23rd Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ နိုင်ငံရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေးဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

📌 ⁨⁨⁨⁨⁨⁨⁨၂။ ရန်ကုန်မြို့လယ်ခေါင် ပန်ဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များပါသွား၊ ရဲနှင့်စစ်တပ်က ကင်းလှည့်နေသည့်ကြားမှ ဓားပြတိုက်ခံရဟုဆို

📌 ⁨⁨⁨⁨⁨⁨⁨၃။ မြင်းမူနဲ့ ရေစကြိုမှာ စစ်တပ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို ဖမ်းဆီးသွား 


========================


၂၀၂၅ ခုနှစ် မတ်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨ ဂန့်ဂေါနယ် နှမ်းခါးရွာဆေးခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦးသေဆုံးပြီး ဦးဒဏ်ရာရ

🚩၂။ဖားကန့်နဲ့ဝိုင်းမော်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA အသိပေး

🚩၃။ ရန်ကုန်-ပြည်လမ်းပိုင်းက စစ်ကွင်းဂိတ်ကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံး

🚩၄။ ကျိုက်ထိုမြို့နယ် ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရဟန်းပါး ပျံလွန်တော်မူပြီး ပါး  ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ နိုင်ငံရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေးဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော


မတ်လ ၂၃ရက်


နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ကဘော်ဒေသ လွတ်မြောက်နယ်မြေဖြစ်ရေး အထူး ဦးစားပေးဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုး‌ရ - NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ 

ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကို မနေ့ မတ်လ ၂၂ရက် ညပိုင်းက ကျင်းပခဲ့ရာမှာ ဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့ပြီး အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကဘော်ဒေသဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကလေးနဲ့တမူးခရိုင်တို့ပါဝင်တဲ့ လွင်ပြင်ဒေသတခုဖြစ်ပြီး လက်ရှိမှာ ကလေးမြို့နဲ့ တမူးမြို့ကလွဲပြီး ကျန်တဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF က စိုးမိုးထိန်းချုပ်ထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။ 

ကဘော်ဒေသဟာ ချင်းတွင်းမြစ်နဲ့အိန္ဒိယနယ်စပ်ကြားက ချိုင့်ဝှမ်းလွင့်ပြင်ဒေသဖြစ်တာကြောင့်လည်း အရေးကြီးတဲ့ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် - စစ်ဒေသအနေနဲ့ ဒီနယ်မြေလွတ်မြောက်ရေး အထူးဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက်နေတာလို့ ဝန်ကြီး ဦးရည်မွန်က ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ရေးအရ အပြီးသတ်ရှင်းလင်းတာတွေမလုပ်နိုင်သေးပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပြီဖြစ်တာကြောင့် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်တဲ့အထိ ဆက်လက်ဖော်ဆောင်သွားဖို့လည်း တိုက်တွန်း ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တမြို့နဲ့တမြို့ ကူးသန်းသွားလာနိုင်တာမရှိတော့ဘဲ လေကြောင်းကနေပဲ ထောက်ပို့တဲ့အနေ အထားလို့ သိရပါတယ်။

ကဘော်ညီနောင် Project ကို မတ်လ ၂၂ရက်ကနေ ဧပြီ ၂၀ရက်အထိ သတ်မှတ်ထားပြီး ရန်ပုံငွေအဖြစ် ကျပ်သိန်းတသောင်း ရရှိအောင်ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်။ 

ဒီရန်ပုံငွေရှာဖွေမှုဟာ အဖွဲ့ ၁၄ ဖွဲ့အတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ တက်နိုင်သလောက် ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ ရန်ကုန်မြို့လယ်ခေါင် ပန်ဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များပါသွား၊ ရဲနှင့်စစ်တပ်က ကင်းလှည့်နေသည့်ကြားမှ ဓားပြတိုက်ခံရဟုဆို


မတ်လ ၂၃ရက်


စစ်တပ်နှင့်ရဲများက လုံခြုံရေးများတိုးမြှင့်ထားပြီး နေ့ညမရွေး လုံခြုံရေးတင်းကျပ်ထားချိန်တွင် ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာလမ်းနှင့် ၂၈ လမ်းကြားရှိ တိတ်ရှိန် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများပါသွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနမှာ ဖေါ်ပြထားပါသည်။ 

ယနေ့မတ်လ ၂၃ ရက် နံနက် နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်  ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာ လမ်း နှင့် ၂၈ လမ်းကြား အမှတ် ၅၀၇/၅၀၉ အခန်း တွင်ဖွင့်လှစ်ထားသော တိတ်ရှိန်ရွှေဆိုင်ကို လူအချို့က ဝင်ရောက်ဓားပြတိုက်ရာ ရွှေထည်အချို့ပါသွားပြီး ယင်းအမှုနှင့်ပတ်သက်၍ ရဲနှင့်စစ်တပ်က စစ်ဆေးနေကြောင်း ဖေါ်ပြထားပါသည်။ဓားပြတိုက်ခံရတာမှန်ပါတယ်၊ရွှေထည်အချို့ပါသွားတယ်။ ဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ ဆိုင်ပိုင်ရှင်ကတော့ အမှုအခင်းနဲ့ပတ်သက်ပြီး လိုက်လုပ်နေတယ်။ဟု ရွှေဆိုင်နှင့် နီးစပ်သော ရန်ကုန်ရွှေကုန်သည်က အတည်ပြုပြောကြားသည်။

ရန်ကုန်တိုင်း၊ ပန်းဘဲတန်း၊ ၂၉ လမ်းတွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ရွှေဆိုင်ဓားပြတိုက်ခံရပြီးမှ ပြည်သူများက သိရှိခဲ့ကြခြင်းဖြစ်ပြီး နံနက်စောစောအချိန် ရုတ်တရက် ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

"လူ ဦး လာတိုက်သွားတာလို့ပြောတယ်။ တိုက်သွားတဲ့အချိန်မှာမသိဘူး။ ဓားပြတိုက်ခံရပြီးမှ သိတာ" ဟု ၂၉ လမ်းတွင် နေထိုင်သူ ပြည်သူက ရှင်းလင်းပြောဆိုထားပါသည်။ 


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ မြင်းမူနဲ့ ရေစကြိုမှာ စစ်တပ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို ဖမ်းဆီးသွား 


မတ်လ ၂၃ရက်


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်နဲ့ မကွေးတိုင်း ရေးစကြိုမြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ဟာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။  

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၅၀ ခန့်နဲ့ မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ မြင်းမူမြို့နယ်က ခြေရာတော်ရွာ နဲ့ ကြော့မင်းရွာကိုစီးနင်းပြီး ခြေရာတော်ရွာက အိမ် လုံးနဲ့ ကြော့မင်းရွာက အိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းမူ မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ ခြေရာတော်ရွာနဲ့ ကြော့မင်းရွာက အရပ်သားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ ဘိုးမင်းကြီး ကင်းလမ်းခွဲမှာရှိတဲ့ စစ်တပ် တပ်စွဲရာနေရာကို ဝင်သွားတယ်လို့ မြင်းမူ မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားပါတယ်။

ထို့အတူ မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာတွေကို စီးနင်းနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာလည်း အရပ်သား ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး စစ်ကြောင်းထိုးနေတယ်လို့ ရေစကြိုသတင်းအချက် အလက်ကော်မတီ - Yesagyo Township Info Committee က ထုတ်ပြန်ထားပါတယ်။

ငတ‌ရော်ရွာကိုရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ မတ်လ ၂၁ ရက်နေ့က မိုးဖြူရွာနဲ့ မိုးကွဲရွာကို စစ်ကြောင်း ထိုးချိန်မှာ မိုးကွဲရွာအနောက်ဘက်က ကျွန်းခုံပေါ် ထွက်ပြေးတိမ်းရှောင်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၅၀ ကျော်ကို ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့အရပ်သားတွေကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ်အသုံးပြုပြီး ကံဦးရွာကို မတ်လ ၂၂ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့တယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။⁨⁨ ဂန့်ဂေါနယ် နှမ်းခါးရွာဆေးခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦးသေဆုံးပြီး ဦးဒဏ်ရာရ


မတ်လ ၂၃ရက်


မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာဝန်မိသားစု အပါအဝင် ၁၁ ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွင်း သတင်းတွေက ဆိုပါတယ်။

မိတ္ထီလာလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာတစင်းက မနေ့ မတ်လ ၂၂ ရက်မနက် နာရီခွဲဝန်းကျင်မှာ နှမ်းခါးရွာ ဆေးပေးခန်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန်မိသားစုဝင် ဦးနဲ့ ဆေးခန်းလာပြသူ ဦး သေဆုံးခဲ့ရ ပြီး ဦး ဒဏ်ရာရသွားတာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အချိန်ဟာ လူနာတွေ ဆေးခန်းပြချိန်ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ဦး ပါဝင်တယ်လို့ ဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုခံရတာကြောင့် ကျေးရွာဆေးပေးခန်း မီးလောင်ပျက်စီးသွားသလို အနီးအနားက အိမ်တွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

မတ်လ ၂၀ ရက်နေ့ကလည်း ထီးလင်းမြို့နယ် အလယ်ဘန်းရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ဦး သေဆုံးခဲ့ရပါသေးတယ်။ 

ယောဒေသဖြစ်တဲ့ ဂန့်ဂေါနဲ့ထီးလင်းမှာ အခုနှစ် မတ်လအတွင်း လေကြောင်းတိုက်ခံရမှုတွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၄၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

စစ်ကောင်စီဟာ ယောဒေသအတွင်း စစ်အင်အားဖြည့်တင်းတာတွေရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထားနေထိုင်ကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်း ထားပါတယ်။


========================


🚩🚩၂။ဖားကန့်နဲ့ဝိုင်းမော်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA အသိပေး


မတ်လ ၂၃ရက်


 ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ ဖားကန့်မြို့နယ်တို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ ရက်မှာ ဖော်ပြ ပါတယ်။

ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးမှာ မတ်လ ၂၂ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဝိုင်းမော် လမြန်ကျေးရွာအနီးမှာလည်း မတ်လ ၂၁ ရက်က တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဖားကန့် - မိုးကောင်းလမ်းပိုင်းမှာရှိတဲ့ လုံဘရာကျေးရွာအနီးမှာလည်း KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီ၊ ရှမ်းနီတပ် - SNA နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လဝါးရွာနဲ့ဒွန်ဘုန်းခရွာတို့မှာ တပ်စွဲထားတာကြောင့် စစ်ရေး တင်းမာနေတဲ့အခြေအနေလို့ ဒေသနေပြည်သူတွေက ဆိုပါတယ်။ 

စစ်ကောင်စီဟာ မတ်လ ၁၇ ရက်ကစပြီး ဝိုင်းမော်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေပြီး လမြန်ဒေသဘက်ကို စစ်ကြောင်းဝင်လာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် တနိုင်းမြို့နယ် ဟူးခေါင်းဒေသမှာလည်း ကျော်သူရ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ တနိုင်းမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားနေပြီး ဒေသနေပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ငွေညှစ်နေတာတွေလည်း ရှိတယ်လို့ KIA က အသိပေးထားပါတယ်။

ဒီပြည်သူ့စစ်အဖွဲ့ဟာ စစ်ရေးလှုပ်ရှားတာတွေအပြင် လူသစ်စုဆောင်းတာ အသက်ကြီးတဲ့သူတွေကို စစ်စခန်းတွေမှာ သန့်ရှင်းရေးလုပ်ခိုင်းပြီး လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့ကို ဝင်ခိုင်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ရန်ကုန်-ပြည်လမ်းပိုင်းက စစ်ကွင်းဂိတ်ကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံး


မတ်လ ၂၃ရက်


 ရန်ကုန်-ပြည်လမ်းပိုင်းက မင်းလှမြို့နယ်မှာရှိတဲ့ စစ်ကွင်းဂိတ်ကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ညအချိန် သွားလာခွင့်များ ကန့်သတ်လိုက်ပြီး ပစ်မိန့်ပေးထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

မင်းလှမြို့နယ် စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီးက စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က ရဲဘော်တွေ မတ်လ ၂၀ ရက်နေ့ ညသန်းခေါင်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဟာ နာရီနဲ့ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ် ဘက်က ဦးသေဆုံးကာ ဦး ဒဏ်ရာရသွားသလို တော်လှန်ရေးရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ ကာဘိုတလက် ကျည်ဘောက်တခု၊ ကျည်အတောင် ၂ဝ စစ်အသုံးအဆောင်တွေနဲ့ဆိုင်ကယ်တစီး သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် အနည်းငယ်သာ လောင်ကျွမ်းခဲ့တယ်လို့ အသိပေးပါတယ်။ 

ဒါကြောင့် မတ်လ ၂၁ ရက်နေ့ မနက်မှာ အဲဒီစစ်ဆေးရေးဂိတ် လုံခြုံရေးဘန်ကာမှာ လုံခြုံရေးပြန်ယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာလည်း စစ်သားတဦး သေဆုံးညီ့း ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။  

အခုလို တိုက်ခိုက်ခ့လိုက်ရတာကြောင့် အကြမ်းဖက် စစ်တပ်ဟာ မတ်လ ၂၂ ရက်နေ့ကစပြီး ရန်ကုန်-ပြည် ကားလမ်းပိုင်းကို ညအချိန် သွားလာခွင့် ကန့်သတ်လိုက်ပြီး အရပ်သားပြည်သူတွေကို နာရီကနေ မနက် နာရီအတွင်း သွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 ဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် မင်းလှမြို့နယ် စိန်ကန့်လန့်ရွာမှာ အခြေစိုက်တဲ့ ခလရ တပ်ရင်းမှာလည်း PDF တပ်ဖွဲ့လာ လာရောက်တိုက်ခိုက်မှာစိုးတာကြောင့် တပ်ရင်းပတ်ပတ်လည်လည်မှာ ကင်းတဲတွေဆောက်လုပ်နေပြီး မြို့ပေါ်မှာလည်း ဘန်ကာတွေ ထပ်တိုးလုပ်ဆောင်နေတယ်လို့ အသိပေးပါတယ်။

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩၄။ ကျိုက်ထိုမြို့နယ် ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရဟန်းပါး ပျံလွန်တော်မူပြီး ပါး  ဒဏ်ရာရ 


မတ်လ ၂၃ရက်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ရဟန်းတပါး ပျံလွန်တော်မူပြီး ပါးဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ KNU ဗဟိုက ဒီနေ့ မတ်လ ၂၃ မှာ ထုတ်ပြန်ပါတယ်။

ဝေါမြို့နယ် လက်ပယ်ရွာမှာ အခြေချတပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် ခရွဲရွာမြောက်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို မတ်လ ၂၁ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာ လက်နက်ကြီးတလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်းတပါး ပျံလွန်တော်မူကာ ပါး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေန‌ြ့ပါ သာသနာ့ နယ်မြေတွေကို ကြိမ်ဖန်များစွာ တိုက်ခိုက်နေပြီး  အလွန် စက်ဆုပ်ဖွယ်ရာလုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment