရေးကို တာဝန်ကျေပွန်ပြီးစီးလို့ ရေဦးရင်ခွင်ထံသို့ပြန်လာသည့် YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ်(၁၄)ကိုကြိုဆိုဂုဏ်ပြု

🚩၆။ပခန်းမြို့အနီး တိုက်ပွဲမှာ စစ်အရာရှိအပါအဝင် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ လက်နက် လက်သိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့


ဖေဖော်ဝါရီလ ၁၃ ရက်


ဟံသာဝတီနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် () ရက်နေ့အား မွန်အမျိုးသားနေ့အဖြစ် လက်ခံကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၈) နှစ် တိုင်ခဲ့ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီ၁၃ရက်ပေးပို့တဲ့သဝဏ်လွှာမှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။

ယနေ့ကဲ့သို့ မင်္ဂလာရှိသော အချိန်အခါသမယတွင် မွန်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်း ကြပါစေကြောင်း မေတ္တာပို့သအပ်တယ်လို့ဆိုပါတယ်။

မွန်တိုင်းရင်းသားခေါင်းဆောင်များနှင့် မွန်ပြည်သူပြည်သားများသည် အခြားတိုင်းရင်းသား များနှင့်အတူ နယ်ချဲ့ဗြိတိသျှလက်အောက်မှလွတ်မြောက်ရန် နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် ပူးပေါင်းကြိုးပမ်းခဲ့သည်သာမက လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း အင်အားစုတစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်နေကာ နိုင်ငံတော်တဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု အားလုံးတို့၏ ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပြည့်ပြည့်ဝဝ ရရှိစေရေးတို့အတွက် တိုင်းရင်းသားပြည်သူများအကြားတွင် တွေ့ကြုံခဲ့ကြရသော သမိုင်းပေးသင်ခန်းစာများကိုကောင်းစွာ နားလည်သဘောပေါက်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ပိုမိုစုစည်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းအပ်တယ်လို့ဖော်ပြပါတယ်။

 မွန်တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့် မွန်လူငယ်ပြည်သူလူထုတို့ အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသော ရည်မှန်းချက်များ ချမှတ်ဖော်ဆောင်ကာ တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများအား  ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း အလေးအနက် ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုပူးပေါင်းထူထောင်ဖို့ မွန်တော်လှန်ရေးအင်အားစုများကို အမျိုးသားညီညွတ်ရေးအစိုးရကဖိတ်ခေါ်


ဖေဖော်ဝါရီ၁၃ရက်


ဖေဖော်ဝါရီလ ၁၃  ရက် အမျိုးသားညီညွတ်ရေးအစိုးရက (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ အခုလိုဖော်ပြပါရှိပါတယ်။

"ယနေ့ကျရောက်သော မွန်အမျိုးသားနေ့မှစတင်ပြီး မွန်အမျိုးသားခေါင်းဆောင်ကြီးများ၊ မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ မွန်ပြည်သူလူထုနှင့် မွန်ပြည်အတွင်းရှိ မွန်အနွယ်ဝင်လူမျိုးစု များအားလုံး မျှော်ရည်သော အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အခြားမဟာ မိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ထူထောင်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးက အထူးအလေးအမြတ်ပြု ဖိတ်ခေါ်အပ်ပါတယ်"လို့ ဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေးမှသည် ယခုနွေဦးတော်လှန်ရေးတိုက်ပွဲကာလအထိ ပြည်သူလူထုဖက်တွင် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြပြီး အသက်၊သွေး၊ချွေး စတေးပေးဆပ်ခဲ့ကြသည့် မွန်အမျိုးသားခေါင်း ဆောင်များ၊ မွန်သူရဲကောင်းများနှင့် မွန်ရဟန်း၊ရှင်၊လူ၊ကျောင်းသား၊ပြည်သူများအား အမျိုးသား ညီညွတ်ရေးအစိုးရက ဂုဏ်ပြုဦးညွတ်ရင်း (၇၈)နှစ်ပြည့်မွန်အမျိုးသားနေ့ သဝဏ်လွှာကို ပေးပို့ အပ်တယ်လို့ဆိုပါတယ်။


========================


📌📌
၃။ စစ်ဘေးရှောင်မိခင်နှင့်ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် (MOWYCA)ထံ ဂျပန်ယန်းငွေ နှစ်သိန်း ( ယန်း ၂၀၀၀၀၀ ) ပေးအပ်လှူဒါန်း


စစ်ဘေးရှောင်မိခင်နှင့်ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ နှစ်သိန်း ( ယန်း ၂၀၀၀၀၀ ) ပေးအပ်လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်အာဏာရှင်၏နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ နှစ်သိန်း ( ယန်း ၂၀၀၀၀၀ ) ပေးအပ်လှူဒါန်းပေးပါသော Myanmar Youth Association Hokkaido -MYAH မိသားစုအား အထူးပင်ကျေးဇူးတင်ရှိအပ်တယ်လို့ ဖေဖော်ဝါရီ၁၃ရက်ဝန်ကြီးဌာနက ဖော်ပြပါတယ်။

 MYAH မိသားစု အဖွဲ့ဝင်များအားလုံးလည်း ဘေးကင်းကျန်းမာပြီး နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ဒီထက်မက ဆထက်ထမ်းပိုး ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း MOWYCA မှ ဆုမွန်ကောင်းမေတ္တာပို့သထားပါတယ်။


========================


📌📌 ၄။ စစ်မြေပြင်ဒေသက ပြည်သူတွေတောင်းဆိုလာလို့ လူထုအခြေပြုဆေးခန်းတစ်ခု ဖွင့်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒုဝန်ကြီးခွန်စောဖူးအသိပေး


ဖေဖော်ဝါရီ၁၃ရက်


စစ်မြေပြင်ဒေသက ပြည်သူတွေတောင်းဆိုလာလို့  လူထုအခြေပြုဆေးခန်းတစ်ခု ဖွင့်နိုင်ဖို့ကြိုးစားနေတယ်လို့ဒုဝန်ကြီးခွန်စောဖူးက ဖေဖော်ဝါရီ၁၃ရက်တွင် ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။

"မိုးဗြဲကယ်ဆယ်ရေးမှ လတ်တလောမှာ ဆေးခန်း ၆ခု ဖွင့်လှစ်ထားတယ်။ လစဉ်ပြည်သူ ၁၅၀၀ ဝန်းကျင် အခြေခံကျန်းမာရေးစောင့်ရှောင့်မှုပေးနေတယ်။ အခုလည်း မည်သည့် ဆေးအဖွဲ့အစည်းမှမရောက်တဲ့ လူထုဆေးခန်းမရှိသေးတဲ့ စစ်မြေပြင်ဒေသကပြည်သူတွေ တောင်းဆိုလာလို့  လူထုအခြေပြုဆေးခန်းတစ်ခု ဖွင့်နိုင်ဖို့ကြိုးစားနေတယ်။ဆေးခန်ထိုင်မယ့်ကျန်းမာရေးဝန်ထမ်းကိုကျွန်တော်တို့စီစဉ်နိုင်ပေမယ့်  ဆေးဝါးလိုအပ်ချက်ရှိတယ်"လို့ဆိုပါတယ်။

လိုအပ်တဲ့ဆေးဝါးတွေ တိုက်ရိုက်ကူနိုင်ရင် ပိုမိုကောင်းမွန်မှာဖြစ်လို့ အလှူရှင်များကိုဖိတ်ခေါ်အပ်တယ်လို့ ဆိုထားပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံ


ဖေဖော်ဝါရီ၁၃ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံ၍ လတ်တလောလိုအပ်ချက်များကို ထောက်ပို့ကူညီခဲ့တယ်လို့ ဖေဖော်ဝါရီ၁၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

 ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့် လိုက်လံတွေ့ဆုံခဲ့ပြီး ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုးတို့ပါဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ထို့နောက် PDF တပ်ရင်းတာဝန်ရှိသူများက မြေပြင်အခြေအနေများ၊ စစ်ဆင်ရေးအခြေအနေများ၊ PDF တပ်ရင်းများ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ခရီးစဉ်အတွင်း  PDFများ စိုးမိုးထိမ်းချုပ်ထားသည့် စစ်တောင်းမြစ်အလွန်ဒေသများသို့လည်း သွားရောက်လေ့လာခဲ့ကြပြီး PDF တပ်ရင်းများ၏ လတ်တလောလိုအပ်ချက်များအတွက် ဝန်ကြီးချုပ်ရုံးက ထောက်ပို့ကူညီမှုများပြုလုပ်ကာ အနာဂတ် စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက်များအား အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


========================


🚩🚩 ၂။ မွန်လူမျိုးတွေအနေနဲ့ တော်လှန်ရေးမှာ အရှိန်မြှင့်ပါဝင်ကြဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ တိုက်တွန်း


ဖေဖော်ဝါရီ၁၃ရက်


မွန်လူမျိုးများတွေအားလုံး တော်လှန်ရေးမှာအရှိန်မြင့်ပါဝင်ကြဖို့  ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာကျရောက်တဲ့ ၇၈ ကြိမ်မြောက်မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)- NMSP(AD) မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFCတို့က  ကြေညာချက်တွေ သဝဏ်လွှာတွေပေးပို့ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသား ပြည်သူများတရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်က နိုင်ငံအာဏာကို အကြမ်းဖက် သိမ်းယူထားတဲ့ အတွက် တနိုင်ငံလုံး ပြည်တွင်းစစ်မီး တောက်လောင်ရတာဖြစ်ပြီး စီးပွားရေး၊ လူမှုရေးအပါအဝင် အထွေထွေ အကြပ် အတည်းတွေ ပိုဖြစ်လာစေပြီး ပြည်သူတွေရဲ့ဘဝဟာလည်း လုံခြုံမှု ကင်းမဲ့လာနေတယ်လို့ NMSP-AD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အချုပ်အားဖြင့်ဖေါ်ပြရလျှင် ဒီအကြပ်အတည်းကိုကျော်လွှားနိုင်ဖို့အတွက် စစ်အာဏာရှင်ကိုတိုက်ဖျက်ပြီး မိမိတို့လက်လွှတ်ခဲ့ရတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးခွင့်ဆိုတဲ့ အခွင့်အရေးကို ပြန်လည်ရယူရမယ်လို့ အသိပေးထားပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသားလူမျိုးများအားလုံးဟာ မဟာမိတ်တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက် နေသလို သီးခြားတိုက်ပွဲဝင်နေကြပြီး စစ်ရေးအောင်မြင်မှုကတဆင့် တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ဆက်လက် အကောင်အထည်ဖော်သွားရမှာဖြစ်တာကြောင့် မွန်တိုင်းရင်းသားတွေအနေ နဲ့ တမျိုးသားလုံးအသွင်နဲ့ တော်လှန်ရေးအရှိန်မြှင့်တင်ဖို့ လိုအပ်နေပြီလို့ NMSP-AD က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မွန်အမျိုးသားတွေအားလုံး အမျိုးသားရေးတာဝန်အသိစိတ်နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲမှာ ကျရာကဏ္ဍပနေ နိုင်ရာဝန်တွေပါဝင်ထမ်းဆောင်ကြဖို့ NMSP-AD က တိုက်တွန်းထားပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ကလည်း မွန်အမျိုးသားနေ့ သဝဏ်လွှာပေးပို့ခဲ့ရာမှာ မွန်အမျိုးသားနေ့ အထိမ်းအမှတ်ကဲ့သို့ မွန်နိုင်ငံသစ်နေ့ကို အထိမ်းအမှတ်ပြုသွားနိုင်ဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်အင်အားစုတွေစုစည်းပြီး မွန်တစ်မျိုးသားလုံး လွတ်မြောက်နိုင်ရေးအတွက် မွန်လူမျိုးများနှင့်အတူ တစုတစည်းတည်း တာဝန်ထမ်းဆောင်သွားမယ်လို့ ဆန္ဒပြုကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက် (၁၁၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရှေ့တန်းရောက်ရဲဘော်များကို ပဲပြုတ်နှင့်နံပြားကျွေးမွေး


ဖေဖော်ဝါရီ၁၃ရက်


ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက် ၁၁၀ ပြည့် မွေးနေ့အမှတ်တရအဖြစ် ရှေ့တန်းရောက်ရဲဘော်များကို ပဲပြုတ်နှင့်နံပြားကျွေးမွေးခဲ့တယ်လို့ ဖေဖော်ဝါရီ၁၃မှာ  Justice Soldier PDFက အသိပေးဖော်ပြပါတယ်

"အဖိုးဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်(၁၁၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ကျွန်တော်တို့ ရှေ့တန်းရဲဘော်များ ပဲပြုတ်နှင့်နံပြားကို ပြည်သူလူထု၏ ပေးပို့မှုဖြင့် စားသုံးရပါတယ်"လို့ ဖော်ပြပါတယ်။

မေတ္တာဖြင့် ပေးပို့ကြသော ပြည်သူများနှင့်အတူ ထောက်ပို့ပေးကြသော တော်လှန်ပြည်သူ တစ်ဦးချင်းစီတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်များ အဆင်ပြေ ချောမွေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းဆိုထားပါတယ်။


========================


🚩🚩 ၄။ညောင်ရွှေမြို့မှာ စစ်တပ်နဲ့ PNO/PNA ပအိုဝ်းပြည်သူ့စစ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ကလေးတဦးအပါအဝင် အရပ်သား ၂ဦးသေဆုံး 


ဖေဖော်ဝါရီ၁၃ရက်


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PNO/PNA ပအိုဝ်းပြည်သူ့စစ်တွေပါတဲ့ ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတဦးအပါအဝင် အရပ်သား၂ ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အင်းလေး ဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာကို မနေ့ ဖေဖော်ဝါရီ ၁၂ရက်  ညနေ နာရီခန့်မှာ ဖယ်ခုံမြို့ဘက်ကနေ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့တာကြောင့် အအပြစ်မဲပြည်သူတွေ သေဆုံးရတာလို့ ဆိုပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၁၀ နှစ်အရွယ် မောင်စိုင်းလျန်ဆိုင်နဲ့ အသက် ၄၀ ကျော်အရွယ် ရှိတဲ့ ဦးစိုဝ်လုံတို့ သေဆုံးကာ အသက် ၄၀ အရွယ် ဒေါ်နန်းဖန်နဲ့ ၄၅ နှစ်အရွယ် ဦးကျားတို့ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO/PNA ပူးပေါင်းတပ်ဖွဲ့ဟာ ပင်လောင်းမြို့နယ် နန်းတုတ်ရွာကိုလည်း မနေ့ ညနေက မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး လုံးပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၂လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ညောင်ရွှေမြို့နယ် ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာနဲ့ ထမင်းချိုဓာတ်ဘုရားစခန်းကုန်းဘက်မှာ အင်အား ၁၅၀ ခန့်နဲ့ တပ်စွဲ နေတဲ့ စစ်ကောင်စီတပ် PNA ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဟာ ရေပူကျေးရွာအရှေ့ဘက် ရေချောင်းအထိ ဇန်နဝါရီ ၃၀ ရက်က စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ အင်းလေး PDFက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်-IPDF ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 Bee Coloum ပျားစစ်ကြောင်းနဲ့ SSRY တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွား တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ရှမ်းမန်းစစ်ဆင်ရေးကို တာဝန်ကျေပွန်ပြီးစီးလို့ ရေဦးရင်ခွင်ထံသို့ပြန်လာသည့် YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ်(၁၄)ကိုကြိုဆိုဂုဏ်ပြု


ဖေဖော်ဝါရီ၁၃ရက်


ရှမ်းမန်းစစ်ဆင်ရေးကို တာဝန်ကျေပွန်ပြီးစီးလို့ ရေဦးရင်ခွင်ထံသို့ပြန်လာသည့် YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ်(၁၄)ကိုကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌဦးမြင့်ထွေးကအသိပေးဆိုထားပါတယ်။

"ဘဝမှာ အမှတ်တရတွေ အခက်အခဲတွေ မျှော်လင့်ချက်တွေ စိုးရိမ်ချက်တွေ အတော်လာစုဆုံတဲ့နေ့တနေ့ပဲဗျာ့။ မနက်ပိုင်း ဆယ်နာရီမှာ (၇၈)ကြိမ်မြှောက်ပင်လုံစာချုပ် ချုပ်ဆိုသည့်အခမ်းအနားတက်၊ နေ့လည် တစ်နာရီမှာ ယူနစ်အတွက်အစုအဖွဲ့()နှင့်ယူနစ်လွှတ်တော်အစည်းအဝေးတက်။ နေ့လည်ပိုင်းမှာ ရှမ်းမန်းစစ်ဆင်ရေးကို တာဝန်ကျေပွန်ပြီးစီးလို့ ရေဦးရင်ခွင်ထံသို့ပြန်လာသည့် YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ်(၁၄)ကို အပြေးအလွှာ ကြိုဆို။ ရှေ့တန်းမှာ ရဲဘော်သုံးဦး ပေးဆပ်ခဲ့ရပြီး၊ ရဲဘော်နှစ်ဦးအသေးစား ထိခိုက်ဒဏ်ရာရရှိ ပေးဆပ်ခဲ့တယ်။ အပြန်ခရီးအတွက်အဆင်ပြေအောင် ရေဦးပကဖ၊ ရေဦးပအဖ နှင့်ရပ်ကျေးပြည်သူတို့က လိုလေသေးမရှိအောင်ဝိုင်းဝန်းပေးရင်း ဝမ်းသာတသာကြိုဆိုခဲ့ကြတယ်"လို့ဆိုပါတယ်။


========================


🚩🚩၆။ပခန်းမြို့အနီး တိုက်ပွဲမှာ စစ်အရာရှိအပါအဝင် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ လက်နက် လက်သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ၁၃ရက်


မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းမြို့မြောက်ဘက်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ သေနတ် နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့က ဒီနေ့ ဖေ‌ဖော်ဝါရီ ၁၃ မှာ ထုတ်ပြန်ပါတယ်။

ပခန်းမြို့မှာညအိပ်ပြီး ရေစကြိုမြို့ဘက်ပြန်လာတဲ့ ခလရ ၂၅၆ ၂၅၇ ၂၅၈ စတဲ့ တပ်ရင်းတွေက အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက် မနက် နာရီ ခန့်အချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ၄၅ မိနစ်ခန့်ကြာတဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က စစ်သား ၂ဝကျော် ၂၅ ဦးခန့် လဲကျသွားပြီး ထွက်ပြေးသူတွေ၊ အင်္ကျီတွေချွှတ်ပြီး အလံထောင်ပြသူတွေ၊ အလံထောင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီပြေးလာသူတွေကို အခြား စစ်သားတွေက ပစ်ခတ်တာတွေရှိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ တာဝန်ခံကိုအောင်မောင်းက ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ ကစဉ့်ကလျားဖြစ်သွားပြီး ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ လုံး ပစ်ကူပေးတဲ့အပြင် မီတာတထောင်အနီးမှာရှိတဲ့ တောင်အို စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးပစ်ကူပေးနေတာတွေ ကြောင့် တော်လှန်ရေးရဲဘော်တွေ တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရတွေထဲမှာ ဗိုလ်ကြီးကျော်လင်းဦး ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ရသွားတဲ့အပြင် တပ်ကြပ် ကျော်သီဟထွန်း အပါအဝင် ၁၅ ဦး ရှိပြီး သူတို့ကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် နာရီ ၄၅ မိနစ်အချိန်မှ ပခုက္ကူမြို့ကို သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF "နတ်မိချောင်း စစ်ဆင်ရေး"က ဦးဆောင်ပြီး Southern Local တပ်ပေါင်းစုက ညီကို တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေအသုံးပြုတဲ့ MA 3 အမျိုးအစား သေနတ်တလက်၊ MA1 အမျိုးအစား သေနတ် လက် သိမ်း ဆည်းရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့် မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment