8th Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကရင်အမျိုးသမီးအစည်းအရုံး၏ နှစ် ၄၀နှစ်ပြည့်အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာငလျင်ဘေးအတွက် လူသားချင်းစာနာအကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် United Bonds France မှာ ဆုမဲလက်မှတ်များဝယ်ယူနိုင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်အုပ်ရဲ့ရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ ထွက်ပေါက်လို့ ပြောနေတဲ့ သူတွေဟာစစ်အာဏာ၊ စစ်ကျွန်ပြုမှုနဲ့ ပြည်သူကို ဆက်ပြီး ညှင်းပန်းဖိနှိပ်အုပ်ချုပ်မှုကို အားပေးနေသူများသာ ဖြစ်တယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာပြည်မှပြန်လာတဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့ကို မလေးရှားနိုင်ငံရောက်မြန်မာများ သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၈၁) ဦး ရှိခဲ့ပြီဖြစ်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက်

🚩၂။ ချင်းပြည်၊ ဟားခါးမြို့က စကစ ရဲတပ်သားတစ်ဦး CDF-Hakha ထံအလင်းဝင်၍ ဆုကြေးများရရှိ

🚩၃။ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ အကြီးအကျယ်ဖြစ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကရင်အမျိုးသမီးအစည်းအရုံး၏ နှစ် ၄၀နှစ်ပြည့်အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


 ဧပြီလ ၈ရက်


ကရင်အမျိုးသမီးအစည်းအရုံး၏ နှစ် ၄၀နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သဝဏ်လွှာတွင် ဖော်ပြချက်အရ ကရင်အမျိုးသမီးအစည်းအရုံးတည်ထောင်ခြင်း နှစ် ၄၀ ပြည့်အခမ်းအနားအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပထမဖော်ပြအပ်တယ်လို့ဆိုပါတယ်။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အခြေခံအုတ်မြစ်နှင့် မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို မြှင့်တင်ခြင်း၊ ကျင့်သုံးခြင်းဖြစ်သည့်အလျောက် အစည်းအရုံးနှင့်မိတ်ဘက်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားရန် ကတိပြုပြီး အစည်းအရုံး၏ စဉ်ဆက်မပြတ်သော ဦးဆောင်မှုနှင့် မြန်မာပြည်သူပြည်သားတို့၏ အကျိုးစီးပွါးအတွက် ပါဝင်ဆောင်ရွက်မှုတို့ကိုလည်း မျှော်လင့်လျှက်ရှိတယ်လို့ဖော်ပြပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး၏ နှစ် (၄၀) ခရီးလမ်းတလျှောက် သူမတူပါဝင်ဆောင်ရွက်မှု၊ ထိရောက်လေးနက်မှု၊ ရင်ဆိုင်ဖြတ်သန်းခဲ့မှုနှင့် အောင်မြင်မှုအစုစုတို့အား ဝန်ကြီးဌာနမှ ဂုဏ်ပြုအပ်ပါကြောင်း လေးစားစွာ သဝဏ်လွှာပေးပို့အပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာငလျင်ဘေးအတွက် လူသားချင်းစာနာအကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် United Bonds France မှာ ဆုမဲလက်မှတ်များဝယ်ယူနိုင်


ဧပြီ၈လ ၈ရက်


မြန်မာငလျင်ဘေးအတွက် လူသားချင်းစာနာအကူအညီများ အရေးပေါ်လိုအပ်နေတဲ့နေရာများကို အမြန်ကူညီပံ့ပိုးပေးနိုင်ရေးအတွက် United Bonds France မှာ ဆုမဲလက်မှတ်များဝယ်ယူနိုင်တယ်လို့ သိရပါတယ်။"ရတဲ့ဘက်တွန်းကြပါမယ်။ မဲတစ်မဲမှ ယူရို ၂၀ နော်။ ကူရှယ်ကူမျှပေးကြရအောင်နော်"လို့ပြင်သစ်နိုင်ငံNUGကိုယ်စားလှယ် မနန်းဆုမွန်အောင်က အသိပေးဆိုထားပါတယ်။

ရရှိသမျှရန်ပုံငွေများကို မြေပြင်တွင်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ (ဆေးဝါးများ၊ ဒဏ်ရာရသူများအတွက် စောင့်ရှောက်မှုနဲ့ နေရပ်စွန့်ခွာရသူများ) ထံ အရောက်ပေးပို့သွားမှာ ဖြစ်ပါတယ်။၂၇ ရက်နေ့ပါရီမှာ CBF ကကျင်းပမယ့် ရန်ပုံငွေစျေးရောင်းပွဲမှာ ဆုမဲများကို ဖောက်ပေးမှာပါဖြစ်ပါတယ်။

မဲတစ်မဲ ၂၀ဖြစ်ပြီး ပေါက်မဲ ဆု ဆုပါဝင်မှာဖြစ်ကာ ပါရီမြို့ရှိ နာမည်ကြီးအနုပညာတက္ကသိုလ် École des Beaux-Arts တွင် ကျောက်သားပါ်မှာ ပန်းချီရေးဆွဲပြီးမှ အက်စစ် ဖရီး စက္ကူပေါ်မှာ လက်ဖြင့်ပုံနှိပ်ထားသော ကိုအောင်ကို ရိုးရာကျောက်သားပုံနှိပ်အနုပညာလက်ရာ။ ပုံအရေအတွက် ၃၀ သာ ပုံနှိပ်ခဲ့ပြီး ပုံနှိပ်ရာတွင် အသုံးပြုသည့် ကျောက်တုံးကို ဖျက်ဆီးလိုက်သည့်အတွက် နောက်ထပ် ထပ်မံပုံနှိပ်မရတော့တဲ့ limited edition သမိုင်းဝင်ပန်းချီကားတချပ်အနေနဲ့ကျန်ရှိနေမှာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်အုပ်ရဲ့ရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ ထွက်ပေါက်လို့ ပြောနေတဲ့ သူတွေဟာစစ်အာဏာ၊ စစ်ကျွန်ပြုမှုနဲ့ ပြည်သူကို ဆက်ပြီး ညှင်းပန်းဖိနှိပ်အုပ်ချုပ်မှုကို အားပေးနေသူများသာ ဖြစ်တယ်လို့ဆို


ဧပြီလ ၈ရက်


စစ်အုပ်ရဲ့ရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ ထွက်ပေါက်လို့ ပြောနေတဲ့ သူတွေဟာစစ်အာဏာ၊ စစ်ကျွန်ပြုမှုနဲ့ ပြည်သူကို ဆက်ပြီး ညှင်းပန်းဖိနှိပ်အုပ်ချုပ်မှုကို အားပေးနေသူများသာ ဖြစ်တယ်လို့ချက်သမ္မတနိုင်ငံ NUGကိုယ်စားလှယ် ဦးလင်းသန့်ကဆိုထားပါတယ်။

"စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်ရေးဆွဲထားပြီး စစ်တပ်ကိုယ်တိုင် အာဏာသိမ်းဖို့ ချိုးဖောက်ကာ စစ်အာဏာ တည်မြဲအောင်လုပ်ထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို ပြန်အသက်သွင်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို စစ်ကျွန်ပြုဖို့ လုပ်ဆောင်ခြင်းသာဖြစ်တယ်။ စစ်တပ်မကြိုက်တဲ့ ရွေးကောက်ပွဲ ရလာဒ်ဖြစ်တိုင်း အာဏာသိမ်းတတ်တဲ့ စစ်တပ်ရဲ့ စစ်ကျွန်ပြုဆက်ပြုရေး ကြိုးစားချက်အဖြစ် အမည်ခံ အတု အယောင်ရွေးကောက်ပွဲသာဖြစ်တယ်။ရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ ထွက်ပေါက်လို့ ပြောနေတဲ့ သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အာဏာ၊ စစ်ကျွန်ပြုမှုနဲ့ ပြည်သူကို ဆက်ပြီး ညှင်းပန်းဖိနှိပ်အုပ်ချုပ်မှုကို အားပေးနေသူများသာ ဖြစ်တယ်"လို့ဆိုထားပါတယ်။ဒါ့အပြင် စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့ ညီညွတ်ရေး အားနဲ့ဆန့်ကျင်ကြဖို့လည်းဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာပြည်မှပြန်လာတဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့ကို မလေးရှားနိုင်ငံရောက်မြန်မာများ သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့


ဧပြီလ ၈ရက်


မြန်မာပြည်မှပြန်လာတဲ့မလေးရှားကယ်ဆယ်ရေးအဖွဲ့ကို မလေးရှားနိုင်ငံရောက်မြန်မာများ သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

မတ်လ၂၈ရက် မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေငလျင်လှုတ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ပျောက်ဆုံးသူများကို ရှာဖွေကယ်ဆယ်ရန် မလေးရှားကယ်ဆယ်ရေးအဖွဲ့ SMART အဖွဲ့ဟာမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။မတ်လ၃၀ရက်မှဧပြီ၆ရက်နေ့မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ခဲ့ပြီး ဧပြီ၇ရက်နေ့မှာ မလေးရှားကယ်ဆယ်ရေးအဖွဲ့ SMARTဟာ မလေးရှားနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ခံနေရသော ပြည်သူလူထုကိုရှာဖွေကယ်ဆယ်ရေးအပိုင်းတွင် အဓိကသွားရောက်ကူညီပေးကြသည့် မလေးရှားကယ်ဆယ်ရေးအဖွဲ့ SMART အဖွဲ့ကို မလေးရှားရောက်မြန်မာနိုင်ငံသားများမှ SMART ရုံးချုပ်ရှေ့တွင် စောင့်ကြိုကာ တိုင်းရင်းသားရိုးရာပစ္စည်းများနှင့် ပန်းစည်းများကို  ဂုဏ်ပြုလက်ဆောင်များအဖြစ် ပေးအပ်ချီးမြှင့်ကာ ရင်းနှီးဖော်ရွေစွာ ကျေးဇူးတင်စကားများလည်း အပြန်အလှန် ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၈၁) ဦး ရှိခဲ့ပြီဖြစ်


 ဧပြီလ ၈၇က်


 ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၅ ခုနှစ်၊ဧပြီလ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (,၄၈၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့  AAPPက အသိပေးဖော်ပြပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈,၉၉၄) ဦးရှိပြီး ထိုအထဲမှ (၂၂,၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၇၄၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက်


 ဧပြီလ ၈၇က်


စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီးတွင် ရှိသည့် အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များနှင့် ABSDF ကျောင်းသားတပ်က နီးပါးကြာတိုက်ခိုက်ပြီးနောက် ဧပြီ ရက်နေ့ ညဦးပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု Myanmar Now သတင်းဌာန၏ဖေါ်ပြချက်အရ သိရသည်။

ဧပြီ ၇၊ နာရီခန့်တွင် အင်းတော်မြို့တွင် တစ်ခုတည်း ကျန်ရစ်သည့် စစ်ကောင်စီတပ်၏ ဂျပန်လှိုဏ်ဂူကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောဆိုထားတယ်လို့ ထုတ်ပြန်ထားပါသည်။

အခုည သိမ်းနိုင်တာ ဟုတ်တယ်၊ စစ်သုံ့ပန်းတွေအများကြီးမိတယ်ပေါ့နော် သူတို့တွေ လက်နက်ချ အညံ့ခံတယ်။ ပြီးရင် ဒီနေ့တစ်ရက်လုံးကတော့ လေယာဉ်တွေနဲ့ ကြဲနေတာပေါ့နော်၊ နှစ်ဖက်အကျအဆုံးကတော့ ရှိတာပေါ့ဟု အဆိုပါ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံး စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှင့် Y 12 အမျိုးအစား လေယာဉ်များဖြင့် တစ်နေကုန်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတချို့ထံက သိရပါသည်။

ဧပြီ ရက်နေ့တွင် အင်းတော်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်၏ ဂျပန်လှိုဏ်ဂူကုန်းမှစစ်တပ်က စခန်းအပြင်ထွက်ပြီး စစ်ကြောင်းထိုးလာသည်ကို တော်လှန်ရေးပူပေါင်းတပ်များက လိုက်လံတိုက်ခိုက်ရာမှ အဆိုပါစစ်ကြောင်းကို ချေမှုန်းနိုင်သလို စခန်းကုန်းတစ်ခုလုံးကိုပါ ဆက်လက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

သူတို့က စစ်ကြောင်းထိုးလာတဲ့အခါမှာ တိုက်ရင်းနဲ့ ဟိုဆုတ် ဒီဆုတ်နဲ့ ကိုယ့်ဘက်က တိုက်ရင်းနဲ့မှ မြို့မဘုန်းကြီးကျောင်းတို့၊ လျှောင်းတော်မူဘုရားကုန်းတို့ရတာပေါ့နော်၊ ရပြီးမှ နောက်တစ်ကုန်းက ဂျပန်လှိုဏ်ဂူကုန်းကို ရတာပေါ့ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဂျပန်လှိုဏ်ဂူကုန်းမှာ အင်းတော်မြို့၏ အရှေ့ဘက် တစ်ဆက်တည်းတွင်ရှိပြီး အရှေ့အနောက် သွယ်တန်းနေသည့် တောင်ကုန်းတစ်ခုဖြစ်ကာ အင်းတော်မြို့နှင့် ရွှေဘို-မြစ်ကြီးနားလမ်းကို ဗျူဟာအရ စိုးမိုးထားနိုင်သည့် ကုန်းတစ်ခုဖြစ်သည်။

အဆိိုပါ တောင်ကုန်းပေါ်တွင် စစ်ကောင်စီကုန်းအပြင် ဘုန်းကြီးကျောင်းနှင့် အခြား သာသနိကအဆောက်အအုံများရှိသည့် ကုန်းအချို့ရှိနေကြသည်။

အင်းတော်မြို့ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်လနီးပါးခန့်အကြာတွင် မြို့ပေါ်ရပ်ကွက်အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ဂျပန်လှိုဏ်ဂူကုန်းစခန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ချအညံ့ခံလာသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိထားပြီး အရေအတွက် အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါစခန်းကို ABSDF, စစ်ကိုင်းအထူးတပ်ရင်း() SR-1 နှင့် NUG အစိုးရ၏ အမှတ်() စစ်ဒေသလက်အောက်ခံတပ်များ ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဝင်ပေါက်တစ်ခုဖြစ်သည့် နန့်စီးအောင်မြို့နှင့် ၂၇ မိုင်ခန့်သာ ဝေးပြီး ဗျူဟာအရ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် အင်းတော်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်က အပြင်းအထန် ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရသည်။

အင်းတော်မြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မော်လူးမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလတွင် ABSDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

အာဏာသိမ်းအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးပူးပေါင်းတပ်များက KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်ပူးပေါင်းပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြသည်။

မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့တို့ကို MDY-PDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသလို စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပတ်၊ ရွှေပြည်အေး၊ ပင်လည်ဘူး စသည့် မြို့များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တပ်များက သိမ်းပိုက်ထားသည်။


========================


🚩🚩၂။ ချင်းပြည်၊ ဟားခါးမြို့က စကစ ရဲတပ်သားတစ်ဦး CDF-Hakha ထံအလင်းဝင်၍ ဆုကြေးများရရှိ


 ဧပြီလ ၈၇က်


ချင်းပြည်၊ ဟားခါးမြို့က စကစ ရဲတပ်သားတစ်ဦး CDF-Hakha ထံအလင်းဝင်၍ ဆုကြေးများရရှိခဲ့ပါတယ်။


ဧပြီလ ၆ရက်နေ့တွင် Chinland Defense Force - Hakha ထံသို့ လက်နက်နဲ့ကျည်များယူဆောင်ကာ အလင်းဝင်လာခဲ့တာလို့သိရပါတယ်။


အလင်းဝင်လာသူရဲတပ်သား မောင်သန့်ဇင်ဖြိုး တွင် BA 63(G3)အမျိုးစား သေနတ်တလက် ကျည် (၁၄၇) ခု နှင့် ကျည်ဘောက် ()ခု ယူဆောင်လာခဲ့ပါတယ်။


၄င်းအား Chinland Defense Force - Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


========================


🚩🚩၃။ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ အကြီးအကျယ်ဖြစ်နေ


 ဧပြီလ ၈၇က်


ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်နေပြီး မဲပေါက်သူများက စစ်မှုမထမ်းလိုလျှင်သော်လည်းကောင်း၊ ရွှေ့ဆိုင်းလိုလျှင်သော်လည်းကောင်း ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရကြောင်း ငွေကြေးပေးဆောင်ခဲ့ရသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနမှာဖေါ်ပြထာပါတယ်။ဧပြီလ ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ် အမှတ် ၁၁ ရပ်ကွက်တွင် စစ်တပ်က ခန့်အပ်ထားသော ရပ်ကွက် အုပ် ချုပ် ရေး အဖွဲ့က လူငယ်များကို တစ်အိမ်တက်ဆင်း လိုက်လံ မဲနှိုက်ခိုင်းခြင်းဖြစ်ကြောင်း၊ ထိုသို့ မဲနှိုက်ခိုင်းစဉ် မဲပေါက်သည့် လူငယ်များကို စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရပြီး မဲမပေါက်သည့် လူငယ်များကို တစ်ဦးလျှင် ငွေကျပ် သောင်း တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းရန် မဲပေါက်သူများနှင့် မဲမပေါက်သည့်  လူငယ်များထံမှ  ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့က ပိုက်ဆံ တိုက်ရိုက် တောင်းယူခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်များစေလွှတ်၍ ပိုက်ဆံများ  လိုက်လံ ကောက်ခံခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

"အခုက သူတို့ အုပ်ချုပ်ရေးမှူး မပါဘဲ ရပ်မိရပ်ဖ ၁၀ ဦးအဖွဲ့ နဲ့လာတာ အရှေ့ဒဂုံ ၁၁ ရပ်ကွက်မှာပါ။ ဦး မဲပေါက် သွားတယ်လို့သိရတယ်။ တစ်ယောက်က တပင်ရွှေထီး လမ်းက နောက်တစ်ယောက်က ဧရာဝတီလမ်းက လို့ သိရတယ်။ မဲပေါက်လို့ စစ်ထဲ မလိုက်ချင်ရင် ဦးကို ၁၅ သိန်းပေးရတယ်။ မဲမပေါက်တဲ့ အိမ်တွေက သောင်းပေးရတယ်။ ပိုက်ဆံ လိုက်ကောက်တော့ သူတို့မလာဘဲနဲ့လမ်းမှူး မိန်းမတွေကို လိုက်ကောက်ခိုင်းတယ်။ ရပ်မိရပ်ဖ အဖွဲ့ဆိုပြီးတော့လေ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် သာကေတမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အကြုံးဝင်သော လူငယ်များကို အမည်စာရင်း တင်သွင်းရန် ဆင့်ခေါ်စာများ ပေးပို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ သာကေတမြို့နယ် အတွင်းရှိ စစ်မှုထမ်းရန် လူငယ်များ၏ အမည်စာရင်းကို တောင်းခံထားခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိုက်လံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ရက်နေ့က စတင်ကာ ဘားအံမြို့ပေါ်ရှိ အမှတ် ရပ်ကွက်တွင် ရဲပြုတ် အုပ်ချုပ်ရေးမှူး စိုးမြင့် ဦး ဆောင်ကာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

"ဘားအံမြို့ပေါ် ရပ်ကွက် ခု ရှိပါတယ်။ အခု ဧပြီလ ရက်နေ့က စပြီး ဘားအံမြို့ အမှတ် ရပ်ကွက်မှာစပြီး မဲနှိုက်နေပါတယ်။ ပြေးရင် အိမ်ကို ချိတ်ပိတ်မယ်။ ထောင် နှစ်ချမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အမှတ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စိုးမြင့် ဦးဆောင်ပြီး လုပ်နေတာ ဘားအံမှာ သူပဲ အဓိက စလုပ်တာပါ။ အုပ်ကြီးက မဘသ အမာခံပါ။ မဲနှိုက်တဲ့နေရာမှာ မျှတမှုမရှိပါဘူး။ အုပ်ကြီး၊ ရာအိမ်မှူးတွေနဲ့ မတည့်တဲ့ သူတွေ ကိုသာ လူရွေးပြီး နှိုက်ခိုင်းပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။



အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment