23rd Feb 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အမှာစကားပြောကြား

📌 ⁨⁨⁨၂။ လူမူထူးချွန်ဆု ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတဲ့မြန်မာ့မိတ်ဆွေ Prof. Katsuya Soda အတွက်ဝမ်းမြောက်ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ  မှတ်တမ်းတင်ဂုဏ်ပြု

📌 ⁨⁨⁨၃။ ဖေဖော်ဝါရီလအတွင်း နွေဦးထီကံစမ်းသူများအနေနဲ့ ထီဆယ်စောင်ထိုးလျှင် တစောင်ရရှိမယ့်အပြင် သိန်းတရာကံထူးသူနှစ်ဦးပါ ကျပန်းရွေးချယ်မည်

📌 ⁨⁨⁨၄။ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာနဲ့ သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရ


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက သေနတ်ဖောက်၍ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား()ဦးဒဏ်ရာများရရှိ

🚩 ၂။ ပွင့်ဖြူ- မင်းဘူးလမ်းပိုင်း စစ်ရေးအရှိန်မြှင့်မည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းစာအတုများပို့ဆောင်မှုရှိနေတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာ

🚩 ၃။ KYO ကရင်လူငယ်အစည်းအရုံး (ဗဟို) မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) သင်တန်းအား ဒူးပလာယာခရိုင်တွင် ကျင်းပ

🚩 ၄။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားခြင်းစာနာမှုနှင့် ကူညီကယ်ဆယ်ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်ငါးရာကျော်လှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨၁။ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်အမှာစကားပြောကြား


ဖေဖော်ဝါရီ၂၃ရက်


အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ၂၂ရက်ကျင်းပတဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တက်ရောက်ကာ ညီညွတ်ရေးနဲ့သန်မာဖို့အပြင် အတူတကွ ပူးပေါင်းလုပ်ကြဖို့ပြောကြားခဲ့ပြီး ပြည်သူများအနိုင်ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ချင်းရိုးရာအကအလှများနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရောက်ချင်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨၂။ လူမူထူးချွန်ဆု ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတဲ့မြန်မာ့မိတ်ဆွေ Prof. Katsuya Soda အတွက်ဝမ်းမြောက်ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ  မှတ်တမ်းတင်ဂုဏ်ပြု


ဖေဖော်ဝါရီ၂၃ရက်


လူမူထူးချွန်ဆု ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတဲ့မြန်မာ့မိတ်ဆွေ Prof. Katsuya Sodaအတွက် ဝမ်းမြောက်ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ  မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan) မှ NPO-PEACE အတွင်းရေးမှူး Prof. Katsuya Soda အား  မြန်မာပြည်သူများအတွက် လူမှုကူညီရေးလုပ်ငန်းများနှင့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းများတွင် စဉ်ဆက်မပြတ် လုပ်ဆောင်ပေးသည့်အတွက် လူမူထူးချွန်ဆု ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။

 မြန်မာ့မိတ်ဆွေ Prof. Katsuya Soda အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨၃။ ဖေဖော်ဝါရီလအတွင်း နွေဦးထီကံစမ်းသူများအနေနဲ့ ထီဆယ်စောင်ထိုးလျှင် တစောင်ရရှိမယ့်အပြင် သိန်းတရာကံထူးသူနှစ်ဦးပါ ကျပန်းရွေးချယ်မည်


ဖေဖော်ဝါရီ၂၃ရက်


ဖေဖော်ဝါရီလအတွင်း နွေဦးထီကံစမ်းသူများအနေနဲ့ ထီဆယ်စောင်ထိုးလျှင် တစောင်ရရှိမယ့်အပြင် သိန်းတရာကံထူးသူနှစ်ဦးပါ ကျပန်းရွေးချယ်မယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ၂၃ရက်တွင် နွေဦးထီမိသားစုရဲ့အသိပေးကြေညာချက်အရ ဖေဖော်ဝါရီလအတွက် ထူးခြားဆုမဲအစီအစဉ်အဖြစ် မည်သူမဆို ဖေဖော်ဝါရီ၂၁ရက်မှ၂၅ရက်အတွင်း ကံစမ်းထားသူများအနက်မှ ကျပန်းရွေးချယ်ထားသော ကံထူးရှင် ()ဦးကို တစ်ဦးလျှင် သိန်း (၁၀၀) ကတိဆု ရမယ်လို့ သိရပါတယ်။

ဒါ့အပြင်နွေဦးထီ ဝယ်သူတိုင်းအတွက် ဆယ်စောင်လျှင်တစောင်နှင့်အတူ အခွင့်အရေး ရယူဖို့အခွင့်အရေးကို နွေဦးထီကအသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨၄။ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာနဲ့ သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရ


ဖေဖော်ဝါရီ၂၃ရက်


မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာနဲ့ သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရတယ်လို့ ဖေဖော်ဝါရီလအတွင်း UN OCHA Myanmarက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပုံမှန်မရချိန်တွင် လူဦးရေ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့မဟုတ် သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး အစီအစဉ်အရ လူမှုဂရုဏာလုပ်သားများသည် လူဦးရေ ဒသမ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် ကန်ဒေါ်လာ ဒသမ ဘီလီယံ လိုအပ်မယ်လို့ ဖော်ပြပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ပြည်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက သေနတ်ဖောက်၍ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား()ဦးဒဏ်ရာများရရှိ


ဖေဖော်ဝါရီ၂၃ရက်


ပြည်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များက သေနတ်ဖောက်၍ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား()ဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ(၂၃)မနက်ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်အတွင်းမှ စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်သူ အကျဉ်းသား လင်းထိန်ဆိုသူမှ မည်သို့မျှအကြောင်းပြ ပြောဆိုခြင်းမရှိပဲ လက်သီးဖြင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကိုထိုးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအား လက်သီးဖြင့်ထိုးခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား(၁၀၀)ကျော်ခန့်မှ မိန်းဂျေးရှေ့သို့ သွားရောက်ပြီး ထောင်မှူး(နှစ်ပွင့်အရာရှိ) ဦးကျော်အောင်ထံသို့ ကျူးလွန်သူ ဝင်းထိန်အား အရေးယူပေးပါရန် ငြိမ်းချမ်းစွာတင်ပြတောင်းဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

ထို့နောက်  အကျဉ်းထောင်ဗဟိုကင်းမှ သေနတ်()ချက် ပစ်ဖောက်ခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်အရာရှိ တေဇာဝင်း၏ မိန့်ပေးစေခိုင်းမှုဖြင့်  ထောင်ဝန်ထမ်း ဥက္ကာမိုး ပါ()ဦးနှင့် အခြားရာဇဝတ်အကျဉ်းသားဖြစ်သူ အကျရုံးတွင်တာဝန်ကျသည့် အကျဉ်းသား စူပါဖိုး၊အခန်းစာရေးငတိပါ အဖွဲ့တို့မှ ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများအား ဝင်ရောက်ရိုက်နှက်ပြီး ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား()ဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများမှ မတရားဖိနှိပ်မှုမပြုရန်နှင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်း PPNM မှ ထုတ်ပြန်ပါတယ်။


========================


🚩🚩 ၂။ ပွင့်ဖြူ- မင်းဘူးလမ်းပိုင်း စစ်ရေးအရှိန်မြှင့်မည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းစာအတုများပို့ဆောင်မှုရှိနေတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာ


ဖေဖော်ဝါရီ၂၃ရက်


ပွင့်ဖြူ- မင်းဘူးလမ်းပိုင်း စစ်ရေးအရှိန်မြှင့်မည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းစာအတုများပို့ဆောင်မှုရှိနေတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာပါတယ်။

ပွင့်ဖြူ- မင်းဘူးလမ်းပိုင်း စစ်ရေးအရှိန်မြှင့်မည်ဟုဆိုကာ Viber မှတဆင့် မိမိတို့ လိုဂို၊ လက်မှတ်တို့ကို အသုံးပြုကာ ခြိမ်းခြောက်ငွေတောင်းစာများပို့နေတာကိုတွေ့ရှိရတယ်လို့ ဖေဖော်ဝါရီ၂၃ရက်မှာ ပွင့်ဖြုပကဖကဆိုပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင် ပွင့်ဖြူမြို့နယ်တွင်လှုပ်ရှားနေသည့် မည်သည့်တပ်ရင်း၊တပ်ဖွဲ့ကမှ ထိုသို့ခြိမ်းခြောက်စာ၊ငွေတောင်းစာများ မပြုလုပ်သလိုနောင်တွင်လည်းပြုလုပ်မည်မဟုတ်ကြောင်း ကြေညာပါတယ်။

သို့ပါသောကြောင့် ထိုသို့ပေးပို့လာသည့် viber ဖုန်းနံပတ်များအား၊ Reply မပြုလုပ်ကြရန်နဲ့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များအား အသိပေးကြရန်နှင့် ကြောက်လန့်စိုးရွံ့နေစရာမလိုကြောင်း အသိပေးကြေညာထားပါတယ်။


========================


🚩🚩 ၃။ KYO ကရင်လူငယ်အစည်းအရုံး (ဗဟို) မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) သင်တန်းအား ဒူးပလာယာခရိုင်တွင် ကျင်းပ


ဖေဖော်ဝါရီလ (၂၃) ရက်


KYO ကရင်လူငယ်အစည်းအရုံး (ဗဟို) မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) သင်တန်းအား ဒူးပလာယာခရိုင်တွင် ကျင်းပခဲ့ပါတယ်။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိတွင် KYO ကရင်လူငယ် အစည်းအရုံး (ဗဟို)မှ ဦးဆောင်ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ဖြစ်ပေါ်လာသော အကျိုးဆက်များ  လျော့နည်းလာစေရန် နှင့် စစ်ပွဲဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို အရပ်သားပြည်သူများသာမက စစ်ဘက်ဆိုင်ရာ တာဝန် ရှိသူများနှင့် တိုက်ပွဲအတွင်း ပါဝင်ပတ်သက်နေသူများမှ နိုင်ငံတကာဥပဒေအား သိရှိနားလည်လိုက်နာနိုင်ရန် ရည်ရွယ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ထိုသင်တန်းသို့ KYO ကရင်လူငယ်အစည်းအရုံးခရိုင်နှင့် ဒူးပလာယာခရိုင်ရှိ မြို့နယ် အသီးသီးမှ KYO ကရင်လူငယ်အစည်းအရုံး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ကြပါတယ်။


========================


🚩🚩 ၄။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားခြင်းစာနာမှုနှင့် ကူညီကယ်ဆယ်ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်ငါးရာကျော်လှူဒါန်း


မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားခြင်းစာနာမှုနှင့် ကူညီကယ်ဆယ်ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်ငါးရာကျော် လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ၁၆ရက်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လူသားခြင်းစာနာမှုနှင့် ကူညီကယ်ဆယ်ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူများအတွက်လှူဒါန်းသော ဆန်အိတ် (၅၆၀) အား သထုံခရိုင် ပကဖနှင့် KNU၊ဘီးလင်းမြို့နယ်IDPsအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ပေးအပ်လှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment