24th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ သြစတြေးလျကွင်းစလန်မှာကျင်းပတဲ့တော်လှန်ရံပုံငွေ ရှာဖွေရေးပွဲသို့ မြန်မာ့နိုင်ငံအရေးကို အစဉ်တစိုက်ပံ့ပိုးပေးနေသော Liberal Party of Australia မှ Senator Paul Scarr တက်ရောက်ခဲ့

📌 ⁨⁨⁨⁨၂။ အနာဂတ်မြန်မာ့နိုင်ငံရေးကို မြန်မာပြည်သူလူထုက ဆုံးဖြတ်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

📌 ⁨⁨⁨⁨၃။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA)က ကရင်နီပြည်နယ်နှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အဓမ္မစစ်သားစုဆောင်းထားတဲ့ အမည်စာရင်းစာရွက်တွေနဲ့ အတူ ပစ်ခတ်ခံရပြီး သေဆုံး

🚩၂။ ရန်ကုန်တိုင်းမှော်ဘီရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့

🚩၃။ စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်၍ အဆိပ်ငွေ့ဗုံးကြောင့် TNLAတပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရပြီး ()ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့

🚩၄။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် မှ ပျူများ သင်တောအနီးတစ်ဝိုက် စစ်ကြောင်းထိုးဝင်ရောက်၍တိုက်ပွဲဖြစ်

🚩၅။ လယ်ဒိုမြို့နယ်ဝါးချဲကျေးရွာအတွင်းစစ်ကောင်စီလေတပ်မှ လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ဓမ္မာရုံနှင့်သိမ် ကျောင်းတစ်လုံး ထိခိုက်ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ သြစတြေးလျကွင်းစလန်မှာကျင်းပတဲ့တော်လှန်ရံပုံငွေ ရှာဖွေရေးပွဲသို့ မြန်မာ့နိုင်ငံအရေးကို အစဉ်တစိုက်ပံ့ပိုးပေးနေသော Liberal Party of Australia မှ Senator Paul Scarr တက်ရောက်ခဲ့


ဖေဖော်ဝါရီ၂၄ရက်


သြစတြေးလျကွင်းစလန်မှာကျင်းပတဲ့တော်လှန်ရံပုံငွေ ရှာဖွေရေးပွဲသို့ မြန်မာ့နိုင်ငံအရေးကို အစဉ်တစိုက်ပံ့ပိုးပေးနေသော Liberal Party of Australia မှ Senator Paul Scarr တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

CRPH/NUG Support Group(QLD) ရဲ့ဖေဖော်ဝါရီလတော်လှန်ရံပုံငွေ ရှာဖွေရေးပွဲသို့ မြန်မာ့နိုင်ငံအရေးကို အစဉ်တစိုက်ပံ့ပိုးပေးနေသော Liberal Party of Australia မှ Senator Paul Scarr တက်ရောက်ပြီး မြန်မာ့အရေး Parliament အတွင်း ဆွေးနွေးတင်ပြမှုကို ကွင်းစလန်းပြည်နယ်ရှိ မြန်မာ့နိုင်ငံသူ/သားများအားရှင်းလင်း တင်ပြခဲ့တယ်လို့ဆိုပါတယ်။

 CRPH/NUG Support Group (QLD) ပုံမှန် နွေဦးတော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကျင်းပသည့် upper Mount Gravatt Progress Hall အား() အတွက် ကျသင့်ငွေကိုလည်း Sponsor ထည့်၀င်လှူဒါန်းခဲ့ပါတယ်။

မြန်မာ့အရေးအတွက်လည်း မြန်မာပြည်သူ/ သား တို့၏ကိုယ်စား ဆက်လက် ကျိုးပမ်းသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့ ပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ အနာဂတ်မြန်မာ့နိုင်ငံရေးကို မြန်မာပြည်သူလူထုက ဆုံးဖြတ်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော


ဖေဖော်ဝါရီ ၂၄ရက်


အနာဂတ်မြန်မာ့နိုင်ငံရေးကို ဆုံးဖြတ်ဖို့ မြန်မာပြည်သူလူထုအပေါ်မှာ မူတည်တယ်လို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာပြည်သူလူထုရဲ့ အနာဂတ်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့၊ လူကုန်ကူးမှုကိုင်တွယ်ဖို့အပါအဝင် ဖြစ်ပွားနေဆဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ မလေးရှားရဲ့ ကတိကဝတ်ဆက်လက်ခိုင်မာနေဆဲဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်လာတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ ဒါမှသာ ရွေးကောက်ပွဲကို ကျင်းပဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာပါ။ အနာဂတ်မြန်မာ့နိုင်ငံရေးကို ဆုံးဖြတ်ဖို့က မြန်မာပြည်သူလူထုရဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့အဓိက ရည်မှန်းချက်က အကျပ်အတည်းအဆုံးသတ်ရေးပါပဲလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံဟာ ကြားဝင်မစွက်ဖက်ရေး(non-interference)မူကို ကိုင်စွဲထားပေမယ့် မြန်မာပြည်အကျပ်အတည်းဟာ နယ်စပ်ဖြတ်ကျော်လာနေပါပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုတွေ၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ မူးယစ်ဆေးဆက်စပ်လှုပ်ရှားမှုတွေအပါအဝင် ဒါက(မြန်မာ့အကျပ်အတည်းက) နိုင်ငံတကာဆိုင်ရာစိုးရိမ်မှုတစ်ခုဖြစ်လာပါတယ်။ ဒီရာဇဝတ်မှုအားလုံးဟာ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေပါတယ်လို့လည်း ပြောကြားထားပါတယ်။

ဒီ ၂၀၂၅ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက ရယူပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စုဝေးခဲ့ကြပြီး အဓိကဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာဟာ မြန်မာ့အရေးဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီး ၄နှစ်ကျော်ကြာ နိုင်ငံဖရိုဖရဲဖြစ်နေတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လက်ရှိ စစ်မက်ဖြစ်ပွားမှုတွေကို ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီနိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲဟာ ဦးစားပေးမဖြစ်သင့်ဘဲ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အဓိကဦးစားပေးဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA)က ကရင်နီပြည်နယ်နှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့


ဖေဖော်ဝါရီ၂၄ရက်


ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA)က ကရင်နီပြည်နယ်နှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်း The Burma War Crimes Investigation (BWCI)ကထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA)သည် ကရင်နီပြည်နယ်နှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။

ထိုဖြစ်စဉ်များကို BWCI က ၂၀၂၄ မတ်လမှ နိုဝင်ဘာလအတွင်း လကြာ စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ခဲ့ပြီးBWCI တွေ့ရှိချက်များအရ PNA ကျူးလွန်သည့် အကြမ်းဖက်မှုသည် စုစုပေါင်းအားဖြင့် အရပ်သား ၂၇ ယောက်အပေါ် သက်ရောက်ခဲ့ပြီး ၎င်းတို့၏ အချက်အလက်များကို အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။

 အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးဟာPNA စစ်သားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး /  မှတ်ပုံတင် ကိုင်ဆောင်သည့် အရပ်သားများနှင့် ရှမ်းပြည်နယ်တွင် နေထိုင်သည့် ကယန်း၊ ကယား စသည့် အရပ်သားများကို PNA စစ်သားများက ဖမ်းဆီးပြီး ကြယ်တွင်းထဲသို့ ပစ်ချခဲ့တယ်လို့ဖော်ပြပါတယ်။

 ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူများရှိသကဲ့သို့ ကြယ်တွင်းထဲ ပစ်ချခံရသူများထဲမှ အချို့မှာ အပေါ်သို့ ပြန်တက်လာပြီး အိမ်ပြန်ရောက်ခဲ့သော်လည်း အိမ်ပြန်လမ်းတွင် ပျောက်ဆုံးသွားသူများလည်းရှိတယ်လို့ BWCI ဆိုပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် နွေဦးရွှေဝါနဲ့မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အဓမ္မစစ်သားစုဆောင်းထားတဲ့ အမည်စာရင်းစာရွက်တွေနဲ့ အတူ ပစ်ခတ်ခံရပြီး သေဆုံး


ဖေဖော်ဝါရီ ၂၄ရက်


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စုရဲ့ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင်ကို အဓမ္မစစ်သားစုဆောင်းထားတဲ့ အမည်စာရင်းစာရွက်စာတမ်းများ နဲ့အတူ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် နာရီ ၁၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးသည် ၄င်း၏ အပေါင်းအပါ ပျူစောထီး ဦး ရာအိမ်မှူး ဦးနှင့်အတူ လက်ပံတန်းမြို့နယ် ထွေ/အုပ်ရုံးသို့ စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းကို ဆိုင်ကယ်ဖြင့်သွားရောက်ပို့ဆောင်စဉ် လွှစင်ကုန်းတာဆုံ၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ နှင့် တပ်ခွဲ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၁၂ ချက် ထိမှန်ပြီး အုပ်ချုပ်ရေးမှူး သန်းဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရပြီးနောက် ၎င်းနှင့် လိုက်ပါလာသော ပျူစောထီး ဦးနှင့် ရာအိမ်မှူး ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ သန်းဦးထံမှ လက်ပစ်ဗုံး လုံး ငွေသားကျပ် သိန်း ဆိုင်ကယ် စီး စည်းတံဆိပ်တုံး ခု မှတ်ပုံတင် ခု စစ်မှုထမ်း ရမည့် အမည်စာရင်းပါ စာရွက်စာတမ်းများ နှင့် အခြား စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဦး သည် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး လူငယ်များကို စစ်မှုထမ်းရန် ဖိအားပေး လူစုခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ငွေမပေးနိုင်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသော လက်ပစ်ဗုံး နှင့် သေနတ်ပြကာ ပြည်သူများကို ခြိမ်းခြောက်ပြီး အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂မှ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ ရန်ကုန်တိုင်းမှော်ဘီရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့


ဖေဖော်ဝါရီ၂၄ရက်


ရန်ကုန်တိုင်းမှော်ဘီရဲတပ်ဖွဲ့မှုးရုံးကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် နာရီခန့်တွင်  အဝေးထိန်းမိုင်း နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့တာလို့Operation Flame(OF) အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်သည့်  OF အဖွဲ့များဘေးကင်းပြီး စကစရဲ့ရဲတပ်ဖွဲ့ဝင်များထိခိုက်နိုင်ခြေများတယ်လို့သိရပါတယ်။

လတ်တလောမှာထိခိုက်ပျက်စီးမှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩၃။ စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်၍ အဆိပ်ငွေ့ဗုံးကြောင့် TNLAတပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရပြီး ()ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့


ဖေဖော်ဝါရီလ ၂၄ရက်


တအာင်းပြည်၊ တပ်မဟာ()နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ဖေဖော်ဝါရီလ (၂၃)ရက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားချိန် နေ့လယ် (၁း၃၀)နာရီတွင် အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့၍ TNLAတပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရပြီး ()ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။

 TNLAတပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်သည့်အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။

ထို့ပြင်ယခုလအတွင်း အရပ်သားပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ()ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါပါတယ်။


========================


🚩🚩၄။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် မှ ပျူများ သင်တောအနီးတစ်ဝိုက် စစ်ကြောင်းထိုးဝင်ရောက်၍တိုက်ပွဲဖြစ်


ဖေဖော်ဝါရီ၂၃ရက်


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် မှ ပျူများ သင်တောအနီးတစ်ဝိုက် စစ်ကြောင်းထိုးဝင်ရောက်၍တိုက်ပွဲဖြစ်ပွားတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ၂၂ရက်နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် တောင်ဖြူ၊ပန်းဆက်၊ကျောက်ခဲတက်မှ 

ပျူခွေးများ သင်တောအနီးတစ်ဝိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါစစ်ကြောင်းထိုးမှုကို မုံရွာခရိုင် အမှတ် တပ်ရင်း တပ်ခွဲ၂ Mahauurar Dragon PDF ၊မဟူရာကျားကျေးရွာပကဖ မင်းကင်းလိုကယ်ယူနီယံတပ်ပေါင်းစု၊သင်တောလိုကယ်PDF အဖွဲ့များ အခြားဒေသခံအဖွဲ့စည်းများနှင့်  ထိပ်တိုက်အပြန်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။


========================


🚩🚩၅။ လယ်ဒိုမြို့နယ်ဝါးချဲကျေးရွာအတွင်းစစ်ကောင်စီလေတပ်မှ လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ဓမ္မာရုံနှင့်သိမ် ကျောင်းတစ်လုံး ထိခိုက်ပျက်စီး


ဖေဖော်ဝါရီလ ၂၄


ကေအဲန်ယူ-ခလယ်လွီထူခရိုင်၊လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နံနက်(၉း၃၀)မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလေတပ်မှ လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ဝါချဲကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲသို့ ကျရောက်ပေါက်ကွဲပြီး ဓမ္မာရုံတစ်လုံး၊သိမ်ကျောင်းတစ်လုံး နှင့် ဇောင်းတန်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ကေအဲန်ယူ-ဗဟိုကဖော်ပြပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာနှင့် လုပ်ကိုင်စားသောက်ရာနေရာများ သို့ပစ်မှတ်ထားကာ သာသနာနယ်မြေများပါမကျန် လက်နက်ကြီးနှင့်ဒရုန်းများ၊လေယာဉ်များဖြင့်ပါလာရောက်ပစ်ခတ်လျက်ရှိတယ်လို့ဆိုပါတယ်။

ထိုသို့အကြမ်းဖက်စစ် ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများစိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်သွားလာနေကြရတယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment