6th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ စာရင်းစစ်ချုပ်ရာထူးလစ်လပ်နေသော်လည်း ဝန်ကြီးဌာနများတင်ပြတောင်းခံတဲ့ဘဏ္ဍာငွေများကို စာရင်းချုပ်ရုံးက စီစစ်ခွင့်ပြုနေတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးဦးတင်ထွန်းနိုင်ဖြေကြား

📌 ⁨⁨⁨⁨⁨⁨၂။ သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တက်ရောက်

📌 ⁨⁨⁨⁨⁨⁨၃။ သန်းသောမြန်မာ ကလေးငယ်များအနေဖြင့် အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခ နှင့် ရင်ဆိုင် နေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ မဖြစ်အောင်"တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက်ထားတဲ့နယ်မြေများစာရင်းကို နိုင်ငံတကာသို့ ဆက်တိုက်အသိပေးနေ

📌 ⁨⁨⁨⁨⁨⁨၅။ စစ်ဘေးရှောင်မိခင်နှင့်ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ တစ်သိန်းလှူဒါန်း

📌 ⁨⁨⁨⁨⁨⁨၆။ တနင်္သာရီတိုင်းစစ်ဒေသမှာ အဆင့်မြင့် Fixed Wing ဒရုန်းတွေ တပ်ဆင်နိုင်ရေးဝေဟင်စိုးမိုး ဇီ၀ဇိုးကမ်ပိန်းကို ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨၇။ ကိုရီးယားနိုင်ငံဆိုးလ်မှာ အဆိုတော်ဖြူဖြူကျော်သိန်း ဖျော်ဖြေမည်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်

🚩၂။ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဘုရားကျောင်းဆောင်တွေ ပျက်စီး 

🚩၃။ ကွတ်ခိုင်မှာ ကလေးငယ် ဦး မိုင်းနင်းမိပြီး ဦးသေဆုံး 

🚩 ၄။ ဘောလခဲမြို့နယ်မှာ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အိမ် ၁၀ လုံး ပျက်စီး

🚩 ၅။ ⁨Federal Wings တပ်ဖွဲ့အနေနဲ့ စစ်ရေးနဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ ဝင်ရောက်ခြယ်လှယ်စွက်ဖက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြော

🚩 ၆။ သံဖြူဇရပ်-ရေး လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးပြီး များစွာဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ စာရင်းစစ်ချုပ်ရာထူးလစ်လပ်နေသော်လည်း ဝန်ကြီးဌာနများတင်ပြတောင်းခံတဲ့ဘဏ္ဍာငွေများကို စာရင်းချုပ်ရုံးက စီစစ်ခွင့်ပြုနေတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးဦးတင်ထွန်းနိုင်ဖြေကြား


ဖေဖော်ဝါရီ၆ရက်


ဖေဖော်ဝါရီ၆ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြီးမှူးကျင်းပသော ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုလိုဖြေကြားခဲ့ပါတယ်။

"လက်ရှိကာလမှာ စာရင်းစစ်ချုပ်ရာထူးလစ်လပ်နေတာမှန်ပါတယ်။ကျနော်တို့အနေနဲ့လည်း လစ်လပ်သွားတဲ့စာရင်းစစ်ချုပ်ရာထူးကို ခန့်အပ်နိုင်ရေးအတွက် တော်လှန်ရေးကာလအခက်အခဲတွေကြားထဲကကြိုးစားဆောင်ရွက်နေပါတယ်။သို့သော် စာရင်းစစ်ချုပ်အစားထိုးခန့်အပ်နိုင်ခြင်းမရှိသေးသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရမှာ စာရင်းစစ်ချုပ်ရုံးကတော့ဆက်လက်ပြီး လည်ပတ်နေတာဖြစ်ပါတယ်။စာရင်းစစ်ချုပ်ရုံးကထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းများနဲ့အစီအမံများလည်း ရှိပြီးသားဖြစ်ပါတယ်။စာရင်းစစ်ခြင်းကိုစာရင်းစစ်ချုပ်ရုံးကဝန်ကြီးဌာနအသီးသီး အနေနဲ့ပထမ နိုင်ငံတော်အဆင့်အနေနဲ့တင်ပြတောင်းခံရတာဖြစ်ပါတယ်။အဲ့ဒီလိုတင်ပြတောင်းခံလာတဲ့အပေါ် စာရင်းချုပ်ရုံးက လိုအပ်တဲ့အရာများကို ဝန်ကြီးဌာနနဲ့အစိုးရများပေါင်းစပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရတာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

တော်လှန်ကာလအတွင်း ရရှိဘဏ္ဍာရန်ပုံငွေ၉၀ရာခိုင်နှုန်းကျော် စစ်ရေးနဲ့ကာကွယ်ရေးတွင်အသုံးပြုပြီး အသေးစိတ်စာရင်းများကို တော်လှန်ရေးအလွန်ကာလ ပုံမှန်အစိုးရလက်ထက်တွင် ရှင်းလင်းထုတ်ပြန်သွားမယ်လို့ ဝန်ကြီးကပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တက်ရောက်


ဖေဖော်ဝါရီ၆ရက်


သယံဇာတများအတွက် အခွန်ဘဏ္ဍာမူဝါဒများ ညှိနှိုင်းရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက်  ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) မှ ကြီးမှူး၍ သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ၄ ရက်နေ့နှင့် ၅ရက်နေ့တို့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်ခဲ့ပါတယ်။

"ကြားကာလ သယံဇာတ အခွန်မူဝါဒတွေဟာ လုပ်ပြီးသားများပြန်ပြင်၊ ပြင်ရင်းလုပ် ချိန်စ စရာ စိန်ခေါ်မှုတွေ တပုံကြီးကြားမှာ ပျားလဲဆွဲသာ ရှဉ့်လဲလျှောက်သာ စဉ်းစားရတာ ဦးနှောက်ခြောက်စရာပါ။ အရင်အစိုးရလက်ထက်က အစိုးရ အကြံပေးလုပ်ခဲ့သူတွေ နဲ့ CDM ဝန်ထမ်းတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကြောင့်သာ အကောင်းဆုံး နည်းလမ်းတွေရွေးချယ်နိုင်ခဲ့တယ်။ မပြီးသေးဘူး၊ ဆက်လုပ်ရအုံးမှာပါ"လို့ဝန်ကြီးဒေါက်တာတူးခေါင်က ဆိုထားပါတယ်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများအပါအဝင် NAB-NR အဖွဲ့ဝင် ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ စုစုပေါင်း ၃၄ ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ သန်းသောမြန်မာ ကလေးငယ်များအနေဖြင့် အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခ နှင့် ရင်ဆိုင် နေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


ဖေဖော်ဝါရီ၆ရက်


Executive Board of the United Nations Childrens Fund ၂၀၂၅ ခုနှစ်အတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက

" သန်းသော ကလေးငယ်များအနေဖြင့် အဆိုးရွားဆုံး လူသားစာနာအကျပ်အတည်း ဒုက္ခ နှင့် ရင်ဆိုင် နေရကြောင်း၊ . သန်းခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများအနက် ၃၃ ရာခိုင်နှုန်း မှာ ကလေးငယ်များ ဖြစ်ကြောင်း၊စစ်တပ်နှင့် ၎င်း၏ လက်ပါးစေများက ကျူးလွန်သည့် မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများ၊ သတ်ဖြတ်ခြင်းများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းတို့ကြောင့် ကလေးငယ် အများစုမှာ အသက်သေဆုံးလျှင် သေဆုံး၊ သို့မဟုတ်ပါက မိဘမဲ့ဖြစ်ခြင်း သို့မဟုတ် မသန်စွမ်း ဘဝသို့ ရောက်ရှိခဲ့ရကြောင်း"ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် စစ်တပ်က လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည် စခန်းများနှင့် အခြားသော အဆောက်အဦများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုမှာ နှစ်စဉ် မြင့်တက်၍ လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်တည်း၌ပင် စစ်တပ်မှ ကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ,၃၁၅ အထိ ရှိခဲ့ကြောင်း၊ အချို့သော ကလေးငယ်များမှာ ယာယီစခန်းတဲများနှင့် ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေကြရကြောင်းလည်း သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ မဖြစ်အောင်"တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက်ထားတဲ့နယ်မြေများစာရင်းကို နိုင်ငံတကာသို့ ဆက်တိုက်အသိပေးနေ


ဖေဖော်ဝါရီ၆ရက်


ဖေဖော်ဝါရီ၆ရက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြီးမှူးကျင်းပသော ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဖျက်သိမ်းရန်လုပ်ငန်းအစီအစဥ်များကိုဆိုပါတယ်။

"တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက်ထားတဲ့နယ်မြေများစာရင်းကို နိုင်ငံတကာသိရှိအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွေအပြင်

နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ဝန်ကြီးဌာနတွေက နေနည်းလမ်းပေါင်းစုံနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေကိုပါ သတင်းစကားပေးရမှာဖြစ်ပါတယ်။ဒါမှသာလျင်အကြမ်းဖက်စစ်ကောင်စီကရွေးကောက်ပွဲကိုကျင်းပနိုင်စွမ်းမရှိဘူး။သူ့ရဲ့ရွေးကောက်ပွဲရလဒ်ဟာ အလိမ်အညာသာဖြစ်မယ်ဆိုတာကို ဖော်ပြနေမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

NUGအနေနဲ့စကစရဲ့ရွေးကောက်ပွဲ မဖြစ်အောက်လုပ်ငန်းအစီအစဥ်ခြောက်ရပ်ချမှတ်ဆောင်ရွက်နေပြီ စကစရဲ့အတုအယောင်ရွေးကောက်ပွဲသတင်းအချက်အလက်များစုဆောင်းခြင်း၊ စကစရဲ့ရွေးကောက်ပွဲကိုစစ်ရေးအရဟန့်တားရန်နဲ့စိုးမိုးနယ်မြေများကျယ်ပြန့်လာအောင်ဆောင်ရွက်ခြင်းတို့လုပ်ဆောင်နေကြောင်းသိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ စစ်ဘေးရှောင်မိခင်နှင့်ကလေးများအတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ တစ်သိန်းလှူဒါန်း


ဖေဖော်ဝါရီ၆ရက်


မြန်မာနိူင်ငံ အနှံ့အပြားတွင် စစ်အာဏာရှင်၏နှိပ်စက်မှုကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရသော စစ်ဘေးရှောင်မိခင်နှင့်ကလေးများ အတွက် လူသားချင်းစာနာစိတ်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) ထံ ဂျပန်ယန်းငွေ တစ်သိန်း ( ယန်း ၁၀၀၀၀၀) ပေးအပ်လှူဒါန်းပေးပါသောMyanmar Nationalities Support Organization(MNSO)-Osaka,Japan မိသားစုအား အထူးပင်ကျေးဇူးတင်ရှိတယ်လို့ ဖေဖော်ဝါရီ၆ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

MNSO မိသားစု အဖွဲ့ဝင်များအားလုံးလည်း ဘေးကင်းကျန်းမာပြီး နိုင်ငံ့အကျိုး ပြည်သူ့အကျိုး ကို ဒီထက်မက ဆထက်ထမ်းပိုး ဆက်လက် ဆောင်ရွက်နိူင်ပါစေကြောင်း MOWYCA မှ ဆုမွန်ကောင်းမေတ္တာပို့သအပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၆။ တနင်္သာရီတိုင်းစစ်ဒေသမှာ အဆင့်မြင့် Fixed Wing ဒရုန်းတွေ တပ်ဆင်နိုင်ရေးဝေဟင်စိုးမိုး ဇီ၀ဇိုးကမ်ပိန်းကို ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်း 


ဖေဖော်ဝါရီ၆ရက်

တနင်္သာရီတိုင်းစစ်ဒေသမှာ အဆင့်မြင့် Fixed Wing ဒရုန်းတွေ တပ်ဆင်နိုင်ရေးဝေဟင်စိုးမိုး ဇီ၀ဇိုးကမ်ပိန်းမှာ ပါဝင် ကူညီ ထောက်ပံ့ပေးကြဖို့ ပွဲစဉ်သူတွေက တိုက်တွန်းထားပါတယ်။

အဲဒီကမ်ပိန်းကို ဇန်နဝါရီ ၂၆ ကနေ မတ်လ ၂၆ ရက်နေ့အထိပြုလုပ်မှာဖြစ်တဲ့အတွက် ပွဲစီစဉ်သူတွေက တိုက်တွန်းနှိုးဆော် လိုက်တာဖြစ်ပါတယ်။

ဝေဟင်စိုးမိုး ဇီဝဇိုးကမ်ပိန်းဟာ တနင်္သာရီစစ်ဆင်ရေးဌာနအောက်မှာရှိပြီး Dragon Squad အမည်နဲ့ တနင်္သာရီတိုင်း နေရာအနှံ့မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ အထူး Drone လက်ရုံးတပ်ဖွဲ့ရဲ့ ကမ်ပိန်းဖြစ်တယ်လို့ သိရပါတယ်။

ကမ်ပိန်းမှာ ပါဝင်လှူဒါန်းလိုသူများအနေနဲ့  https://www.facebook.com/waihinsoemoezwazoe/ ကို ဝင်ရောက်ကြည့် ရှုပြီး မိမိတို့ရောက်ရှိနေထိုင်ရာနိုင်ငံအလိုက် အလှူငွေလက်ခံသူတွေဆီမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Drone တပ်ဖွဲ့အနေနဲ့ တနင်္သာရီတိုင်းအတွင်းမှာ ရန်သူ့စခန်းသိမ်းတိုက်ပွဲ ကြိမ်နဲ့ စစ်ဆင်ရေးအတွက် ပျံသန်းမှု အကြိမ် ၆၀၀ ကျော်ရှိခဲ့ပြီး စစ်ဆင်ရေးအတွင်းမှာ ရန်သူစစ်ကောင်စီအရာရှိအပါအဝင် ၈၀၀ ကျော် ထိခိုက်သေဆုံးအောင် ရှင်းလင်း နိုင်ခဲ့တယ်လို့ "ဝေဟင်စိုးမိုး ဇီဝဇိုး" ကမ်ပိန်းက ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေတဲ့ တနင်္သာရီတိုင်းစစ်ဌာနဟာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ ကွပ်ကဲမှုအောက်မှာရှိပြီး တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း  ရင်းကို ကွပ်ကဲနေတဲ့ တိုင်းစစ်ဌာနလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၇။ ကိုရီးယားနိုင်ငံဆိုးလ်မှာ အဆိုတော်ဖြူဖြူကျော်သိန်း ဖျော်ဖြေမည်


 မတ်လ၁ရက်နေ့တွင် ကိုရီးယားနိုင်ငံဆိုးလ်၌ အဆိုတော်ဖြူဖြူကျော်သိန်းဖျော်ဖြေမယ်လို့ ဖေဖော်ဝါရီ၆ရက်မှာ ၎င်း၏ဆိုရှယ်မီဒီယာမှ အသိပေးဆိုထားပါတယ်။

"Phyu Phyu in Korea အတွက် သီချင်းလေးတွေ စတောင်းလို့ရပါပြီရှင်။ ပိုင်းခွဲပြီး တင်ဆက်မှာဖြစ်ပါတယ်။ တစ်ပိုင်းကို ၁၀ ပုဒ်ခန့်၊ တင်ဆက်ချိန် နာရီခွဲခန့်။ ပိုင်းဆိုတော့ အပုဒ် ၂၀ ခန့်၊ စုစုပေါင်း ဖြူဖြူ့ရဲ့တစ်ကိုယ်တော် တင်ဆက်ချိန် နာရီခန့် ကြာပါမယ်"လို့ဆိုပါတယ်။

အဆိုတော်ဖြူဖြူတော်သိန်းအပါအဝင်တော်လှန်အနုပညာရှင်များဟာ နိုင်ငံတကာတွင်လည်းဖျော်ဖြေပွဲများလှည့်လည်သီဆိုပြီးတော်လှန်ရေးဘက်သို့ပြန်လည်စီးဆင်းလျက်ရှိပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။⁨⁨⁨⁨ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်


ဖေဖော်ဝါရီ၆ရက်


ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တွေ အလွန်အကျွံအသုံးပြုနေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဘက်က ထိုးစစ်လုပ်နေတဲ့ ရက်ပေါင်း ၆၀ ကျော်အတွင်း မနေ့ ဖေဖော်ဝါရီ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်မှု အကြိမ်ရေအများဆုံးလုပ်ခဲ့တယ်လို့ ကရင်နီနယ်မှာရှိနေတဲ့ စစ် ရေးသတင်းရင်းမြစ်အချို့ ကလည်း ပြောပါတယ်။

မိုးဗြဲမှာ ဖေဖော်ဝါရီလ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့သလို ဒီနေ့ ဖေဖော်ဝါရီ ရက်အထိ စစ်ရေးတင်းမာမှုတွေရှိနေ ဆဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေကလည်း အတည်ပြုပါတယ်။ 

စစ်ကောင်စီဘက်က Y 12 ဂျက်ဖိုက်တာနဲ့ ကင်းထောက်လေယာဥ်တွေများစွာသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  

စစ်တပ်ထောက်ခံသူတွေကတော့ မိုးဗြဲမြို့ကို ကရင်နီတပ်ပေါင်းစုက အင်အား  ၁၂၀၀ ခန့်နဲ့ ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်နေပြီး KNDFထိုးစစ်စနေပြီလို့ ရေးသားဖော်ပြနေတာရှိပါတယ်။

စစ်ကောင်စီဘက်က မိုးဗြဲ - ဖယ်ခုံ - ပင်လောင်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး နေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲကစပြီး တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေရာ တော်လှန်ရေး တပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩၂။ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဘုရားကျောင်းဆောင်တွေ ပျက်စီး 


ဖေဖော်ဝါရီ၆ရက်


 ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်က  သပြေရေတောင်ဘုရားကို စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းဆောင်တွေပျက်စီးသွားတယ်လို့ ဒေသ သတင်း ရင်းမြစ်တွေက ပြောပါတယ်။ 

သာသနိကနေရာဖြစ်ပြီး TNLA တပ်တွေ တပ်စွဲထားခြင်းမရှိတဲ့ အဲဒီနေရာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ကျောင်းဆောင်နဲ့ စေတီ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

တအာင်းပြည် တပ်မဟာ နယ်မြေမှာပါတဲ့ နောင်ချိုမြို့က သပြေရေတောင်ဘုရားကို စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ကနဦး ထုတ်ပြန်ထားပြီး အသေးစတ်အခြေအနေတွေကိုတော့ နေလည် ၁၂ နာရီ ကျော်တဲ့အထိ မထုတ်ပြန်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။


========================


🚩🚩၃။ ကွတ်ခိုင်မှာ ကလေးငယ် ဦး မိုင်းနင်းမိပြီး ဦးသေဆုံး 


ဖေဖော်ဝါရီ၆ရက်


တအာင်းပြည် တပ်မဟာ နယ်မြေ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာက ကလေးငယ် ဦးဟာ လက်လုပ်မိုင်းနင်းမိရာက ဦး သေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

နမ့်ဆိုင်ကျေးရွာက ကလေးငယ် ဦးဟာ ချောင်းအတွင်းမှာ ငါးသွားဖမ်းရာက ဖေဖော်ဝါရီလ ရက်နေ့ မနက် ၁၁ နာရီခွဲ ခန့်မှာ လက်လုပ်မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားသူတွေဟာ အသက် နှစ်အရွယ် လွေးအေးနွေနဲ့ အသက်  နှစ်အရွယ် မိုင်းအနိုင်တို့ဖြစ်ကြပြီး အသက် နှစ် အရွယ် မိုင်းထွန်းအောင်နဲ့ အသက် နှစ်အရွယ် မိုင်းအညို့လာတို့ ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ဆေးရုံပို့ထားပြီး  ဆေးကုပေးနေတယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ရက်နေ့တုန်းကလည်း ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာက အမျိုးသားတဦး ကျွဲရှာနေချိန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၄။ ဘောလခဲမြို့နယ်မှာ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အိမ် ၁၀ လုံး ပျက်စီး


ဖေဖော်ဝါရီ၆ရက်


ကရင်နီပြည် ဘောလခဲမြို့နယ် ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တဦး သေဆုံးပြီး အိမ် ၁၀ လုံး ပျက်စီးသွားတယ်လို့ Bawlakhe PDF က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာကြောင့်  ပြည်သူလူထုအနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ စစ်ရေးအသိ၊ စစ်ရေး သတိရှိကြဖို့ Bawlakhe PDF က သတိပေး ထားပါတယ်။ 

လက်ရှိမှာလည်း စစ်ကောင်စီဘက်က အင်အားတိုးချဲ့တာ ရိက္ခာနဲ့ဆေးဝါးတွေဖြည့်တင်းတာတွေ နေ့စဉ်လုပ်ဆောင်နေတဲ့ အတွက် ဘောလခဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် အခုလို သတိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီယန္တယားလည်နိုင်အောင်ကူညီပေးနေတဲ့ Non CDM ဝန်ထမ်းတွေအပါအဝင် စစ်မှုထမ်းဟောင်း တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေနဲ့ ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီယန္တယားလည်ပတ်မှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။


========================


🚩🚩 ၅။ ⁨Federal Wings တပ်ဖွဲ့အနေနဲ့ စစ်ရေးနဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ ဝင်ရောက်ခြယ်လှယ်စွက်ဖက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြော


ဖေဖော်ဝါရီ၆ရက်


နည်းပညာနဲ့ ထောက်ပို့ကိစ္စရပ်တွေကိုသာ တာဝန်ယူဆောင်ရွက်နေတဲ့ Federal Wings တပ်ဖွဲ့အနေနဲ့ စစ်ရေးနဲ့ နိုင်ငံရေး ကိစ္စရပ်တွေမှာ ဝင်ရောက်ခြယ်လှယ်စွက်ဖက်ဖို့ အစီအစဉ်မရှိဘူးလို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

Federal Wings တပ်ဖွဲ့တွေရဲ့ စုဖွဲ့မှုပုံစံဟာ ပုံမှန်မြင်တွေ့နေကျ ဖွဲ့စည်းပုံတွေနဲ့ကွဲပြားနေတာကြောင့် ပြည်သူလူထု အပါအဝင် အဖွဲ့အစည်းအတော်များများက နားလည်မှုလွဲတတ်ကြတဲ့အတွက် အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။  

တချို့တွေဆိုရင် Federal Wings ကို သီးခြား တစင်ထောင်ချင်တဲ့အဖွဲ့အထိ ထင်မြင်လာကြတဲ့အတွက် Federal Wings တပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို အကြမ်းဖျင်းဖော်ပြရတာလို့ ဆိုပါတယ်။

 FW က နည်းပညာနဲ့ ထောက်ပို့လို့ပြောပေမဲ့ နည်းပညာကိစ္စရပ်တွေကိုသာ အလုံးစုံတာဝန်ယူနိုင်ပြီး ထောက်ပို့ကိစ္စရပ်တွေ ကိုတော့ ပူးတွဲထားတဲ့ မိခင်တပ်ရင်းတွေက ပူးတွဲတာဝန်ယူရတဲ့သဘောရှိပါတယ်လို့လည်း ရှင်းပြထားပါတယ်။

FW ကို စတင်တည်ထောင်သူတွေရဲ့ မူရင်းရည်ရွယ်ချက်ဟာ မြေပြင်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကို နည်းပညာ ပိုင်းနဲ့ထောက်ကူပြုပေးနိုင်ဖို့အတွက်သာဖြစ်ပြီး စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်ခြယ်လှယ်စွက်ဖက်ဖို့ အစီအစဉ် မရှိတဲ့အပြင် သီးခြားလက်နက်ကိုင်တပ်ဖွဲ့တခုအနေနဲ့ ထပ်မံပေါက်ပေါက်လာစေဖို့ဆိုတဲ့ဆန္ဒလည်း မရှိဘူးလို့ အသိပေးထား ပါတယ်။

FW ရဲ့ နည်းပညာတွေကိုအသုံးချတဲ့နေရာမှာတော့ တရားမျှတမှုဘက်တော်သားတွေရဲ့ဂုဏ်သိက္ခာနဲ့ညီမျှတဲ့ စည်းဘောင် တွေထဲကသာအသုံးပြုဖို့ ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ထားတယ်လို့ ပြောပါတယ်။

 NUG ကိုတိုက်ခိုက်ပြီး တစင်ထောင်ချင်တယ်လို့ယူဆနေသူတွေအနေနဲ့ FW ရဲ့ ဖွဲ့စည်းပုံကိုကြည့်ပြီး အဖြေတခုရနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း ထပ်ပြီး အသိပေးထားပါတယ်။

ဘယ်လိုပဲဝေဖန်မှုတွေရှိနေပါစေ FW နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ သက်ဆိုင်ရာဒေသတွေမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြမြဲဖြစ်ပါတယ်လို့ Federal Wings တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ သံဖြူဇရပ်-ရေး လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးပြီး များစွာဒဏ်ရာရ


ဖေဖော်ဝါရီ၆ရက်


 မွန်ပြည်နယ် ရေးမြို့နယ်အပိုင် သံဖြူဇရပ်-ရေးလမ်းပိုင်းက ကွမ်းဒူးရွာနဲ့ နှင်းစုံကျေးရွာကြားက တံတားအနီးမှာ တပ်စွဲထား တဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP -AD တပ်ဖွဲ့က ပြောပါတယ်။

အင်အား ၄ဝ ခန့်နဲ့ တပ်စွဲထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ ဖေဖော်ဝါရီ ရက် မနက် နာရီခန့်အချိန်မှာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဟာ နာရီခန့်ကြာခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က အနည်းဆုံး ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များစွာရှိတယ်လို့ ဆိုပါတယ်။

အဒီတိုက်ပွဲမှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP- AD တပ်ဖွဲ့က ရဲဘော်တဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပြီးချိန်မှာ အာယုတောင်မှာအခြေစိုက်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၄၃ တပ်ရင်းနဲ့ ခမရ  ၅၈၇ တပ်ရင်းတို့ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ NMSP- AD တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution





Share:

No comments:

Post a Comment