4th Mar 2025 - Evening Daily News by Radio NUG

 

၂၀၂၅ မတ်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨၁။ အကြမ်းဖက်စစ်အုပ်စုပျက်သုဥ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်မယ့်ခရီးလမ်းတလျှောက်အောင်လံလွှင့်ချီနွေဦးထီကဲ့သို့ဆက်လက်ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ⁨⁨⁨⁨⁨၂။ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်စစ်အုပ်စုလက်ထဲကိုပြန်လည်အပ်နှံခြင်းမျိုးမပြုလုပ်ဖို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူတိုက်တွန်း

📌 ⁨⁨⁨⁨⁨၃။ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမည်

📌 ⁨⁨⁨⁨⁨၄။ စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရပ်သားသေဆုံးသူ (၂၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ () ဦးရှိခဲ့


========================


၂၀၂၅ ခုနှစ် မတ်လ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။တလအတွင်းအရာရှိအဆင့် ဗိုလ်မှူး () ဦးအပါအဝင် တပ်သားနှင့်ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်

🚩 ⁨၂။ မိုးဗြဲမြို့တွင် စစ်ကောင်စီမှ အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ဖေဖော်ဝါရီ တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့

🚩၃။ ပြည်သူလူထုထံမှ အခွန်ကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ၊ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများထံမှ ငွေကြေးကောက်ခံခြင်းများ လုံးဝမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပဲခူးခရိုင်၊ ပဲခူးတိုင်းအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨၁။ အကြမ်းဖက်စစ်အုပ်စုပျက်သုဥ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်မယ့်ခရီးလမ်းတလျှောက်အောင်လံလွှင့်ချီနွေဦးထီကဲ့သို့ဆက်လက်ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


အကြမ်းဖက်စစ်အုပ်စုပျက်သုဥ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်မယ့်ခရီးလမ်းတလျှောက်အောင်လံလွှင့်ချီနွေဦးထီကဲ့သို့ဆက်လက်ပါဝင်ပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတိုက်တွန်းပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ နွေဦးထီ  ဖွင့်ပွဲအမှတ်တရ စကားပြောကြားခြင်းကိုမတ်လ၄ရက်နွေဦးထီမိသားစုကဖော်ပြထားပါတယ်။

"မကြာမီကာလများမှာအကြမ်းဖက်စစ်အုပ်စုပျက်သုဥ်းရေး၊တိုင်းရင်းသားညီအကိုမောင်နှမအားလုံး လိုလားတောင့်တလျက်ရှိကြတဲ့ လွတ်လပ်ခြင်း၊တရားမျှတခြင်း၊တန်းတူညီမျှရေးနဲ့ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိခြင်းဟူသောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုဆက်လက်ထူထောင်ရမယ့်ခရီးလမ်းတလျှောက်မှာ ယခုအောင်လံလွှင့်ချီနွေဦးထီကဲ့သို့ဆက်လက်ပါဝင်ပေးကြဖို့ အလေးအနက်တောင်းဆိုလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


နွေဦးထီကဏ္ဍအနေနဲ့စတင်ချိန်မှ၂၀၂၄ ခုနှစ် နှစ်ကုန်ချိန်အထိ ထောက်ပံ့ငွေစုစုပေါင်းကျပ်သန်းပေါင်း ၁၅၄၈.၂၈၄ကိုလည်း အောင်မြင်စွာထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်စစ်အုပ်စုလက်ထဲကိုပြန်လည်အပ်နှံခြင်းမျိုးမပြုလုပ်ဖို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူတိုက်တွန်း


မတ်လ၄ရက်


အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်စစ်အုပ်စုလက်ထဲကို ပြန်လည်အပ်နှံခြင်းမျိုးမပြုလုပ်ဖို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။

"အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်စစ်အုပ်စုလက်ထဲကိုပြန်လည်အပ်နှံခြင်းဟာ သေတွင်းထဲကိုပြန်ပို့တာနဲ့အတူတူပဲ ဖြစ်တာကြောင့် မိမိတို့နိုင်ငံအလိုက် ထုတ်ပြန်ထားကြတဲ့ မိမိတို့နိုင်ငံပြန်ပို့ခံရချိန်မှာ အသက်အန္တရာယ်ကျရောက်နိုင်တဲ့ပြန်ပို့ခြင်းကို တားမြစ်သည့်ဥပဒေညွှန်ကြားချက်တွေနဲ့ လူသားချင်းစာနာထောက်ထားသောအားဖြင့် ကူညီစောင့်ရှောက်ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်"လို့ ဆိုပါတယ်။

လက်ရှိမှာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့က တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများကိုနေ့စဥ်ဖမ်းဆီးလျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၃။ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမည်


မတ်လ၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမယ်လို့ သတင်းရရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ရင်းနှီးစွာပွင့်လင်းစွာတွေ့ဆုံပွဲကို မတ်လ(၂၃)ရက်ကျင်းမယ်လို့ဆိုပါတယ်။

လူထုတွေ့ဆုံပွဲ သို့တက်ရောက်ဆွေးနွေးအကြံပြုပေးကြရန်အမျိုးသား ညီညွတ်ရေး အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရပ်သားသေဆုံးသူ (၂၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ () ဦးရှိခဲ့


မတ်လ၄ရက်


စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရပ်သားသေဆုံးသူ (၂၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ () ဦးရှိခဲ့ပါတယ်။

စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကာ အေအေပီပီ၏ အချက်အလက်များအရ ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း အမည်နှင့်တကွ အတည်ပြုနိုင်သည့် အရပ်သားသေဆုံးသူ (၂၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ () ဦးရှိခဲ့တယ်လို့ဖော်ပြပါတယ်။

လက်ရှိမှာ ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မတ်လ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၆၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။တလအတွင်းအရာရှိအဆင့် ဗိုလ်မှူး () ဦးအပါအဝင် တပ်သားနှင့်ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်

=============

မတ်လ၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို  ဆက်သွယ်ကာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တပ်သားနှင့်ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

အရာရှိအဆင့် ဗိုလ်မှူး() ဦးအပါအဝင် တပ်သားနှင့်ရဲ (၆၄) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်ပြီးတော့အဆိုပါ (၆၄) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူ (၄၅) ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလအတွင်း လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၄၄)လက်နှင့် ခဲယမ်းမီးကျောက်များ ရရှိခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨၂။ မိုးဗြဲမြို့တွင် စစ်ကောင်စီမှ အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ဖေဖော်ဝါရီ တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့


မတ်လ၄ရက်


၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်၊ ဖားဆောင်း၊ ဘောလခဲနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ပြီးမိုးဗြဲမြို့တွင် စစ်ကောင်စီမှ မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်သဖြင့် တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့KNDFဗဟိုကအတည်ပြုပါတယ်။

ဖေဖော်ဝါရီလ () ရက်နေ့တွင် မိုးဗြဲမြို့ ကက်သလစ် စေတမန်ကျောင်းတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သား ()ဦး ကျဆုံးကာ ဒဏ်ရာ အများအပြား ရရှိခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီးငယ် ()လက် သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် () ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး  ထောက်ပို့လေယာဥ်ဖြင့် ဗုံးသီးကြဲချခြင်း၊ ဒရုန်းများဖြင့် ဒရော့ဗုံးချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည်တို့ကို တစ်နေကုန်နီးပါး လုပ်ဆောင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ()လတာ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များအား ရဲရင့်စွာတိုက်ခိုက်ရင်း၊ တပ်ဖွဲ့တာဝန်များထမ်းဆောင်ရင်း KNDF မှ ရဲဘော်()ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီးစစ်ကောင်စီတပ်သည် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ တို့တွင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိပါတယ်။

ထိုပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အသက် (၁၀)နှစ်အရွယ် အမျိုးသမီး ()ဦး၊ (၁၀) နှစ်အရွယ် ကလေးသူငယ် () ဦး၊ (၁၇)နှစ်အရွယ် လူငယ် ()ဦးနှင့် အရပ်သားပြည်သူ ()ဦး စုစုပေါင်း ပြည်သူ () ဦး သေဆုံးခဲ့ရပြီး  (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာစစ်ကောင်စီတပ်၏ ဒရုန်း၊ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့်  မိုးဗြဲမြို့တွင် ထိခိုက်မှု များခဲ့ပြီး ပြည်သူနေအိမ် (၅၀)လုံးထက်မနည်း၊ စာသင်ကျောင်း ()ကျောင်း နှင့် ဘာသာရေးအဆောက်အဦ()ခု တို့မီးလောင်ပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ⁨၃။ ပြည်သူလူထုထံမှ အခွန်ကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ၊ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများထံမှ ငွေကြေးကောက်ခံခြင်းများ လုံးဝမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပဲခူးခရိုင်၊ ပဲခူးတိုင်းအသိပေး


မတ်လ()ရက်


ပြည်သူလူထုထံမှ အခွန်ကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ၊ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများထံမှ ငွေကြေးကောက်ခံခြင်းများ လုံးဝမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပဲခူးခရိုင်၊ ပဲခူးတိုင်းအသိပေးကြေညာပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း၊ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ကျောက်တံခါး၊ ရွှေကျင်၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ဝေါ၊ ကဝ၊ သနပ္ပင်နှင့် ပဲခူး ()မြို့နယ်တို့တွင်  ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များသည် ပြည်သူလူထုထံမှ အခွန်ကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ၊ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူများထံမှ ငွေကြေးကောက်ခံခြင်းများ လုံးဝ(လုံးဝ) မရှိကြောင်းကြေညာပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက်  မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment