26th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ ရည်မှန်းထားတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကို မဟာဗျူဟာကျကျဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

📌 ⁨⁨⁨⁨၂။မင်းတပ်မြို့နယ်က အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေ မတ်လ ၁၅ရက်နေ့ နောက်ဆုံးထား အပ်နှံကြဖို့ CDF – Mindat အသိပေး 

📌 ⁨⁨⁨⁨၃။ အမေရိကန်ပြည်ထောင်စု fremontမှာ ဖြတ်နှင့်အတူတကွ ရုပ်ရှင်ရန်ပုံငွေပွဲမှ ရရှိငွေအားလုံးမြေပြင်တပ်ရင်း/တပ်ဖွဲများထံ ထောက်ပို့သွားမည်

📌 ⁨⁨⁨⁨၄။ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ အတွက် သက်ကယ်တရာ့လေးဆယ်ကမ်ပိန်းမှာ ဝန်းရံပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း

📌 ⁨⁨⁨⁨၅။ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ မှတ်ပုံတင်မထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုအပေါ် လန်ဒန်မြို့ရှိ ထိုင်းသံရုံးနဲ့မလေးရှားသံရုံးတို့ကိုဆန္ဒပြမည်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ချောင်းဦးမှာ ရိက္ခာပို့ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် 

🚩၂။ရွှေပြည်သာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တောင်မြောက်လမ်းဆုံမှာရှိတဲ့ မြို့မရဲစခန်းကို ဖောက်ခွဲတိုက်ခိုက် 

🚩၃။ကြို့ပင်ကောက်နယ်မှာ ပျူစခန်းတွေချဖို့ မြေဝယ်ထားတဲ့ အုပ်ချုပ်ရေးမှူးလင်မယား ကို ရှင်းလင်း 

🚩 ⁨⁨⁨၄။ ရေတာရှည် ကျွန်းတောကုန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်သားတဦး သေဆုံး  

🚩၅။ရေးမြို့နယ် အာယုတောင်ရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ရေးဘီလူးတပ်ဖွဲ့ စီးနင်းချိန်မှာ စစ်သားတွေ ထွက်ပြေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ ရည်မှန်းထားတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကို မဟာဗျူဟာကျကျဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း


ဖေဖော်ဝါရီ၂၆ရက်


ရည်မှန်းထားတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကို မဟာဗျူဟာကျကျဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (/၂၀၂၅) တွင်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

"ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲ အခြေအနေများအပေါ် မှာလည်း မျက်ခြေမပြတ်ပဲ မိမိတို့ရည်မှန်းထားတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကိုလည်း မဟာဗျူဟာကျကျ မတိမ်းစောင်းမယိမ်းမယိုင်စေပဲ ရှိတဲ့ အချိန်အရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနဲ့ စနစ်တကျစီမံခန့်ခွဲရင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။

လက်ရှိတော်လှန်ရေးတပ်များမှာ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းများအထိ ထိုးဖောက်ဝင်ရောက်လျက်ရှိပြီးတော့ မဟာမိတ်များနဲ့တိုက်ပွဲများဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။မင်းတပ်မြို့နယ်က အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေ မတ်လ ၁၅ရက်နေ့ နောက်ဆုံးထား အပ်နှံကြဖို့ CDF – Mindat အသိပေး 


ဖေဖော်ဝါရီ၂၆ရက်


စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက အရပ်သားပြည်သူတွေအနေနဲ့ လက်နက် ခဲယမ်းတွေရှိနေတယ်ဆိုရင် နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေဆီမှာ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ ချင်းကာကွယ် ရေးတပ်ဖွဲ့မင်းတပ် CDF – Mindat က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

CDF- Mindat ထိန်းချုပ်နယ်မြေအတွင်းမှာနေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ကစဉ့် ကလျားထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ ရရှိတဲ့လက်နက်ခဲယမ်းတွေဖြစ်စေ အခြားနည်းနဲ့ ရရှိထားတဲ့ လက်နက်ခဲယမ်းတွေဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန်သေနတ်တွေနဲ့ အခြားလက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့တွေထံမှာ လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေဆိုရင် သတ်မှတ်ထားတဲ့ဆုကြေးပေးမှာဖြစ်ပြီး ဝယ်ယူထား တဲ့အကြောင်း ခိုင်လုံမှုရှိတယ်ဆိုရင် တန်ဖိုးအတိုင်း ထုတ်ယူနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတ်မှတ်ရက်ကျော်လွန်ပြီးတဲ့နောက်ပိုင်းမှာ လက်နက်ခဲယမ်းတွေ ကိုင်ဆောင်တာ၊ လက်ဝယ်ထားရှိတာ၊ ရောင်းဝယ် ဖောက်ကားတာတွေလုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူတာခံရမယ်လို့လည်း CDF - Mindat က သတိပေးထား ပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် CDF - Mindat အနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းမှာ လက်နက်ခဲယမ်းတွေ ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေရဲ့ အန္တရယ်ကနေ ကာကွယ်နိုင်နိုင်ဖို့ အလေးထား ဆောင်ရွက်နေတာကြောင့် အခုလို အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် CDF - Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ မင်းတပ် မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အဲဒီနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပေမယ့် ဒေသနေပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကို အခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ကမှ စတင်ခွင့်ပြုလိုက်တာလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ အမေရိကန်ပြည်ထောင်စု fremontမှာ ဖြတ်နှင့်အတူတကွ ရုပ်ရှင်ရန်ပုံငွေပွဲမှ ရရှိငွေအားလုံးမြေပြင်တပ်ရင်း/တပ်ဖွဲများထံ ထောက်ပို့သွားမည်


ဖေဖော်ဝါရီ၂၆ရက်


အမေရိကန်ပြည်ထောင်စု fremontမှာ ဖြတ်နှင့်အတူတကွ ရုပ်ရှင်ရန်ပုံငွေပွဲမှ ရရှိငွေအားလုံး မြေပြင်တပ်ရင်း/တပ်ဖွဲများထံ ထောက်ပို့သွားမယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောက်စု fremontမှာကျင်းပတဲ့ ဖြတ်နှင့်အတူတကွ ရုပ်ရှင်ရန်ပုံငွေပွဲမှ စုစုပေါင်းအလှူ‌ငွေ $16,602.00 ရှိခဲ့တယ်လို့သိရပါတယ်။

"ရန်ပုံငွေပွဲလေးမှာ ပါဝင်ကြသူ တဦးတယောက်ချင်းကို အထူးကျေးဇူးတင်ပါတယ်။အချိန်တိုလေးတွင်း ပွဲလေးဖြစ်မြောက်ရေးအတွက် အဖက်ဖက်အရာရာမှ ကူညီကြတဲ့ မိတ်ဆွေအပေါင်းသင်းများအားလုံးကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်"လို့ ပွဲကျင်းပတဲ့တာဝန်ရှိသူတဦးက ဆိုထားပါတယ်။

ရုပ်ရှင်ပြသရေးမှ ရရှိလာသော ရံပုံငွေများကို Together Production မှ ကိုယ်တိုင်မြေပြင် တပ်ရင်း/တပ်ဖွဲများထံ ထောက်ပိုသွားရန်ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ အတွက် သက်ကယ်တရာ့လေးဆယ်ကမ်ပိန်းမှာ ဝန်းရံပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း


ဖေဖော်ဝါရီ၂၆ရက်


အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ အတွက် သက်ကယ် တရာ့လေးဆယ် ကမ်ပိန်းမှာဝန်းရံပေးဖို့သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်းလိုက်ပါတယ်။

"ရဲဘော် ၁၄၀ မှာ ၁၁၀ ပြည့်သွားပါပြီဗျ။အယောက် ၃၀ အတွက် သိန်း ၆၆၀ ကျန်‌နေပါတယ်။ ကမ်ပိန်းကလည်း ပိတ်သိမ်းဖို့ တော်တော်နီးကပ်နေပြီမို့ နိုင်ရာကနေ ဝိုင်းတွန်းကူကြပါခင်ဗျာ။ တတ်အားသ၍လည်း အားဖြည့်နိုင်သလို ရဲဘော်တယောက်စာအတွက် မြန်မာငွေ ၂၂သိန်းကျပ်၊ Vest တထည်အတွက် မြန်မာငွေ သိန်း၊ Helmet တလုံးစာအတွက် မြန်မာ‌ငွေ ၆၅၀,၀၀၀ နဲ့ Plates တစုံစာအတွက် မြန်မာငွေ ၉၅၀,၀၀၀ ကျပ်ကိုလည်း ရွေးချယ်အားဖြည့်နိုင်မှာ ဖြစ်ပါတယ်။ ကမ်ပိန်းကို အားဖြည့်ကူပြီးသားဆိုရင်လည်း R. C. S လုပ်ပေးခြင်းဖြင့် လက်ကျန်ရဲဘော် ၃၀ အတွက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်"လို့ ဆိုထားပါတယ်။

သက်ကယ်တရာ့လေးဆယ် ကမ်ပိန်းမှာ နိုင်ငံအလိုက် ငွေကြေးကောက်ခံပေးသွားမယ့် Fundraiser များကိုဖော်ပြထားပြီး ရဲဘော်များအတွက် Helmet Vest နဲ့ Plates တို့ တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ မှတ်ပုံတင်မထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုအပေါ် လန်ဒန်မြို့ရှိ ထိုင်းသံရုံးနဲ့မလေးရှားသံရုံးတို့ကိုဆန္ဒပြမည်


ဖေဖော်ဝါရီ၂၆ရက်


ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ မှတ်ပုံတင်မထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုအပေါ် လန်ဒန်မြို့ရှိ ထိုင်းသံရုံးနဲ့မလေးရှားသံရုံးတို့ကိုဆန္ဒပြမယ်လို့ သိရပါတယ်။

မတ်လ ရက်နေ့မွန်းလွဲပိုင်းမှာ  မြန်မာရွှေ့ပြောင်းလုပ်သားများအား ပြန်ပို့ခြင်းကို ရပ်တန့်ရန် ဆန္ဒပြပွဲကို Stars of Myanmar Friendship UK အဖွဲ့က ဦးဆောင်လှုပ်ရှားမယ်လို့ ဆိုပါတယ်။

"Stars of Myanmar Friendship UK အဖွဲ့က ထိုင်း နှင့် မလေးရှား နိုင်ငံတို့မှ မှတ်ပုံတင်မထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးပြီး၊ မြန်မာပြည်ပြန်ပို့ခြင်းအပေါ်  ကန်ကွက်သောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပါမယ်။ပြန်ပို့ခံရသူများသည် မြန်မာစစ်အာဏာရှင်လက်အောက်သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် အတင်းအဓမ္မ စစ်သားစုဆောင်းခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခံရခြင်းနှင့် စစ်မြေပြင်တွင် သေဆုံးရခြင်းများကို ရင်ဆိုင်နေရပါတယ်။ ထိုင်း နှင့် မလေးရှား နိုင်ငံ တို့၏ လုပ်ရပ်များသည်နိုင်ငံတကာဥပဒေကို ချိုးဖောက်နေပါတယ်"လို့ဆိုထားပါတယ်။

ထိုင်းနိုင်ငံသည် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို တားမြစ်သည့် ICCPR (International Covenant on Civil and Political Rights) ကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များ ကို လက်မှတ်ရေးထိုးထားပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ချောင်းဦးမှာ ရိက္ခာပို့ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် 


ဖေဖော်ဝါရီ၂၆ရက်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်ကနေ ရိက္ခာပို့ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မကျည်စု သုဿန်အနီး  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့  BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ပြောပါတယ်။

ချောင်းဦးမြို့နယ် ထွေအုပ်ရုံးကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဒေါ်စန်းဌေးဘော်ဒါကို ရောက်ရှိလာပြီး ကင်မွန်တော် ပျူစောထီးရွာကို အင်အား ၇၀ ခန့်နဲ့ ရိက္ခာပို့ဖို့ထွက်လာချိန် ဖေဖော်ဝါရီလ ၂၄ ရက် နာရီခန့်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပဒေသာမိုင်း၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်လဲ့တာဖြစ်တဲ့အတွ့် အကြမ်းဖက်စစ်သားတွေနဲ့ပျူစောထီးတွေဘက်က ထိခိုက်ဒဏ်ရာ ရသူတွေရှိသူများပြီး ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပေမယ့် အညာမိုင်းတပ်ခွဲဘက်က ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်အထိ အတည်ပြုထားတာမရှိသေးပါဘူး။ 

ဒဏ်ရာရစစ်သားတွေကိုတော့ ထွေအုပ်ရုံးမှာကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးက လာရောက် ခေါ်ဆောင်သွားတယ် လို့ သိရပါတယ်။


========================


🚩🚩၂။ရွှေပြည်သာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တောင်မြောက်လမ်းဆုံမှာရှိတဲ့ မြို့မရဲစခန်းကို ဖောက်ခွဲတိုက်ခိုက် 


ဖေဖော်ဝါရီ၂၆ရက်


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်နဲ့  တောင်ဒဂုံမြို့နယ်မှာရှိတဲ့  စစ်ကောင်စီတပ်တွေကို ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

 မနေ့ ဖေဖော်ဝါရီ ၂၅ မှာ ရွှေပြည်သာမြို့ အခြေစိုက် ခလရ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်း ခရိုင် ပကဖရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ဒဂုံမြို့သစ်တောင်ပိုင်း တောင်မြောက်လမ်းဆုံမှာရှိတဲ့ မြို့မရဲတပ်ဖွဲ့စခန်းကို Dark Shadow တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။

ရွှေပြည်သာမြို့ အခြေစိုက် ခလရ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ဖောက်ခွဲတိုက်ခိုက်မှုမှာ ပေါက်ကွဲအားပြင်းထန် ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ၊မရှိ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်း တောင်မြောက်လမ်းဆုံမှာရှိတဲ့ မြို့မရဲတပ်ဖွဲ့စခန်းကို အဝေးထိန်းမိုင်း လုံးနဲ့ တိုက်ခိုက်မှု မှာလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေဘက်က တနိုင်ငံလုံးမှာ အရှိန်မြှင့်တင်နေချိန်မှာ ရန်ကုန်နဲ့ အခြားနေရာတွေမှာ အကြမ်းဖက် စစ်တပ် က ပြည်သူလူထုကို နေ့စဉ် ဒုက္ခပေးနေပြီး မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို ဖမ်းဆီးကာ မိသားစု ဝင်တွေကို ငွေညှစ်တာတွေ လုပ်ဆောင်နေကြတယ်လို့ Dark Shadow တပ်ဖွဲ့က ပြောပါတယ်။

အခုလို လုပ်ဆောင်နေတဲ့ စစ်အုပ်စုကို Dark Shadow တပ်ဖွဲ့က ရဲဘော်တွေအနေနဲ့ ရရာနေရာကနေ တိုက်ခိုက်သွားမှာဖြစ် တဲ့အတွက် ပြည်သူလူထုဘက်က စစ်ကောင်စီနဲ့ပတ်သတ်တဲ့ နေရာတွေ စစ်သား ရဲနဲ့ ပျူစောထီးတွေ စုဝေးရာနေရာတွေကို မသွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၃။ကြို့ပင်ကောက်နယ်မှာ ပျူစခန်းတွေချဖို့ မြေဝယ်ထားတဲ့ အုပ်ချုပ်ရေးမှူးလင်မယား ကို ရှင်းလင်း 


ဖေဖော်ဝါရီ၂၆ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ  ပျူစောထီးဂိတ်တွေဖွင့်ဖို့ မြေတွေဝယ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားကို ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဂွေးကောင်းပင်ရွာမှာနေတဲ့ အုပ်ချုပ်‌ရေးမှူး ကံမြင့် ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရှင်းလင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းက ပျူစောထီးတွေကိုခေါ်ပြီး တော်လှန်ရေးရဲဘော်တွေကို ဓားနဲ့ဝင်ခုတ်ဖို့ ကြိုးစားလာတဲ့အတွက် မလွဲသာမရှောင်သာ ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ကံမြင့် ဟာ ဒေသခံ လူငယ်တွေကို ပေါ်တာဆွဲရာမှာ ဦးဆောင်ဖမ်းဆီးတာ၊ စစ်ကောင်စီတပ် နဲ့ပေါင်းပြီး အခွန်နဲ့ဆက်ကြေးတွေကောက်ခံတာ၊ ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့သတင်းတွေစုံစမ်းပြီး စစ်တပ်ကို သတင်းပေးတာတွေ လုပ်နေတဲ့သူလို့ သိရပါတယ်။ 

ဒါ့အပြင် ပျူစောထီး သင်တန်းဆင်းတွေနဲ့ မြို့လည်ချောင်း-ရှမ်းကွင်း-ဂွေးကောင်းပင် လမ်းဆုံတွေမှာ ပျူစောထီး ဂိတ်စခန်း တွေ အထိုင်ချဖို့ လယ်ကွက်တွေ ကြိုတင်ဝယ်ယူထားပြီး ပျူစောထီး ၂ဝ ခန့်ကို စစ်သင်တန်းတက်စေဖို့ မနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြည်မြို့ဘက် ပို့ဖို့လုပ်ဆောင်နေတာကြောင့် ရှင်းလင်းရတာဖြစ်တယ်လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ က အသိပေးထားပါတယ်။

ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် ဒေသနေပြည်သူများအနေနဲ့ စစ်ကောင်စီတပ်တွေအပါအဝင် သူတို့ရဲ့ယန္တားမှာပါဝင်နေသူတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာနေထိုင်ကြဖို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨၄။ ရေတာရှည် ကျွန်းတောကုန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်သားတဦး သေဆုံး  


ဖေဖော်ဝါရီ၂၆ရက်


ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျွန်းတောကုန်းရွာမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်သား တဦး သေဆုံးသွားတယ်လို့ တော်ဝင်လျှပ်စီးစစ်ကြောင်းက ပြောပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်းက ရေတာရှည်မြို့နဲ့ကပ်နေတဲ့ ကျွန်းတောကုန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့ အင်အား ၂၀ ကျော်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တော်ဝင်လျှပ်စီးစစ်ကြောင်းက ရဲဘော်တွေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ၁၀ နာရီ ၄၇ မိနစ်ခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုကြောင့် တိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ဦး ပြင်းထန်ဒဏ်ရာရသွား တဲ့အတွက် ဒဏ်ရာရသူတွေကို ရေတာရှည်မြို့ဘက် သယ်ဆောင်လာချိန် လမ်းခရီးမှာ တဦးသေဆုံးသွားတာလို့ အသိပေး ပါတယ်။

ဒီတိုက်ခိုက်မှုကို RTC စစ်ကြောင်း နဲ့ RTC - UG ပြောက်ကျားရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ စစ်ရေးအခြေအနေဟာ တင်းမာဆဲဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေအနီး သွားရောက်နေထိုင်တာမျိုး မလုပ်ကြဖို့ တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩၅။ရေးမြို့နယ် အာယုတောင်ရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ရေးဘီလူးတပ်ဖွဲ့ စီးနင်းချိန်မှာ စစ်သားတွေ ထွက်ပြေး


ဖေဖော်ဝါရီ၂၆ရက်


 မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ရွာထိပ်မှာ တပ်စွဲထားတဲ့ ခမရ ၃၄၃ တပ်က စစ်ကောင်စီတပ်ဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ အကြမ်းဖက်စစ်သားတွေအားလုံး ထွက်ပြေးသွားကြတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြော ပါတယ်။

အင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲနေတဲ့ အာယုတောင်ရွာထိပ်နေရာကို မနေ့ ဖေဖော်ဝါရီ ၂၅ မှာ ဝင်ရောက်စီးနင်းဖို့ ဝိုင်းထား ချိန်မှာပဲ စစ်သားတွေ ထွက်ပြေးတိမ်းရှောင်သွားကြတာလို့ ဆိုပါတယ်။ 

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ရော်ဘာခြံတွေမှာ ကတုတ်ကျင်းတွေတူးပြီး ကင်းပုန်းဝပ်လေ့ရှိသလို စစ်ဆေးရေးထွက်လေ့ရှိပြီး ဒေသနေပြည်သူတွေသယ်လာတဲ့ ပစ္စည်းတွေကို စစ်ဆေးလေ့ရှိတဲ့အတွက် ရေးဘီလူးတပ်ရင်း တပ်ခွဲ က ဝိုင်းထားချိန်မှာ ထွက်ပြေးသွားတာလို့ သိရပါတယ်။ 

ရေးဘီလူးတပ်ဖွဲ့အနေနဲ့ တိုက်စစ်ပဲကစားမှာဖြစ်တဲ့အတွက် ခံစစ်ကောင်းကောင်းပြင်ထားဖို့နဲ့ မိသားစုဝင်တွေကို နေရာရွှေ့ ထားဖို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သတိပေးပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment