၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဧပြီလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ကဏ္ဍအသီးသီးအတွက် ကျပ်သန်း ၂ထောင့်၇ရာကျော် ထောက်ပံ့ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်မှုထမ်းစာရင်းသွင်းပြီး စစ်မြေပြင်ကိုစေလွှတ်တာဟာ အမျိုးသမီးတွေရဲ့လုံခြုံရေးနဲ့ အသက်အန္တရယ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ နယူးယောက်မှာကျင်းပတဲ့ တော်လှန်သင်္ကြန်နဲ့ ငလျင်ကယ်ဆယ်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်က ကန်ဒေါ်လာ သောင်းကျော်ရ


========================


၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချန်ဂင်တို့စခန်းလို့လူသိများတဲ့ တော်လှန်ရေးဆေးရုံ ပျက်စီး

🚩 ⁨⁨⁨၂။ စစ်ကိုင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းပျက်ကာ ထွက်ပြေး

🚩၃။ ပခုက္ကူနယ် ညောင်ဂျစ်ပင်ရွာက ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သားတဦး သေဆုံးပြီး တဦးဖမ်းမိ

🚩၄။ ဒေသနေပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်နေတဲ့ မင်းလှနယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ကဏ္ဍအသီးသီးအတွက် ကျပ်သန်း ၂ထောင့်၇ရာကျော် ထောက်ပံ့ခဲ့


 ဧပြီလ၂၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ ကဏ္ဍအသီးသီးအတွက် ကျပ်သန်း ၂ထောင့်၇ရာကျော် ထောက်ပံ့ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့ကကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်း အခြေအနေတွေနဲ့ ရှေ့ဆက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဥ်တွေအ‌ကြောင်း ရှင်းလင်းတင်ပြခဲ့ရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များရဲ့ အခွင့်အရေးကို ကာကွယ်ပေးရန်၊ ၎င်းတို့ရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးရန်နဲ့ ဖက်ဒရယ်တည်ဆောက်ရေးမှာပါဝင်နေမှုကို မြှင့်တင်ရန်ဆိုတဲ့ ရည်ရွယ်ချက် ရပ် ချမှတ်ပြီး ဌာနကြီး ခု ဖွဲ့စည်းထားရှိကာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်နေမှုအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်တွေကို ဥပဒေအရ အကာအကွယ် ပေးခြင်းဆိုင်ရာ ကူညီပေးမှုများ၊ အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလမ်းညွှန်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းနဲ့ တော်လှန်ရေးကာလအတွင်း ပဋိပက္ခဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေမှာ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း စတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ မြေပြင်သပိတ်အဖွဲ့တွေ အမျိုးသမီးအဖွဲ့ တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ နို့တိုက်မိခင်တွေအပါအဝင် အမျိုးသမီးတွေကို မီးဖွားစရိတ်၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့ခြင်း၊ လိင်အကြမ်းဖက်ခံရသူတွေကို ငွေကြေးဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီပေးတာတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းမှာဆိုရင် တိုင်ပင်ဖော်ဆိုတဲ့ Counselling Programme ကို ကျွမ်းကျင်သူ ဆရာ၊ ဆရာမတွေ စေတနာ့ဝန်ထမ်းတွေနဲ့ အကောင်အထည်ဖော်နေတဲ့အပြင် ဌာနအသီးသီးရဲ့ ကူညီထောက်ပံ့ရေးကဏ္ဍ တွေမှာလည်း သက်မွေးပညာရပ်တွေ သင်ကြားမျှဝေပေးတာနဲ့ ငလျင်ဘေးအန္တရာယ်အတွင်း ကလေးတွေအတွက် ကာကွယ်ရေး လမ်းညွှန်ရေးဆွဲနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ စတဲ့အခြေအနေတွေကိုလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးဌာနအနေနဲ့ ဥပဒေရေးရာဆိုင်ရာ အကူအညီများပေးနိုင်ရေးမျှတလမ်းညွှန်” Telegram Channel ကို ကျွမ်းကျင်သူ ရှေ့နေတွေ စေတနာ့ဝန်ထမ်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေသလို စဥ်ဆက်မပြတ် လေ့လာ သင်ကြားခြင်းအစီအစဥ်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေအပါအဝင် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်လို့ အသိပေးထားပါတယ်။

 အဲဒီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ ရေးရာကော်မတီ အဖွဲ့ဝင်တွေ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်မှုထမ်းစာရင်းသွင်းပြီး စစ်မြေပြင်ကိုစေလွှတ်တာဟာ အမျိုးသမီးတွေရဲ့လုံခြုံရေးနဲ့ အသက်အန္တရယ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ပြော


 ဧပြီလ၂၇ရက်


အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းသွင်းပြီး စစ်မြေပြင်ကိုစေလွှတ်တာဟာ သူတို့ရဲ့လုံခြုံရေးနဲ့ အသက်အန္တရယ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND-Burma က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်တွေက အတင်းအကြပ် စစ်မှုထမ်းဖို့ လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ အစီရင်ခံစာအကျဥ်းချုပ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND-Burma က ဒီနေ့ ဧပြီလ ၂၇ ရက်မှာ ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ လူငယ်အမျိုးသားတွေကို အဓမ္မစစ်မှုထမ်းစေယုံသာမက အမျိုးသမီးတွေကိုပါ အတင်းအကြပ် စစ်မှုထမ်းစေဖို့ ကြိုးပမ်းလာတာကြောင့် အခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

အစီရင်ခံစာတွေ့ရှိချက်တွေအရ စစ်အာဏာရှင်တွေက အတင်းအကြပ်ဖမ်းဆီးပြီး ထိန်းသိမ်းထားရှိမှုအောက်မှာ အမျိုးသမီးတွေအနေနဲ့ အန္တရာယ်အကြီးအကျယ်ကြုံတွေ့ နေရပြီး စစ်မြေပြင်မှာတိုက်ခိုက်ဖို့ စေလွှတ်မယ်ဆိုရင် သူတို့လုံခြုံရေးနဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာလို့ အသိပေးထားပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ နယ်မြေဆုံးရှုံးမှုတွေများလာတာနဲ့အတူ စစ်သားတွေ လက်နက်ချ ဘက်ပြောင်းခိုလှုံတာတွေ များနေတာကြောင့် အသက် ၁၈ နှစ်ကနေ  ၂၇ နှစ်ကြားရှိတဲ့ အမျိုးသမီးတွေကို အတင်းအကြပ် စစ်မှုထမ်းစေဖို့ ကြိးပမ်း လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND-Burma အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုခဲ့ပြီး အမျိုးသမီးတွေ စစ်မှုထမ်းစာရင်း မှာ အကျုံးမဝင်ဘူးလို့ စစ်အာဏာရှင်တွေက ပြောဆိုထားပေမယ့် အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်တာတွေ အခုနှစ်အစောပိုင်းမှာ စတင်လုပ်ဆောင်လာတဲ့အတွက် မိသားစုဝင်တွေကြား စိုးရိမ်ပူပင်သောကရောက်ခဲ့ကြသလို အမျိုးသမီးနဲ့ မိန်းမပျိုတွေရဲ့ လုံခြုံရေးနဲ့ အသက်ရှင်သန်ရေးအတွက် ND-Burma အဖွဲ့ဝင်တွေအနေနဲ့ စိုးရိမ်မိတယ်လို့ အသိပေးထားပါတယ်။ 

လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ ND-Burma ကို အမြဲတမ်းအဖွဲ့ဝင် ဖွဲ့ ဆက်စပ်အဖွဲ့ဝင် ဖွဲ့နဲ့ ဖွဲ့စည်းထား တာဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်ကာ ၂၀၀၄ ခုနှစ်ကစပြီး လူအခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုနဲ့ ချိုးဖောက်သူတွေ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ နယူးယောက်မှာကျင်းပတဲ့ တော်လှန်သင်္ကြန်နဲ့ ငလျင်ကယ်ဆယ်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်က ကန်ဒေါ်လာ သောင်းကျော်ရ


 ဧပြီလ၂၇ရက်

 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ NYCBC အဖွဲ့က ဦးဆောင်ကျင်းပတဲ့ တော်လှန်သင်္ကြန်နဲ့ ငလျင်ကယ်ဆယ် ရေး ရန်ပုံငွေဈေးရောင်းပွဲတော်ကနေ အမေရိကန်ဒေါ်လာ သောင်းကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။ 

မနေ့ ဧပြီလ ၂၆ ရက်နေ့ကကျင်းပခဲ့တဲ့ အဲဒီပွဲမှာ တော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးပြု ဦးညွတ်ခဲ့ ပြီး ငလျင်ဘေးသင့်ခဲ့တဲ့ ပြည်သူလူထုအတွက် ဆုတောင်းမေတ္တာပို့ကာ ၁မိနစ် ငြိမ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။NYCBC အဖွဲ့က ဦးဆောင်ကျင်းပတဲ့ တော်လှန်သင်္ကြန်နဲ့ ငလျင်ကယ်ဆယ်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်ကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေးခဲ့သလို မြန်မာပြည်ဖွား တိုင်းရင်းသားတွေလည်း လာရောက်ဝန်းရံအားဖြည့်ခဲ့ကြတယ်လို့ သိရပါတယ်။စျေးရောင်းပွဲတော်မှာ မြန်မာမုန့်မျိုးစုံနဲ့ မြန်မာအမှတ်တရပစ္စည်းတွေ မြန်မာ့လက်ဝတ်ရတနာတွေနဲ့ တော်လှန်ရေး အထိမ်း အမှတ်ပစ္စည်းတွေ ရောင်းချခဲ့ပြီး ပန်ချီကားလေလံပွဲ ထည်သွင်းကျင်းပခဲ့ရာ ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂သောင်း ကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက အသိပေးထားပါတယ်။


တော်လှန်သင်္ကြန်ပွဲမှာ NYCBC အဖွဲ့သားတွေက သင်္ကြန်အကအလှတွေ မြန်မာ့ရိုးရာ သင်္ကြန်သံချပ် အစီအစဉ်တွေပါဝင်ခဲ့ ပြီး တေးသံရှင် ကျော်သီဟ က သင်္ကြန်သီချင်းနဲ့ ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။


 

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချန်ဂင်တို့စခန်းလို့လူသိများတဲ့ တော်လှန်ရေးဆေးရုံ ပျက်စီး


 ဧပြီလ၂၇ရက်


အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချန်ဂင်တို့စခန်းလို့လူသိများတဲ့ တော်လှန်ရေးဆေးရုံ ပျက်စီးသွားတယ်လို့ ဆေးရုံတာဝန်ခံ ဒေါက်တာစိုးမင်းက ပြည်သူလူထုကို အသိပေး ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၂ ရက်နဲ့ ၂၄ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေကို ပြည်သူလူထသိရှိနိုင်အောင် ဒေါက်တာစိုးမင်းက ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေးရှင်းပြထားတာ ဖြစ်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့ ၁၁ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံး လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် ဓာတ်မှန်ဆောင်နံရံတွေ ပျက်စီးသွားသလို ခေါင်မိုးတွေပွင့်ထွက်သွားတဲ့အတွက် ဓာတ်မှန်ဆောင် အတွင်းမှာရှိတဲ့ ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးသွားသလို လူနေဆောင်တွေလည်း နေထိုင်လို့မရအောင် ပျက်စီးသွားတယ် လို့ သိရပါတယ်။ခွဲစိတခန်းဟာဆိုရင်လည်း အုတ်နံရံတွေမထိခိုက်ပေမယ့် အထပ်သားမျက်နှာကြပ်နဲ့ အကာအရံတွေပွင့်ထွက်ကာ ခွဲခန်း အတွင်းက ပစ္စည်းအချို့ ပျက်စီးဆုံးမှုတွေရှိခဲ့တယ်လို့ ဆေးရုံတာဝန်ခံ ဒေါက်တာစိုးမင်းက ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေးထားပါတယ်။

ဒါအပြင် ပြင်ပလူနာဌာန၊ လူနာဆေးကုသဆောင်၊ ဆေးစတိုခန်း ခန်းနဲ့ လူနာစမ်းသပ်ခန်းတွေ၊ သားဖွားမီးယပ် ကုသဆောင်၊ မီးဖွားဆောင်၊ ဆေးရုံဝန်ထမ်းတွေနေထိုင်ရာအိမ်၊ သူနာပြုဆောင်၊ ထမင်းစားခန်းနဲ့ မီးဖိုဆောင်၊ ရေစဉ် စတာတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။  

ဧပြီလ ၂၄ ရက်နေ့ မနက် ၁ဝ နာရီကျော်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ တယ်လို့ ဆိုပါတယ်။ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာတော့ ဆောက်လက်စခွဲခန်းနံရံတွေပျက်စီးကာ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့သလို ခွဲခန်းသုံးပစ္စည်း တွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။တရက်သာခြားပြီး ကြိမ် ဗုံးကြဲတိုက်ခိုက်တာခံလိုက်ရတဲ့အတွက် ဒဏ်ရာရလူတွေထားရှိရာအဆောင်တွေလည်း ပျက်စီး သွားတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။အခုလို ၂ကြိမ်ဆက် ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် လူအသေအပျောက်မရှိပေမယ့် ပျက်စီးဆုံးရှုံးမှု ကြီးမားတယ်လို့ ဒေါက်တာစိုးမင်းက ရှင်းပြထားပါတယ်။ 

ချန်ဂင်တို့စခန်းလို့လူသိများတဲ့ တော်လှန်ရေးဆေးရုံကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂နှစ်ကျော်အကြာ ဧပြီလ ၂၄ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨၂။ စစ်ကိုင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းပျက်ကာ ထွက်ပြေး


 ဧပြီလ၂၇ရက်


စစ်ကိုင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အင်အား ၅၀ ပါ တပ်မ ၃၃ က စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂၅ ဦးထက်မနည်းသေဆုံးသွားတာကြောင့် စစ်ကြောင်းပျက်ကာ ထွက်ပြေးသွား တယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းနဲ့ပဒူကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မနေ့ ဧပြီလ ၂၅ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေခွဲပြီး စစ်ကိုင်းမြို့နယ်အတွင်း ဝင်ရောက်လာရာမှာ မနေ့ ဧပြီလ ၂၅ ရက်နေ့က အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို စစ်ကြောင်းတခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာလို့ သိရပါတယ်။ 

စစ်ကိုင်းမြို့နယ်တနေရာမှာ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ချေမှုန်းနိုင်ခံရတဲ့ စစ်တပ်စစ်ကြောင်းဟာ တပ်မ ၃၃ က စစ်ကြောင်းဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပေမယ့် လက်ရှိအချိန်မှာ တည်ငြိမ်မှု မရှိသေးတဲ့အတွက် သက်ဆိုင်ရာတပ်ဖွဲ့တွေက အသေးစိတ်အခြေအနေကို မထုတ်ပြန်သေးပါဘူး။ 

အဲဒီ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းကို ဒေသတော်လှန်ရေး တပ်ပေါင်းစုံအပါအဝင် ကျေးရွာ LPDF တွေပါ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ပခုက္ကူနယ် ညောင်ဂျစ်ပင်ရွာက ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သားတဦး သေဆုံးပြီး တဦးဖမ်းမိ


 ဧပြီလ၂၇ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင် ပျူစောထီးရွာကနေ ရိက္ခာရှာဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ရာ စစ်သားတဦးသေဆုံးပြီး ပျူစောထီးတဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ Myaing Garuda People's Defense Force က ပြောပါတယ်။

ညောင်ဂျစ်ပင် ပျူစောထီးရွာကနေ ရိက္ခာရှာဖို့ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ဧပြီလ ၂၄ ရက်နေ့ ညနေ နာရီဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်သားတဦး သေဆုံးပြီး ပျူစောထီးတဦးကို အရှင်ဖမ်းနိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ Myaing Garuda People's Defense Force က အသိပေးထားပါတယ်။

ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်သားတွေနဲ့ပျူစောထီးတွေကို မြိုင် ပကဖ တပ်ခွဲ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအနေနဲ့ ပျူစခန်းတွေထဲမှာ ငတ်ပြတ်ပြီး သေမယ့်နေ့ကို စောင့်နေမယ့်အစား ပြည်သူဘက်ရပ်တည်ကူးပြောင်းခိုလှုံဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစု တွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩၄။ ဒေသနေပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်နေတဲ့ မင်းလှနယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း 


 ဧပြီလ၂၇ရက်


ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်းမှာ ဒေသနေပြည်သူတွေဆီက စစ်မှုထမ်းကြေးတွေ အတင်းအကြပ်ကောက်ခံနေတဲ့ အလယ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

အလယ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးစိုးဝင်း ကို မနေ့ ဧပြီလ ၂၆ ရက် ညနေ နာရီခွဲခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ နဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ပူးပေါင်းရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ စစ်မှုထမ်းကြေးဆိုပြီး ဒေသနေပြည်သူတွေဆီက ငွေကြေးကောက်ခံတာ၊ စစ်မှုထမ်း အမည်စာရင်းပါသူတွေဆီကနေ အဆမတန် ငွေကြေးတောင်းခံတာ၊ လူငယ်တွေစစ်မှုထမ်းဖို့ အတင်းအကြပ်စုဆောင်းတာ ပေါ်တာဆွဲဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို အရေးယူလိုက်ရတာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က အသိပေးပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်း ထံကနေ ဓားတချောင်း၊ ငွေကျပ် ၆သောင်း၊ ဆိုင်ကယ်တစီး၊ စည်းတံဆိပ်တုံး ၂ခု၊ စစ်မှုထမ်းရမယ့် အမည်စာရင်းပါ စာရွက်စာတမ်းတွေနဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သူတို့တွေရှိတဲ့နေရာအနီး သွားလာနေထိုင်တာမျိုး မပြုလုပ်ကြဖို့နဲ့ စစ်အုပ်တပ်စွဲရာနေရာတွေကို မသွားကြဖို့ သာယာဝတီခရိုင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါ တယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment