16th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ထုတ်ပြန် 

📌 ⁨⁨⁨⁨⁨⁨⁨၂။ နယူးယောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းနဲ့ မြန်မာမိသားစုတွေ တွေ့ဆုံပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅သောင်းကျော်ရရှိ

📌 ⁨⁨⁨⁨⁨⁨⁨၃။ မိုးကုတ်မှာ မူးယစ်ဆေးရောင်းဝယ်နေတဲ့ အမျိုးသမီးတဦး ဖမ်းဆီးရမိ


========================


၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ဗန်းမော် စကခ ၂၁ ကာကင်းအချို့ထပ်မံသိမ်းပိုက်နိုင်ခဲ့ စစ်ကောင်စီဒရုန်းအချို့ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော 

🚩 ⁨⁨၂။ ကျွန်းစုမြို့နယ်မှာ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက် 

🚩၃။ရေဦး၊ချောင်းဦးနဲ့မုံရွာမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဦးသေဆုံး 

🚩 ⁨⁩၄။ ဖြူး-အုတ်ဖြတ်လမ်းပိုင်းမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ဦးသေဆုံး  


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ထုတ်ပြန် 


မတ်လ ၁၆ရက်


မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ကလေးငယ် ဦးအပါအဝင် အရပ်သားပြည်သူ ၂၇ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရစေခဲ့တဲ့ စစ်ကောင်စီဘက်က ကျူးလွန် မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ့်အကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောဆိုလိုက်တာဖြစ်ပါတယ်။

စဉ့်ကူးမြို့နယ်ကိုဖြတ်သန်းသွားတဲ့ မိုးကုတ်-မန္တလေးကားလမ်းဘေးက လက်ပန်လှကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်ဟာ မတ်လ ၁၄ ရက်နေ နေ့လည် နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

လက်ပံလှရွာကို အမှတ် - ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ YAK-130 ဂျက်ဖိုက်တာက မီးလောင်ဗုံး လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ခရီးသွားပြည်သူတွေနဲ့ ဒေသနေပြည်သူတွေ သွားလာ ရောင်းဝယ်ဖောက်ကားနေတဲ့အချိန်မှာ တိုက်ခိုက် ခဲ့တာကြောင့် အသက် လအရွယ် ကလေးငယ်တဦးအပါအဝင် ကလေး၆ ဦးနဲ့အရပ်သားပြည်သူ စုစုပေါင်း ၂၇ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရကာ ပြည်သူပိုင်အိမ် လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားတဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ နယူးယောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းနဲ့ မြန်မာမိသားစုတွေ တွေ့ဆုံပွဲကနေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅သောင်းကျော်ရရှိ


မတ်လ ၁၆ရက်


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းနဲ့ မြန်မာမိသားစုတွေ တွေ့ဆုံပွဲကနေ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၅သောင်း၂ထောင် ကျော်ရရှိခဲ့တယ်လို့ အဲဒီပွဲကိုတက်ရောက်ခဲ့သူတွေက ဆိုပါတယ်။  

Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris ခေါ် ကိုထိန်လင်းဟာ မနေ့ မတ်လ ၁၅ ရက်နေ့က နယူးယောက်မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို Kim Aris ခေါ် ကိုထိန်လင်းနဲ့အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၊အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး ဒေါက်တာ ရှောင်တာနယ်လ် တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

နယူးယောက်ဒေသခံ မြန်မိသားစုတွေအပါအဝင် နီးစပ်ရာမြို့တွေက မြန်မာမိသားစုတွေ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေလာရောက်ခဲ့တာကြောင့် စုစုပေါင်းလူအင်အား တထောင်နီးပါးရှိခဲ့ပြီး Kim Airs ရဲ့ ပုံတူပန်းချီကားကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာ၊ Suu 80th Birthday Calendar ကို အမေရိကန်ဒေါ်လာ ၅၅၀၀ နဲ့ လေလံတင်ရာင်းချ ခဲ့တယ်လို့လည်း သိရပါတယ်။

Suu 80th Birthday Postcard ရောင်းချမှုတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅သောင်း၂ထောင်ကျော်ရရှိခဲ့တာဖြစ်ပါတယ်။ 


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ မိုးကုတ်မှာ မူးယစ်ဆေးရောင်းဝယ်နေတဲ့ အမျိုးသမီးတဦး ဖမ်းဆီးရမိ


မတ်လ ၁၆ရက်


တအာင်းပြည် တပ်မဟာ နယ်မြေ မိုးကုတ်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA  တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးရောင်းဝယ်သူ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတဦး မူးယစ်ဆေး ရောင်းဝယ်နေတယ်လို့ သတင်းရတဲ့အတွက် မိုးကုတ်မြို့အတွင်း ကင်းလှည့်နေတဲ့ တအာင်းပြည်ရဲတပ်ဖွဲ့ဟာ မတ်လ ၁၂ ရက်နေ့မှာသူ့ရဲ့အိမ်ကို သွားရောက်စစ်ဆေးရာက မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးတွေ ရောင်းယယ်နေသူဟာ အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ဒေါ်မေရူဆိုသူဖြစ်ပြီး သူရဲ့အိမ်ကို ဝင်ရောက်စစ်ဆေး ရာမှာ ဘိန်းဖြူ ဆပ်ပြာခွက် ခွက်၊ ဗူးအသေး ၁၄ ဗူးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဒီအမျိုးသမီးဟာ မိုးကုတ်မြို့ ရှောလီဝိုင်အုပ်စု သာယာကုန်းရပ်ကွက်မှာနေထိုင်ပြီး မူးယစ်ဆေးရောင်းဝယ်နေတာ ရှိနေပြီလို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် တအာင်းပြည်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဥပဒေ နဲ့ အရေးယူသွားမယ်လို့ အသိပေး ထားပါတယ်။

မတ်လ ရက်နေ့တုန်းကလည်း တအာင်းပြည်ရဲတပ်ဖွဲ့ဟာ မြို့အတွင်း ကင်းလှည့်နေချိန်မှာပဲ ရွှေဂူရပ်ကွက်က မူးယစ်ဆေး ရောင်းဝယ်နေတဲ့ အမျိုးသား၂ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ထို့အတူ မိုးမိတ်မြို့နယ်မှာလည်း ကာလပေါက်စျေး ကျပ်သိန်း ၇ဝဝ ဖိုးရှိတဲ့ စိတ်ကြွးဆေးတွေနဲ့ ဘိန်းဖြူတွေ မတ်လ ရက်နေ့မှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ဗန်းမော် စကခ ၂၁ ကာကင်းအချို့ထပ်မံသိမ်းပိုက်နိုင်ခဲ့ စစ်ကောင်စီဒရုန်းအချို့ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော 


မတ်လ ၁၆ရက်


ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ အမှတ် - ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ကာကင်းအချို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ သလို စစ်ကောင်စီရဲ့ ဒရုန်းအချို့ကို ပစ်ချနိုင်ခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။

အမှတ် - ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင် လွတ်လပ်ရေးတပ်မတော် -  KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ မနေ့မတ်လ ၁၅ ရက် ညပိုင်းမှာ အသိပေးလိုက်တာပဲဖြစ်ပါတယ်။

ဗန်းမော်မြို့က စကခ - ၂၁ စစ်ကောင်စီတပ်စခန်းကို အပြီးသိမ်းပိုက်နိုင်ရေး KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိခိုက်မှုတွေများနေတဲ့အတွက် စစ်ကောင်စီဟာ ဒရုန်းအပါအဝင် တိုက်လေယာဉ်တွေပါသုံးပြီး စခန်းမကျရေး ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

 KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာ ရက်ကစပြီး ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး စတင်ခဲ့ရာ တိုက်ပွဲကာလ ၃လ ကျော်အတွင်း စစ်ရေးအရ အရေးပါတဲ့ အမြောက်တပ်၊တင့်ကားတပ်၊သံချပ်ကာတပ်၊ခြေလျင်တပ်အပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီး ခလရ ၄၇ နဲ့ စကခ - ၂၁ အပါအဝင် လက်ကျန်တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကိုဖော်ပြရာမှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ စစ်ရေး လှုပ်ရှားမှုတွေနဲ့ လူသစ်စုဆောင်းမှုအခြေအနေတွေကိုလည်း KIA သတင်းပြန်ကြားရေးက အသိပေးဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ဟာ မတ်လ ၁၄ ရက်က တနိုင်း -လီဒိုလမ်းပေါ်က ဝါရာဇွပ်နဲ့ နမ်ဆိုင်ရွာက လူနေအိမ် ၁ဝ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီကလည်း ဝါရာဇွပ်နဲ့နမ့်ဆိုင်ရွာကို လေယာဉ်နဲ့  ကြိမ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မင်းဇေသန့်ပြည်သူ့စစ်က ခြေလျင်စစ်ကြောင်းထိုးလာတဲ့အတွက် KIAက  ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်ဘက်က သေဆုံးမှုများတာကြောင့် အရပ်သားပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒေသတွင်းက လူငယ်တွေကိုလည်း လူသစ်စုဆောင်းနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မိုးကောင်း၊ မိုးညှင်း နမ္မတီးဘက်မှာလည်း ရှမ်းနီတပ် SNA နဲ့ စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာနေပြီး လူသစ်စုဆောင်းမှုများ လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီနဲ့ SNA ဘက်က တအိမ်တယောက် စစ်မှုမထမ်းမနေရဆိုပြီး နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ မြစ်ကြီးနား လမုန်ဇွပ်ဘက်မှာလည်း စစ်အင်အားဖြည့်တင်းနေသလို ပူတာအိုဘက်မှာလည်း စစ်အင်အားဖြည့်တင်းနေတာတွေရှိနေယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ⁨⁨၂။ ကျွန်းစုမြို့နယ်မှာ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက် 


မတ်လ ၁၆ရက်


တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တွေ မတ်လ ၁၃ ရက်နေ့ နာရီခန့်အချိန်က ဝန်တောင်ကျေးရွာ ဘက် ပင်လယ်ပြင်ဘက်ထွက်လာရာက စစ်အုပ်စုနဲ့တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ကျွန်းစုမြို့နယ် မိုင်းတွေးကျေးရွာက ပျူစောထီးတွေနဲ့ ရှော်တော်မော် ကျေးရွာဘက်ကတက်လာတဲ့ အကြမ်းဖက်စစ်တပ်က အင်အား ၆၀ ခန့်ပါ စစ်သင်္ဘောအုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝန်တောင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။

ဒီတိုက်ပွဲဟာ မိနစ်အနည်းသာရှိခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေ ကို အတည်ပြုနိုင်အောင် စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩၃။ရေဦး၊ချောင်းဦးနဲ့မုံရွာမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဦးသေဆုံး 


မတ်လ ၁၆ရက်


စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ချောင်းဦးနဲ့မုံရွာမြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ ကင်းလှည့်ဖို့ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေပါတဲ့ ကား စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကား ၂စီး ပျက်စီးသွားတာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်

ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်အတွင်း ကင်းလှည့်ဖို့ဆိုပြီး ကား စီးနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တော်လှန်ရေးရဲဘော်တွေ မနေ့ မတ်လ ၁၅ ရက်နေ့ နာရီခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကား စီး ပျက်စီးသွားတာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက် စစ်သားတွေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေး ပါတယ်။ 

ထို့အတူ ချောင်းဦးမြိုနယ် ကင်မွန်းတော် ပျူစောထီးရွာကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ်တဦးသေဆုံးသွားတယ်လို့ BLDF တပ်ခွဲ အညာမိုင်းက ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြိုနယ် ကင်မွန်းတော်ပျူစောထီးရွာကနေထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း စစ်ဒေသ တပ်ခွဲက မတ်လ ၁၅ ရက်နေ့ ၁၂ နာရီ ခွဲခန့်မှာ မိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အလားတူပဲ မုံရွာမြို့စက်မှုဇုန်လမ်းဆုံကနေ ကားနဲ့ဆိုက်တွဲမောင်းသူတွေကို အနိုင်ကျင့်ဗိုလ်ကျပြီး ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ယောက်သေပြီး ယောက် ဒဏ်ရာရသွားတယ်လို့ မုံရွာနတ်ဆိုးအဖွဲ့က ပြောပါတယ်။

ရွာထောင်ကျေးရွာမှာတပ်စွဲနေတဲ့ စစ်သား၊ ရဲ၊ ပျူစောထီး စုစုပေါင်း ၁၁ ယောက်ရှိတဲ့စစ်အုပ်စုကို မတ်လ ၁၄ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ မုံရွာခရိုင်အမှတ် - ၂၂  နတ်ဆိုးတပ်ရင်းက ရဲဘော်တွေ  နေရာခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁩၄။ ဖြူး-အုတ်ဖြတ်လမ်းပိုင်းမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ဦးသေဆုံး  


မတ်လ ၁၆ရက်


ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်က ဦးသေဆုံးသွားတယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - အာဠာဝကစစ်ကြောင်းက ပြောပါတယ်။

ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ်လမ်းပိုင်းက တာကျိုးလမ်းဆုံမှာ အာဠာဝက စစ်ကြောင်းနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တို့ မတ်လ ၁၀ ရက်နေ့ မနက် နာရီခန့်က ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ ပတ်သက်လို့ အခုလိုအသိပေးလာတာဖြစ်ပါတယ်။

ဒီထိတွေ့ တိုက်ပွဲဟာ နာရီလောက်ကြာခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ဦးသေဆုံးသွားသလို ထိခိုက်ဒဏ်ရာရတဲ့ ဦးဟာလည်း သေဆုံးနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ကူများပေးတိုက်ခိုက်တာတွေရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ရက်နေ့ကသိမ်းပိုက်နိုင်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းသိမ်း တိုက်ပွဲမှာပါဝင်ခဲ့တဲ့ အာဠာ၀ကစစ်ကြောင်းဟာ ဖြူး-အုတ်ဖြတ်လမ်းပိုင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ  ရက်တာ ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment