6th Apr 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဧပြီလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ မြေငလျင်ဘေးဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၆၀ နီးရှိပြီး လူဦးရေ ၁၇ သန်းခန့်ထိခိုက်မှုရှိတယ်လို့ UN ခန့်မှန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။⁩⁨⁨⁨⁨⁨ သရက်ခရိုင်အတွင်းက လမ်းမကြီးတွေမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တော်လှန်ရေးရဲဘော်တွေ ငွေကြေးတောင်းခံရင် တိုင်ကြာ:နိုင်တယ်လို့ USBA ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီက အပစ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး တိုက်ခိုက်နေတယ်လို့ မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

 


========================


၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးနှင့် ငလျင်ဘေးဒဏ်သတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ စေတုတ္တရာမြို့နယ်မှာ ခရီးသည်တင် ကား စီးကို စစ်တပ်က ပစ်ခတ်တာကြောင့် အရပ်သား ဦးသေဆုံး

🚩၂။ တွန်းဇံမြို့က CNA တပ်စခန်းကို စစ်တပ်နဲ့ ZRA အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး Nakzang ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး   

🚩 ⁨⁨၃။အောင်သပြေစစ်ကြောရေးရဲဝန်းကို ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်

 🚩 ⁨⁨၄။မြိုင်နယ် လင်းကတောစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိ


ဧပြီလ ၆ရက်၊Radio NUG


ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ကျင်းပလျက်ရှိသည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ရက်နေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံဖွင့်ပွဲအခမ်းအနား၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖိုရမ်၊ အာရှပစိဖိတ်ဒေသ အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့သည့်အပြင် နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားကာ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သီးခြားတွေ့ဆုံမှုများတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားကြီး မြေငလျင်နှင့် ပတ်သက်၍ အခြေအနေများ၊ လက်ရှိကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများ ထိရောက်စွာ တိုးမြှင့်ပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တိုက်တွန်းပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် ညီလာခံ၌ ငလျင်လှုပ်ခတ်ခဲ့မှုအပေါ် ကမ္ဘာတစ်ဝှမ်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အကူအညီများ တိုးမြှင့်ရနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မိန့်ခွန်းတက်ရောက်သွားမည်ဖြစ်ပါတယ်။


(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား --၂၀၂၅ ရက်နေ့မှ --၂၀၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံအလိုက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးသွားရန် ရှိတယ်လို့ ဆိုထားပါတယ်။


နိုင်ငံတကာပါလီမန်များအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင်တက်ရောက်လျက်ရှိပြီး မြန်မာပြည်သူများ၏ အသံများကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်  သိရှိနားလည်နိုင်စေရေး ကိုယ်စားပြုဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ မြေငလျင်ဘေးဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၆၀ နီးရှိပြီး လူဦးရေ ၁၇ သန်းခန့်ထိခိုက်မှုရှိတယ်လို့ UN ခန့်မှန်း


ဧပြီလ ၆ရက်၊Radio NUG


မြန်မာနိုင်ငံဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြောင့် ငလျင်ဘေးဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၆၀ နီးပါးရှိပြီး လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှု ရှိနိုင်တယ်လို့ UN က ခန့်မှန်းထားပါတယ်။ 


အင်အားပြင်းငလျင်ဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၆၀ နီးပါးမှာ နေထိုင်ကြ တဲ့ လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိနိုင်ပြီး ထိခိုက်မှုအပြင်းထန်ဆုံးနေရာဒေသက လူသန်းပေါင်းများစွာဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေ လုံလောက်စွာမရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။


တယ်လီဖုန်းဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်မှုနေတာနဲ့အတူ လမ်း၊ တံတားတွေ ပျက်စီးခဲ့တာကြောင့်လည်း ငလျင် ဘေးသင့်ပြည်သူတွေဆီကို အရေးကြီးတဲ့အကူအညီတွေ ရောက်ရှိနိုင်ဖို့ ပိုမိုခက်ခဲနေတယ်လို့ UN က ပြောပါတယ်။

 

လူမှုဂရုဏာလုပ်သားတွေဟာ ဒေသမှာရှိတဲ့ ရှေးဦးပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေကို အားဖြည့်ကူညီပေးရင်း ဘေးအန္တရာယ် ထိခိုက်မှု အပြင်းထန်ဆုံးသူတွေအတွက် လူမှုဘဝရှင်သန်ရှင်း အကူအညီတွေပေးနိုင်ဖို့ အချိန်ပြည့် လုပ်ဆောင်နေပေမယ့် ဒီ့ထက် အများကြီး လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်လို့ ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Tom Fletcher က ပြောပါတယ်။


မနေ့ ဧပြီ ရက်က မန္တလေးနဲ့ နေပြည်တော်က ငလျင်ဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ပြည်သူတွေရဲ့ ဆုံးရှုံးမှု အကြောင်းတွေကို ကြားခဲ့ရသလို သူတို့တွေရဲ့ ခံနိုင်ရည်ရှိမှုနဲ့ စည်းလုံးညီညွတ်မှုတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 


ဧပြီလ ရက်နေ့အထိရရှိထားတဲ့စာရင်းတွေအရ အင်အားပြင်မြေငလျင်ကြောင့် မန္တလေးတိုင်းမှာ ၁၈၀၈ ဦး၊စစ်ကိုင်းတိုင်း မှာ ၆၈၆ ဦး၊နေပြည်တော်မှာ ၄၉၇ ဦး၊ရှမ်းတောင် ဒေသမှာ ၁၀၅ ဦး၊ပဲခူးတိုင်းမှာ ၆၆ ဦးသေဆုံးခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။⁩⁨⁨⁨⁨⁨ သရက်ခရိုင်အတွင်းက လမ်းမကြီးတွေမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တော်လှန်ရေးရဲဘော်တွေ ငွေကြေးတောင်းခံရင် တိုင်ကြာ:နိုင်တယ်လို့ USBA ပြော


ဧပြီလ ၆ရက်၊Radio NUG


မကွေးတိုင်း သရက်ခရိုင်အတွင်းမှာရှိတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ USBA က ရဲဘော်တွေ ငွေကြေးတောင်းခံတာမျိုးရှိရင် တိုင်ကြားနိုင်တယ်လို့ United State of Burma Army – USBA က ဒီနေ့ ဧပြီလ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ USBA က ရဲဘော်တွေ အရက်သောက်ထားပြီး ပြည်သူလူထုအပေါ် မချေမငံ ဆက်ဆံတာ၊ မိုက်မာရိုင်းစိုင်းတာ လိုအပ်တာထက် စစ်ဆေးမေးမြန်းတာမျိုးရှိရင်လဲ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

လိုအပ်တာထက် စစ်ဆေးမေးမြန်းတာကြောင့် ခရီးသွားပြည်သူတွေ လမ်းခရီးကြန့်ကြာစေတာမျိုးတွေ ကျူလွန်တယ်ဆိုရင် ထိရောက်တဲ့စစ်ဆေးအရေးယူမှုတွေ လုပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် ဒီထုတ်ပြန်ချက်မှာပါတဲ့အချက်တွေကို ကျူးလွန်နေတာကိုတွေ့ရင် USBA ရုံးချုပ်ကို ဆက်သွယ်ပြီး သတင်းပေးပို့ တိုင်ကြားကြဖို့ USBA က ပြည်သူလူထုကို တောင်းဆိုထားပါတယ်။ 

United States of Burma Army – USBA ဟာ အရင်က Magway PDF အမည်နဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစုကို အမည်ပြောင်းလဲထားတဲ့အဖွဲ့ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီက အပစ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး တိုက်ခိုက်နေတယ်လို့ မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်


ဧပြီလ ၆ရက်၊Radio NUG


စစ်ကောင်စီဟာ အပစ်ရပ်စာချုပ်ကို မလိုက်နာဘဲ ကြည်း၊ ရေ၊ လေအင်အားသုံးပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ AA ပါဝင်တဲ့ မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ အခိုင်အမာခံစစ်ပြင်ထားတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့က ညောင်ကျိုးရဲကင်း စခန်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းယူလိုက်တဲ့ မှတ်တမ်းဓာတ်ပုံနဲ့ထုတ်ပြန်ရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ညောင်ကျိုးဗျူဟာစခန်းကုန်းကို မတ်လ ၁၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ AA က ဧပြီလ ရက်ညနက်ပိုင်မှာ အသိပေးပါတယ်။

၁၆ ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက် တိုက်ခိုက်နိုင်တဲ့ အခွင့်အရေးရှိပေမယ့် ဧပြီလ ရက်နေ့ကစပြီး တဖက်သတ်အပစ်ရပ်ခဲ့တာကြောင့် ဆက်မတိုက်တော့ဘဲ ထိုးစစ်ရပ်ခဲ့ပြီး အပစ်ရပ် ထုတ်ပြန်ချက်ကိုလေးစားလိုက်နာတဲ့အကြောင်း ပြသခဲ့တယ်လို့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။


MNDAA TNLA နဲ့ AA တို့ဟာ ညီနောင်မဟာမိတ်ပူးပေါင်းသဘောတူညီချက်နဲ့ ဧပြီလ ရက်နေ့ကစပြီး တလတာ တဖက်သတ် အပစ်ရပ်စဲထားမယ်လို့ ကြေညာခဲ့တာကို AA က ရည်ညွှန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

တဖက်သတ် အပစ်ခတ်ရပ်လိုက်တာဟာ မတ်လ ၂၈ နေ့ရက်က လှုပ်ခတ်ခဲ့တဲ့ ဒသမ ရစ်ခ်တာစကေးအဆင့်ရှိတဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ နေပြည်တော်နယ်မြေအပါအဝင် အခြားဒေသတွေက ငလျင်ဒဏ်သင့်ပြည်သူလူထုကို လူသားချင်း စာနာထောက်ထားတဲ့စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ရှိကြောင်း ပြသခဲ့တာလို့ AA က ရှင်းပြထားပါတယ်။

ဒီ ထုတ်ပြန်ချက်ထုတ်တာနဲ့ AA က ထိုးစစ်နဲ့ တိုက်ပွဲဖော်ဆောင်တာတွေ ဆက်မလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ပေမယ့် စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် တဖက်သတ် အပစ်ရပ်စဲကြောင်းကြေညာခဲ့တဲ့ ဧပြီလ ရက်နေ့နဲ့ အဲဒီရက် မတိုင်ခင် ရက်တွေမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့စစ်တွေမြို့ပတ်ဝန်းကျင်က ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တိုက်ခိုက်တာတွေလက်ရှိအချိန်ထိ ပြုလုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ အခြားသောနေရာတွေမှာရှိတဲ့ AA စစ်ကြောင်းတွေကိုလည်း စစ်ကောင်စီဘက်က နေ့တိုင်း တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနေတယ်လို့ အသိပေးပါတယ်။

 ကျောက်ဖြူမြို့နယ်မှာဆိုရင် ဧပြီလ ရက်နေ့ တရက်တည်းမှာတင် Drop Bomb နဲ့ အကြိမ် ၉၀ ခန့် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၆၀ ထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဧပြီလ ရက် ရက်နဲ့ ၅ရက်နေ့တွေမှာလည်း စစ်ကောင်စီရဲ့ သစ်ပုတ်တောင်ရေတပ်စခန်း ဒိုးတန်းတောင် အမှတ် ၃၂ ရဲတပ်ရင်းနဲ့ မြေပြင်စစ်ကြောင်းတွေအပြင် စစ်သင်္ဘော၊ဂျက်တိုက်လေယာဉ်တွေသုံးပြီး ကျောက်ဖြူမြို့နယ်အတွင်းက ကြတ်တိန်၊သပြုတောင်၊ပျားတဲ၊ပြင်ရှည်၊လိပ်ခမော်၊ကုလားဘာ၊ဟင်းခပ်ပြင် စတဲ့ကျေးရွာပတ်ဝန်းကျင်တွေကို လက်နက် ကြီးနဲ့ ဒရော့ဗုံးတွေအပြင် ဂျက်တိုက်လေယာဉ်နဲ့ စစ်င်္ဘောကြီးတွေပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီလ ရက်နေ့ တရက်တည်းမှာ စစ်ကောင်စီဘက်က Drop Bomb အကြိမ် ၆၀ ကျော်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှု အကြိမ် ၅၀  အထက်ရှိခဲ့သလို ညနေ နာရီ ၄၅ မိနစ်ခန့်အချိန်မှာလည်း ရခိုင်ရိုးမတောင်တန်းပေါ်က AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို စစ်ကောင်စီက Y12 ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထား ပါတယ်။ 

တိုက်ပွဲပြင်းထန်နေတဲ့ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ဘက်မှာလည်း စစ်ကောင်စီဟာ ရွှေမင်းဂံဆိပ်ကမ်းဘက်ကနေ ပေါက်တောမြို့ ငပြီကျွန်းဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ သူတို့ကိုယ်တိုင် တဖက်သတ်ထုတ်ပြန်ထားတဲ့ အပစ်ရပ်ထုတ်ပြန်ချက်ပါအကြောင်းအရာတွေ ကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ပြီး တိုက်ခိုက်ခဲ့တာလို့ AA က ထုတ် ပြန်ထားပါတယ်။  

ငလျင်ဘေး ကယ်ဆယ်ရေးအတွက်ဆိုပြီး ဧပြီ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်ရပ်ထားမယ်လို့ သတင်းထုတ်ပြန်ခဲ့ ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားမှုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨⁨ စေတုတ္တရာမြို့နယ်မှာ ခရီးသည်တင် ကား စီးကို စစ်တပ်က ပစ်ခတ်တာကြောင့် အရပ်သား ဦးသေဆုံး


ဧပြီလ ၆ရက်၊Radio NUG


မကွေးတိုင်း စေတုတ္တရာမြို့နယ် ကူတော် ပျူစောထီးရွာအနီးမှာ ခရီးသည်တင် ကား စီးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကူတော် ပျူစောထီးရွာနဲ့ အောက်ဝေါရွာကြားမှာ ခရီးသည်တင် ကား စီးကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဧပြီလ ရက်နေ့ နာရီခန့်အချိန်မှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ဒီ တိုက်ခိုက်မှုဖြစ်စဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံတဲ့ စစ်တပ် လော်ဘီတွေက ဝါဒဖြန့်နေတယ်လို့လည်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ခိုက်မှုဖြစ်တဲ့နေရာအနီးတဝိုက်မှာ ဧပြီလ ရက်နေ့ကတည်းက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သလို စစ်တပ် စစ်ကြောင်းနဲ့ အင်အား ၆၀ ကျော်ရှိတဲ့ စစ်တပ်ကင်းပုန်းတွေရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေအပေါ်  ပြည်သူလူထု အမြင်မှားအောင် ရည်ရွယ်ချက်ရှိရှိ သတင်းထုတ်ပြန်ခဲ့မှုနဲ့ ပြည်သူအပေါ် ကျူးလွန်တဲ့လုပ်ရပ်ကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြင်းပြင်း ထန်ထန်ကန့်ကွက်ထားပြီး လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်ရှုံးနေချိန်မှာ စစ်ရေးပစ်မှတ်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ အများပြည်သူနေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ ကျေးရွာအတွင်း တပ်စွဲပြီး လူသွားလူလာရှိတဲ့ နေရာ တွေမှာ မိုင်းထောင်တာ နေ့ဘက်မှာ ခရီးသွားလာတာတွေ ကန့်သတ်ပြီး ငွေညှစ်တာ ညဘက်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြီး ခရီးသွားတွေကို ပစ်ခတ်သတ်ဖြတ်တာ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး သူတို့ဖမ်းလိုတဲ့သူတွေကို အတင်း အဓမ္မဖမ်းဆီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိဘပြည်သူတွေ အကြမ်းဖက်စစ်တပ်ရန်ကနေ ကင်းစေဖို့ မနက် နာရီက နေ နာရီအတွင်းသာ ခရီးသွားလာကြဖို့လည်း အသိပေးထားပါတယ်။


========================


🚩🚩၂။ တွန်းဇံမြို့က CNA တပ်စခန်းကို စစ်တပ်နဲ့ ZRA အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး Nakzang ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး   


ဧပြီလ ၆ရက်၊Radio NUG


ချင်းပြည်နယ် တွန်းဇံမြို့မှာရှိတဲ့ CNA တပ်စခန်းကို အကြမ်းဖက်စစ်တပ်နဲ့ ZRA လို့ခေါ်တဲ့ Zomi Revolution Army ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး Nakzang ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းထားတဲ့  Zomi Revolutionary Army - ZRA တပ်ဖွဲ့ဟာ ဧပြီလ ရက်နေ့ မနက် နာရီခန့်မှာ တွန်းဇံမြို့နယ်အတွင်းက CNA တပ်မ စခန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တာလို့ ချင်းအမျိုးသားတပ်မတော် အမှတ် တပ်မဟာကလည်း ထုတ်ပြန်ထား ပါတယ်။

ဒီကျူးကျော်တိုက်ခိုက်မှုကို ချင်းပြည်အစိုးရ ချင်းအမျိုးသားတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည် တိုက်ထုတ်ခဲ့တာ ကြောင့် ZRA တပ်ဖွဲ့ဝင်တွေ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကာ ZRA တပ်ဖွဲ့ဝင်တွေအသုံးပြုတဲ့ Drone နဲ့ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

ဆုတ်ခွာထွက်ပြေးသွားသော ZRA တပ်ဖွဲ့ဝင်တွေဟာ ဆုတ်ခွာရာလမ်းကြောင်းပေါ်က အိမ်ခြေ ၈၀ ခန့်ရှိတဲ့ Nakzang ရွာက ဘုရားရှိခိုးကျောင်းကလွဲလို့ တရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မဏိပူရမြစ်ဘေးမှာရှိတဲ့ Nakzang ရွာက ကျေးရွာနေပြည်သူတွေဟာ နီးစပ်ရာ တွန်းဇံမြို့အတွင်း၌ ဝင်ရောက်ခိုလုံနေတယ်လို့လည်း သိရပါတယ်။ 

မြန်မာပြည်အတွင်း ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူလူထုကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့တာတွေလုပ်နိုင် ဖို့ ယာယီအပစ်ထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကို အခွင့်ကောင်းယူပြီး ကျူးကျော်တိုက်ခိုက်လာတဲ့ အတွက် ချင်းအမျိုးသားတပ်မတော် အမှတ် တပ်မဟာအနေနဲ့ စစ်ကောင်စီတပ်နဲ့ ZRA ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ချေမှုန်း သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨၃။အောင်သပြေစစ်ကြောရေးရဲဝန်းကို ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်


ဧပြီလ ၆ရက်၊Radio NUG


ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာရှိပြီး ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ အောင်သပြေရဲဝန်းကို ၄၀ မမ ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က ထုတ်ပြန်ပါတယ်။

မနေ့ ဧပြီ ရက် ၁၁ နာရီခွဲခန့်အချိန်မှာ အောင်သပြေရဲဝန်းအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

မရမ်းကုန်းမြို့နယ်မှာ စစ်ကောင်စီအဖွဲ့တွေ ကင်းပတ်တာတွေများနေတာကြောင့် ရက်တာ လေ့လာစောင့်ကြည့်ပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သူတွေအားလုံး ဘေးကင်းတယ်လို့လည်း သိရပါတယ်။ 

အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မခြင်း နောက်ထပ်ပစ်မှတ်ကြီးတွေကိုလည်း ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမယ်လို့ Yangon Army က မိဘပြည်သူတွေကို အသိပေးထားပါတယ်။

မရမ်းကုန်းမြို့နယ် အမှတ် ရပ်ကွက်မှာရှိတဲ့ အောင်သပြေရဲစခန်းဟာ မနှစ် မေလ ၂၁ ရက်နေ့ညတုန်းကလည်း တော်လှန်ရေးအင်အားစုတွေရဲ့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တာခံခဲ့ရဖူးပြီး အဲဒီအချိန်တုန်းက ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အောင်သပြေရဲစခန်းဟာ နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံရသူတွေကို စစ်ဆေး၊ နှိပ်စက်၊ မေးမြန်းလေ့ရှိတဲ့ စစ်ကြောရေးစခန်း တခု ဆိုတဲ့ နာမည်ဆိုးကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် စစ်ကြောရေးစခန်းလည်း ဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨၄။မြိုင်နယ် လင်းကတောစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက် 


ဧပြီလ ၆ရက်၊Radio NUG


မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောစစ်စခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက ပြောပါတယ်။ 

လင်းကတော စစ်စခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းပိုင်းတနေရာကနေ ဧပြီလ ရက်နေ့က ခုခံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ဦး လဲကျသွားတာတွေ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ် လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ခုခံကာကွယ်တာကို စစ်လော်ဘီတွေက ငလျင်ကယ်ဆယ်ရေးသွားတဲ့ ပရဟိတအဖွဲ့ ယာဥ်တန်းကို ပစ်ခတ်တာလို့ သတင်းမှားတွေနဲ့ လိမ်လည်ဝါဒဖြန့်နေတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန် ထားပါတယ်။

ဒီ ခုခံကာကွယ်တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ နဂါးနီတပ်ဖွဲ့၊ MRG တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment