28th Feb 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။အချိန်မရွေး လေကြောင်းအန္တရာယ်ကြုံရနိုင်တာကြောင့် ဗုံးခိုကျင်းတွေတူးထားဖို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ သတိပေး

📌 ⁨⁨⁨⁨၂။ တစ်စုံတစ်ဦး၏ စွပ်စွဲခြင်းကိုခံရပါက  မိမိတွင်လည်း ဥပဒေအရ ထုချေဖြေရှင်းရန် ဥပဒေအခွင့်အရေးများ

📌 ⁨⁨⁨⁨၃။ ⁨PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တလအတွင်း ကျေးရွာ ၂၀ ရွာမှာ ကွင်းဆင်းအသိပညာပေးနိုင်ခဲ့

📌 ⁨⁨⁨⁨၄။ ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နဲ့ KIA PDF နဲ့ NUG ထောက်ခံပွဲ ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ မိုးဗြဲမြို့တွင်း ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်အထိနာသွားသလို တော်လှန်ရေးရဲဘော် ဦး ကျဆုံး

🚩၂။ စစ်သုံ့ပန်းဘ၀ကနေ တိုင်းမှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေး ပါလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး ပြင်ထန်ဒဏ်ရာရ

🚩၃။ ဒဂုံမြို့သစ်မြောက်ပိုင်းက ထွေအုပ်ရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

🚩၄။မုံရွာ- မန္တလေးလမ်းပိုင်းမှာ စစ်တပ်လုံခြုံရေးတွေပါတဲ့ ကြေးနီတင်တွဲကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား စီးပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။အချိန်မရွေး လေကြောင်းအန္တရာယ်ကြုံရနိုင်တာကြောင့် ဗုံးခိုကျင်းတွေတူးထားဖို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ သတိပေး


ဖေဖော်ဝါရီ ၂၈ရက်


မြန်မာတနိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား တိုက်ပွဲတွေဖြစ်နေပြီး အချိန်မရွေး လေကြောင်းအန္တရာယ်ကျရောက်လာနိုင်တဲ့အတွက် ဗုံးခိုကျင်းတွေ စနစ်တကျတူးထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် စစ်ဘေးရှောင်နဲ့ အရပ်သားပြည်သူတွေ ရှိတဲ့ မြို့ရွာတွေကို ပစ်မှတ်ထားပြီး လေယာဉ်တွေ ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတာတွေ ဆက်တိုက်လုပ်လာနေတဲ့ အတွက် အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။


ဗုံးခိုကျင်းတွေ စနစ်တကျတည်ဆောက်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကိုလည်း ဘုတ်ပြင်မြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့က အသိပေးထားပြီး လိုက်နာဆောင်ရွက်ကြဖို့လည်း ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။


လိုက်နာရမယ့်အချက်တွေထဲမှာ ဗုံးခိုကျင်းရှိတဲ့နေရာကိုသွားမယ့်လမ်းကြောင်းတွေကို ကြိုတင်ရှင်းလင်းထားဖို့ အရေးပေါ် အခြေအနေမှာ ဗုံးခိုကျင်းထဲ ဝင်ရောက်ပုန်းခိုနိုင်ရေး စနစ်တကျ ကြိုတင်လေ့ကျင့်ထားဖို့အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လေကြောင်းအန္တရာယ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်နားထောင်ကြဖို့ တိုက်တွန်းထားပါတယ်။ 

 

စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ကစပြီး မြန်မာနိုင်ငံအနှံ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ပုံစံမျိုးစုံနဲ့ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေမှာလည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား နေရာအနှံ့အပြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လေယာဉ်တွေ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ တစ်စုံတစ်ဦး၏ စွပ်စွဲခြင်းကိုခံရပါက  မိမိတွင်လည်း ဥပဒေအရ ထုချေဖြေရှင်းရန် ဥပဒေအခွင့်အရေးများ


ဖေဖော်ဝါရီ ၂၈ရက်


ဘယ်သူမဆို  အမှုကိစ္စတစ်ခုကို  ကျူးလွန်တယ်ဟု  တစ်စုံတစ်ဦး၏ စွပ်စွဲခြင်းကိုခံရပါက  စွပ်စွဲခံရသည့် မိမိတွင်လည်း ဥပဒေအရ ၄င်းစွပ်စွဲချက်ကို  ထုချေဖြေရှင်းရန် ဥပဒေအခွင့်အရေး  ရှိသည်ဆိုတာကို သိရှိထားသင့်ကြောင်းကို အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။


တစ်စုံတစ်ဦးက  မိမိအပေါ်  ရဲစခန်းတွင် ဖြစ်စေ၊  တရားရုံးတွင် ဖြစ်စေ  စွပ်စွဲမှု တစ်ခုခုပြုလုပ်တဲ့  အကြောင်းခြင်းရာကို   သိလျှင် သိချင်း  တရားဥပဒေကို နားလည်တဲ့   ဥပဒေအထောက်အကူပေးသူ ထံသို့ဖြစ်စေ၊  ရှေ့နေ ထံသို့ ဖြစ်စေ သွားရောက်လျက် ဥပဒေ အကြံဉာဏ် တောင်းခံသင့်ပါတယ်။   

အဖမ်းခံရသည့်  အချိန်အထိ သော်လည်း ကောင်း၊  ရဲမှ တရားရုံးသို့  စွပ်စွဲခံရသူ  တရားခံကို  တရားစွဲတင်ပို့သည့် အချိန်အထိ သော်လည်းကောင်း မစောင့် ဆိုင်းသင့်ပါ။

ရောဂါကျွမ်းပြီးမှ  ဆေးဆရာထံ  ရောက်သည့်  လူနာကဲ့သို့ ကုစားရ   ခက်ခဲတတ်ပါတယ်။   မိမိတွင် ဥပဒေပြဿနာရှိလျှင် ကြိုတင်ပြီး အကြံဥာဏ် ရယူဖြေရှင်းခြင်းက ပိုမိုထိရောက်ပါတယ်။ ဘယ်သူမဆို ၎င်းစွပ်စွဲမှုကို သိရှိ၍  စတင် ဖမ်းဆီးခြင်းခံရချိန်မှ  တရားရုံးတွင် တရားရင်ဆိုင်အပြစ်ပေးခြင်းခံရသော်လည်း မိမိတွင် အယူခံခွင့်အပါအဝင် အကျဉ်းသားတစ်ဦး   အခွင့်အရေးများ (ဥပဒေအခွင့်အရေးများ) ရှိပါတယ်။  

စွပ်စွဲခံရသူမှ ရဲအရေးပိုင်သော ပြစ်မှုဖြင့်ဖြစ်စေ၊ ရဲအရေး မပိုင်သော ပြစ်မှုဖြင့်ဖြစ်စေ စွပ်စွဲဖမ်းဆီး ခြင်းခံရပါက ဖမ်းဆီးခံရသူမှ ဖမ်းဆီးသူအား  မေးခွန်းမေးမြန်းခွင့်ရှိပါတယ်။  

အများပြည်သူ ဝင်ထွက်သွားလာနိုင်သောနေရာနှင့် လမ်းပေါ်တွင် ဖမ်းဆီးခံရလျှင်ဖြစ်စေ၊ မိမိနေအိမ်တွင် ဖမ်းဆီးခြင်းခံရလျှင်ဖြစ်စေ ဖမ်းဆီးသူကို ၎င်းဖမ်းဆီး သူ၏ အမည်၊ ရာထူး၊ အဖွဲ့အစည်း၊  လူဖမ်းခွင့် ဝရမ်း ရှိ/ မရှိနှင့် ဝရမ်းမရှိလျှင် မည်သည့်အမှုဖြင့် ဖမ်းသလဲ စတဲ့ ဥပဒေရေးရာ အကူအညီလိုအပ်ပါက မျှတလမ်းညွှန်သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းကို အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ ⁨PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တလအတွင်း ကျေးရွာ ၂၀ ရွာမှာ ကွင်းဆင်းအသိပညာပေးနိုင်ခဲ့


ဖေဖော်ဝါရီ ၂၈ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဌာနတခုဖြစ်တဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း ၂၀ ရွာက ဒေသခံပြည်သူတွေကို အသိပညာပေးမှုတွေ  ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ကွင်းဆင်းအသိပညာပေးရာမှာ  နမ့်ဆန်မြို့နယ်က ၁၄ ရွာ၊ နမ္မတူမြို့နယ်က ရွာနဲ့ ကွတ်ခိုင်မြို့က ကျေးရွာတရွာက ဒေသခ့တွေကို အသိပညာပေးနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

ကျေးရွာဒေသခံပြည်သူတွေကို အမျိုးသမီးနှင့် စီးပွားရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး နှင့် မိသားစုစီမံကိန်း၊ အရွယ်မတိုင်မီစောစီးစွာအိမ်ထောင်ပြုခြင်းနှင့် ဆယ်ကျော်သက်ပြောင်းလဲမှုစတဲ့ အသိပညာတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အသိပညာပေးဟောပြောပွဲတွေမှာ နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်က ကျေးရွာဒေသနေပြည်သူစုစုပေါင်း ၉၅၉  ဦး ပါဝင်ဆွေးနွေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနဲ့ ဝင်ငွေ လှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း  နမ္မတူမြို့နယ်က ကျေးရွာ ရွာနဲ့ မိုင်းငေါ့မြို့နယ်က ကျေးရွာ ရွာက ဒေသနေ ပြည်သူ စုစုပေါင်း ၃၇၅ ဦးကို အသိပညာပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နဲ့ KIA PDF နဲ့ NUG ထောက်ခံပွဲ ပြုလုပ်


ဖေဖော်ဝါရီ ၂၈ရက်


ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်နဲ့ KIA PDF နဲ့ NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြတယ်လို့ ဒေသနေပြည်သူတွေကဆိုပါတယ်။


ဖားကန့်ပြည်သူတွေက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် -KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ်-KPDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲတိုင်းမှာ အနိုင်ရရှိစေဖို့ ဆုတောင်းပေးခဲ့ကြတယ်လို့  သိရပါတယ်။

 

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်မှာပါဝင်ခဲ့သူတွေကစစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ မီးရှို့ လူသတ် မုဒိမ်းစစ်တပ် အလိုမရှိ၊ နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

 

ဒါ့အပြင် ဖားကန့်ပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ - ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူပေးဖို့လည်း တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩၁။⁨⁨⁨ မိုးဗြဲမြို့တွင်း ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်အထိနာသွားသလို တော်လှန်ရေးရဲဘော် ဦး ကျဆုံး


ဖေဖော်ဝါရီ ၂၈ရက်


ကရင်နီပြည်နဲ့ရှမ်းပြည်အစပ် မိုးဗြဲမြို့တွင်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာသွားသလို တော်လှန်ရေးရဲဘော် ဦး ကျဆုံးခဲ့ရတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့-MPRT က ဒီနေ့ ဖေဖော်ဝါရီ ၂၈ မှာ ထုတ်ပြန်ပါတယ်။

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ အင်အား အလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် PDF နဲ့ KNDF တို့ပါတဲ့ တပ်ပေါင်းစုနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်တွေအပါအဝင် ဒရုန်းတွေ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို PDF နဲ့ KNDF တပ်ပေါင်းစုတို့ က ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်အုပ်စုဟာအထိနာပြီး ထိုးစစ် မဆင်နိုင်တော့ဘဲ ဆုတ်ခွာသွား တယ်လို့ MPRT က အသိပေးပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က အထိနာသွားသလို တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကရဲဘော် ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဟာ ထိုးစစ်ထပ်မလုပ်နိုင်တော့ပေမယ့် ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ကစပြီး အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

စစ်ရေးအရအရေးပါတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ အကြမ်းဖက်စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် မိုးဗြဲမြို့မှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာတာပဲဖြစ်ပါတယ်။  

အခုလိုတိုက်ပွဲတွေပြန်ဖြစ်လာချိန်မှာ စစ်ကောင်စီဟာ အများပြည်သူနေထိုင်ရာ နေရာတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်လာတဲ့အတွက် မိုးဗြဲမြို့က အဓိကလမ်းမကြီးတွေကို ဖြတ်သန်းသွားလာခွင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပိတ်ထားမယ်လို့ KNDF တပ်ရင်း နဲ့ မိုးဗြဲ PDF တို့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ စစ်သုံ့ပန်းဘ၀ကနေ တိုင်းမှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေး ပါလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး ပြင်ထန်ဒဏ်ရာရ


ဖေဖော်ဝါရီ ၂၈ရက်


 ကိုးကန့်တပ် MNDAA ဆီမှာ စစ်သုံ့ပန်းဖြစ်ခဲ့ရာကနေ တိုင်းမှူးဖြစ်လာတဲ့ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါ လာတဲ့ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကို အိမ်စီးကားနဲ့ပြန်လာတဲ့ စစ်ကိုင်း တိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာတဲ့ ကား စီးပါ ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညက တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်သုံးပန်းဖြစ်ခဲ့တဲ့ စစ်ကိုင်းစစ်တိုင်းမှူးပါတဲ့ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တတိယ မြောက်ကားကို ထိမှန်ခဲ့တာကြောင့် ကားပေါ်က စစ်သား ဦး ပြင်းထန်ဒဏ်ရာရသွားတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒုတိယမြောက်ကားပေါ်မှာပါလာတဲ့ စစ်ကိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး ထိခိုက်ဒဏ်ရာ ရသွားတာမရှိဘူးလို့ သိရပြီး စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ နတ်ရေကန်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာမျိုးရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးပါတဲ့ ယာဉ်တန်းကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ လျှပ်စီးတပ်ခွဲ နဲ့ Nway Oo Brothers Column - နွေဦးညီအကိုများစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေး ဆိုတာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က လားရှိုးနဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် - ရမခကို သိမ်းပိုက်ချိန်မှာ စကခ မှူး ရာထူးနဲ့ စစ်သုံ့ပန်းအဖြစ်   ဖမ်းဆီးခံခဲ့ရတဲ့သူဖြစ်ပါတယ်။


========================


🚩🚩၃။ ဒဂုံမြို့သစ်မြောက်ပိုင်းက ထွေအုပ်ရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်


ဖေဖော်ဝါရီ ၂၈ရက်


ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တယ်လို့ Yangon UG People Army – YUPA က ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းက မဝတလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ ဖေဖော်ဝါရီ ၂၇ ရက် နာရီ မိနစ် ၅၀ ခန့်အချိန်မှာ ပြင်းအားမြင့် အဝေးထိန်း ရီမုမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တဲ့အတွက် အသေးစိတ်သိရှိနိုင်ဖို့ ဆက်လက် စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။ 

ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးမှုတွေလုပ်သွားတယ်လို့ သိရပါ တယ်။

 အဆိုပါ တိုက်ခိုက်မှုကို Yangon UG People Army-YUPA တပ်ဖွဲ့က မြို့ပြပြောက်ကျားရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ် ပြီး ပြောက်ကျားရဲဘော်တွေအားလုံး ဘေးကင်းတယ်လို့လည်း သိရပါတယ်။

Yangon UG People Army - YUPA တပ်ဖွဲ့ အနေနဲ့ မြို့ပြမစ်ရှင်တွေ အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်တာကြောင့် မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့  မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩၄။မုံရွာ- မန္တလေးလမ်းပိုင်းမှာ စစ်တပ်လုံခြုံရေးတွေပါတဲ့ ကြေးနီတင်တွဲကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား စီးပျက်စီး


ဖေဖော်ဝါရီ ၂၈ရက်


မုံရွာမြို့ကနေ စစ်တပ်လုံခြုံရေးနဲ့ထွက်လာတဲ့ ကြေးနီတင်တွဲကားတွေကို မုံရွာ- မန္တလေးလမ်းပိုင်းတနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား စီး ပျက်စီးသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး Nway Oo Brothers Column က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးယူပြီး ကြေးနီတင်တွဲကားတွေထွက်လာတယ်လို့ သတင်းရတဲ့အတွက် မနေ့ ဖေဖော်ဝါရီ ၂၇ မနက် နာရီခွဲအချိန်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အတွဲလို့က်ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကြေးနီတင်တွဲကားတစီးမှောက်သွားပြီး အခြားတစီးကတော့ ကားခေါင်းပိုင်း ကြေမွပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ခေါင်းပိုင်း ကြေမွပျက်စီးသွားတဲ့ကားကို စစ်တပ်လုံခြုံရေးနဲ့ ညတွင်းချင်း ပြန်လည်ပြင်ဆင်ပြီး ဆက်လက်မောင်းနှင် သွားပေမယ့် တိမ်းမှောက်သွားတဲ့ကားတော့ ဖေဖော်ဝါရီ ၂၇ ညပိုင်းအထိ ချောင်းဦးနဲ့ မြင်းမူကြားက လမ်းပိုင်းတနေရာမှာ ရှိခဲ့တယ်လို့ သိရပါတယ်။ 

အခုလို ကားတစီးတမ်းမှောက်ပြီး တစီးခေါင်းပိုင်းကြေမွသွားတာကြောင့် ကြေးနီးတင်ကားမောင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ အများအပြားဒစ်ရာရသွားပြီး ချောင်းဦးဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံခဲ့ရပြီး ညနေပိုင်းမှာ မန္တလေးဘက် သယ်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့် ပြန်လည်ပစ်ခတ် ခဲ့တာရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ Nway Oo Brothers Column က အသိပေးပါတယ်။

 အဲဒီတိုက်ခိုက်မှုကို Nway Oo Brothers Column နဲ့အတူ၊ လျှပ်စီးတပ်ခွဲ Royal Tiger Force-ဆားလင်းကြီးတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment