25th Feb 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၉၁၈.၂၃) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGက ပံ့ပိုးပေးနိုင်ခဲ့

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တက်ရောက်

📌 ၃။ () နှစ်ပြည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ နိုင်ငံရေးအဖွဲ့အစည်း၏ နှစ်ပတ်လည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့

📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် ဝေဖန်ဆွေးနွေးတဲ့အခါ အခြေအတင်ဆွေးနွေးရတာရှိပေမယ့် အလုံးစုံကန့်ကွက်ခြင်း မရှိဘူးလို့ ဆို


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျောက်ဖြူ ရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ထိခိုက်သေဆုံးမှု ရှိနေ

🚩 ၂။ မင်းကင်းတွင် စစ်ကောင်စီ  စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိ 

🚩 ၃။ ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးဖြင့်  ပစ်ခတ်တိုက်ခိုက်

🚩 ၄။ သရက်ချောင်း ဥတ္တူရွာ တိုက်ပွဲအတွင်း ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော် ဦး ကျဆုံး

🚩 ၅။ ဟားခါးမြို့နယ် ဟာသာ ကျေးရွာကို စစ်ကောင်စီဗုံးကြဲမှုကြောင့် ကလေးငယ် ဦး အပါအဝင် ဦးဒဏ်ရာရကာ နေအိမ် လုံးပျက်စီး

🚩 ၆။ တောင်သာနဲ့ နွားထိုးကြီး မြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩 ၇။ ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက် လက်နှင့် အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၉၁၈.၂၃) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGက ပံ့ပိုးပေးနိုင်ခဲ့


ဖေဖော်ဝါရီ ၂၄ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၉၁၈.၂၃) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၉၁၈.၂၃) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁ဝ၂,၇၂၁) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၈၆၇.) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၂၃) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၄၇) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၃၁.) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ အထွေထွေ လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၁၂.) သန်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။


တော်လှန်ရေး () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိပါကြောင်း ဆိုထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တက်ရောက်


ဖေဖော်ဝါရီ ၂၄

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များအဖွဲ့ ညှိနှိုင်းအစည်း အဝေး (/၂၀၂၅)နှင့် သုံးပွင့်ဆိုင်အဖွဲ့နှင့် NUG + NUCC Joint Working Committee (JWC) (Anti Sham-Election) အဖွဲ့တို့ အစည်အဝေးကို ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တက်ရောက်ခဲ့ပါတယ်။


အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အဝေးရောက် ဧရာဝတီအသင်း (OIA)တို့က အစုအဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်နေမှု Update အခြေအနေများကို ဆွေးနွေးခြင်း၊ ILO မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) အစီရင်ခံစာပါ တိုက်တွန်းချက်များနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ဆုံးဖြတ်ချက်များအပေါ် လေးစားလိုက်နာမှုမရှိဘဲ မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် စစ်အုပ်စုအား အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ (Article 33) နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ILO အပြင် ကမ္ဘာ့ကုလသမဂ္ဂ (UN) လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရား ရုံး (ICJ) တို့က အရေးယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (MEO)နှင့် မြန်မာနိုင်ငံ လုပ်ငန်းရှင်များအဖွဲ့ချုပ် (MEF) တို့မှ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာအလုပ်သမားတပ်ပေါင်းစု (MLA) မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဥက္ကဋ္ဌ၊ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ NUG + NUCC Joint Working Committee (JWC) (Anti Sham-Election)မှ ကိုယ်စားလှယ်များ၊ အဝေးရောက် ဧရာဝတီအသင်း (OIA)မှ ဥက္ကဋ္ဌတို့ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပါတယ်။


ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်းအဖြစ် သုံးပွင့်ဆိုင်အဖွဲ့နှင့် NUG + NUCC  JWC (Anti Sham-Election) တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ () နှစ်ပြည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ နိုင်ငံရေးအဖွဲ့အစည်း၏ နှစ်ပတ်လည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့


ဖေဖော်ဝါရီ ၂၄

Radio NUG

() နှစ်ပြည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ နိုင်ငံရေးအဖွဲ့အစည်း၏ နှစ်ပတ်လည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။


ဖေဖော်ဝါရီလ (၂၁) ရက်မှာ ပေးပို့တဲ့သဝဏ်လွှာအရ ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ နိုင်ငံရေးအဖွဲ့အစည်း၏ () နှစ်ပြည့် နှစ်ပတ်လည်နေ့အား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်တယ်လို့ဖော်ပြပါတယ်။ 


နွေဦးတော်လှန်ရေးခရီးသည် စုံလင်ကွဲပြားသည့် တော်လှန်သူအဖွဲ့အစည်းများ၏ မတူကွဲပြားသော ခံယူချက်၊ ရပ်တည်ချက်များရှိကြသော်လည်း စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းရေးဟူသော ဘုံရည်မှန်းချက်အတွက် စုပေါင်းအားဖြင့် တော်လှန်ခြင်းဖြင့်သာ လိုရာပန်းတိုင်ရောက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။


ယခု နွေဦးတော်လှန်ရေးတွင် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ နိုင်ငံရေးအဖွဲ့အစည်း၏ စစ်အာဏာရှင် ကျရှုံးရေး၊ ပြည်သူ့ဘဝလုံခြုံရေးနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းရေးတို့အတွက် လူငယ့် အားဖြင့် ပါဝင် လှုပ်ရှားနေကြသည်မှာ ထင်ရှားပေါ်လွင်ပြီး လေးစားဂုဏ်ပြုအပ်တယ်လို့ဆိုပါတယ်။


ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ နိုင်ငံရေးအဖွဲ့အစည်းအနေဖြင့် ယခု () နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ လူငယ့်အရေး၊ နိုင်ငံ့အရေး တို့ကို စံနမူနာကောင်းအဖြစ် ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အတူ တကွ ဆက်လက်လုပ်ဆောင်ကြပါစို့ဟု ဖော်ပြရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် ဝေဖန်ဆွေးနွေးတဲ့အခါ အခြေအတင်ဆွေးနွေးရတာရှိပေမယ့် အလုံးစုံကန့်ကွက်ခြင်း မရှိဘူးလို့ ဆို


ဖေဖော်ဝါရီ၂၄ရက်

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ယူနစ်ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအပေါ် ဝေဖန်ဆွေးနွေးတဲ့အခါ အခြေအတင်ဆွေးနွေးရတာရှိပေမယ့် အလုံးစုံကန့်ကွက်ခြင်းမရှိဘူးလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဖေဖော်ဝါရီ ၂၄ရက် ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် ဝေဖန်ဆွေးနွေးတဲ့အခါ အခြေအတင်ဆွေးနွေးရတာရှိပေမယ့် အလုံးစုံကန့်ကွက်ခြင်းမရှိတာသိရပါတယ်။ ဒါကဘာကိုပြတာလဲဆိုရင် နွေဦးတော်လှန်ရေးအရ ဖက်ဒရယ်စနစ်အရ အားလုံးက လက်ခံနိုင်ကြတယ် ဆိုတာပါပဲ။

ဥပဒေပါ အခန်း၏ အချို့သော ပုဒ်မ၊ ပုဒ်မခွဲ၊ ပုဒ်မခွဲငယ်အပေါ် ဆန့်ကျင် ကန့်ကွက် ပြင်ဆင် ပယ်ဖြတ်လိုကြတာ သိရလို့ ရှေ့ခရီးအတွက် ခွန်အားဖြစ်မိတယ်။ ဆန့်ကျင် ကန့်ကွက်သည် ဆိုသော်လည်း ယူနစ်အတွက် ပြည်သူ့အတွက် စနစ်အတွက် ကောင်းမွန်စေလိုသည့် စိတ်စေတနာကြောင့်ဆိုတာ ကျွန်တော်တို့အနေဖြင့် တစ်ရာ ရာခိုင်နှုန်းမှတ်ယူထားပါတယ်" လို့ ဆိုပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ(ပထမမူကြမ်း)အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ (၂၅)ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းပေးအပ်ခဲ့ပြီး  (ဒုတိယမူကြမ်း)ကို ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၅။ ဂွမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေ


ဖေဖော်ဝါရီ ၂၄ 

Radio NUG 


ရခိုင်ပြည် ဂွမြို့နယ်က အရေပြားရောဂါ ဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူ အမျိုးသား ၁၇၉၀ ကျော်၊ အမျိုးသမီး ၂၀၀၀ ကျော်၊ အသက် ၁၀ နှစ်အောက် ကလေး ၆၀၀ နှင့် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၆၀၀၁ ဦးက ဆေးဝါးများ အကူအညီ လိုအပ်နေကြောင်း ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။


"ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး  ကွင်းဆင်းစစ်ဆေးတာ၊ စစ်တမ်းကောက်ယူတာ၊ အရေပြားယားနာနဲ့ ပတ်သက်ပြီး ဆောင်ရန်‌ရှောင်ရန် အသိပညာပေးမျှဝေတာတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေက ညွှန်ကြားထားတဲ့ ဆေးဝါးများကို ဝယ်ယူပြီး အရေပြားယားနာ ဝေဒနာခံစားနေရသူတွေဆီ ဖြန့်ဝေကူညီလျှက်ရှိပါတယ်" ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ပြောဆိုထားပါတယ်။


လွန်ခဲ့သည့် နှစ်လကျော်ကစ၍ အရေပြားရောဂါလိုမျိုး လက်တွင် ပထမဆုံး ယားယံခြင်းများ ဖြစ်ပေါ်ကာ ယင်းကတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး အနာစိမ်းအနာခြောက်များ ဖြစ်ပွားနေကြသည်ဟု ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောဆိုထားပါတယ်။


ဂွမြို့နယ်အပြင် ပုဏ္ဏားကျွန်း၊ မင်းပြား၊ သံတွဲနှင့် ရမ်းဗြဲဒေသတို့တွင်လည်း အရေပြားရောဂါမျိုးဖြစ်သည့် ခန္ဓာကိုယ် ယားယံခြင်း၊ ဝဲ၊ ခူ စသဖြင့် ဖြစ်ပွားနေကြပြီး ဆေးဝါး အကန့်အသတ်များကြောင့် အလုံးစုံပျောက်ကင်းမှုမရှိကြသေးဘဲ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြဆဲဖြစ်ပြီး အာရက္ခတပ်တော် AA ဆေးအဖွဲ့နှင့် အခြားသော ဆေးပညာနားလည်တတ်ကျွမ်းသူတို့ ပူးပေါင်းပြီး ကုပေးနေတယ်လို့ သိရပါတယ်။


အလားတူ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ ဝါးရုံတောစစ်ရှောင်စခန်းတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွါးကာ ကလေးငယ် () ဦးကို ဆေးရုံတင်ထားရကြောင်း စစ်ရှောင်ကော်မတီဝင်တစ်ဦး က KPV သတင်းဌာနကို ပြောဆိုထားပါတယ်။


နှစ်အောက် ကလေးငယ်တွေ အဖြစ်များပြီး နှစ်အောက် ကလေးငယ်ထဲက ယောက်ဖြစ်ကာ ဆေးရုံတင်ထားရတဲ့ ကလေးငယ်က နှစ် သမီးအရွယ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။


ထို့အပြင် လူကြီးပိုင်းထဲမှ ကိုယ်ခံအားနည်းသူ အချို့လည်း ဖြစ်ပွားနေပြီး ရေကန်ကို ကျင်းဖို့ ရေရှားတာကြောင့် မကျင်းဖြစ်သေးဘဲ ရေသောက်ရင်တော့ ကြိုသောက်ရန် ပြောဆိုထားတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ရှောင်စခန်းတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လပိုင်းကလည်း ရေရှားပါးမှုပြဿနာကြောင့် စစ်ရှောင်စခန်းတစ်ခုလုံး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးခဲ့ပြီး ရှားတောမြို့နယ် ရှိကျေးရွာများတွင်လည်း သောက်ရေ သုံးရေ ရှားပါးမှု၏ နောက်ဆက်တွဲ ပြဿနာကြောင့် အရေပြား ကူးစက် ယားနာများ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ကျောက်ဖြူ ရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ထိခိုက်သေဆုံးမှု ရှိနေ


ဖေဖော်ဝါရီ ၂၄ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းမှာ သစ်ပုတ်တောင် ကျေးရွာအနီးက ဓညဝတီ ရေတပ်စခန်းကို AA က လက်နက်ကြီးများနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ရေတပ်ဌာနချုပ်နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။


ရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရှောက်ချောင်းနဲ့ စိုင်ခြုံကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နာရီခန့်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


လက်တလောမှာတော့ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု အပါအဝင် စစ်ရေယာဉ်တွေကနေလည်း လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ ဗုံးကြဲချနေမှုတွေကြောင့် ပျားတဲ၊ ဦးကင်း၊  စစ်တော၊ ရှောက်ရှောင်း၊ စည်မော်၊ စိုင်ခြုံ၊ စိုင်ခြုံဒိန်၊ ကပ် ကြတ္တိန်၊ ဒိုးမတောင်၊ သပြေ စတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


ကျောက်ဖြူမြို့နယ်မှာ ဓညဝတီ ရေတပ်ဌာနချုပ် အပြင် ရဲတပ်ရင်း ၃၂ ခမရ ၅၄၂ ခမရ ၅၄၃ အပြင် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့ တည်ရှိကာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းတွေဖြစ်တဲ့ ရွေသဘာဝဓါတ်ငွေ့ စီမံကိန်း၊ ရေနံ ပိုက်လိုင်းတွေအပြင် တရုတ်နိုင်ငံက လုပ်ဆောင်မယ့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆပ်ကမ်းတွေလည်း တည်ရှိနေတဲ့အတွက် အရေးပါတဲ့နေရာလို့ ဆိုနိုင်ပါတယ်။


========================


🚩🚩 ၂။ မင်းကင်းတွင် စစ်ကောင်စီ  စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိ 


ဖေဖော်ဝါရီ ၂၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးပြီး ယောက်ကို အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ ပန်းဆက်ကျေးရွာ ပျူစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းဟာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ဗိုလ်သံလုံး ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။


ထိုနောက် အဆိုပါ စစ်ကြောင်းဟာ ဆက်လက်စစ်ကြောင်း ထိုးလာရာ သင်တောရွာနဲ့ ညောင်ပင်သာရွာ အနောက်ဘက် တောကြားအရောက်မှာ ကလေးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အထူးတိုက်ခိုက်ရေး လက်ရုံးတပ်ဖွဲ့ တပ်ခွဲ () UCLA တပ်ဖွဲ့နဲ့ မင်းကင်းမြို့နယ် PDF တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ထိုနောက် မင်းကင်းမြို့နယ် PDF တပ်ရင်း မင်းကင်း ပကဖ ရွေ့လျားတပ်ဖွဲ့၊ မင်းကင်းမြို့နယ် Local တပ်ပေါင်းစု၊ ကနီ ပကဖ၊ ကျောက်လုံးကြီး အဖွဲ့၊ SRF အဖွဲ့ မဟူရာ Dragon အဖွဲ့၊ စစ်ကိုင်း တပ်ရင်း ချင်းတွင်း တော်လှန်ရေး အဖွဲ့တွေ တပ်ကူ ထပ်ရောက်လာပြီး စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထိခိုက်သေဆုံးမှု များနေပြီး ထွက်ပေါက်မဲ့နေတဲ့ အဆိုပါ စစ်ကြောင်းကို စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူ ပေးခဲ့ရပြီး ညနေပိုင်းမှာတော့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက လက်လုပ်သေနတ် လက်၊ ကာဘိုင် လက်၊ MA ကျည်ဘောက် ခု၊ ကာဘိုင်ကျည်ဘောက် ခု၊ ဗုံးသီး လုံး၊ Icon လုံး၊ ကာဘိုင်ကျည် ၁၂၀ တောင့်၊ 7.62 ကျည် ၁၅ တောင့်၊ 5.56 ကျည် ၁၅ တောင့်၊ ဖုန်းတစ်လုံးနဲ့ ဆေးကတ် ကတ်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်သုံ့ပန်း တစ်ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး အလောင်း လောင်း တွေ့ရှိခဲ့သလို စစ်ကောင်စီ စစ်ကြောင်းက ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး နောက်ထပ် ဦး သေဆုံးခဲ့တယ်လို့ ကလေးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ကလေးခရိုင်၊ အထူးတိုက်ခိုက်ရေး လက်ရုံးတပ်ဖွဲ့ တပ်ခွဲ က ရဲဘော် ယောက်နဲ့ လက်ချိန်ကျေးရွာ ပကဖ က ရဲဘော် ယောက် မစိုးရိမ်ရ ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးဖြင့်  ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီ ၂၄ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဇီးချိုပင်ရွာ၊ မြဝတီ ရုပ်မြင်သံကြား ရုံးအနီး ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၂၃ ရက်နေ့က  မြဝတီ ရုပ်မြင်သံကြား ရုံးအနီး ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့၊ YE NAN GYAUNG REVOLUTION CIVILIANS FORCE (YRCF) Chauk Revolution Force (CRF) Chauk Guerrilla Force (CGF) ap ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) မကွေးခရိုင် ထုတ်လုပ်ရေးနှင့် KPG PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ သရက်ချောင်း ဥတ္တူရွာ တိုက်ပွဲအတွင်း ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော် ဦး ကျဆုံး


ဖေဖော်ဝါရီ ၂၄ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဥတ္တူကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒေါင်းညီနောင် စစ်ကြောင်းရှိ သရက်ချောင်း ပကဖ၊ တပ်ခွဲ က ရဲဘော် ဥတ္တူ၊ ရဲဘော် ဝက်ငယ်နဲ့ ထားဝယ်နဂါး တပ်ခွဲ မှ ရဲဘော် စတုတ်တို့ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။


တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးကြွေလွင့်ခဲ့ရတဲ့ အာဇာနည် သူရဲကောင်း ရဲဘော် ဥတ္တူ၊ ရဲဘော် ဝက်ငယ်နှင့် ရဲဘော် စတုတ်တို့အား မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပြီး ကျဆုံးအာဇာနည် သူရဲကောင်းတို့ရဲ့ ဆောင်ရွက်လက်စဖြစ်တဲ့ အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမို့ကရေစီ ရရှိရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တာဝန်များကို ကျန်ရစ်သူ ရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း လောင်းလုံပကဖမှ ကတိသစ္စာ ပြုထားပါတယ်။


========================


🚩🚩 ၅။ ဟားခါးမြို့နယ် ဟာသာ ကျေးရွာကို စစ်ကောင်စီဗုံးကြဲမှုကြောင့် ကလေးငယ် ဦး အပါအဝင် ဦးဒဏ်ရာရကာ နေအိမ် လုံးပျက်စီး


ဖေဖော်ဝါရီ  ၂၄ 

Radio NUG 


ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း နာရီခန့်တွင် ဟားခါးမြို့နယ်၊ ဟာသာကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကလေးငယ် ဦးအပါအဝင် အရပ်သား ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားပါတယ်။


Halta ကျေးရွာဒေသခံများသည် ကလေး-ဂန့်ဂေါကြားတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရာမှ သောကြာနေ့က နေရပ် ပြန်လာကြပြီးနောက်  ဗုံးကြဲခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဗုံးကြဲခံရမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများ အသက်အန္တရယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။


========================


🚩🚩 ၆။ တောင်သာနဲ့ နွားထိုးကြီး မြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


ဖေဖော်ဝါရီ ၂၄ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သိမ်ကျောင်းတစ်ခုလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။


ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် နာရီခွဲခန့်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ခြုံကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး သိမ်တော်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့ကာ သံဃာတော်များ နေထိုင်ခြင်း မရှိတာကြောင့် အထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။


ထိုနေ့မနက် နာရီ ခွဲခန့်မှာပဲ နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကြဲချတိုက်ခိုက် ခဲ့ပြီး ဗုံးကြဲ တိုက်ခိုက်မှုအတွင်း နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မြင်းခြံခရိုင်အတွင်းရှိ မလှိုင်-တောင်သာ လမ်းပိုင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ ၂၄ နာရီ လုံးလုံး ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ကိုလည်း မြင်းခြံခရိုင် အမှတ် တပ်ရင်းက မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။


========================


🚩🚩 ၇။ ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက် လက်နှင့် အလင်းဝင်


ဖေဖော်ဝါရီ ၂၄ 

Radio NUG 


ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဟားခါးမြို့‌ပေါ် မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က သတင်းထုတ်ပြန်ထားပါတယ်။


MA 1 နှစ်လက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ယောက်ကို ဆုကြေးငွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment