22nd Feb 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ NUGဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တက်ရောက်

📌 ⁨⁨⁨၂။ လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသား ၁၅၀၀ ကျော်အား ကျန်းမာရေးအသိပညာပေး၍ သန်ချဆေးများတိုက်ကျွေး

📌 ⁨⁨⁨၃။အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၂၂) ဦး ရှိခဲ့ပြီဖြစ်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ယနေ့မနက် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတဦးသေဆုံး

🚩 ၂။ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ် စာသားနဲ့ ရန်ကုန်မှာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား

🚩 ၃။ ဘုတ်ပြင်းမြို့နယ်အတွင်းအဓမ္မစစ်သားစုဆောင်းရေးအတွက် တက်ကြွစွာပါဝင်ဖမ်းဆီးပေးနေသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမူးများနှင့် စစ်ကောင်စီဒေါင့်တိုင်အားလုံးကိုသတိပေး

🚩 ၄။အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့မှု၊ရန်သူ ()ဦးထက်မနည်းသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨၁။ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ NUGဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တက်ရောက်


ဖေဖော်ဝါရီ၂၂ရက်


ဂျပန်နိုင်ငံတိုကျိုမြို့တွင်၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ NUGဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် စောဘလှသိန်းတက်ရောက်ခဲ့ပါတယ်။

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အားကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ NUG- Japan ဂျပန်နိုင်ငံလုံးဆိုင်ရာကိုယ်စားလှယ် စောဘလှသိန်းမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨၂။ လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသား ၁၅၀၀ ကျော်အား ကျန်းမာရေးအသိပညာပေး၍ သန်ချဆေးများတိုက်ကျွေး


ဖေဖော်ဝါရီ၂၂ရက်


လောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသား ၁၅၀၀ ကျော်အား ကျန်းမာရေးအသိပညာပေး၍သန်ချဆေးများ တိုက်ကျွေးခဲ့ပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀ ရွာရှိ စာသင်ကျောင်းများ၌ ကျန်းမာရေးအသိပညာဟောပြောပေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်လို့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကဆိုပါတယ်။

အဆိုပါကျေးရွာစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသား ၁၅၀၀ ကျော်အား သန်ကောင်၊တုပ်ကောင်အန္တရာယ်အသိပညာပေးဟောပြောခြင်း၊ တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးအတွက်လိုက်နာရမည့်အချက်များကို အသိပညာပေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ဒေသခံများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီတပ်များမှ ဆေးဝါးသယ်ယူခွင့်ကန့်သတ်ထားခြင်း၊ နယ်မြေမတည်ငြိမ်မှုများကြောင့် ရှောင်တိမ်းနေထိုင်ကြရင်း ကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မရရှိခြင်းအပြင် ကျန်းမာရေးအသိပညာအားနည်းလာခြင်းတို့ကြောင့် ဒေသခံများတွင် အခက်အခဲများကြုံတွေ့နေကြရပါတယ်။


========================


📌📌 ⁨⁨⁨၃။အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၂၂) ဦး ရှိခဲ့ပြီဖြစ်


ဖေဖော်ဝါရီ၂၂ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၂၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍AAPPကထုတ်ပြန်ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၂၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၃၇) ဦးရှိပြီး ထိုအထဲမှ (၂၁၈၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၃၆၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။⁨⁨⁨⁨ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ယနေ့မနက် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတဦးသေဆုံး


ဖေဖော်ဝါရီ၂၂ရက်


စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး ()လုံးနှင့် တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံးကိုY-12 လေယာဉ်ဖြင့် ယနေ့မနက် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတဦးသေဆုံးခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် ညသန်းခေါင်ယံ (၁၂း၁၅)နာရီမှ နံနက် (၁း၃၀)နာရီအချိန်ထိ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး ()လုံးနှင့် တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ထိုဗုံးကြောင့် ဒေသခံ ()ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်လည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ()ဦး‌ သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ()လုံး  ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းပြည်အတွင်းရှိ ကလေးတစ်ဦးအပါအ၀င် အမျိုးသား ()ဦး၊ အမျိုးသမီး ()ဦး သေဆုံးခဲ့ရပါတယ်။


========================


🚩🚩 ၂။ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ် စာသားနဲ့ ရန်ကုန်မှာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား


ဖေဖော်ဝါရီ ၂၂ရက်


နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ် စာသားနဲ့ ရန်ကုန်မှာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့တစ်နေရာမှာ လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါ လှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊Yangon4Brothers Kyimyindaing NetworksOwl Community Mayangone Democratic Front နဲ့ Linn Yaung Ni Youth Organization တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ ဘုတ်ပြင်းမြို့နယ်အတွင်းအဓမ္မစစ်သားစုဆောင်းရေးအတွက် တက်ကြွစွာပါဝင်ဖမ်းဆီးပေးနေသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမူးများနှင့် စစ်ကောင်စီဒေါင့်တိုင်အားလုံးကိုသတိပေး


ဖေဖော်ဝါရီ၂၂ရက်


ဘုတ်ပြင်းမြို့နယ်အတွင်း အဓမ္မစစ်သားစုဆောင်းရေးအတွက် တက်ကြွစွာပါဝင်ဖမ်းဆီးပေးနေသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမူးများနှင့် စစ်ကောင်စီဒေါင့်တိုင်အားလုံးကို သတိပေးဆိုလိုက်တယ်လို့

ဖေဖော်ဝါရီ၂၂ရက်မှာ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက အသိပေးဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် အသက် (၁၈)နှစ်အထက် အမျိုးသား၊ အမျိုးသမီးပါမကျန် စစ်မှုမထမ်းမနေရဟု ထုတ်ပြန်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ပါဝင်ကူညီပေးနေသည်ဟု ပြည်သူများထံမှ သတင်းရရှိထားတယ်လို့ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ(၁၀)ရက်နေ့၊ ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်တွင် လူငယ်()ဦးကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပါဝင်ကူညီပြီး ဖမ်းဆီးပေးခဲ့ပြီးလူငယ်()ဦးကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ဘုတ်ပြင်းမြို့မှ တဆင့် မြိတ်မြို့သို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားစုဆောင်းရေးတပ်ထံ ပို့ဆောင်ပေးခဲ့သည်ဟု သိရတယ်လို့ဆိုပါတယ်။

အထက်ဖော်ပြပါအကြောင်းအရာနှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်၍ဖြစ်စေ၊အားပေးကူညီ၍ဖြစ်စေ၊ပူးပေါင်းကူညီဆောင်ရွက်သူဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်စစ်ကောင်စီဒေါင့်တိုင်သတင်းပေးသူလျှိုများ အစရှိသည့်အဖွဲ့အစည်းဖြစ်စေ၊တစ်ဦးတစ်ယောက်ချင်းဖြစ်စေ မည်သူ့ကိုမဆိုဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး ထိထိရောက်ရောက်အပြစ်ပေးအရေးယူသွားမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့မှု၊ရန်သူ ()ဦးထက်မနည်းသေဆုံး


ဖေဖော်ဝါရီ၂၂ရက်


အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကောင်စီ စစ်ကြောင်းနှင့်ထိတွေ့မှု၊ရန်သူ ()ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

အောင်ဇေယျစစ်ဆင်ရေးအတွင်းပါဝင်သော စစ်ကောင်စီတပ်သားများသည် ကော့ကရိတ်မြို့၊ရွာသစ်ကုန်းရွာ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးရာ နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးလာခဲ့ရာ နယ်မြေခံပူးပေါင်းတပ်ဖွဲ့ ၊ကျားနဂါး(Southern Eagle)Justice Soldier PDF တပ်ဖွဲ့တို့ နှင့် (၄၅)မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။၂၀၂၅ခုနှစ် ၊ဖေဖော်ဝါရီလ()ရက်နေ့ထိတွေ့တိုက်ပွဲအတွင်းရန်သူဖက်မှ () ဦးထက်မနည်းကျဆုံး၍ () ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။စစ်ကောင်စီဖက်မှ MA -1 ()လက် ၊ခဲယ*မ်းများ ၊နင်းမိုင်းများ ၊မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment