7th Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၁။ စစ်ကိုင်းမြို့နယ်ငလျင်ဘေးသင့်ဒေသများသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ သွားရောက်၍ ရေသန့်စက်နှင့်အခြားထောက်ပံ့ရေးပစ္စည်းများ ကူညီ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကော်နယ်နဲ့ ကိုထိန်လင်းတို့တွေ့ဆုံခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းနဲ့ အမေရိကန်ရောက်မြန်မာအင်အားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၂၀,၅၃၉) ရရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ Golden Dream for Golden Land ပန်းချီကားကို USD 3000 နဲ့ လေလံအောင်မြင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်ဆန်ဖန်ဗေးဧရိယာနွေဦးလက်ဖက်ရည်ဝိုင်းမှ စျေးရောင်းချရမှုနဲ့အလှူငွေ အမေရိကန်ဒေါ်လာ(၁၄,၀၀၀)ကျော်ရရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ကနေဒါ နိုင်ငံမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ .၇၅ သန်း ပေးအပ်သွားမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဧပြီ၁၂ရက်တွင် သြစတြေးလျမဲဘုန်းမြို့မှာ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဖျော်ဖြေပွဲ ကျင်းပမည်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့်မန္တလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းရှိ ပြည်သူလူထုများကို ထောက်ပံ့ကူညီမှုများပေးအပ်

🚩 ⁨⁨⁨⁨၂။ ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းက ဘုတလင်မြို့နယ်ကို ပါရာမော်တာနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်

🚩၃။ NUG EROs NUCC CRPH NLD အစရှိတဲ့ အဖွဲ့အစည်းများအားလုံး ယခင်ထက်ပိုမို စုစည်းညီညွတ်ကြဖို့ အထူးလိုအပ်နေတယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းထောက်ပြ

🚩၄။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ()ထံသို့ မြန်မာငွေ သိန်းတစ်ထောင်ကျပ်MFDMCထောက်ပို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၁။ စစ်ကိုင်းမြို့နယ်ငလျင်ဘေးသင့်ဒေသများသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ သွားရောက်၍ ရေသန့်စက်နှင့်အခြားထောက်ပံ့ရေးပစ္စည်းများ ကူညီ


ဧပြီ၇ရက်


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးဦးဆောင်သော ဒေသခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်‌သောအဖွဲ့သည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒါဏ်ခံစားခဲ့ရသော ဒေသများသို့ ဧပြီ၃ ရက်နေ့မှ ၅ရက်နေ့အထိ သွားရောက်၍ ရေသန့်စက်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ (ကာလတန်ဖိုးသိန်းတစ်ရာကျပ်တိတိ)အား စစ်ကိုင်းမြို့နယ် ငလျင်ဘေးကယ်ဆယ်ကူညီရေးကော်မတီသို့ ကူညီထောက်ပံ့ခဲ့ပါတယ်။

ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်အတွင်း ငလျင်ဒါဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဘာသာရေးအဆောက်အဦးများ၊ ပြည်သူလူထုနေအိမ်များ၊ ပြုပြင်ဆောင်ရွက်နေသော လမ်းတံတားအခြေအနေများနှင့် ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသအတွင်းတော်လှန်ရေးအဖွဲ့များ၊ PDFတပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များအား တွေ့ဆုံအားပေး စကားများပြောကြားခဲ့ပါတယ်။ 

၂၀၂၅ခုနှစ်၊ မတ်လ၊ (၂၈)ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ကီလိုမီတာအကွာ၌  အင်အား .၇ပမာဏရှိ ငလျင်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင် သေဆုံးသူ ၄၇ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၅ဦး၊ ပြိုကျပျက်စီးနေအိမ်ပေါင်း ၁၇၇၉လုံး၊ (စာသင်ကျောင်း၊ဆေးပေးခန်း၊ သာသနိကအဆောက်အဦး ပေါင်း ၃၈၇ခု) ဆုံရှုံးထိခိုက်ခဲ့ရပြီး စစ်ကိုင်းမြို့အတွင်းတွင် အဆောက်အဦး ၈၀ရာခိုင်းနှုန်းကျော် ပျက်စီးခဲ့ကာ သေဆုံးသူ ၆၁၁ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၀၀ကျော်ရှိကြောင်း ကနဦးကောက်ယူထားသော စစ်တမ်းများအရသိရှိရပါတယ်။ 

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် အနေဖြင့် ငလျင်လှုပ်ခတ်ပြီးသည့်နေ့မှ စတင်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် အတွင်းရှိ မြို့နယ်များသို့  ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် ချိတ်ဆက်ကူညီထောက်ပံ့လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကော်နယ်နဲ့ ကိုထိန်လင်းတို့တွေ့ဆုံခဲ့


ဧပြီ၇ရက်


အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကော်နယ်နဲ့ကိုထိန်လင်းတို့တွေ့ဆုံခဲ့တယ်လို့ Mitch McConnell က အသိပေးဆိုထားပါတယ်။

"မြန်မာ့ဒီမိုကရေစီရေး အကြောင်းနဲ့ဒေါ်အောင်ဆန်းစုကြည်ကို မတရားချုပ်နှောင်ထားမှုတွေအကြောင်း ဆွေးနွေးဖို့ Kim Aris နဲ့ တွေ့ခွင့်ရတာ ဝမ်းသာပါတယ်။ စကစရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး မစ္စတာအဲရစ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူလူထုအပေါ် စစ်ပွဲတွေ အဆုံးသတ်ဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်"လို့ ဆိုထားပါတယ်။

ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာက အပြောတွေလျှော့ပြီး လက်တွေ့ အရေးယူဖို့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ခ်ျ မက်ကော်နယ်က တိုက်တွန်းဖူးပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းနဲ့ အမေရိကန်ရောက်မြန်မာအင်အားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၂၀,၅၃၉) ရရှိခဲ့


ဧပြီ၇ရက်


ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းနဲ့ အမေရိကန်ရောက်မြန်မာအင်အားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၀,၅၃၉ ရရှိခဲ့တယ်လို့ ကိုထိန်လင်းက အသိပေးဆိုပါတယ်။

"ဝါရှင်တန်ဒီစီက မီတင်တွေပြီးတော့ ဧပြီ ()ရက်နေ့မှာ Los Angeles ဘက်မှာရှိတဲ့ မြန်မာနွယ်ဖွား မိသားစုများနဲ့ တွေ့ဆုံဖို့ ထွက်လာခဲ့တယ်။ ဧပြီ()ရက်ကတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ငလျင်ဘေးဒဏ် အပါအဝင် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကျွန်တော့်ရဲ့ Aid to Burma ကနေ အကူအညီလိုအပ်နေတဲ့ ဒေသတွေအတွက် လုပ်ဆောင်ပေးနေမှုတွေနဲ့ Project တွေအကြောင်း ပြောပြခဲ့ပါတယ်။ မြန်မာပြည်ကလူတွေကို မနားတမ်းကူညီနေတဲ့သူတို့ရဲ့စိတ်ကလဲ လေးစားဖို့ သိပ်ကောင်းတယ်။မေမေနဲ့ ကျွန်တော့်ပုံတူပန်းချိီကား၊ မေမေ့ပန်းချီကား၊ ပုလဲလော့ကတ်နဲ့ မေမေ့ ၈၀နှစ်ပြည့် မွေးနေ့အမှတ်တရပြက္ခဒိန်တို့ကို လေလံဆွဲခဲ့ပါတယ်"လို့ဆိုပါတယ်။

ဒီတွေ့ဆုံပွဲကနေ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၀,၅၃၉ ရရှိခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော့်ရဲ့ LA ခရီးစဉ်အတွက် နွေးထွေးစွာ လာရောက်ကြိုဆိုပေးတဲ့ မြန်မာနွယ်ဖွား မိသားစုများနဲ့ ဒီပွဲကို လူဦးရေ ၇၀၀ နီးပါး လာရောက်ပေးတဲ့ LA မှ မိသားစုများကို အထူးကျေးဇူးတင်ရှိပါတယ်"လို့ ကိုထိန်လင်းကဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ Golden Dream for Golden Land ပန်းချီကားကို USD 3000 နဲ့ လေလံအောင်မြင်


ဧပြီ၇ရက်


သရုပ်ဆောင်မင်းမော်ကွန်းရဲ့ Golden Dream for Golden Land ပန်းချီကားကို USD 3000 နဲ့ လေလံအောင်မြင်သွားတယ်လို့ အသိပေးဆိုထားပါတယ်။

"ကျနော့်ရဲ့ Golden Dream for Golden Land ပန်းချီကားကို USD 3000 နဲ့ လေလံအောင်မြင်သွားပြီ ဖြစ်တဲ့အကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာပါရစေ။ဒီလေလံနဲ့အတူ အပြင်ကနေ သီးခြား ထည့်ဝင်ကြတဲ့ ပမာဏကိုလည်း ဆက်လက်ကြေညာသွားပါ့မယ်။ ပါဝင်အားပေးကြတဲ့ မိဘပြည်သူတယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်"လို့သရုပ်ဆောင်မင်းမော်ကွန်းကဆိုထားပါတယ်။

လေလံပိတ်တဲ့နေ့မှာ ရရှိသမျှ ရန်ပုံငွေနဲ့အတူ အခြားသီးသန့်အလှူထည့်ဝင်ကြသမျှကိုပါ ပေါင်းထည့်ပြီး ငလျင်ဘေးဒဏ်သင့် မိဘပြည်သူတွေဆီ အရောက်ပို့ဆောင် လှူဒါန်းသွားမှာလည်းဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်ဆန်ဖန်ဗေးဧရိယာနွေဦးလက်ဖက်ရည်ဝိုင်းမှ စျေးရောင်းချရမှုနဲ့အလှူငွေ အမေရိကန်ဒေါ်လာ(၁၄,၀၀၀)ကျော်ရရှိ


ဧပြီ၇ရက်


အမေရိကန်ဆန်ဖန်ဗေးဧရိယာနွေဦးလက်ဖက်ရည်ဝိုင်းမှ စျေးရောင်းချရမှုနဲ့အလှူငွေ အမေရိကန်ဒေါ်လာ၁၄၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဧပြီ၇ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းတာဝန်ခံတဦးက ပြောပါတယ်။

"စစ်အာဏာရှင်တွေဟာ . စစ်ကိုင်းငလျင်ဘေးသင့် ပြည်သူတွေကို ကာကွယ်စောင့်ရှောက် ကယ်တင်ဖို့ ဘာမှ မလုပ်ခဲ့ဘူး။ အာဏာမဆုံးရှုံးရေးကို ဖက်တွယ်ပြီး စစ်တိုက် ဗုံးကြဲ ဆက်လုပ်နေခဲ့တယ်။ နေပြည်တော်က သူတို့ဘက်တော်သား ဝန်ထမ်းတွေ မိသားစုတွေကိုတောင်မှ ပစ်ပယ်ထားခဲ့တယ်။ သည်အာဏာရှင်အမြစ်ပြတ်မှသာ မြန်မာပြည်ကြီး ချက်ခြင်း ရှင်သန်ထမြောက်မှာ ဖြစ်တယ်"လို့ပြောကြားခဲ့ပါတယ်။

အမေရိကန်ဆန်ဖန်ဗေးဧရိယာနွေဦးလက်ဖက်ရည်ဝိုင်းမှ အကြိမ်၄၀မြောက် စျေးရောင်းချရငွေများအား မြန်မာနိုင်ငံရှိလိုအပ်သောနေရာများသို့ ပြန်လည်ထောက်ပို့ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ကနေဒါ နိုင်ငံမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ .၇၅ သန်း ပေးအပ်သွားမည်


ဧပြီ၇ရက်


မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ကနေဒါ နိုင်ငံမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ .၇၅ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံ အဆောက်အဦများကို ဖျက်ဆီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကို တုံ့ပြန်သည့် အနေဖြင့် ကနေဒါနိုင်ငံက  လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ .၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါသံရုံးရန်ကုန်ကအသိပေးကြေညာပါတယ်။ 

အဆိုပါ ထောက်ပံ့ငွေများကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နှင့် အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့တွင် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ဧပြီ၁၂ရက်တွင် သြစတြေးလျမဲဘုန်းမြို့မှာ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဖျော်ဖြေပွဲ ကျင်းပမည်


ဧပြီ၇ရက်


ဧပြီ၁၂ရက်တွင် သြစတြေးလျမဲဘုန်းမြို့မှာအဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဖျော်ဖြေပွဲ ကျင်းပမယ်လို့ အသိပေးဆိုပါတယ်။


"လာမယ့် စနေနေ့ညနေ April 12 မှာသြစတြေးလျ Melbourne က ပြည်သူပရိသတ်များနဲ့ ဆုံမှာမို့ စကားချီးလေးတွေ ကြိုပါးပါရစေ။Melbourne ကလည်း ဖြူဖြူ့ရဲ့ထောက်ပို့ World Tour 2025 မှာ ပါဝင်ကမ်းလှမ်းထားတဲ့ မြို့တစ်မြို့၊ ပွဲတစ်ပွဲဖြစ်လို့ဒီ Tour ရဲ့ အဓိက Theme နဲ့ပဲ သွားမှာပါ။ ရှေ့ကလုပ်သွားတဲ့ ပွဲတွေကနေလည်း Feedback တွေရထားပြီး ဖြစ်မယ်ထင်ပါတယ်နော်။ ပွဲတစ်ပွဲအတွက် အင်မတန်အရေးကြီးတဲ့ သီချင်း list ကလည်း ဒီ theme နဲ့ပဲ တည်ဆောက်ထားပါတယ်။ ဘာလို့ အဲ့လို တည်ဆောက်လို့ရသလဲဆိုတော့ဖြူဖြူ့မှာ အဲ့လိုလုပ်လို့ရတဲ့ repertoire နဲ့ story အရင်တည်းကရှိလို့ပါ။ ခုမှ ဖုတ်ဖက်ခါ ပြည်သူဘက်က ရပ်တည်တာမဟုတ်လို့ပါ။ ဆိုတော့ကာပွဲလို့ဆိုပေမယ့် ပျော်ပါးကခုန်ရမှာတော့မဟုတ်ပါလို့ ကြိုပြီး disclaimer လုပ်ထားပါရစေ"လို့ဆိုထားပါတယ်။ပွဲရဲ့ အကျိုးအမြတ်တွေက မူလ ပထမ အဓိက focus ထားတဲ့ နေရာတွေကိုပဲ စီးဆင်းမယ်လို့လည်းအသိပေးဆိုထားပါတယ်။

"လတ်တလော ငလျင်ဘေးအတွက် ပါဝင်ကူညီလိုသူများအတွက် Sydney မှာလိုပဲ Interval မှာ Charity Auctions လေးရှိပါမယ်။ အဲ့ဒီက ရတဲ့ ငွေအားလုံးကတော့ ငလျင်ဘေးအတွက် ကူဖို့ 100% စီးဆင်းပါမယ်"လို့အဆိုတော်ဖြူဖြူကျော်သိန်းကဆိုပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့်မန္တလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းရှိ ပြည်သူလူထုများကို ထောက်ပံ့ကူညီမှုများပေးအပ်


ဧပြီ၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့်မန္တလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းရှိ ပြည်သူလူထုများကို ထောက်ပံ့ကူညီမှုများပေးအပ်ထားတယ်လို့ ကနဦးသတင်းများအရသိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင်ဘေးသင့်မြို့နယ်များအား ရန်ပုံငွေထောက်ပံ့ထားရှိမှု အခြေအနေဆောင်ရွက်ချက်များကို ထုတ်ပြန်ရာမှာ မြို့နယ်ပေါင်း၂၄မြို့နယ်ကို ထောက်ပံ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ငွေကြေးအနေဖြင့် ကျပ်သိန်းပေါင်း (တစ်သောင်းနှစ်ထောင်နှစ်သောင်းခြောက်ထောင်ကျပ် / ,၂၀၀,၀၂၆,၀၀၀ )ကျပ်ဖြစ်ကြောင်း သိရပြီး မန္တလေး၊စစ်ကိုင်းနဲ့ ပဲခူးတိုင်းတို့ကို အများဆုံးထောက်ပံ့မှု လွှမ်းခြုံခဲ့တယ်လို့သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာတော့ NUG စိုးမိုးကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ သေဆုံးသူများနှင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် လူသားချင်းစာနာမှုအကူညီအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် ဝန်ကြီးဌာနကိုယ်စား မြို့နယ်ပအဖနှင့် နယ်လူသားစာနာ တာဝန်ခံတို့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ⁨⁨⁨⁨၂။ ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းက ဘုတလင်မြို့နယ်ကို ပါရာမော်တာနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်


ဧပြီ၇ရက်


ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းက ဘုတလင်မြို့နယ်ကို ပါရာမော်တာနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဧပြီ၆ရက်ညနေပိုင်း ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းက ဘုတလင်မြို့နယ်ကို ပါရာမော်တာနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ပါတယ်။ စစ်ကောင်စီဟာအပစ်အခတ်ရပ်စဲတယ်လို့ ကြေညာအပြီး()ရက်မြောက်အထိ စစ်ကိုင်းတိုင်းထဲကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩၃။ NUG EROs NUCC CRPH NLD အစရှိတဲ့ အဖွဲ့အစည်းများအားလုံး ယခင်ထက်ပိုမို စုစည်းညီညွတ်ကြဖို့ အထူးလိုအပ်နေတယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းထောက်ပြ


ဧပြီ၇ရက်


NUG EROs NUCC CRPH NLD အစရှိတဲ့ အဖွဲ့အစည်းများအားလုံး ယခင်ထက်ပိုမို စုစည်းညီညွတ်ကြဖို့ အထူးလိုအပ်နေတယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းမှ နွေဦးတော်လှန်ရေးပြည်သူများကိုယ်စား ထောက်ပြပြောကြားလိုက်ပါတယ်။

"တော်လှန်ရေးအင်အားစုများအကြား သွေးစည်းညီညွတ်ရေးဟာ ဒီတော်လှန်ရေး အမြန်အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးသော ပြဒါးတိုင် တခုပါပဲ။ NUG EROs NUCC CRPH NLD အစရှိတဲ့ အဖွဲ့အစည်းများအားလုံး ယခင်ထက်ပိုမို စုစည်းညီညွတ်ကြဖို့ အထူးလိုအပ်နေပါပြီ။ နွားကွဲရင် ကျားဆွဲမှာ အသေအချာပါပဲ။တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG ယခုထက်ပိုပြီး ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါပြီ။ ပြင်ဆင်ပြောင်းလဲမှုတွေကို အချိန်မနှောင်းမီ အပြီးလုပ်နိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ ဖြစ်ထွန်းတိုးတက်မှုများနဲ့ လိုက်လျောညီထွေစွာ NUG အစိုးရအနေနဲ့ မိမိရဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးအစရှိတဲ့ ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်"လို့ ဒေါက်တာတေဇာဆန်းကပြောကြားထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူမှတပါး အခြားမရှိဘဲ ကိုယ်တိုင်ရုန်းမှသာလျှင် ရွေ့လိမ့်မယ်လို့ ဒေါက်တာတေဇာဆန်းကပြောထားပါတယ်။


========================


🚩🚩၄။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ()ထံသို့ မြန်မာငွေ သိန်းတစ်ထောင်ကျပ်MFDMCထောက်ပို့


ဧပြီ၇ရက်


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ()ထံသို့ မြန်မာငွေ သိန်းတစ်ထောင်ကျပ် MFDMCမှ ထောက်ပို့ပေးအပ်ခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ()ထံသို့ မြန်မာငွေ သိန်းတစ်ထောင်ကျပ်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်-MFDMCထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများထဲမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ()ထံသို့ မြန်မာငွေ သိန်းတစ်ထောင်ကျပ်တိတိကို ထောက်ပို့ခဲ့တယ်လို့ဆိုပါတယ်။ပြည်ပမှာရောက်ရှိနေသောထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများပါဝင်ပြီး MFDMC ၏မူဝါဒအတိုင်း NUGကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment