21st Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨၁။ ဘုန်းတော်ကြီးဖာသာရ် မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ⁨⁨၂။ဒေါ်အောင်ဆန်းစုကြည်၏သားငယ်Kim Aris နှင့်မြန်မာမိသားစုများ နယူးယောက်တွေ့ဆုံပွဲမှရရှိမယ့် ငွေကြေးများအားလုံးကို မြန်မာစစ်ဘေးရှောင်များကိုပြန်လည်လှူဒါန်းမည်

📌 ⁨⁨၃။ စစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်ကျူးလွန်မှုများအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)သို့ မြန်မာအဖွဲ့အစည်းပေါင်း၁၂၀ ကျော်က အိတ်ဖွင့်ပေးစာပို့တောင်းဆို

📌 ⁨⁨၄။မြင်းခြံနယ်က အကြမ်းဖက်စစ်တပ်ကဖျက်ဆီးခဲ့တဲ့ရွာတရွာ မီးပြန်ရအောင်လုပ်ပေးနိုင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ ပြော

📌 ⁨⁨၅။ မြန်မာ့အရေးအတွက် တောင်ပိုင်းနဲ့မြောက်ပိုင်း ကယ်လီဖိုးနီးယား ချစ်ကြည်ရေး ရန်ပုံငွေဘောလုံးပွဲကျင်းပပြီး၊ရရှိငွေများကို "ပြည်သူ့ဂုဏ်ရည်" အသင်းကတဆင့် ပြည်တွင်းသို့ပြန်လည်လှူဒါန်းမယ်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨ မင်းတုန်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများသလို တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တဦး ကျဆုံး

🚩 ၂။ပေါက်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

🚩 ၃။ဗန်းမော်တိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲ ဗိုလ်မှူးတဦး ပါဝင်

🚩 ၄။နောင်ချို့မြို့နယ်က လောက်ဖန်းရွာကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တဲ့အတွက် အဘွားအိုတဦးသေဆုံးပြီး ဦးဒဏ်ရာရ

🚩 ၅။⁨⁨ ကလေးမြို့နယ်တောင်ပိုင်းက ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨၁။ ဘုန်းတော်ကြီးဖာသာရ် မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


ဖေဖော်ဝါရီ၂၁ရက်


ဘုန်းတော်ကြီးဖာသာရ် မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။

" ဖေဖော်ဝါရီ (၁၄)ရက်နေ့က ရွှေဘိုမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီးဖာသာရ် မာတင်ဒေါနယ် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး (၁၇)ရက်နေ့မှာပဲ လက်ရှိစီမံဆောင်ရွက်နေမှုတွေကို လျင်လျင်မြန်မြန် ပြည်သူကိုတင်ပြပေးနိုင်ခဲ့တာ အင်မတန်ကောင်းမွန်ပါကြောင်း၊ ဆက်လက်ပြီးလည်း အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ရဲ့ သတင်းအချက်အလက် စီးဆင်းမှု၊ အစီရင်ခံစာပေးပို့မှုစနစ်ကို ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့လိုအပ်ကြောင်း နှင့် ဆောင်ရွက်လက်စ အမှုကိစ္စတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ ဖိဖိစီးစီး ဆက်လက်လုပ်ဆောင်ပေးဖို့ လိုအပ်သလို အစီရင်ခံစာများကိုလည်း အချိန်နဲ့တပြေးညီ ကျွန်တော့်ဆီကို ပို့ပေးဖို့ လိုအပ်ပါကြောင်း " ဝန်ကြီးချုပ်ကပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် ၄၄ နှစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်( Fr. Donald Martin) သတ်ဖြတ်ခံခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း()နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)မှာ သတင်းရသည်နှင့် တပြိုင်တည်း ပူးပေါင်းပြီး သံသယတရားခံ(၁၀)ဦးကို နေ့တွင်းချင်းဖမ်းဆီးခဲ့ပြီး လတ်တလော စုံစမ်းစစ်ဆေးမှုများအရ သံသယတရားခံများသည် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရပါတယ်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်ပါတယ်။


========================


📌📌 ⁨⁨၂။ဒေါ်အောင်ဆန်းစုကြည်၏သားငယ်Kim Aris နှင့်မြန်မာမိသားစုများ နယူးယောက်တွေ့ဆုံပွဲမှရရှိမယ့် ငွေကြေးများအားလုံးကို မြန်မာစစ်ဘေးရှောင်များကိုပြန်လည်လှူဒါန်းမည်


ဖေဖော်ဝါရီ၂၁ရက်


ဒေါ်အောင်ဆန်းစုကြည်၏သားငယ်Kim Arisနှင့် မြန်မာမိသားစုများ နယူးယောက်တွေ့ဆုံပွဲမှရရှိမယ့် ငွေကြေးများအားလုံးကို မြန်မာစစ်ဘေးရှောင်များကို ပြန်လည်လှူဒါန်းမယ်လို့သိရပါတယ်။

 အခမ်းအနားနဲ့ပတ်သက်လို့ NYCBCမှအမှုဆောင် ကိုနေတင်မြင့်က RadioNUGကို အခုလိုပြောပါတယ်။


((((((((( ကိုနေတင်မြင့်- NYCBCအမှုဆောင်)))))))


အမေစု၏အသက်(၈၀)ပြည့်မွေးနေ့ကမ်းပိန်းနှင့်အတူ မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အရေးကြီးသောဆွေးနွေးပွဲတစ်ခုအား Kim Aris (ဒေါ်အောင်ဆန်းစုကြည်၏သား) မှ နယူးယောက်မြို့တွင် ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

မတ်လ၁၅ရက် အစည်းအဝေးတွင်  Kim Aris နှင့်အတူ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွါးရေးအကြံပေး Sean Turnellတို့ တက်ရောက်မှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨၃။ စစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်ကျူးလွန်မှုများအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)သို့ မြန်မာအဖွဲ့အစည်းပေါင်း၁၂၀ ကျော်က အိတ်ဖွင့်ပေးစာပို့တောင်းဆို


စစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်ကျူးလွန်မှုများအတွက်  ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် တရားမျှတမှုကိုဖော်ဆောင်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) သို့ မြန်မာအဖွဲ့အစည်းပေါင်း၁၂၀ ကျော်ကအိတ်ဖွင့်ပေးစာပို့တောင်းဆိုလိုက်တယ်လို့ ဖေဖော်ဝါရီ၂၀ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကအသိပေးဖော်ပြပါတယ်။

အိတ်ဖွင့်ပေးစာကိုအဖွဲ့အစည်းအပေါင်း ၁၂၁ ဖွဲ့မှ ပါဝင်ထောက်ခံခဲ့ကြပြီး UNHRC ကိုစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်သော အစီအစဉ်များ မှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရန်၊ မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ခြင်းနှင့် လောင်စာဆီအား ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ပေးရန်စတဲ့ အချက်များတောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨၄။မြင်းခြံနယ်က အကြမ်းဖက်စစ်တပ်ကဖျက်ဆီးခဲ့တဲ့ရွာတရွာ မီးပြန်ရအောင်လုပ်ပေးနိုင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ ပြော


ဖေဖော်ဝါရီ၂၁ရက်


အကြမ်းဖက်စစ်တပ်က ဖျက်းဆီးခဲ့တဲ့ရွာတွေထဲက မြင်းခြံနယ်မှာရှိတဲ့ ကျေးရွာတရွာကို လျှပ်စစ်မီးပြန်ရအောင် ကြိုးစား လုပ်ဆောင်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်- တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောပါတယ်။ 

ရန်သူနယ်မြေအတွင်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ပိုင် လျှပ်စစ်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပေးရုံးက Cable ကြိုးတွေ အပါအဝင် လျှပ်စစ်နဲ့ဆက်စပ်ပစ္စည်းအချို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ MBTတပ်ဖွဲ့က လုံခြုံရေးအပြည့်ယူပြီး ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် MBTတပ်ဖွဲ့က ကျေးရွာတာဝန်ခံတွေနဲ့ပူးပေါင်းကာ မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း စစ်အုပ်စုဘက်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေထဲက ရွာတရွာ လျှပ်စစ်မီးပြန်လည်ရှိနိုင်ရေး ကြိုးစားလုပ်ဆောင်ခဲ့ရာ လက်ရှိမှာ ၆ဝ ရာခိုင်နှုန်း လျှပ်စစ်မီးပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ အသိပေးထားပါတယ်။ 

MBT တပ်ဖွဲ့အနေနဲ့ ကိုယ်ကျိုးအတွက် အသုံးပြုတာမျိုးမဟုတ်ဘဲ မိမိတို့စိုးမိုးနယ်မြေအတွင်းမှာရှိတဲ့ ပြည်သူလူထု အဆင်ပြေစေရေးနဲ့ ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် တရားနည်းကျကျ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨၅။ မြန်မာ့အရေးအတွက် တောင်ပိုင်းနဲ့မြောက်ပိုင်း ကယ်လီဖိုးနီးယား ချစ်ကြည်ရေး ရန်ပုံငွေဘောလုံးပွဲကျင်းပပြီး၊ရရှိငွေများကို "ပြည်သူ့ဂုဏ်ရည်" အသင်းကတဆင့် ပြည်တွင်းသို့ပြန်လည်လှူဒါန်းမယ်


ဖေဖော်ဝါရီ၂၁ရက်


အမေရိကန်ပြည်ထောင်စုမှာ "မြန်မာ့အရေးအတွက် တောင်ပိုင်းနဲ့မြောက်ပိုင်း ကယ်လီဖိုးနီးယား ချစ်ကြည်ရေး ရန်ပုံငွေဘောလုံးပွဲ"ကျင်းပမည် ဖြစ်ကြောင်းသိရပါတယ်။အခမ်းအနားကို Duarte High School Football Stadium ဧပြီလ၁၉ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပါတယ်။

အားကစားသမားများက ခြေစွမ်း၊ ခွန်အား တွေရင်းနှီးပေးလှူကြဖို့ ကြိုးစားနေကြပြီး အထွေထွေကုန်ကျစရိတ်များအတွက် ပါဝင်ကူညီပေးနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။

"ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ LA ထောက်ပို့ပြည်သူတွေကို မတူထူးခြားတဲ့ အစီအစဥ်လေးပေးချင်လို့ပါ။ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ "ပြည်သူ့ဂုဏ်ရည်" အသင်းကတဆင့် ပြည်တွင်းလိုအပ်ရာတွေဆီ စီးဆင်းစေမှာ ဖြစ်ပါတယ်"လို့ ပွဲစီစဥ်ကျင်းပသူက ဆိုပါတယ်။

အားကစားသမားများက ခြေစွမ်း၊ ခွန်အား တွေရင်းနှီးပေးလှူကြဖို့ ကြိုးစားနေကြပြီး အထွေထွေကုန်ကျစရိတ်များအတွက် ပါဝင်ကူညီပေးနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။⁨⁨⁨⁨ မင်းတုန်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများသလို တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တဦး ကျဆုံး


ဖေဖော်ဝါရီ ၂၁ရက်


မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲကိုဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်းခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များသလို တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် တပ်ရင်းက ဒီနေ့ ဖေဖော်ဝါရီ ၂၁ မှာ ထုတ်ပြန်ပါတယ်။ 

မင်းတုန်းမြို့နယ် ကန်မနိုင်ကျေးရွာကတဆင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲလာတဲ့ တပ်မ ၈၈၊ ကပစ ၁၂ နဲ့ ပြည်သူစစ်အဖွဲ့တွေပါတဲ့ အင်အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် နေ့လည် နာရီခွဲအချိန်မှာ ဒရုံးနဲ့ ၆ဝ မမ ဗုံးသီးတွေ ကြဲချပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် စစ်ဒေသ မကွေးတိုင်း သရက်ခရိုင် အမှတ်- တပ်ရင်း ဒရုန်းတပ်စိတ်နဲ့ ကျောင်းသားလက်ရုံးတပ်တော်-SAF ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့ပြီး သရက်ခရိုင်အမှတ် - တပ်ရင်း တပ်ခွဲ နဲ့ တပ်ခွဲ တို့က ဘုန်းကြီးကျောင်းအတွင်းထိ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ရန်သူ စစ်ကောင်စီ ဘက်က လက်နက်ကြီးပစ်ကူတွေအပြင် လေကြောင်းပစ်ကူပါခေါ်ခဲ့တာကြောင့် ညနေ နာရီအချိန်မှာ Jet Fighter နဲ့ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ သရက်ခရိုင် အမှတ် တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြီး တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တဦး ပြင်းထန် ဒဏ်ရာရပြီး မြင့်မြတ်စွာကျဆုံးခဲ့ရသလို ရဲဘော် ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

မင်းတုန်းမြို့  မိုင်ဂိတ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီးနဲ့ အချက် ၃၀ ခန့် ပစ်ကူပေးခဲ့တာကြောင့် အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြောက်ပြင်ကျေးရွာကနေ မင်းတုန်းမြို့ဘက် ပြန်ဆုတ်သွား တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မူတွေကြောင့် ဒေသနေပြည်သူလူထုပိုင်တဲ့ နွားအချို့ ထိခိုက်သေဆုံးခဲ့ရပြီး သက်ကြီးရွယ်အို အရပ်သားတဦး မစိုးရိမ်းရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ သရက်ခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ပေါက်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာရ


ဖေဖော်ဝါရီ ၂၁ရက်


ရခိုင့်တပ်တော် AA ထိန်းချုပ်‌ထားတဲ့ ပေါက်တောမြို့ကို စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ဦးအပါအဝင် အရပ်သား ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်တောမြို့နယ်ထဲက သဲခုံရွာ၊ မညှင်းကိုင်း၊ ပြင်မ၊ ကျောက်တောင်၊ ဆင်တက်မော်တောတန်းရွာ၊ ဆင်တက်မော် ဘောဒလီရွာ၊ ဆင်တက်မော် မွတ်ဆလင်ရွာ အနောက်ရဲ မွတ်ဆလင်ရွာတို့အအပါအဝင် နေရာ ၁၂ ခုကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံး ၄၀ ခန့်ကြဲချခဲ့တာလို့ ဒေသသတင်းရင်းမြစ် တွေက ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် နှစ် ၁၂ နှစ်၊ ၂၄ နှစ်နဲ့ အသက် ၅ဝ အရွယ်တွေဖြစ်ကြပြီး အမျိုးသား ၂ဦး အမျိုးသမီး ဦး သေဆုံးခဲ့ရကာ အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ဦး ဒဏ်ရာရသွားယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ရွာစဉ်အလိုက် ပစ်ခတ်တိုက်ခိုက်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ရခိုင်တိုင်းရင်းသားအရေးလှုပ်ရှားသူတဦးက မှတ်ချက်ပြုပါတယ်။

စစ်တွေမြိုအနီးက စစ်ကောင်စီတပ်တွေကို ရခိုင့်တပ်တော် AA က တိုက်ခိုက်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက AA ထိန်းချုပ်ရာမြိုနယ်တွေက အရပ်သားများနေထိုင်ရာကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ် နေတယ်လို့ ဒေသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပေါက်တောမြို့ကို ၂၀၂၄ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရခိုင့်တပ်တော် AA က သိမ်းယူနိုင်ခဲ့ရာမှာ တိုက်ပွဲကာလအတွင်း  စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့တာတွေရှိတယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။  

စစ်ရှုံးစစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ တွေအပါအဝင် ဈေးများ၊ လမ်းတံတားများနဲ့ လူနေရပ်ကွက်တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေရာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကိုဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ AA က သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ဗန်းမော်တိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲ ဗိုလ်မှူးတဦး ပါဝင်


ဖေဖော်ဝါရီ ၂၁ရက်

 

ကချင်ပြည်နယ် ဗန်းမော်မြို့က အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ခလရ-၂၃၆ တပ်ရင်းကို ကချင် လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်း ၇၀ ကျော် အနက် ဒဏ်ရာရထားတဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦးပါတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ခလရ ၂၃၆ တပ်ရင်းကို မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ KIA ဘက်က အတည်ပြုထားပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ လက်နက်အများအပြားနဲ့ စစ်ဘက်သုံး ဒရုန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

ခလရ-၂၃၆ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ လက်ရှိမှာ စကခ ၂၁ ကို သိမ်းပိုက် နိုင်ရေး ဆက်လက်ထိုးဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်က ရာထူးအကြီးပိုင်းတွေ ထိခိုက်ကျရှုံးမှုတွေရှိနေတယ်လို့   စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေဟာ ခလရ- ၂၃၆ အပါအဝင် အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ အမှတ် ၃၆၆ အမြောက်တပ်တပ်ကိုလည်း အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သလို ဗန်းမော်လေယာဉ်ကွင်းတခုလုံးကိုပါ အပြီးသတ် သိမ်းနိုင်ခဲ့ပြီလို့ သိရပါတယ်။


========================


🚩🚩 ၄။နောင်ချို့မြို့နယ်က လောက်ဖန်းရွာကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တဲ့အတွက် အဘွားအိုတဦးသေဆုံးပြီး ဦးဒဏ်ရာရ


ဖေဖော်ဝါရီ ၂၁ရက်


ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက လောက်ဖန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက် တဲ့အတွက် အဘွားအိုတဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ဦးဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက မနေ့ ဖေဖော်ဝါရီ ၂၀ရက် နာရီခွဲဝန်းကျင်မှာ ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် နေအိမ်မှာအိပ်နေတဲ့ အဘွားအိုတဦးသေဆုံးပြီး ကလေးတွေအပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရခဲ့ကာ အိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညပိုင်းကလည်း နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို အကြမ်းဖက် စစ်တပ် က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

တရုတ်အစိုးရအစီအစဥ်နဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေနဲ့ TNLA ခေါင်းဆောင်တွေ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက် နေ့က ကူမင်းမြို့မှာ တွေဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရတဲ့နောက်ပိုင်း TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတဲ့အတွက် အရပ်သားပြည်သူ တွေ သေဆုံးနေရတာပဲဖြစ်ပါတယ်။ 

မြေပြင်မှာလည်း စစ်ကောင်စီဘက်က အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေတဲ့အတွက် တောင်ခမ်းဒေသတဝိုက်မှာလည်း   တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။⁨⁨ ကလေးမြို့နယ်တောင်ပိုင်းက ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် 


ဖေဖော်ဝါရီ ၂၁ရက်


စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျန်းမာရေး စေတနာ့ဝန်ထမ်း ဦး ဒဏ်ရာရသွားတယ်လို့ People's Healthcare Network – Kalay က ထုတ်ပြန်ပါတယ်။။

ဒေသနေပြည်သူတွေနဲ့ ပြည်သူ့ရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကလေးမြို့နယ်တောင်ပိုင်းက စိုးမိုး နယ်မြေတနေရာမှာရှိတဲ့ Golden Valley Revolution Hospital ကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် ရွှေတောင်ကြား တော်လှန်ရေးဆေးရုံက ကျန်းမာရေး စေတနာ့ဝန်ထမ်း ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network – Kalay တာဝန်ရှိသူတဦးက ပြောပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁ဝ နာရီ ၁၅ မိနစ်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ People's Healthcare Network – Kalay ရဲ့ Station Hospital - Southern Kalaymyo - တောင်ပိုင်းတိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ကြားက ထိခိုက်ဒဏ်ရာရ ပြည်သူတွေ နဲ့ ပြည်သူ့ရဲဘော်တွေကို သက်စွန့်ဆံဖျား ကယ်ဆယ်ကုသစောင့်ရှောက်ပေးခဲ့ကြတဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကို People's Healthcare Network – Kalay က အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးနေ တဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်တွေကို တောင်ပိုင်းတိုက်နယ်ဆေးရုံ PHN-Kalay က အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်တဲ့အထိ ပြည်သူလူထုနဲ့အတူ ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ People's Healthcare Network – Kalay က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment