16th Apr 2025 - Morning Daily News by Radio NUG

၂၀၂၅ ဧပြီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာရေးသားပေးပို့တောင်းဆို

📌 ၂။ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးမှတဆင့် မြန်မာငလျင်ဘေးသင့်ပြည်သူများအား အရေးပေါ်အကူအညီပေးရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်များက မေတ္တာရပ်ခံ တောင်းဆိုစာ ပေးအပ်ခဲ့

📌 ၃။ မန္တလေးမြို့တွင် မိုးကြီးမှုကြောင့် ငလျင်ဒဏ် ထိထားတဲ့ တိုက်အချို့ပြို

📌 ၄။ SUU 80 Birthday Campaign ရဲ့ပထမပိုင်း ဖြစ်တဲ့ အမှတ်တရ ပြက္ခဒိန်များကို နိုင်ငံအသီးသီး မှ FR များမှ ဝယ်ယူသူများထံ စတင်ဖြန့်ဖြူးပေးနေ

📌 ၅။ မိုင်းထိဒဏ်ရာရ ဆင်မလေး တင်လှလှ ဆေးကုသရန်အတွက် အလှူရှင် (၁၉၂) ဦး၏ လှူဒါန်းငွေ စုစုပေါင်း  ၁၈၁ သိန်းကျော် လက်ခံရရှိခဲ့


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကလေးနဲ့ ဂန့်ဂေါကြားက စစ်ကောင်စီ အခြေစိုက်စခန်းများကို လအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းများနဲ့ ပျူစောထီးစခန်းများကို ဆက်လက်တိုက်သွားမယ်လို့ CDF - KKGဆို

🚩၂။ ပေါက်မြို့နယ် သနပ်ပင်‌‌ဇင်းရွာကို ဗုံးသီးကြဲတိုက်ခိုက်ခဲ့သည့်စက်တပ်လေထီးနှစ်စီးအား ပစ်ခက်ခဲ့ရာ လေထီးမောင်းသူ တစ်ဦး ပေါင်ထိမှန် ဒဏ်ရာရ

🚩၃။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းမှ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားကို ထိန်းသိမ်းပေးထား

🚩၄။ နွားထိုးကြီး မြို့ပေါ်မှာ အရက်ဝယ်လာတဲ့ စစ်သား ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

🚩၅။ ဘန်ဘွေးကုန်း ပျူစောထီးကို သွားရောက်ရှင်းလင်းရာ လက်ပစ်ဗုံးဖြင့် ပြန်တိုက်ခိုက်ခဲ့တဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့ရ

🚩၆။ ကျုံဒိုးမြို့နယ် ကမ်းနီရွာ ဘုန်းကြီးကျောင်း လေယာဉ်နဲ့ ဗုံးကြဲခံရပြီး ဦးခန့် သေဆုံး

🚩၇။ နွားထိုးကြီး ရေလည်ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကိုရင်ငယ် ပါးနှင့် သံဃာတော် ပါး အပါအဝင် ဦး ပြင်းထန်ဒဏ်ရာရရှိ

🚩၈။ ကော့ကရိတ် မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ်များ အပါအဝင် ဦး ဒဏ်ရာရ

🚩၉။ ဟားခါး ဗျူဟာ (၂၆၆) မှ ပြည်သူ့စစ် ဦး CDF - Hakha ထံ လက်နက်နှင့်တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာရေးသားပေးပို့တောင်းဆို


ဧပြီလ ၁၅ ရက်

Radio NUG

အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ထံ သံအမတ်ကြီး ဦးကျော်မိုးထွန်း စာရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။


အဆိုပါတောင်းဆိုစာကို ဧပြီ၁၄ရက် ရက်စွဲနဲ့ရေးသားပေးပို့ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှု ၄၉ ကြာလာတဲ့အချိန် စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် လူ ပေါင်း၆၀၀၀ကျော် သေဆုံးခဲ့ရပြီး၊ ဖမ်းဆီးနှိပ်စက် ညှင်းပမ်းခံရသူ ၂၈,၀၀၀ ကျော် ရှိကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ သန်းခွဲ ရှိနေတယ်လို့စာတွင်ဖော်ပြပါရှိပါတယ်။


စစ်ကောင်စီဟာ ငလျင်ဘေးသင့်ဒေသတွေကိုလည်း လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သံအမတ်ကြီးက ရေးသားဖော်ပြထားပါတယ်။


ထို့ကြောင့်စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့နဲ့ ငွေကြေးစီးဆင်းမှု၊ လက်နက်ရောင်းချမှု၊ လေယာဉ်ဆီရောင်းချမှု တို့ကိုပါ နိုင်ငံတကာက ပိတ်ပင်ပေးကြရန် ရေးသားထားပါတယ်။


========================


📌📌 ၂။ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးမှတဆင့် မြန်မာငလျင်ဘေးသင့်ပြည်သူများအား အရေးပေါ်အကူအညီပေးရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်များက မေတ္တာရပ်ခံ တောင်းဆိုစာ ပေးအပ်ခဲ့


ဧပြီ ၁၅ရက်

Radio NUG

ဧပြီလ၁၄ ရက်နေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ်တွင် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma သည် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသော ပါတီစုံပါဝင်သည့် လွှတ်တော်အမတ်များသမဂ္ဂ(ဥက္ကဋ္ဌ Mr. Kondo Shoichi Advisor Ms. Fukushima Mizuho အတွင်းရေးမှူး Mr. Ishibashi Michihiro ) ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်များနှင့် မိနစ်၂၀အကြာ ရင်းနှီးပွင့်လင်းစွာ လက်ခံတွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


ဆွေးနွေးရာတွင်၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် ဖြစ်ပွါးခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးရသည့် မြန်မာနိုင်ငံအခြေအနေနှင့် ဂျပန်အစိုးရ၏ အကူအညီပေးမှုနှင့် ပတ်သတ်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာငလျင်ဘေးသင့် ပြည်သူများအား အရေးပေါ်အကူအညီပေးရန် မေတ္တာရပ်ခံထားသည့်  တောင်းဆိုစာကို ပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji မှ ငလျင်ကြောင့် မြန်မာပြည်တွင်းမှာ ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့်အပေါ် အလွန်စိတ်ထိခိုက်ရကြောင်း ဂျပန်နိုင်ငံ၏ မိတ်ဆွေကောင်းဖြစ်သည့် မြန်မာနိုင်ငံသားများနှင့်အတူတကွရှိနေကြောင်း ပြသသည့်အနေဖြင့် ဆက်လက်ပြီး ငလျင်ဘေးသင့်ပြည်သူများထံ တိုက်ရိုက်အထောက်အပံ့ဖြစ်စေမည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်ကာ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မန္တလေးမြို့တွင် မိုးကြီးမှုကြောင့် ငလျင်ဒဏ် ထိထားတဲ့ တိုက်အချို့ပြို


ဧပြီ ၁၅ရက် 

Radio NUG 


ဧပြီလ ၁၅ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ငလျင်ဒဏ် ထိထားတဲ့ တိုက်အဆောက်အအုံအချို့ ထပ်မံပြိုကျခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


မန္တလေးတိုင်း မြို့နယ်အများစုတွင် ညနေ ၃နာရီခန့်မှ စတင်၍ မိုးရွာခဲ့ပြီး မန္တလေးမြို့ပေါ်ရပ်ကွက်များ ရေကြီးသည်အထိ မိုးကောင်းခဲ့တယ်လို့ သိရပါတယ်။


မတ်လ၂၈ရက်က ငလျင်ကြီးလှုပ်ပြီး‌နောက် အနည်းငယ် တိမ်းစောင်းသွားတဲ့ လူနေထိုင်ခြင်းမရှိတော့တဲ့ ၂၆လမ်း၊ ၈၀×၈၁ လမ်းထဲမှ Fine Store အဆောက်အအုံ ပြိုကျခဲ့တယ်လို့ သိရပါတယ်။


ယာယီငလျင်ဘေးရှောင်စခန်းများလည်း ရေဝင်၍ ဘေးသင့်သူများ အရေးပေါ် ထပ်မံရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ SUU 80 Birthday Campaign ရဲ့ပထမပိုင်း ဖြစ်တဲ့ အမှတ်တရ ပြက္ခဒိန်များကို နိုင်ငံအသီးသီး မှ FR များမှ ဝယ်ယူသူများထံ စတင်ဖြန့်ဖြူးပေးနေ


ဧပြီ၁၅ရက်

Radio NUG

SUU 80 Birthday Campaign ရဲ့ ပထမပိုင်းဖြစ်တဲ့ အမှတ်တရ ပြက္ခဒိန်များကို နိုင်ငံအသီးသီးမှ FR များမှ ဝယ်ယူသူများထံ စတင်ဖြန့်ဖြူးပေးနေလို့ သတင်းရရှိပါတယ်။


"ကျွန်တော်တို့ အစပိုင်းတွင် မေလအတွင်းမှသာ ဝယ်ယူသူများထံ ပို့ပေးဖို့ စီစဉ်ထားသော်လည်း ကျွန်တော်တို့ FR များရဲ့ ကြိုးပမ်းမှုကြောင့် ဧပြီလ ဒုတိယအပတ်မှ စတင်ပြီး ဝယ်ယူသူများထံ စတင်ပေးပို့နေပါပြီခင်ဗျာ။ သို့သော် အကြောင်းကြောင်းကြောင့် ပြက္ခဒိန်များ မရောက်ရှိသေးသော FR များရှိသည့် နိုင်ငံများမှ ဝယ်ယူထားသူများအနေနှင့် အနည်းငယ် စိတ်ရှည်သည်းခံပေးကြပါရန်နှင့် SUU 80 Campaign ဖြစ်မြောက်ရေးကော်မတီ နှင့် နိုင်ငတကာမှ FR များဟာဆိုရင်လည်း မိမိတို့ အလုပ်ချိန်တွေ မိသားစုအချိန်တွေကို အသုံးပြုပြီး အမေစုရဲ့ မွေးနေ့ကမ်ပိန်း ဖြစ်မြောက်အောင်မြင်ရေးကို volunteers များအနေဖြင့် အစွမ်းကိုကြိုးစားပေးနေကြပါတယ်" လို့ဆိုထားပါတယ်။


နိုင်ငံအသီးသီးမှ SUU 80 birthday calendar ဝယ်ယူသူများနှင့် Volunteers FR များအား ကင်မ်နှင့် ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှ အထူးဘဲကျေးဇူးတင်ရှိကြောင်း SUU 80 Campaign ဖြစ်မြောက်ရေးကော်မတီက ဆိုပါတယ်။


========================


📌📌 ၅။ မိုင်းထိဒဏ်ရာရ ဆင်မလေး တင်လှလှ ဆေးကုသရန်အတွက် အလှူရှင် (၁၉၂) ဦး၏ လှူဒါန်းငွေ စုစုပေါင်း  ၁၈၁ သိန်းကျော် လက်ခံရရှိခဲ့


ဧပြီလ ၁၅ ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေအတွင်းရှိ ဆင်ဝိုင်းတစ်ခုမှ ပြည်သူ့ဘက်တော်သား ဒဏ်ရာရဆင်မလေး တင်လှလှ ဆေးကုသရန်အတွက် အလှူရှင် (၁၉၂) ဦး၏ လှူဒါန်းငွေ စုစုပေါင်း ၁၈,၁၅၇,၅၉၆ ကျပ် (၁၈၁ သိန်းကျော်) လက်ခံရရှိခဲ့ပြီး အလှူငွေများအား ဆင်မလေး ဒဏ်ရာသက်သာပျောက်ကင်းသည်အထိ ဆေးကုသရာတွင် သုံးစွဲသွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


လက်ရှိ ဆင်ဆေးကုသမှုအနေဖြင့် ဆင်၏ လက်ယာဘက်ရှေ့ခြေထောက် ဒဏ်ရာရရှိခဲ့သည့် နေရာအား ပိုးမဝင်စေရန်နှင့် အနာသက်သာလာစေရန် ဖန်ရည်ဖြင့် အနာဆေးခြင်း၊ ပိုးသတ်ဆေး ပုံမှန်ထိုးပေးခြင်းများ ဆောင်ရွက်ကာ ကုသပေးလျက်ရှိတယ်လို့ ဆိုပါတယ်။


ဒဏ်ရာရ ဆင်မလေးတင်လှလှအတွက် ဆေးကုသစရိတ်သာမက တတ်စွမ်းသမျှ ပိုမိုထည့်ဝင် ကူညီမှုများကြောင့် ဆင်မလေး ခြေထောက်ဒဏ်ရာ ရေရှည်ကုသမှုအပြင် အခြားသော ဆင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သည့် နေရာတွင်လည်း ကျန်ရှိအလှူငွေများကို ထောက်ပံ့သုံးစွဲသွားမယ်လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ကလေးနဲ့ ဂန့်ဂေါကြားက စစ်ကောင်စီ အခြေစိုက်စခန်းများကို လအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းများနဲ့ ပျူစောထီးစခန်းများကို ဆက်လက်တိုက်သွားမယ်လို့ CDF - KKGဆို


ဧပြီလ ၁၅ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ဂန့်ဂေါမြို့ကြားရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများနဲ့ ပျူစောထီးများ စိုးမိုးထားတဲ့ ကြံသာရွာတို့ကို လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းများနဲ့ ပျူစောထီးစခန်းများကို ဆက်လက်တိုက်သွားမယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ CDF-KKG Major Operation လအတွင်းမှာ စစ်ကောင်စီရဲ့ ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) တပ်စခန်းများနဲ့ ပျူစောထီးများ ကြီးစိုးထားတဲ့ ကြံသာရွာတို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကလေး-ဂန့်ဂေါကြားမှာ အတောင့်တင်းဆုံး စခန်းဖြစ်တဲ့ ကမ်းပါးနီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၅ ရက်နေ့ မတိုင်ခင် မှန်တောရွာနဲ့ အောင်သာယာရွာ အနောက်က စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်မှု ၁၉ ကြိမ်၊ တိုက်ပွဲမရှိတဲ့ ကျေးရွာများ အပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ် (,၀၀၀) ကျော် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ကျောင်း၊ သာသနိက အဆောက်အဦးနဲ့ ပြည်သူ့နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ (၂၀,၀၀၀) ကျော် ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထိုနောက် ဧပြီလ ၁၁ ရက် မနက် အစောပိုင်းမှာ ပျူစောထီးများ စိုးမိုးထားတဲ့ ကြံသာရွာကို ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ မွန်းလွဲပိုင်း မတိုင်မှီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲများအတွင်း Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) နှင့်အတူ CNA CDF-Hakha CDF-Thangtlang CDF CDM - Siyin ABSDF PDF Vakok RKDF ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang, နဂါးညီနောင်, …. ) ဟံသာဝတီ ပကဖ MCR နဲ့ ကလေးတောင်ပိုင်း တော်လှန်ရေး အင်အားစု အဖွဲ့များက ပူးပေါင်းပါဝင် ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩၂။ ပေါက်မြို့နယ် သနပ်ပင်‌‌ဇင်းရွာကို ဗုံးသီးကြဲတိုက်ခိုက်ခဲ့သည့်စက်တပ်လေထီးနှစ်စီးအား ပစ်ခက်ခဲ့ရာ လေထီးမောင်းသူ တစ်ဦး ပေါင်ထိမှန် ဒဏ်ရာရ


ဧပြီ ၁၅ ရက်

Radio NUG 


ဧပြီလ ၁၄ ရက်နေ့ မနက် နာရီခွဲခန့်အချိန်တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ တက်လာပြီး ပေါက်မြို့နယ် သနပ်ပင်‌‌ဇင်းရွာကို ဗုံးသီးကြဲတိုက်ခိုက်ခဲ့သည့် စက်တပ် လေထီးနှစ်စီးအား ပကဖ စုဖွဲ့မှုတပ် (ပေါက်၊ မြိုင်၊ ကမ္မ) လက်နက်ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ လေထီးမောင်းသူ တစ်ဦး ပေါင်ထိမှန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


သနပ်ပင်ဇင်းရွာကို ဗုံးသီးကြဲချမှုကြောင့် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ စကစသည် သင်္ကြန်ကာလ အခွင့်အကောင်းယူ၍ လူစုလူဝေးများကို အကြောင်းမဲ့ ဗုံးကြဲခြင်း စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချခြင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပိုမိုပြုလုပ်နိုင်ပါသဖြင့် ပြည်သူများ အထူးဂရုပြုပါရန် နှိုးဆော်ထားပါတယ်။


========================


🚩🚩၃။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းမှ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားကို ထိန်းသိမ်းပေးထား


ဧပြီ ၁၅ရက်

Radio NUG


ဧပြီလ ၁၅ရက်နေ့တွင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်း ၁၀လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့‌ရာ ထိခိုက်မှု အများအပြားနဲ့ ပြန်လည် ဆုတ်ခွာသွားကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ထိုစစ်ကြောင်းအတွင်းမှ စစ်မှုထမ်းအပတ်စဉ် သင်တန်းဆင်း ကိုယ်ပိုင်အမှတ် ( ပစ 123927 ) တပ်သား မောင်ဖိုးအေးမှာ ထွက်ပြေး လွတ်မြောက်လာတယ်လို့ ဖော်ပြထားပါတယ်။


စစ်မှုထမ်းတပ်သား မောင်ဖိုးအေး မိုင်းထိ မှန်ထားတဲ့ ဒဏ်ရာများအား ဆေးကုသမှုများ ပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ နွားထိုးကြီး မြို့ပေါ်မှာ အရက်ဝယ်လာတဲ့ စစ်သား ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ


ဧပြီလ ၁၅ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပေါ်မှာ အရက်လာဝယ်တဲ့ စစ်ကောင်စီ တပ်သား ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၅ ရက်နေ့ မနက် နာရီခွဲခန့်မှာ အရက်လာဝယ်တဲ့ စစ်ကောင်စီ တပ်သား ဦးကို နွားထိုးကြီး ပကဖ က အတို လက်တည်းဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဦးစလုံး နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် MA11 သေနတ် လက်၊ ကျည်ဘောက် ဘောက်နဲ့ .၅၆ ကျည် ၈၅ တောင့်ကို သိမ်းဆည်း ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်က အပစ်ရပ်စဲရေး ကြေညာထားပေမယ့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများနဲ့ ဘာသာရေး အဆောက်အအုံများကို ဦးတည်ပြီး လေယာဉ်၊ စက်တပ်လေထီးနဲ့ ဟောင်ဝှစ်ဇာများဖြင့် နေ့စဉ် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူများအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ နွားထိုးကြီး ပကဖ က အသိပေးထားပါတယ်။


========================


🚩🚩၅။ ဘန်ဘွေးကုန်း ပျူစောထီးကို သွားရောက်ရှင်းလင်းရာ လက်ပစ်ဗုံးဖြင့် ပြန်တိုက်ခိုက်ခဲ့တဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့ရ


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန်ဘွေးကုန်း ကျေးရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီး တစ်ဦးကို သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ရာ ပြန်လည်ခုခံ ထွက်ပြေးသွားခဲ့ပြီး ၎င်းရဲ့ ဇနီးဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈ဝ၂) တပ်ခွဲ () က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၃ ရက်နေ့ နာရီခွဲအချိန်မှာ ဘန့်ဘွေးကုန်းကျေးရွာနေ ပျူစောထီး ထွန်းထွန်းဝင်း ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ရဲဘော်များက ရှင်းလင်းဖို့ နေအိမ်ကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။


သွားရောက်ရှင်းလင်းစဉ် ထွန်းထွန်းဝင်းဟာ နေအိမ် အနောက်ဘက်မှ ခုန်ချကာ သေနတ်ဖြင့် ပြန်လည် ပစ်ခတ် ထွက်ပြေးသွားခဲ့ပြီး ၎င်းရဲ့ ဇနီးဖြစ်သူကလည်း လက်ပစ်ဗုံးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ၎င်းရဲ့ ဇနီး၊ ပျူစောထီး သင်တန်းဆင်း၊ မစာဥကို သေနတ်ဖြင့် ချက် ပစ်ခတ်ခဲ့ရာ‌ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတို့ လင်မယား နှစ်ဦးစလုံးဟာ တော်လှန်ရေး ရဲဘော်များရဲ့ အချက်အလက်များကို စစ်ကောင်စီထံ သတင်းပေးခြင်း၊ ပြည်သူများအား မမှန်မကန် သတင်းပေးကာ စစ်ကောင်စီကို ဖမ်းဆီးခိုင်းခြင်း တို့ကို လုပ်ဆောင်နေသူတွေ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ကျုံဒိုးမြို့နယ် ကမ်းနီရွာ ဘုန်းကြီးကျောင်း လေယာဉ်နဲ့ ဗုံးကြဲခံရပြီး ဦးခန့် သေဆုံး


ဧပြီ ၁၅ရက် 

Radio NUG 


ဧပြီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီရွာရှိ ဘုန်းကြီးကျောင်း အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲခံရပြီး အရပ်သား ၆ဦးခန့် သေဆုံးခဲ့ရကြောင်း ကမ်းနီရွာဒေသသတင်းများအရ သိရပါတယ်။


ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပရိုဘောက်ကားတစ်စီးပေါ် ကျရောက်ပြီး ကားမောင်းသူအပါအဝင် ပြည်သူတချို့ ပွဲချင်းပြီး သေဆုံးကာ ဘုန်းကြီးကျောင်းတွင် သင်္ကြန်အကြတ်နေ့ ဥပုသ်သီလယူရန် လာရောက်ကြသော ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။


ထိခိုက်သေဆုံးသူအရေအတွက် တိုးလာနိုင်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ကျုံဒိုးမြို့ပေါ်ရှိတဲ့ အမှတ် (၅၄၅) ခြေမြန်တပ်ရင်း အမှတ် (၅၄၆) ခြေမြန်တပ်ရင်း ဗျုဟာစခန်းတွေက မြို့အနီးမှာရှိတဲ့ ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္ပရိုက်၊ မိဂလုံ၊ ကမ်းနီ ကျေးရွာများကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှ စတင်ကာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးလမ်းပိုင်းရှိ ကျေးရွာတွေကို စကစတပ်က ဟောင်ဝှစ်ဇာ အမြှောက်တင့်ကားတစ်စီးနဲ့ လိုက်လံ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂အနီးက ရင်ကွဲတောင်နေရာ တစ်ဝိုက်ကို KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရပါတယ်။


========================


🚩🚩၇။ နွားထိုးကြီး ရေလည်ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကိုရင်ငယ် ပါးနှင့် သံဃာတော် ပါး အပါအဝင် ဦး ပြင်းထန်ဒဏ်ရာရရှိ


ဧပြီ ၁၅ ရက် 

Radio NUG 


ဧပြီလ ၁၄ ရက်နေ့ ညနေ နာရီခန့်အချိန်တွင် နွားထိုးကြီးမြို့နယ် ရေလည်ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချခြင်းကြောင့် အသက် နှစ်အရွယ် ကိုရင်ငယ် ပါးနှင့် သံဃာတော် ပါး အပါအဝင် ဦး ပြင်းထန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ကျွန်းဒေါင့်ရွာ ရေလည်ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲမှုအတွင်း ရေလည်ဘုန်းတော်ကြီး‌ကျောင်းမှ သက်တော် ၅၄ နှစ် အရွယ် ဥူးသဲဝရ အသက်အန္တရာယ် စိုးရိမ်ရပြီး အသက် နှစ်အရွယ် ကိုရင်ငယ် ပါး နှင့် ကျောင်းဝေယျာဝစ္စ လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် အသက် ၂၀အရွယ် အမျိုးသား ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၈။ ကော့ကရိတ် မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ်များ အပါအဝင် ဦး ဒဏ်ရာရ


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၀ ရက်နေ့ နာရီခန့်မှာ ကော့ကရိတ်မြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် မောင်းမရွာသစ် ကျေးရွာကို ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဧပြီလ ရက်နေ့ ၁၀ နာရီ ၂၇ မိနစ်ခန့်မှာလည်း ကော့ကရိတ် မြို့ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၁၂၀ မမ၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် အံကောင်၊ ကျိုက်သလိုက်နဲ့ ဒေါက်ပလန် ကျေးရွာများကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ လက်နက်ကြီး  ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၄၀ နဲ့  ၂၆ နှစ် အရွယ် အမျိုးသား ဦး၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် နှစ်နဲ့ နှစ် အရွယ် ကလေးငယ် ဦး ဒဏ်ရာရခဲ့တယ်လို့  သိရပါတယ်။


========================


🚩🚩၉။ ဟားခါး ဗျူဟာ (၂၆၆) မှ ပြည်သူ့စစ် ဦး CDF - Hakha ထံ လက်နက်နှင့်တကွ အလင်းဝင်


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၆၆) ဗျူဟာ တပ်စခန်းက ပြည်သူ့စစ် ဦးဟာ လက်နက်ခဲယမ်းများ နှင့်တကွ အလင်းဝင်လာတယ်လို့ Chinland Defense Force Hakha က ထုတ်ပြန်ထားပါတယ်


ဧပြီလ ၁၃ ရက်နေ့မှာ ဗျူဟာ (၂၆၆) မှ ပြည်သူ့စစ် ဦးဟာ MA1 တစ်လက်၊ MA3 တစ်လက်နှင့် MA11 တစ်လက်တို့ကို ယူဆောင်လာပြီး ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ အလင်းဝင်ရောက်လာသူ ဦးကို CDF - Hakha က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကာ လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။


စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းချင်သူများကို CDF - Hakha မှ အမြဲတမ်းကြိုဆိုကြောင်းနဲ့ လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူမှာဖြစ်ကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment