12th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ Asia Society မှကျင်းပသည့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨၂။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် ကိုထိန်လင်း အမေရိကန်ကို ရောက်လာ 

📌 ⁨⁨⁨⁨⁨⁨၃။ ကရင်နီပြည်စစ်ဘေးရှောင်စခန်းများအတွက် ရေလိုအပ်ချက်များဝန်းရံပေးရန် တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨၄။ဧရာအနောက်မြို့တော်သို့ကမ်ပိန်းလူထုဝန်းရံပေးရန်နှိုးဆော်

📌 ⁨⁨⁨⁨⁨⁨၅။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ စစ်ကောင်စီအား ILO မှ ပုဒ်မ ၃၃" နှင့် အရေးယူရန်လိုအပ်ချက်များကို အလုပ်သမားထုထံ သတင်းစကားပါး

📌 ⁨⁨⁨⁨⁨⁨၆။ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုက တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၁၅မှုရှိခဲ့

📌 ⁨⁨⁨⁨⁨⁨၇။ PNF နှင့် PSLO ရဲဘော်ဟောင်းနှင့် ရဲမေဟောင်းများတို့အား ဂုဏ်ထူးဆောင်တံဆိပ်နှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


========================


၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ⁨⁨⁨MNDAA နဲ့ လက်တွဲပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေး ဆက်လက်ချီတက်မယ်လို့ မန္တလေး PDF ပြော

🚩၂။⁨⁨ စစ်မှုထမ်းဥပဒေကို အသက်သွင်းနေတဲ့ မှော်ဘီ ဝါးနက်ချောင်း အုပ်ချုပ်ရေးမှူးရုံးကို ၄ဝ မမ နဲ့ ပစ်ခတ် 

🚩၃။⁨⁨ မြစ်ကြီးနားနဲ့တနိုင်းမှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေက နည်းမျိုးစုံနဲ့ လူသစ်စုနေတယ်လို့ KIA အသိပေး

🚩၄။ ညောင်ကျိုးတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူများ 

🚩 ⁨⁨⁨၅။ အောင်လံမြို့နယ်က စစ်တပ်ထောက်တိုင် ဦးရဲ့အိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းမယ်လို့ မြို့နယ် ပကဖ ပြော 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ Asia Society မှကျင်းပသည့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့


မတ်လ၁၂ရက်


မတ်လ () ရက်နေ့တွင် Asia Society မှကျင်းပသည့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ( Myanmar/Burma 2025: Challenges and Opportunities) ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ Sean Turnell နှင့် Asia Society Executive Vice President and Chief Operating Officer Debra Eisenman တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားရာ"ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အကူအညီအများကြီးလိုအပ်ပါတယ်။ ကျနော်တို့ ပြည်သူတွေက ကြံ့ကြံ့ခံပြီး အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေပါတယ်။ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှု တွန်းလှန်မှုများကြောင့် ကျနော်တို့ အနိုင်ရနေပြီး အကြမ်းဖက်စစ်အုပ်စုက ကျရှုံးနေတယ်ဆိုတာကို ကျနော်အသေအချာ ပြောနိုင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးက သုညကနေစခဲ့တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ များက နယ်မြေ၅၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါတယ်"လို့ပြောပါတယ်။

ဆွေးနွေးပွဲတွင် အမေရိကန်သံရုံး အရာရှိချုပ်ဟောင်း Priscilla Clapp က အွန်လိုင်းမှတဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။

"ကျနော်တို့ တော်လှန်ရေးက ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူကို ဦးတည်ထားတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ လူငယ်တွေရဲ့ပါဝင်မှု ဒါအပြင် ဆိုရှယ်မီဒီယာ၊ နည်းပညာများရဲ့ အထောက်အပံ့များကြောင့် တော်လှန်ရေးကိုပိုပြီးရှေ့ရောက်စေတာပါ။ ဒါတွေကြောင့်ပဲ ကျနော်ဒီနေ့လိုဆွေးနွေး ပြောဆိုခွင့် ရတာပါ။ မြန်မာပြည် ပြည်တွင်းမှာရှိနေတဲ့ပြည်သူများ၊ မြန်မာပြည် ပြင်ပမှာရှိနေတဲ့ပြည်သူများ၊ အထူးသဖြင့် လူငယ်များနှင့် မြန်မာနိုင်ငံရဲ့မိတ်ဆွေများကို ကျေးဇူးအများကြီးတင်ပါတယ်"လို့သံအမတ်ကြီးဦးကျော်မိုးထွန်းကဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် ကိုထိန်လင်း အမေရိကန်ကို ရောက်လာ 


မတ်လ၁၂ရက်


အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာပြီလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris ခေါ် ကိုထိန်လင်းအနေနဲ့ Suu 80th Birthday Campaign အတွက် အမေရိကန်ရောက် မြန်မာပြည်သူတွေနဲ့ တွေ့ဆုံတဲ့ပွဲကိုတက်ဖို့ ဒီနေ့မှာ နယူးယောက်ညမို့ကို ရောက်ရှိလာတာဖြစ်ပြီး ကိုထိန်လင်းကို နယူးယောက်လေဆိပ်မှာ မြန်မာပြည်သူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

Suu 80th Birthday Campaign အတွက် မြန်မာပြည်သူတွေနဲ့တွေ့ဆုံရာမှာ ကိုထိန်လင်းနဲ့အတူ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်တို့လည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို အခုလာမယ့် စနေ မတ်လ ၁၅ ရက်နေ့နေ့လည် နာရီကနေ ညနေ၄ နာရီအထိ ကျင်းပမှာဖြစ် ပြည်ပရောက် တော်လှန်ပြည်သူတွေ လာရောက်ခဲ့ကြဖို့ ပွဲစီစဉ်သူတွေက ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ ကရင်နီပြည်စစ်ဘေးရှောင်စခန်းများအတွက် ရေလိုအပ်ချက်များဝန်းရံပေးရန် တိုက်တွန်း


မတ်လ၁၂ရက်


ကရင်နီပြည်စစ်ဘေးရှောင်စခန်းများအတွက် ရေလိုအပ်ချက်များဝန်းရံပေးရန် ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က တိုက်တွန်းထားပါတယ်။

"နွေပူပူမှာ ရေလိုအပ်နေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရေကြည်တစ်စက်ဖြစ်ဖြစ် တူတူပက်ဖြန်းပေးကြရအောင် ။ဘာလို့ရေပေါတဲ့နေရာစစ်မရှောင်ကြလည်းဆိုတာကို မေး

လာကြတယ်။ရေပေါရေရှိတဲ့နေရာတော်တော်များများ စကစအထိုင်စခန်း စစ်ဇုန်တွေဖြစ်နေလို့ ရေရှားပါးပြီး အဆင်ပြေတဲ့နေရာမှာ အဆင်မပြေစွာတောင့်ခံနေနေကြတာပါ"လို့ဆိုပါတယ်။

စစ်ရှောင်စခန်းများစွာ သောက်ရေသုံးရေလိုအပ်နေကြပြီးရေရရှိရေးအတွက် ပါဝင်ပေးကြဖို့ အလှူရှင်များကိုဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ဧရာအနောက်မြို့တော်သို့ကမ်ပိန်းလူထုဝန်းရံပေးရန်နှိုးဆော်


မတ်လ၁၂ရက်


မတ်လ ()ရက်နေ့မှ (၃၁)ရက်နေ့ထိ သိန်း၁၅၀၀ရည်မှန်းချက်ထား၍လုပ်ဆောင်နေတဲ့ဧရာအနောက်မြို့တော်သို့ကမ်ပိန်းကိုပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။


"ဧရာအနောက်မြို့တော်သို့ ပညာသင်ကြားပြီးတော့ လူငယ်ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းရမဲ့ အရွယ်ဆိုပေမဲ့ ကျောင်းတော်ကြီးရဲ့ အဝေးမှာ စစ်ပညာတွေ သင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒီစစ်ကြီး ပြီးသွားရင်တော့ ကျောင်းတော်ကြီးဆီ အပြေးပြန်မယ်။ ဇာတိအရပ်ဆီ အပြေးပြန်မယ်။ခရီးလမ်းဟာ နွေခယောင်းလမ်းလို ကြမ်းတမ်းနေပါစေ အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ပြီးဧရာအနောက်မြို့တော်လို့ အမည်တွင်တဲ့ ပခုက္ကူမြို့ကို အပြေးပြန်မယ်ဗျာ။ဇာတိအရပ်ဆီ အရောက်လှမ်းနိုင်ဖို့အတွက် Thu Rain TR, Earthquake People's Defence Force, Justice Revolution Force, Hunter Pakokku, Six Senses Guerrilla Force စတဲ့ ပခုက္ကူအခြေစိုက် အဖွဲ့ ()ဖွဲ့၏ စုဖွဲ့မှုသို့ စီးဆင်းမဲ့ ဧရာအနောက်မြို့တော်သို့ ကမ်ပိန်းကို ပြုလုပ်ထားပါတယ်"လို့ဆိုပါတယ်။

အဖွဲ့ ()ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှ စတင်ပြီး စစ်ရေးအရှိန်မြင့်ကာ တိုက်ပွဲများဖော်ဆောင်ရာတွင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီးဖြစ်ပါတယ်။

ယခုကမ်ပိန်းလေးဟာ ပခုက္ကူခရိုင်အတွင်းရှိ ထိရောက်တဲ့ စခန်းသိမ်း တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကမ်ပိန်းမှာ မိမိ တတ်နိုင်သည့် ပမာဏမှ စ၍ ပါဝင် ထောက်ပို့နိုင်မှာဖြစ်ပြီး၊ ပါဝင်မှု တကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်းတစောင်စီ ပြန်လည်ပို့ပေးကာကမ်ပိန်းပြီးဆုံးသည့်အခါ ဂုဏ်ပြုမှတ်တမ်းမှာ ပါဝင်သည့် Serial No. နှင့် မဲဖောက်ရွေးချယ်ပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ စစ်ကောင်စီအား ILO မှ ပုဒ်မ ၃၃" နှင့် အရေးယူရန်လိုအပ်ချက်များကို အလုပ်သမားထုထံ သတင်းစကားပါး


မတ်လ၁၂ရက်


ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ စစ်ကောင်စီ အား ILO မှ ပုဒ်မ ၃၃" နှင့် အရေးယူရန်လိုအပ်ချက်များကို အလုပ်သမားထုထံသတင်းစကားပါးခဲ့ကြပါတယ်။


ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ စစ်ကောင်စီ အား ILO မှ ပုဒ်မ ၃၃" နှင့် "အရေးယူရန်ဘာကြောင့်အရေးယူရန်လိုအပ်သလဲ"ဆိုတဲ့ အချက်များပါဝင်တဲ့ သတင်းစကားများအား အမျိူးသမီး လစဥ်သုံးပစ္စည်းများတွင်ထည့်သွင်း၍  အလုပ်သမားထုထံ ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နှင့် မြေပြင်သပိတ်အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်။

အာဏာသိမ်းမှု ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် အလုပ်သမားများအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ လွပ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့် စသည်တို့ကို အကာကွယ်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည်ကို ပြည်သူလူထုကိုယ်တိုင် တွေ့မြင်နိုင်တယ်လို့ဆိုပါတယ်။

 ထို့ကြောင့် ပြည်သူလူထုအပေါ် အတင်းအဓမ္မ ဖိနှိပ်မှုများ ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား တန်ပြန်သက်ရောက်မှုအနေဖြင့် အမြန်ဆုံးအရေးယူပေးရန်အတွက် ပြည်သူထူလူ၏ အသံ သဘောဆန္ဒ ၊ထောက်ခံမှုအား လိုအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၆။ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုက တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၁၅မှုရှိခဲ့


မတ်လ၁၂ရက်


၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုက တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၁၅မှုရှိခဲ့ကြောင်း လူ့အခွင့်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့  အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေ ကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။ 

၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှု၁၁၅မှု၊ နေအိမ်နဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးခဲ့မှု၁၃၀၊အခြားလူ့အခွင့်ရေးချိုးဖောက်မှု၁၃၇မှုရှိခဲ့ပါတယ်။


ဖေဖော်ဝါရီလအတွင်းစုစုပေါင်းစကစကလူ့အခွင့်ရေးချိုးဖောက်မှု၆၀၄မှုရှိခဲ့ပြီးစစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းတို့တွင်အများဆုံးကျူးလွန်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၇။ PNF နှင့် PSLO ရဲဘော်ဟောင်းနှင့် ရဲမေဟောင်းများတို့အား ဂုဏ်ထူးဆောင်တံဆိပ်နှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


မတ်လ၁၂ရက်


၁၉၆၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ PNF နှင့် PSLO ပလောင်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ဟောင်းနှင့် ရဲမေဟောင်းများတို့အား ဂုဏ်ထူးဆောင်တံဆိပ်နှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် နမ့်ခမ်းမြို့၌ ၁၉၆၃ ခုနှစ် မတိုင်မီ ၁၉၆၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ PNF နှင့် PSLO ပလောင်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့သော အသက် ၇၅၊ ၈၀ ပတ်ဝန်းကျင်ရှိပြီးဖြစ်သော ရဲဘော်ဟောင်းနှင့် ရဲမေဟောင်းများတို့အား ဂုဏ်ထူးဆောင်တံဆိပ်နှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ချီးမြှင့်ခံရသူစုစုပေါင်း ၁၅ ဦးရှိပြီး ဦးသည် ကျန်းမာရေးကြောင့် ဆေးရုံတွင် တက်ရောက်ကုသနေချိန်ဖြစ်၍ ၁၁ ဦးခန့်သာတက်ရောက်နိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩၁။ ⁨⁨⁨MNDAA နဲ့ လက်တွဲပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ရေး ဆက်လက်ချီတက်မယ်လို့ မန္တလေး PDF ပြော


မတ်လ၁၂ရက်


မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA နဲ့ အနီးကပ်ပူးပေါင်းလက်တွဲပြီး ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး PDF) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 မတ် ၁၁ နေ့မှာကျရောက်တဲ့ MNDAA ရဲ့ ၃၆ နှစ်ပြည့်တပ်မတော်နေ့အတွက် မန္တလေး PDF ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ကနေ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့က အောင်မြင်မှုတွေအတူ ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီးဖြစ်တဲ့ "အိမ်ပြန်ခရီး"အတွက်လည်း အထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်လို့ မန္တလေး PDF က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် များစွာအထောက်အကူပြုခဲ့တာကြောင့် မန္တလေး PDF အနေနဲ့ MNDAA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တာကို ဂုဏ်ယူမိတယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့ကြောင့် မန္တလေး PDF အနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းရဲ့ ရှေ့အနာဂါတ်မှာလည်း နောင်တော် တော်လှန်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ MNDAA နဲ့ အနီးကပ်ပူးပေါင်းပြီး ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမှာဖြစ်သလို စိုးမိုးဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထု လူမှုစီးပွားအဆင်ပြေစေရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။  

ဒါ့အပြင် MNDAA အထူးဒေသ- အုပ်ချုပ်‌ရေးကော်မတီနဲ့ ကိုးကန့်အမျိုးသားတို့အပါအဝင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဒေသနေ ပြည်သူလူထုရဲ့ ရည်မှန်းချက်များ အပြည့်အဝအောင်မြင်ကာ ပြည်ထောင်စုတရပ်လုံး တိုင်းရင်းသားပြည်သူလူထု အားလုံး ရည်မှန်းချက်တွေ အပြည့်အဝအောင်မြင်စေဖို့လည်း ဆုတောင်းပေးထားပါတယ်။

မန္တလေး PDFဟာ ၁၀၂၇ ဒုတိယလှိုင်းလို့ခေါ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ စဥ့်ကူး၊နောင်ချို၊မိုးကုတ်၊မိုးမိတ် စတဲ့မြို့တွေမှာ ဖော်ဆောင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တပ်တွေနဲ့အတူ အောင်မြင်စွာဆင်နွှဲနိုင်ခဲ့တဲ့အပြင် မတ္တရာနယ် အရှေ့ ခြမ်းက စစ်တပ်စခန်း ၄၀ ခန့်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာလည်း မတ္တရာ၊သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက် တိုက်ခိုက်နေဆဲလို့ သိရပါတယ်။


========================


🚩🚩၂။⁨⁨ စစ်မှုထမ်းဥပဒေကို အသက်သွင်းနေတဲ့ မှော်ဘီ ဝါးနက်ချောင်း အုပ်ချုပ်ရေးမှူးရုံးကို ၄ဝ မမ နဲ့ ပစ်ခတ် 


မတ်လ၁၂ရက်


စစ်မှုထမ်းဥပဒေကို အသက်သွင်းနေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄ဝ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ Civilian Military SRDF  -အထူးစစ် ကြောင်း က ဆိုပါတယ်။

မနေ့ မတ်လ ၁၁ ရက်နေ့ နာရီ မိနစ် ၄၁ကျော်အချိန်မှာ ဝါးနက်ချောင်းစံပြကျေးရွာ ကျောက်တောင်စု အုပ်ချုပ်ရေးမှူး ရုံးမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တော်လှန်ရေးရဲဘော်တွေဘက် ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူးရုံးစောင့် ကာကင်းကို ထိမှန်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ဦး ထက်မနည်း သေဆုံးနိုင်တဲ့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Civilian Military SRDF -အထူးစစ် ကြောင်းက ထုတ်ပြန်ပါတယ်။ 

 အကြမ်းဖက် စစ်ကောင်စီအလိုကျ ပြည်သူ့စစ်မှုထမ်း အဓမ္မဥပဒေကို အသက်သွင်းနေတဲ့ စစ်ကောင်စီထောက်တိုင် ယန္တရားဖြစ်တာကြောင့် စစ်ရေးအရ လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ Civilian Military -SRDF နဲ့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာ မြို့ပြစစ်ဆင်ရေးတွေ ထပ်လုပ်နိုင်ဖို့အတွက်ရည်ရွယ်တဲ့ အမေ့အိမ်ကမ်ပိန်းမှာ တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့ SRDF နဲ့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့က မေတ္တာရပ်ခံပါတယ်။


========================


🚩🚩၃။⁨⁨ မြစ်ကြီးနားနဲ့တနိုင်းမှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေက နည်းမျိုးစုံနဲ့ လူသစ်စုနေတယ်လို့ KIA အသိပေး


မတ်လ၁၂ရက်

 

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့တနိုင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့လုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

မြစ်ကြီးနားနဲ့တနိုင်းမြို့နယ်ကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားတာတွေနဲ့ စစ်အင် အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ မြစ်ကြီးနားမြို့က ရပ်ကွက်အချို့မှာ မတ်လဆန်းကစပြီး တအိမ်တက်တအိမ်ဆင်းနဲ့ သန်းခေါင်စာရင်း ကောက်ယူတာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး ခရီးသွားယာဉ်တွေပေါ်က အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးကာ လူသစ်စုနေတာလို့ KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၁၁ ရက်ညပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မတ်လ ၈ရက်နေ့ကဆိုရင် ဗလမင်းထင်တံတားမှာ ပန်ဝါမြို့ဘက်ကလာတဲ့ ခရီးသည်ကားတစီးကိုတားပြီး ခရီးသွားပြည်သူ ဦးကို တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးသွားသလို မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မျာလည်း ခရီးသွားပြည်သူ ၅ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

ထို့အတူ တနိုင်းမြို့နယ်မှာလည်း ပြည်သူ့စစ်အဖွဲ့က ညအချိန်သွားလာနေတဲ့ လူငယ်လူလတ်ပိုင်းတွေကို ဖမ်းဆီးပြီး လူသစ် စုနေသလို လူငယ်တွေရှိတဲ့အိမ်တွေကို မသင်္ကာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်ရောက်ရှာဖွေတာ မူးယစ်ဆေးနဲ့ပတ်သက် လို့ စစ်ဆေးမေးမြန်းဖို့ရှိတယ်ဆိုပြီး ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ အသိပေးပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေက ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေး တွေ ဆင်နွှဲနေပြီး လက်ရှိမှာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်နဲ့စစ်ရေးအရအရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲ နေတာကြောင့် KIA ဘက်ကလည်း တပ်သားသစ်တွေ စုဆောင်းခေါ်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ညောင်ကျိုးတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူများ 


မတ်လ၁၂ရက်


ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူများနေတာကြောင့် ပြည် မှာရှိတဲ့ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြည် ဒကစနဲ့ မြို့တော်ခန်းမမှာ ယာယီ ဆေးရုံဖွင့်ထားရတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ 

ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ကြောင့် ညောင်ကျိုးတပ်စခန်းက စစ်ကောင်စီတပ်တွေ ဥသျှစ်ပင်မြို့ဘက် ဆုတ်ခွာနေပြီး တိုက်ပွဲတွေ ဥသျှစ်ပင်မြို့အနီးကို ရောက်လာတယ်လို့ ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးတပ်စခန်းမှာ AA နဲ့ စစ်ကောင်စီတပ်တွေကြား ဇန်နဝါရီလကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ရာက တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။

 စစ်ကောင်စီတပ်တွေဘက်က လေကြောင်းကနေ ခုခံခဲ့ပေမယ့် တိုက်ပွဲကာလ လနီးပါး ကြာမြင့်လာချိန်မှာ စစ်ကောင်စီ တပ်တွေ ညောင်ကျိုးစခန်းကနေစတင်ဆုတ်ခွာပြီး ဥသျှစ်ပင်မြို့ကနေ ခုခံစစ်ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ 

မနေ့ မတ်လ ၁၁ ရက်နေ့မှာဆိုရင် AA ထိုးစစ်ဟာ ညောင်းကျိုးစခန်းကိုကျော်လာပြီး ဥသျှစ်ပင်မြို့အနီးကို ဦးတည်လာတဲ့ အတွက် စစ်တပ်စစ်ကြောင်းတွေနဲ့ စစ်ကူတွေ ဥသျှစ်ပင်မြို့ မှာ အင်အားစုစည်းနေရပြီလို့ ဆိုပါတယ်။

အခုလို ဥသျှစ်ပင်မြို့ပေါ်ကို AA ဘက်က ထိုးစစ် ဦးတည်လာတဲ့အတွက် စစ်ကောင်စီတပ်က သင်တန်းဆင်း စစ်မှုထမ်း တပ်သား ရာပေါင်းများစွာ ညောင်ကျိုးစခန်းနဲ့ ဥသျှစ်ပင်မြို့ကို ဆက်တိုက်ပို့ဆောင်ပြီး တိုက်ခိုက်ခိုင်းပေမယ့် တိုက်ပွဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ သေဆုံးတာ ဒဏ်ရာရသူ များလွန်းတဲ့အပြင် စစ်ကူစစ်ကြောင်းတွေလည်း တပ်ပျက်ပြီး ကစဉ့်ကလျားဆုတ်ခွာလာတာတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသတွင်းသတင်း တွေက ဖော်ပြပါတယ်။ 

ရခိုင့်တပ်တော် AA အနေနဲ့ လက်ရှိမှာ စစ်ရေးအခြေအနေတွေကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ရခိုင်ပြည်နဲ့ထိစပ်နေတဲ့ ဧရာ၀တီတိုင်း ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်တယ်လို့ AA က ထုတ်ဖော်ပြောဆို ထားပါတယ်။


========================


🚩🚩 ⁨⁨⁨၅။ အောင်လံမြို့နယ်က စစ်တပ်ထောက်တိုင် ဦးရဲ့အိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းမယ်လို့ မြို့နယ် ပကဖ ပြော 


မတ်လ၁၂ရက်


အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ သမ္ဘူလတိုက်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ ထောက်တိုင် ဦးရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသလက်အောက်ခံ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။ 


တလုတ်ပင်အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေနဲ့ ရဲဒုတပ်ကြပ် မျိုးကြီးတို့ရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းဖို့  စီစဥ်နေ တာနဲ့ပတ်သက်လို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူလူထုကို အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့တဲ့ တလုတ်ပင် အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေဟာ ရွှေပန်းတောနဲ့ သမ္ဘူလတိုက်နယ်တွေမှာ ဆပ်ကြေးကောက်တာ အပြစ်မဲ့ပြည်သူပိုင်ပစ္စည်းတွေကိုသိမ်းပြီး ကိုယ်ကျိုးအတွက် အသုံးချ တာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေလုပ်ခဲ့တာကြောင့် ချမ်းသာကြွယ်ဝလာသူလို့ဆိုပါတယ်။


တလုတ်ပင်ကျေးရွာက သူပိုင်တဲ့အိမ်ကိုလည်း ဆပ်ကြေးကောက်တာ ဖမ်းဆီးငွေညှစ်တာတွေကနေရလာတဲ့  ငွေကြေးဥစ္စာ တွေနဲ့ ဆောက်လုပ်ထားတာလို့ သိရပါတယ်။


ထို့အတူ အခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပစ်ခတ်ရှင်းလင်းခံရတဲ့ သမ္ဘူလတိုက်နယ် ရဲစခန်းက ရဲဒုတပ်ကြပ် မျိုးကြီး အနေနဲ့ ဆပ်ကြေးကောက်တာ အပြစ်မဲ့အရပ်သားတွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်တာတွေနဲ့ ချမ်းသာကြွယ်ဝလာတယ်လို့ ဆိုပါတယ်။


ရဲဒုတပ်ကြပ် မျိုးကြီးပိုင်တဲ့ သမ္ဘူလတိုက်နယ်က အိမ်ဟာလည်း အရပ်သားတွေပြည်သူတွေကို ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်တာတွေကနေ ရလာတဲ့ ငွေကြေးနဲ့ ဆောက်လုပ်ထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါကြောင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ လှုပ်ရှားနယ်မြေအတွင်းမှာရှိနေတဲ့ တလုတ်ပင်ရွာအုပ်ချုပ်ရေးမှူး ဟောင်း မြင့်ဆွေရဲ့အိမ်နဲ့ ရဲဒုတပ်ကြပ် မျိုးကြီးတို့ရဲ့ အိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းဖို့ စီစဥ်နေပြီဖြစ်တာကြောင့် ဒီအိမ် တွေကို ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ကြဖို့ အောင်လံ ပကဖ က အသိပေး ကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment