11th Apr 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်သို့ ပေးမည်မဟုတ်ဟု လွှတ်တော်အမတ်များက မြန်မာ့အရေး ကြားနာပွဲတွင် ပြောဆို

📌 ၂။ မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ NUGက ပေးအပ်ခဲ့

📌 ၃။ သေနတ်ကိုင်ထားပြီး ကြက်ဦးနှောက်လောက်ပဲ ရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သဘာဝဘေးဒဏ်အတွက် သုံးစွဲဖို့ အရံစုဆောင်းထားရှိတဲ့ ရံပုံငွေတွေကို နီးစပ်ရာ လုပ်ငန်းရှင်တွေကို ထုတ်ချေးပစ်ခဲ့

📌 ၄။ ကရင်နီပြည် ကျောင်းသားသမဂ္ဂများမှ ငလျင်ဘေးသင့်ပြည်သူများအတွက် ၄ရက်တာ အလှူခံရာ ၅၈သိန်းကျော် ရရှိ

📌 ၅။ ဆင်မကြီး တင်တင်လှ မိုင်းထိ၍ ဆေးဝါးနှင့် ဆေးကုသမှုများ ထိရောက်စွာ ရရှိနိုင်ရန် ကူညီထောက်ပံ့မှုများ ဖိတ်ခေါ်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လက်ပံရွာနဲ့ ခမရ ၅၉၈ တို့က စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့

🚩၂။ မြိုင်မြို့နယ် စက်မှု မှ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်စိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၁ဦး‌ သေဆုံး

🚩၃။ ကော့သောင်းမှာ ရဲကားတစီးကို .က. အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ဦး သေဆုံး

🚩၄။ စလင်းမှာ စစ်ကောင်စီ စစ်ကြောင်းက အရပ်သား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး PDF ဘောင်းဘီ ဝတ်ပေးကာ သတ်ဖြတ်ခဲ့

🚩၅။ လူသောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် () လုံး ထိခိုက်ပျက်စီးခဲ့ရ

🚩၆။ မင်းတပ်မြို့နယ် ဖွီကျေးရွာကို အကြမ်းဖက် စစ်တပ်မှ ဗုံးကြဲခဲ့တာကြောင့် ဓမ္မဆရာ၊ လသားအရွယ်ကလေးငယ်တွေ အပါအ၀င် ဦး သေဆုံးပြီး ဦးဒဏ်ရာရ

🚩၇။ တီးတိန်မြို့နယ်၊ ဆိုင်းဇံရွာကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ဦး သေဆုံး

🚩၈။ ကောလင်းမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံး 

🚩၉။ မတ္တရာ၊ ရေချောင်းဘိုရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲရာ အမျိုးသမီး ဦးသေဆုံး

🚩၁၀။ မုံရွာနဲ့ သထုံမှာ ရဲအုပ်တစ်ဦးနဲ့ စစ်ကောင်စီတပ်သား ဦး လက်နက်နဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်သို့ ပေးမည်မဟုတ်ဟု လွှတ်တော်အမတ်များက မြန်မာ့အရေး ကြားနာပွဲတွင် ပြောဆို


ဧပြီ ၁၀ 

Radio NUG 


ဧပြီလ ၁၀ ရက်နေ့တွင် ကိုရီးယားလွှတ်တော်၌ ပြုလုပ်သော မြန်မာ့အရေးကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုးရီးယားနိုင်ငံ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အတူ ကိုးရီးယားလွှတ်တော်အမတ်များ၏ ဖိတ်ကြားမှုဖြင့် တက်ရောက်ခဲ့ပြီး၊ ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် အီယုန်ဆွန်း ဦးဆောင်ကာ ဒီမိုကရက်ပါတီ အမတ်များဖြစ်သည့် ဂျိုဂျောင်ရှိ၊ ဆောယောင်ဆော့ဂ်၊ ဘတ်ဟုန်းဘဲ၊ အီဂန်အီးလ်၊ ချာဂျီဟိုး နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက "စစ်တပ်ဖန်တီးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝမြေငလျင်ဒဏ်ကြားက မြန်မာနိုင်ငံ" ခေါင်းစဉ်ဖြင့် အာဏာသိမ်း နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ NUG နှင့် တိုင်းရင်းသားအင်အားစုများ၏ စိုးမိုးအုပ်ချုပ်ထားနိုင်မှု အခြေအနေများ၊ ထို့ပြင် စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် NUG ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများ၊ အကြမ်းဖက်စစ်အုပ်စု၏ ငလျင်ဖြစ်စဉ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ၊ ငလျင်အပေါ် အကြမ်းဖက်စစ်အုပ်စု တုံ့ပြန်မှုများနှင့် နိုင်ငံတကာအနေဖြင့် သတိပြုရမည့် အသုံးချနေမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ကိုရီးယားအစိုးရနှင့် လွှတ်တော်သို့ တောင်းဆိုရာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းနေသော ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်ရန်၊ စစ်လက်နက်နှင့် လေယာဉ်ဆီ အပါအဝင် နည်းပညာ ထောက်ပံ့ခြင်းများကို ပိတ်ပင်ရန်၊ အကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေးအရ မဆက်ဆံရန်၊ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ လူသားချင်းစာနာမှု အထောက်အပံ့များကို အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းခြင်း မပြုလုပ်ဘဲ NUG နှင့် ဒေသခံများမှတဆင့် ပေးအပ်ရန်၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန်နှင့် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများအား နိုင်ငံတကာ၌ တရားစွဲဆိုရာတွင် ပါဝင်လုပ်ဆောင်ပေးရန်တို့ကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။


ထို့နောက် လွှတ်တော်အမတ် အီယုန်ဆွန်းက ကိုရီးယားနိုင်ငံအနေနှင့် လူသားချင်းစာနာသော အထောက်အပံ့များကို အကြမ်းဖက်စစ်အုပ်စု လက်သို့ တိုက်ရိုက်ပေးအပ်မည် မဟုတ်ဘဲ မြန်မာပြည်သူများလက်သို့ ရောက်ရှိအောင် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ ပေးအပ်မည်ဖြစ်ကြောင်း၊ ကိုရီးယားအစိုးရသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်စဉ်ကတည်းက ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက် ရပ်တည်နေကြောင်း ပြောကြားပါတယ်။


မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တော်လှန်ရေးကြောင့် ပင်ပန်းနေရသည့်အချိန်တွင် သဘာဝဘေးဒဏ် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသည်ကို များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ စာနာပါကြောင်း၊ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားများနှင့်အတူ ရှိနေမည် ဖြစ်ကြောင်း၊ ထို့ပြင် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်မှု ပေးရန်အတွက်လည်း တက်ကြွစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကတိပြု ထပ်လောင်းပြောကြားပါတယ်။


အဆိုပါ မြန်မာ့အရေးကြားနာပွဲသို့ ဆိုးလ်မြို့ -၁၈ ဖောင်ဒေးရှင်း အပါအဝင် ကိုရီးယားရှိ ဒီမိုကရေစီရေး အဓိကလုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများ၊ သတင်းဌာနများ တက်ရောက်၍ သိလိုသည်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ NUGက ပေးအပ်ခဲ့


ဧပြီလ ၁၀ရက်

Radio NUG

မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ CDM အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ခွဲစိတ်ကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။


အင်အား၇.၇အဆင့်ရှိ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရဟာ အစောတလျင် ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၃။ သေနတ်ကိုင်ထားပြီး ကြက်ဦးနှောက်လောက်ပဲ ရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သဘာဝဘေးဒဏ်အတွက် သုံးစွဲဖို့ အရံစုဆောင်းထားရှိတဲ့ ရံပုံငွေတွေကို နီးစပ်ရာ လုပ်ငန်းရှင်တွေကို ထုတ်ချေးပစ်ခဲ့


ဧပြီ ၁၀ရက်

Radio NUG

သေနတ်ကိုင်ထားပြီး  ကြက်ဦးနှောက်လောက်ပဲရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သဘာဝဘေးဒဏ်အတွက် သုံးစွဲဖို့ အရံစုဆောင်းထားရှိတဲ့ ရံပုံငွေတွေကို နီးစပ်ရာ လုပ်ငန်းရှင်တွေကို ထုတ်ချေးပစ်ခဲ့တယ်လို့ စစ်ရေးသတင်းတွေကို သုံးသပ်တင်ပြနေတဲ့ PDF Insightက ဖော်ပြပါတယ်။


"သေနတ်ကိုင်ထားပြီး  ကြက်ဦးနှောက်လောက်ပဲရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သဘာဝဘေးဒဏ်အတွက် သုံးစွဲဖို့အရံ စုဆောင်းထားရှိတဲ့ ရံပုံငွေတွေကို နီးစပ်ရာလုပ်ငန်းရှင်တွေကို ထုတ်ချေးပစ်ခဲ့တယ်၊ မမှန်မကန် သုံးစွဲပစ်ခဲ့ကြတာ ဖြစ်တယ်၊ တကယ်ဖြစ်လာတော့ ဘာပြင်ဆင်မှုမှ ရှိမထားသလို ဘာရံပုံငွေမှ သုံးစရာမရှိတော့ပါဘူး။ ငလျင်ဟာ မန္တလေး စစ်ကိုင်းနားတဝိုက်မှာပဲ ထိခိုက်ခဲ့မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ဒီလောက်ဂရုစိုက်နေမှာ မဟုတ်ပါဘူး၊ အခုတော့ သူတို့ ရာသက်ပန် မင်းလုပ်ဖို့ကြံစည်ထားတဲ့ နေပြည်တော်နဲ့ စစ်ရုံးချုပ်မှာပါ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့လို့ မျက်ကလဲဆန်ပြာဖြစ်ပြီး နိုင်ငံတကာ အကူအညီတွေ မရှက်မကြောက် တောင်းလာရတာပါပဲ" လို့ဖော်ပြပါတယ်။


ပြည်သူ့အစိုးရလက်ထက် အရေးပေါ်ကယ်ဆယ်ရေးဖွဲ့ပြီး လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကာ သဘာဝဘေးရန်တွေအတွက် ရံပုံငွေ( ကျပ်ဘီလျံ ၅၀၀ လောက်) သီးသန့်ဖယ်ထားခြင်းနဲ့အရေးပေါ် အသုံးပြုနိုင်ဖို့ ရဟတ်ယဥ်တစင်းပါ အသင့်ဝယ်ထားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ ကရင်နီပြည် ကျောင်းသားသမဂ္ဂများမှ ငလျင်ဘေးသင့်ပြည်သူများအတွက် ၄ရက်တာ အလှူခံရာ ၅၈သိန်းကျော် ရရှိ


ဧပြီ ၁၀ 

Radio NUG 


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားရဲဘော်များ၊ ဖယ်ခုံမြို့နယ်အ‌ခြေခံပညာကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ရဲဘော်များ၊ ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ရဲ‌ဘော်များ၊ ကရင်နီပြည်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ရဲဘော်များ ပူးပေါင်း၍ ငလျင်ဘေးသင့်ခံနေရသော ပြည်သူများအတွက် ဖယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်တို့ရှိ ဈေးများနှင့် လူစည်ကားသည့် နေရာတချို့တွင် ()ရက်တာ အလှူခံခဲ့ကြောင်း သတင်းရရှိပါတယ်။


ထိုသို့ အလှူခံရာတွင်  ,၈၂၃,၀၀၀ (ငါးဆယ့်ရှစ်သိန်းနှစ်သောင်းသုံးထောင်ကျပ်)ကျပ် ရရှိခဲ့ပြီး ရရှိငွေ အားလုံးကို ငလျင်ဘေးသင့်ဒေသများရှိ တကယ်လုပ်နေသည့် မြေပြင်အဖွဲ့အစည်းများထံသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ဆင်မကြီး တင်တင်လှ မိုင်းထိ၍ ဆေးဝါးနှင့် ဆေးကုသမှုများ ထိရောက်စွာ ရရှိနိုင်ရန် ကူညီထောက်ပံ့မှုများ ဖိတ်ခေါ်


ဧပြီ၁၀ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေအတွင်းရှိ ဆင်ဝိုင်းတစ်ခုမှ အသက် ၄၃ နှစ် အရွယ် ဆင်အမည် တင်လှလှသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်သုံးလမ်း၊ မြို့ရှောင်လမ်းပေါ်ရှိ တံတားများ ပြုပြင်ရန် လိုအပ်သည့်သစ်များ သယ်ယူပို့ဆောင်ပေးနိုင်ရန် သွားရောက်ရာတွင် မြေမြှုပ် မိုင်းနင်းမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


မြေမြုပ်မိုင်းကြောင့် ဆင်၏ လက်ယာဘက် ရှေ့ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆင်ဦးစီးများမှ ဆေးကုသပေးလျက်ရှိပြီးတော့ လိုအပ်သော ဆေးဝါးနှင့် ဆေးကုသမှုများ ထိရောက်စွာ ရရှိနိုင်ရန် ကူညီထောက်ပံ့မှုများ ဖိတ်ခေါ်အပ်တယ်လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ လက်ပံရွာနဲ့ ခမရ ၅၉၈ တို့က စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့


ဧပြီလ ၁၀ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွေကျင်မြို့နယ်က ခမရ - ၅၉၈ တပ်ရင်းတို့ကို စနိုင်ဘာဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့တယ်လို့ Taung Nyo Column - P29906 က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ မနက် နာရီ ၂၅ မိနစ်မှာ လက်ပံရွာက စစ်ကောင်စီ တပ်ဖွဲ့ကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ဦး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုနေ့ည နာရီ အချိန်မှာ ရွှေကျင်မြို့အနီး ခမရ ၅၉၈ တပ်ရင်းကနေ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ဧပြီလ ရက်နေ့ နေ့လယ် ၁၁ နာရီ ခန့်မှာလည်း ခမရ ၅၉၈ တပ်ရင်းမှ ရေလာဆင်းခပ်တဲ့ စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ တစ်ဦး ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၂။ မြိုင်မြို့နယ် စက်မှု မှ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်စိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၁ဦး‌ သေဆုံး


ဧပြီ ၁၀ 

Radio NUG 


ဧပြီလ ၉ရက်နေ့ မနက် ၇နာရီ ၁၅မိနစ်အချိန်ခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်း ပုသိမ်-မုံရွာလမ်းပေါ်ရှိ အမှတ်() အကြီးစားစက်မှုလုပ်ငန်း/ စက်မှု()မှ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး MA 3 သေနတ် လက် လက်ပစ်ဗုံး ၁လုံးနှင့်  အခြားခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း မြိုင် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ဓားမင်းကြီးတပ်ဖွဲ့ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ကိုမုဆိုး ကိုစတီး ကိုကင်းတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ကော့သောင်းမှာ ရဲကားတစီးကို .က. အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ဦး သေဆုံး


ဧပြီလ ၁၀ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အေးချမ်းသာ ကျေးရွာက ပြန်လာတဲ့ ရဲကား တစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ ညနေ နာရီ ၁၈ မိနစ်ခန့်မှာ အေးချမ်းသာ ကျေးရွာက ရာဘာလုပ်ငန်း၊ လူကုန်ကူး၊ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချ သူများထံမှ လစဉ်ကြေးကောက်ပြီး ပြန်လာတဲ့ မာရန်းစခန်းက ရဲကားကို ဖော့သုတ်သင်္ချိုင်း အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စခန်းမှူး အပါအဝင် ဗိုလ်အဆင့် ဦး၊ တပ်သားတစ်ဦး သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပကဖ အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး 40mm လက်၊ 40 အသီး ၁၆ လုံး၊ AK လက်၊ ကျည်ဘောက် ခု၊ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး လုံး၊ 9mm လက်၊ 380 လက်၊ ၆လုံးပြူး လက်၊ အိုင်ဖုန်း လုံးနဲ့ အခြားဖုန်း လုံး၊ ထိုင်းဘတ်ငွေ ၂၅,၀၀၀ ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ စလင်းမှာ စစ်ကောင်စီ စစ်ကြောင်းက အရပ်သား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး PDF ဘောင်းဘီ ဝတ်ပေးကာ သတ်ဖြတ်ခဲ့


ဧပြီလ ၁၀ ရက်၊ 

Radio NUG


မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းက အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး PDF ဘောင်းဘီ ဝတ်ပေးကာ သတ်ဖြတ်ခဲ့တယ်လို့ မြို့နယ် ပအဖ အဖွဲ့ထံက သိရပါတယ်။


ဧပြီလ ရက်နေ့မှာ မြောက်ချောင်းဖြူအုပ်စု၊ တောင်ဘိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကာ အရပ်သား ပြည်သူ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။


ထို့အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 


ဧပြီလ ၁၀ ရက်နေ့ မနက် နာရီ ခန့်မှာတော့ ကျေးရွာ အရှေ့ဖျားပိုင်းက ချိုင့်တစ်ခုထဲမှာ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ အဆိုပါ အရပ်သားကို PDF ဘောင်းဘီ ဝတ်ဆင်ပေးကာ ရက်စက်စွာ သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ စစ်ကြောင်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူများရဲ့ ရွေထည်နဲ့ ငွေကြေးများကို ယူဆောင်ခဲ့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ကာ PDF ဘောင်းဘီ ဝတ်ဆင်ပေးကာ လိမ်လည်ပြီး သတင်းတင်ပြဖို့ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩၅။ လူသောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် () လုံး ထိခိုက်ပျက်စီးခဲ့ရ


ဧပြီလ ၁၀ 

Radio NUG 


မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ် ကျေးရွာနှင့် ထီးသဲကရူကျေးရွာအတွင်းသို့ ဧပြီလ ()ရက်နေ့၊ ညနေ (:၂၄) တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး () လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဘလယ်ဝေါ်ကျေးရွာမှ စောပါနာမူး (၃၉) နှစ်နှင့် စောဒေးစိတို့ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စောကာနေမူး၊ စောပါနာမူးနှင့် စောဒေါနီတို့၏ နေအိမ်  ()လုံး ထိခိုက်ပျက်စီးခဲ့ရကာ ထီးသဲကရူကျေးရွာမှ နော်ကြာဟဲနေအိမ် ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ မင်းတပ်မြို့နယ် ဖွီကျေးရွာကို အကြမ်းဖက် စစ်တပ်မှ ဗုံးကြဲခဲ့တာကြောင့် ဓမ္မဆရာ၊ လသားအရွယ်ကလေးငယ်တွေ အပါအ၀င် ဦး သေဆုံးပြီး ဦးဒဏ်ရာရ


ဧပြီလ ၁၀ 

Radio NUG 


ဧပြီလ ၉ရက်နေ့၊ နာရီဝန်းကျင်တွင် မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ် ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။


လေကြောင်း တိုက်ခိုက်မှုကြောင့် လရွယ် ကလေးငယ် ၁ဦး၊ အသက် နှစ်အရွယ် ကလေး ၁ဦး၊ အသက် ၆၈ နှစ်အရွယ် အမျိုးသား ၁ဦး၊ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် ၃၆ နှစ်အရွယ် ခရစ်ယာန် ဓမ္မဆရာ ဦးနဲ့ အသက် ၃၈ နှစ်အရွယ် မသန်စွမ်းအမျိုးသား ၁ဦးတို့ သေဆုံးခဲ့ပြီး ကလေးနှင့် သက်ကြီးပိုင်းအပါအဝင် ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


ပထမအကြိမ် ဗုံးကြဲစဉ် ၅ဦး သေဆုံးခဲ့ပြီး နေအိမ်တွေ မီးလောင်ခဲ့ကာ မီးလောင်နေတဲ့ နေအိမ်တွေ မီးငြိမ်းသတ်နေချိန် ဒုတိယအကြိမ် ဗုံးထပ်ကြဲတာကြောင့် ဓမ္မဆရာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။


ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩၇။ တီးတိန်မြို့နယ်၊ ဆိုင်းဇံရွာကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ဦး သေဆုံး


ဧပြီ ၁၀ 

Radio NUG 


ဧပြီ ရက် ၁၂ နာရီဝန်းကျင်တွင် တီးတိန်မြို့နယ် ဆိုင်းဇံ Saizang ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။


လူအိပ်ချိန်တွင် ဗုံးကြဲသွားတာဖြစ်ပြီး မိသားစုဝင်တစ်စုတည်း ဦး ပွဲချင်းပြီးသေဆုံးသွားပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်" လို့ သိရပါတယ်။


သေဆုံးသူတွေဟာ Pau Sian Kham Cing Sen Don Kham Ho Van Cing Sian Nuam Suan Deih Sian Kim Deih Piang တို့ ဖြစ်ပြီး လေကြောင်းနဲ့ ဗုံးထပ်ကြဲမှာကို စိုးရိမ်နေတဲ့ ဒေသခံတွေဟာ တောတောင်နဲ့ တောင်ယာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


========================


🚩🚩၈။ ကောလင်းမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံး 


ဧပြီလ ၁၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ နာရီ ၄၀ မိနစ်ခန့်မှာ အင်ပင်လှရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ကျောင်းဝန်းအတွင်းက စစ်ရှောင် ပြည်သူများ နေထိုင်တဲ့ နေရာမှာ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ပျောက်ဆုံးနေပြီး ဗုံးကျရောက် ပေါက်ကွဲရာ နေရာမှာ တစစီ ဖြစ်နေတဲ့ အသားစတချို့ တွေ့ရတာကြောင့် သေဆုံးသွားခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ကောလင်းမြို့ကို ၂၀၂၃၊ နိုဝင်ဘာလက တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်များကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ ကျန်ကျေးရွာများကို တော်လှန်ရေးတပ်တွေက ဆက်လက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။


========================


🚩🚩၉။ မတ္တရာ၊ ရေချောင်းဘိုရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲရာ အမျိုးသမီး ဦးသေဆုံး


ဧပြီ ၁၀ 

Radio NUG 


ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၁ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ရေချောင်းဘိုရွာအနီးကို အကြမ်းဖက်စစ်ကောင်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ စီး နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


လေကြောင်း ဗုံးကြဲမှုအတွင်း အမျိုးသမီး ဦး သေဆုံးကာ ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၁၀။ မုံရွာနဲ့ သထုံမှာ ရဲအုပ်တစ်ဦးနဲ့ စစ်ကောင်စီတပ်သား ဦး လက်နက်နဲ့ အလင်းဝင်


ဧပြီလ ၁၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် () ရဲစခန်းမှ ဒုရဲအုပ်တဦးနဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်က ခမရ - ၂၀၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ဦး အလင်းဝင်ခဲ့ ကြတယ်လို့ သိရပါတယ်။


ဧပြီလ ရက်နေ့က မုံရွာ အမှတ် () ရဲစခန်းက ဒု-ရဲအုပ် အေးသန်းထွန်း ဆိုသူဟာ မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်းထံကို ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


၎င်း ဒုရဲအုပ်ဟာ G3 (BA63) သေနတ်တလက်၊ ကျည်ဘောက် ခု၊ ကျည် ၄၉ တောင့်နဲ့ စစ်သုံးပစ္စည်း တချို့ကိုပါ တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


KNU တပ်မဟာ () နယ်မြေ၊ သထုံမြို့နယ်မှာလည်း ခမရ - ၂၀၆ တပ်ရင်းက စစ်မှုထမ်း အပတ်စဉ် သင်တန်းဆင်း တပ်သား ဦးဟာ နယ်မြေခံ PDF အဖွဲ့တွေနဲ့ ချိတ်ဆက်အလင်းဝင်ခဲ့ပါတယ်။


ဧပြီလ ရက်နေ့မှာ အသက် ၂၄ နှစ်အရွယ် ကိုကျော်ဇော်နဲ့ အသက် ၂၈ နှစ်အရွယ် ကိုသူရတို့ ဦးဟာ လက်နက်မဲ့ ထွက်ပြေးလာခဲ့ပြီး ဆက်သွယ်အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။


၎င်းတို့ နှစ်ဦးဟာ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းမှာ နေထိုင်သူတွေဖြစ်ပြီး အဓမ္မ ဖမ်းဆီးခံရကာ စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment