24th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ ရန်ကုန်လွှတ်တော် သတ္တမအကြိမ်မြောက်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတို့ကို သက်တမ်းတိုး

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ဘုံရန်သူကိုချေမှုန်းနိုင်ဖို့ တစုတစည်းထဲ ဖြစ်ကြမယ်ဆိုလို့ရှိရင် တော်လှန်ရေးမြန်မြန်အောင်မယ်လို့  NUGနိုင်ငံခြားရေးဝန်ကြီးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား စစ်ကောင်စီ၏လေကြောင်း အန္တရာယ်များကြား အောင်မြင်စွာ ဖြေဆိုပြီးစီး

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရာတွင် တရားဥပဒေကို လက်နက်သဖွယ်အသုံးပြုခြင်းအစီရင်ခံစာအား  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မိတ်ဆက်

📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းတီးတဲ့ဂစ်တာကို ဒေါ်လာ ၈၈၈၈နဲ့ ဝယ်ယူသွားခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ တီဘီရောဂါသည်တွေအတွက် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးအပ်နေတဲ့ အစိုးရမဟုတ်သောမိတ်ဖက်များကို Access to Health Fund မှတစ်ဆင့် ကူညီပံ့ပိုးပေးလျက်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ စစ်ကောင်စီကတော်လှန်ရေးအင်အားစုများကိုသွေးခွဲဖို့  အသည်းအသန်ကြိုးစားနေတာကို သိထားဖို့လိုအပ်တယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၈။ ကမ္ဘာ့ပဋိပက္ခများနှင့် စစ်ပွဲများအကြောင်း ဆွေးနွေးပွဲတွင် မြန်မာစစ်အာဏာရှင်များမှ ကြမ်းကြုတ်ရက်စက်မှုများကိုပါထည့်သွင်းဆွေးနွေး


========================


၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို NUGကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာရှုတ်ချ

🚩၂။ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) မှ အရာရှိသင်တန်း အပတ်စဥ် ()နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

🚩၃။⁨⁨ စလင်းမြို့နယ်မှာ အရပ်သား ()ဦးကို စစ်တပ်မှ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့

🚩၄။ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်ခံရ

🚩၅။ မကွေးတိုင်းရှိ မြိုင်မြို့နယ်နဲ့ မြို့နယ်များကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်

🚩၆။ PSLF/TNLA အုပ်ချုပ်ရေးဌာနမှ မိုးကုတ်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်လာစေရန်အတွက်ပြည်သူလူထုများနှင့် တွေ့ဆုံ

🚩၇။ ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း မှကြက်ဝိုင်းအားဖမ်းဆီးရာ ဆိုင်ကယ် အစီးနှစ်ဆယ်ကျော်နဲ့ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ ရန်ကုန်လွှတ်တော် သတ္တမအကြိမ်မြောက်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတို့ကို သက်တမ်းတိုး


မတ်လ၂၄ရက်


ရန်ကုန်လွှတ်တော် သတ္တမအကြိမ်မြောက်အစည်းအဝေးကို ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက် တနင်္လာနေ့ နံနက် နာရီက online zoom platform meeting ဖြင့် ကျင်းပခဲ့ပါတယ်။ 


အစည်းအဝေးတွင် ရန်ကုန်လွှတ်တော်ဥက္ကဌ ဦးတင့်လွင်က အဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်တို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါတယ်။ရန်ကုန်လွှတ်တော် သတ္တမအကြိမ်မြောက်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီ နှင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတို့၏ အစီရင်ခံစာများ အသီးသီးဖတ်ကြားခဲ့ပြီး လွှတ်တော်အဆုံးအဖြတ်ဖြင့် ကော်မတီနှစ်ရပ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။


ဆက်လက်ပြီး ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ၄နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာဖတ်ကြားတင်သွင်းခဲ့ပါတယ်။၎င်းနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့က CB , CRPH , NLD, NUCC, NUG တို့၏ ပူးတွဲထုတ်ပြန်ကြေငြာချက်အား ကြိုဆိုထောက်ခံကြောင်းအဆိုကို တင်သွင်းပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ဘုံရန်သူကိုချေမှုန်းနိုင်ဖို့ တစုတစည်းထဲ ဖြစ်ကြမယ်ဆိုလို့ရှိရင် တော်လှန်ရေးမြန်မြန်အောင်မယ်လို့  NUGနိုင်ငံခြားရေးဝန်ကြီးပြော


မတ်လ၂၄ရက်


ဘုံရန်သူကိုချေမှုန်းနိုင်ဖို့တစုတစည်းထဲ ဖြစ်ကြမယ်ဆိုလို့ရှိရင် တော်လှန်ရေးမြန်မြန်အောင်မယ်လို့  NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။၂၀၂၅ ခုနှစ်၊မတ် ၂၃ ရက်နေ့၊ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ရုံး၌ ကျင်းပသည့်နိုင်ငံရေးဆွေးနွေးပွဲ အဖွင့်မှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"စစ်ကောင်စီပြုတ်ကျဖို့ကို ဘယ်လိုအတူတကွတိုက်ပွဲဝင်ဖို့လိုမလဲ။ဘယ်လို မတူကွဲပြားမှုတွေကို ပေါင်းစပ်ညှိနှိုင်းကြဖို့လိုမလဲပေါ့။တချို့ဟာတွေလည်း တူတာတွေကိုတွဲလုပ်လို့ရသလိုမတူ

တဲ့ကိစ္စတွေကို ဘယ်လိုခွဲလုပ်ကြမလဲပေါ့။အဲဒီလိုလုပ်တဲ့အခါမှာ မိတ်ဖက်ပဋိပက္ခဆိုတာ ရှိတတ်ပါတယ်။နိုင်ငံရေးအင်အားစုတွေကြားထဲမှာပေါ့။အဲဒီဟာကိုနားလည်သဘောပေါက်ပြီး ဘုံရန်သူကိုချေမှုန်းနိုင်ဖို့ ကျမတို့တစုတစည်းထဲ ဖြစ်ကြမယ်ဆိုလို့ရှိရင်တော့ ဒီတော်လှန်ရေးက မြန်မြန်အောင်မှာပေါ့"လို့ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များကကြိုးပမ်းလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား စစ်ကောင်စီ၏လေကြောင်း အန္တရာယ်များကြား အောင်မြင်စွာ ဖြေဆိုပြီးစီး


မတ်လ (၂၄) ရက်၊ 


ကော်သူးလေ အစိုးရစစ် စာမေးပွဲကိုလည်း တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ/မများ၏ ပူးပေါင်း ဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ ရက်နေ့တွင် သစ်ပင်ဝါးပင်များအကြား အောင်မြင်စွာ ဖြေဆိုပြီးစီး ခဲ့တယ်လို့ မတ်လ၂၄ရက်မှာ KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူကရင်အမျိူးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင်အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ နေရာအနံ့ရှိနေသလို ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်မြို့နယ်သည်လည်း  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိန်းချုပ်ထားသော အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်မှ လူအင်အား၊ လက်နက်အင်အားများစွာဖြည့်တင်း၍ မြေပြင်မှလက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ ဝေဟင်မှ အဆင့်မြင့် ဒရုန်းများနှင့် လေယာဥ်များဖြင့်သော်လည်းကောင်း နေရာအနံ့နေစဥ်နှင့်အမျှ ပစ်ခတ်လျှက်ရှိပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရသလို ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းကိုလည်း ကလေးလူငယ်များ၏ အနာဂါတ်ဘဝ နှင့် ပညာရေးအတွက် စစ်ဘေးစစ်ဒဏ်များအကြား ခက်ခဲစွာ သင်ယူလေ့လာခဲ့ရတယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရာတွင် တရားဥပဒေကို လက်နက်သဖွယ်အသုံးပြုခြင်းအစီရင်ခံစာအား  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မိတ်ဆက်


မတ်လ၂၄ရက်


ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရာတွင် တရားဥပဒေကို လက်နက်သဖွယ်အသုံးပြုခြင်းအစီရင်ခံစာအား  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မတ်လအတွင်းမိတ်ဆက်တင်ပြပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင်  အကြမ်းဖက်စစ်အာဏာရှင်မှ ကိုလိုနီခေတ်ကာလ ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဖိနှိပ်ချုပ်ချယ်သည့်  ဥပဒေများကို ဆက်လက်ကျင့်သုံးခြင်း၊ ထပ်မံပြင်ဆင်ခြင်းနှင့် ဥပဒေအသစ်များရေးဆွဲ အတည်ပြုခြင်းတို့ကို ပြုလုပ်ကာ ၎င်းဥပဒေများကို လက်နက်သဖွယ်အသုံးချ၍  မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို စနစ်တကျ စဉ်ဆက်မပြတ် ကျူးလွန်နေသည့် အခြေအနေကို ရေးသားတင်ပြထားပါတယ်။


စစ်အာဏာရှင်တွေက မတရားတဲ့ဥပဒေတွေ၊ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေကို အသုံးချပြီး သူတို့ကို ပြည်သူလူထု မတော်လှန်ရဲအောင် အကြောက်တရားဝန်းကျင်ကို ဖန်တီးဖို့လုပ်ဆောင် နေကြ တယ်။တော်လှန်သူတွေကို နှိပ်စက်ညှဉ်းပမ်းဖို့ အသုံးချနေကြတယ်။ ဒါမျိုး မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းမှာထပ်မဖြစ်အောင်ကြိုးစားကြရပါမယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေး ယန္တရားတွေကို ဖေါ်ဆောင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအုပ်စုများ အနေနဲ့လည်း တည်ဆဲဥပဒေများ၊ ဥပဒေစိုးမိုးရေးဆောင်ရွက်နေသောအေဂျင်စီများ၊ အကျဉ်းထောင် များနဲ့ စစ်ကြောရေးစခန်းများကို အသုံးပြုပြီး ပြည်သူများကို ဖိနှိပ်မှာမဟုတ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ပါတယ်။လို့ ကိုဘိုကြည် - တွဲဘက်အတွင်းရေးမှူး (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း)ကပြောပါတယ်။


တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် စစ်အာဏာရှင်ကို ခုခံတွန်းလှန် နေသော တော်လှန်ရေး အဖွဲ့အစည်း အားလုံးအနေဖြင့် မိမိတို့ထိန်းချုပ်ထားသည့်နယ်မြေများတွင် လက်ရှိ အသုံးပြုနေသော ဥပဒေမူဘောင်များကို ပြန်လည်သုံးသပ်ရာတွင် ဤအစီရင်ခံစာသည် တစုံတရာ အထောက်အကူပြုမည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် မျှော်လင့်ထားတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းတီးတဲ့ဂစ်တာကို ဒေါ်လာ ၈၈၈၈နဲ့ ဝယ်ယူသွားခဲ့


မတ်လ ၂၄ရက်


အမေရိကန်ပြည်ထောင်စုမှာ မြန်မာအင်အားစုများနဲ့တွေ့ဆုံပွဲခရီးစဥ်တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းတီးတဲ့ဂစ်တာကို ဒေါ်လာ ၈၈၈၈နဲ့ ဝယ်ယူသွားခဲ့တယ်လို့ ကိုထိန်လင်းကအသိပေးဆိုထားပါတယ်။"ဂီတဟာ ကျွန်တော့်ကို အမြဲစိတ်ပျော်ရွှင်စေပြီး နွေးထွေးစေတယ်။နွေးထွေးကူညီတဲ့ မေရီလန်းက မြန်မာမိသားစုတွေရယ် ဂီတရယ်က ကျွန်တော်ရဲ့ဝါရှင်တန်ဒီစီခရီးစဉ်ကို အဓိပ္ပာယ်ပိုပြီးပြည့်စုံစေပြီး အားဖြစ်စေခဲ့တယ်။ ပိုပြီးဝမ်းသာပျော်ရွှင်ရတာက ကျွန်တော်တီးတဲ့ ဂစ်တာကို ဒေါ်လာ ၈၈၈၈ဒေါ်လာ၊မေမေနဲ့ ကျွန်တော်ရဲ့ပုံတူပန်းချီကားကို ဒေါ်လာ ၇၀၀၀၊မေမေ့ရဲ့ မွေးနေ့ ပြက္ခဒိန်ကို ဒေါ်လာ ၁၇၀၀နဲ့ အသီးသီး လေလံ အောင်မြင်ခဲ့ပါတယ်။ ဒီမေရီလန်းပွဲကနေ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၄,၀၀၀ ဝန်းကျင်ခန့် ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။

အဆိုပါပါဝင်မှုတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပရောဂျက်တွေအတွက် ရက်ရောတဲ့ လှူဒါန်းမှုတွေဖြစ်ပြီး လိုအပ်နေတဲ့ဒေသတွေက မြန်မာပြည်သူတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ တီဘီရောဂါသည်တွေအတွက် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးအပ်နေတဲ့ အစိုးရမဟုတ်သောမိတ်ဖက်များကို Access to Health Fund မှတစ်ဆင့် ကူညီပံ့ပိုးပေးလျက်ရှိ


မတ်လ၂၄ရက်


သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ တီဘီရောဂါသည်တွေအတွက် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးအပ်နေတဲ့ အစိုးရမဟုတ်သောမိတ်ဖက်များကို Access to Health Fund မှတစ်ဆင့် ကူညီပံ့ပိုးပေးလျက်ရှိတယ်လို့ မတ်လ၂၄ရက်မှာ သြစတြေးလျသံရုံးရန်ကုန်က ထုတ်ပြန်ပါတယ်။

"နှစ်စဥ် မတ်လ ၂၄ ရက်မှာကျရောက်တဲ့ ကမ္ဘာ့တီဘီရောဂါနေ့ဟာ လူအသေဆုံးနိုင်ဆုံးကူးစက်ရောဂါဖြစ်တဲ့တီဘီရောဂါကိုအဆုံးသတ်ဖို့ရာ ဘယ်လောက်အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။ တီဘီရောဂါက ကမ္ဘာတစ်လွှားမှာ လူသန်းပေါင်းများစွာအတွက် ဆိုးဝါးလှတဲ့ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာအကျိုးဆက်တွေကို ဖြစ်ပေါ်စေလျက်ရှိပါတယ်။တစ်နေ့လျှင် လူပေါင်း ၃၄၀၀ ကျော်ဟာ တီဘီရောဂါကြောင့်သေဆုံးလျက်ရှိပြီး လူ ၃၀၀၀၀ နီးပါး ဒီကာကွယ်ကုသလို့ရတဲ့ရောဂါကြောင့် ဖျားနာနေကြတာပါ။ တီဘီရောဂါက အိတ်ချ်အိုင်ဗီပိုးရှိသူတွေကိုသေဆုံးစေတဲ့အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးကဦးဆောင်လျက်ရှိပြီး ပဋိဇီဝဆေးယဥ်ပါးမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။

သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ တီဘီရောဂါသည်တွေအတွက် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးအပ်နေတဲ့ အစိုးရမဟုတ်သောမိတ်ဖက်များကို Access to Health Fund မှတစ်ဆင့် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ စစ်ကောင်စီကတော်လှန်ရေးအင်အားစုများကိုသွေးခွဲဖို့  အသည်းအသန်ကြိုးစားနေတာကို သိထားဖို့လိုအပ်တယ်လို့ဆို


မတ်လ၂၄ရက်


စစ်ကောင်စီကတော်လှန်ရေးအင်အားစုများကိုသွေးခွဲဖို့  အသည်းအသန်ကြိုးစားနေတာကို သိထားဖို့လိုအပ်တယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။

"အခုဆိုရင် တော်လှန်ရေးအင်အားစုတွေက နိုင်ငံရဲနယ်မြေ ၆၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားပြီး၊ ဘယ်သူက အုပ်ချုပ်တယ်လို့အပြတ်ပြောလို့မရတဲ့ အုပ်ချုပ်မှုနယ်မြေက ၂၀ ရာခိုင်နှုန်းကျော်နဲ့  အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်နေသေးတယ်လို့ ပြောလို့ရတဲ့ မြို့ပြနယ်မြေက ၂၀ ရာခိုင်နှုန်းကျော် ပဲရှိတယ်ဆိုတာကို နိုင်ငံတကာ လေ့လာမှုတွေက တင်ပြကြတာကို တွေ့ရပါတယ်။ ဘာမှမရှိတဲ့ အနေအထားကနေ အခုအခြေအနေအထိရောက်လာပြီဆိုတော့ အောင်မြင်မှုအများကြီးရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါဟာ တော်လှန်ရေးအင်အားစုတွေရဲ့  စုပေါင်းညီညာတဲ့အင်အားကြောင့်လည်း ဖြစ်ပါတယ်။ ဒီလိုညီညာနေတာကို သွေးခွဲဖို့လည်း စစ်ကောင်စီက အသည်းအသန်ကြိုးစားနေတာကိုလည်း သိထားဖို့လိုပါတယ်"လို့ဆိုပါတယ်။


စစ်အာဏာရှင်တွေဟာ တိုင်းရင်းသားအချင်းချင်းအကြားသွေးကွဲအောင်၊ ပြည်သူအချင်ချင်းအကြား မညီညွတ်အောင် သွေးကွဲ အောင် နည်းမျိုးစုံ နဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၈။ ကမ္ဘာ့ပဋိပက္ခများနှင့် စစ်ပွဲများအကြောင်း ဆွေးနွေးပွဲတွင် မြန်မာစစ်အာဏာရှင်များမှ ကြမ်းကြုတ်ရက်စက်မှုများကိုပါထည့်သွင်းဆွေးနွေး


မတ်လ၂၄


အီတလီနိုင်ငံမီလန်မြို့မှာ ကမ္ဘာ့ပဋိပက္ခများနှင့် စစ်ပွဲများအကြောင်း ဆွေးနွေးပွဲတွင် မြန်မာစစ်အာဏာရှင်များမှ ကြမ်းကြုတ်ရက်စက်မှုများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် အကြပ်အတည်းများနှင့်စစ်ပွဲများကို လျှစ်လျူရှူမထားနိုင်သည့်အတွက် မတ်လ ၂၂ ရက်၊ စနေနေ့တွင် အီတလီနိုင်ငံ မီလန်မြို့ Teatro S. Lorenzo alle Colonneမှာ Societ Libera အဖွဲ့၏ဦးဆောင်မှုဖြင့် ဒါရိုက်တာ Vincenzo Olitaက အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

ဤအခမ်းအနားတွင် ဗိုလ်ချုပ် Marco Bertolini နှင့် စစ်ရေးသတင်းထောက် Fausto Biloslavo တို့ပါဝင်ခဲ့ကြပြီး ကမ္ဘာ့ပဋိပက္ခများနှင့် စစ်ပွဲများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

 ပါဝင်သူ ၂၀၀ ခန့်ရှိပြီး တက်ကြွလှုပ်ရှားသူများ၊ သုတေသနပညာရှင်များနှင့် သတင်းထောက်များက လက်ရှိကမ္ဘာ့အနေအထားနှင့် ပတ်သက်သော အမြင်များဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်လည်း စစ်အာဏာရှင်များမှ အပြစ်မဲ့ပြည်သူများကို ရက်စက်သောတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်အထိ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ,၁၉၀ ကြိမ်ကျော်ကြောင့် သက်ကြီး ရွယ်အို လူကြီး လူငယ်မြောက်များစွာအပြင် လူမမယ်ကလေးငယ် ၃၇၂ ယောက်ပါ အသက်ဆုံးရှုံးခဲ့ကြောင်း ပါဝင်တင်ပြဆွေးနွေးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကို မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို NUGကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာရှုတ်ချ


မတ်လ၂၄ရက်


အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို NUGကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

မတ်လ၂၂ ရက်နေ့၊ နံနက်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်း၌ ဒေါက်တာမြစိုးအောင်သည် ဆေးခန်းလာ လူနာများအား ဆေးကုသမှုဆောင်ရွက်နေစဉ် အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆေးခန်းအား လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

 ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါက်တာမြစိုးအောင် (အသက် ၄၀ နှစ်) လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားသည့် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ (အသက် ၃၉ နှစ်) သားဖြစ်သူ (အသက် နှစ်) အပါအဝင် လူနာ၊ လူနာစောင့်နှင့် ပြည်သူ () ဦး၊ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူများတွင် ကလေးငယ် () ဦး ပါဝင်ခဲ့ကာ ဆေးခန်းလည်း မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားရှိ နေအိမ်များလည်း ပြိုကျပျက်စီးခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ပြီး သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ဘဖော်ပြပါတယ်။

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။


========================


🚩🚩၂။ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) မှ အရာရှိသင်တန်း အပတ်စဥ် ()နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


မတ်လ၂၄ရက်


အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) မှ အရာရှိသင်တန်း အပတ်စဥ် ()နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားအား မတ်လ၂၃ရက်နေ့ မွန်းလွှဲ :၃၀ နာရီတွင် ကျင်းပခဲ့ပါတယ်။၎င်းသင်တန်းသို့ အရာရှိနှင့်တပ်သား (၂၆၀) ကျော်တက်ရောက်ပြီး သင်တန်းအား တလကျော် (၄၅) ရက်ခန့်ကျင်းပခဲ့ပါတယ်။

 သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒေသခံလူကြီးမင်းများ၊ CDM ဆရာဝန်/ များ၊ အလှူရှင်များ၊ တော်လှန်ရေးမှတပ်ဖွဲ့အသီးသီးနှင့်အလယ်ပိုင်းတိုင်းစစ်ဒေသမှ စစ်ဖက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှတက်ရောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


========================


🚩🚩၃။⁨⁨ စလင်းမြို့နယ်မှာ အရပ်သား ()ဦးကို စစ်တပ်မှ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့


မတ်လ၂၄ရက်


စလင်းမြို့နယ်မှာ အရပ်သား ()ဦးကို စစ်တပ်မှ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ မတ်လ၂၄ရက်မှာ စလင်းပအဖက ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်အတွင်း မတ်လ၇ရက်မှ ၁၆ရက်နေ့အထိ ဆင်ဖြူကျွန်းတညောင်လမ်းပိုင်း စစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ်အတွင်း ကျပင်းကျေးရွာအုပ်စု ကျပင်းမြောက်ရွာမှ အရပ်သား ()ဦးကို စစ်တပ်မှ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။

အဆိုပါရုပ်အလောက်းများကို မတ်လ၂၂ရက်နေ့တွင်တွေ့ရှိပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်ခံရ


မတ်လ၂၄ရက်


မတ်လ ၂၃ ရက် နာရီ ၄၃ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ဖြင့် တိုက်ခိုက်ခဲ့ရာ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF) Yan Gyi Aung (ဘုတလင်) Shadow (မုံရွာ) Democratic Rangers အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ  စစ်ရှုံးကောင်စီ၏ လက်ရုံးတပ်ဖွဲ့များကိုစစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့်စစ်ဌာနချုပ်ဖြစ်ပြီး ၎င်းဒေသများရှိပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များ၊ စက်တပ်လေထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။

BWM နှင့် မဟာမိတ်အဖွဲ့များက အညာဒေသ နွေဦးတော်လှန်ရေးအင်အားစုများ၏ အဓိကရန်သူဌာနချုပ်ဖြစ်သော နမခကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩၅။ မကွေးတိုင်းရှိ မြိုင်မြို့နယ်နဲ့ မြို့နယ်များကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်


 မတ်လ ၂၄ရက်


မကွေးတိုင်းရှိ မြိုင်မြို့နယ်နဲ့ မြို့နယ်များကိုအကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လျက်ရှိပါတယ်။

မတ်လ၂၃ရက် မနက်အစောပိုင်းတွင် မြိုင်မြို့နယ်အရှေ့မြောက်ပိုင်း ဥယျာဉ်ရွာဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်ကောင်စီတပ် မုံရွာနမခမှ တက်လာတဲ့ စက်တပ်လေထီးတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဥယျာဉ်ရွာဘုန်းကြီးကျောင်းအတွင်းမှာရှိတဲ့ သိမ်ကျောင်းပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး သိမ်ကျောင်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အလားတူ ထိုနေ့မွန်းလွဲပိုင်း၌ ပခုက္ကူမြို့နယ် ကမ္မမြို့နဲ့ ညောင်ဂျစ်ပင်ရွာပျူစခန်းအနီးက ဂေါတမဘုရားအနီးပတ်ဝန်းကျင်အား ဆိပ်ဖြူကပစ ၂၂ မှ စက်တပ်လေထီးနှစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ညပိုင်းတွင် မူမြိုင်မြို့နယ် ဆားလင်းကြီးမြို့နယ်နှင့် ရေစကြိုမြို့နယ် သုံးမြို့နယ်အစပ် ရေစကြိုမြို့နယ် ဂွေးဂုဏ်ရွာအရှေ့မြောက်ဘက် ရွှေဘုံတိုင်ဘုရားအနီးဝန်းကျင်အား မုံရွာနမခမှ စက်တပ်လေထီးတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ We Love Myaingကအတည်ပြုထားပါတယ်။


========================


🚩🚩၆။ PSLF/TNLA အုပ်ချုပ်ရေးဌာနမှ မိုးကုတ်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်လာစေရန်အတွက်ပြည်သူလူထုများနှင့် တွေ့ဆုံ


 မတ်လ ၂၄ရက်


တအာင်းပြည်၊ တပ်မဟာ()နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။ထိုတွေ့ဆုံပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅)ရက်မှ မတ်လ(၁၂)ရက်ထိ ကျင်းပခဲ့ပြီး PSLF/TNLAတွဲဖက်အထွေထွေအတွင်းရေးမှူး ()ဗိုလ်မှုကြီး တားပါင်လ၊ မိုးကုတ်ခရိုင် အတွင်းရေးမှုး ဗိုလ်ကြီးလိုမ်ထွန်း၊ တအာင်းပြည်ရဲတပ်ဖွဲ့မှ မိုးကုတ်ခရိုင်မှူး တားတိုင်ငမ်၊ တရားစီရင်ရေးဌာနမှ တာဝန်ရှိသူများ၊ ကျောက်မြတ်ကော်မတီတို့မှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

၎င်းပွဲကျင်းပရသည့် ရည်ရွယ်ချက်သည် မိဘပြည်သူလူထုများမှ တအာင်းပြည်၏ လက်ရှိအုပ်ချုပ်စုဖွဲ့မှု ယန္တရားများကို သိရှိစေရန်၊ မိုးကုတ်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်လာစေရန်အတွက် တအာင်းပြည် ရဲတပ်ဖွဲ့နှင့် မိဘပြည်သူလူထုများ ချိတ်ဆက်ကာ ပိုမိုလုပ်ဆောင်နိုင်ရန်တို့ဖြစ်တယ်လို့သိရပါတယ်။

ကျေးရွာပေါင်း (၁၅)ရွာကို ရက်ပေါင်း (၂၅)ရက်ကြာ မိုးကုတ်ခရိုင် ဌာနဆိုင်ရာအသီးသီးနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ တာဝန်ရှိသူများမှ ပြည်သူလူထုများကို သွားရောက်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။ထိုတွေ့ဆုံပွဲကို မိုးကုတ်ခရိုင် ဌာနဆိုင်ရာအသီးသီးရှိ ခေါင်းဆောင်များ (၁၆)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အုပ်စုအုပ်ချုပ်ရေးမှုးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ

စုစုပေါင်းလူဦးရေ (၁၉၂၅)ဦး တက်ရောက်ခဲ့ပါတယ်။


========================


🚩🚩၇။ ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း မှကြက်ဝိုင်းအားဖမ်းဆီးရာ ဆိုင်ကယ် အစီးနှစ်ဆယ်ကျော်နဲ့ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ


မတ်လ(၂၄)ရက်


မတ်လ၁၅ ရက်နေ့ နေ့လည် (3:20 PM) အချိန့်ခန်က ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း မှ နယ်မြေဆင်း၍ လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန်သွားရောက်စဉ် အမည်မဖော်လိုသော ပြည်သူများ၏ သတင်းပေးပို့ချက်အရ ကြက်ဝိုင်းအားဝင်ရောက်ဖမ်းဆီး ခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခဲ့စဉ် လောင်းကစား ပြုလုပ်နေသူများမှာ ထွက်ပြေးသွားကြပြီး သက်သေခံအဖြစ် ဆိုင်ကယ် (၃၂) စီး၊ ကြက်()ကောင် (ခွပ်လျှက်) ဖုန်းတစ်လုံး တို့အား သိမ်းဆည်းရမိခဲ့ကာ ဖုန်းတစ်လုံးအား ပိုင်ရှင်ထံပြန်ပေးခဲ့ပြီး သိမ်းဆည်းရမိခဲ့သော ဆိုင်ကယ်များကို မြို့နယ်ပြည်သူ့လုံခြုံရေးရုံးသို့ ပို့ဆောင်ခဲ့ပါတယ်။

မူလ ဖမ်းဆီးရမိသော ဆိုင်ကယ်အရေအတွက်မှာ (၃၂)စီးဖြစ်ပြီး ဆိုင်ကယ်များကားပေါ်တင်နေသည့်အချိန်တွင် စီးမှာ ကူတွန်းသလိုလိုဖြင့် ပြန်လည်ယူဆောင်ခြင်းခံခဲ့ရသောကြောင့် (၂၄) စီးသာ .. ရုံးသို့ အပ်နှံနိုင်ခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment