၂၀၂၅ မေလ ၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်တပ်ကဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို အမြန်ဆုံးပြန်လွတ်ပေးရန် ယူကေအစိုးရ တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨⁨ ဟားခါးမှာ အရပ်သားဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ဦး ဖမ်းမိ 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဆွေးနွေးပွဲမအောင်မြင်ဘူးလို့ TNLA ဘက်က သတင်းထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီဘက် မိုးကုတ်မြို့နယ်ကို ဗုံးကြဲ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဧပြီလအတွင်း တအာင်းပြည်အတွင်းမှာရှိတဲ့ ကျေးရွာ ရွာမှာ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်နိုင်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁩⁨⁨⁨⁨⁨ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းကကျေးရွာတွေကို စစ်တပ်က မနေ့ညပိုင်းကနေ ဒီနေ့ မနက်ပိုင်းအထိ လေယာဉ်တွေနဲ့ ဗုံးကြဲ  

🚩၂။နိုင်ငံတကာက ကန့်သတ်ထားတဲ့ ကလပ်စတာဗုံးတွေ စစ်ကောင်စီလေတပ် အသုံးပြုတိုက်ခိုက်

🚩၃။ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩၄။ မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲချတာကြောင့် အရပ်သားတဦးသေဆုံးကာ တဦး ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ စစ်တပ်ကဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို အမြန်ဆုံးပြန်လွတ်ပေးရန် ယူကေအစိုးရ တောင်းဆို


မေလ ၃ရက်နေ့


အကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ယူကေအစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ မေလ ရရက်မှာကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ယူကေအစိုးရက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေပြီး ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှုဟာလည်း ဒုတိယအများဆုံးနိုင်ငံဖြစ်နေတယ်လို့ ဆိုပါတယ်။

 နယ်စည်းမခြားသတင်းထောက်များအဖွဲ့ Reporters Without Borders – RSF က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှုအညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။အင်တာနက်အသုံးပြုခွင့်တွေ ဆက်လက်ကန့်သတ်ထားခြင်းဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အချက်အလက်တွေစုဆောင်းရာမှာ နှောင့်နှေးမှုတွေဖြစ်ပေါ်စေသလို အချိန်နဲ့တပြေးညီ ငလျင်တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း အဟန့်အတားဖြစ်စေတယ်လို့ ထောက်ပြထားပါတယ်။မီဒီယာကဏ္ဍဟာ လွတ်လပ်စွာသတင်းထုတ်ဖော်ခွင့်ရှိရမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 


မြန်မာပြည်သူတွေ သတင်းလက်လှမ်းမှီနိုင်ခြင်းအပေါ် မြန်မာစစ်တပ်က ဖိနှိပ်ထားတာကို ယူကေအစိုးရက ရှုတ်ချလိုက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအားလုံးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨⁨ ဟားခါးမှာ အရပ်သားဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ဦး ဖမ်းမိ 


မေလ ၃ရက်


ချင်းပြည်နယ် ဟားခါးမြို့မှာ အရပ်သားပြည်သူဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ယောက်ကို ဖမ်းဆီးရမိခဲ့ တယ်လို့ Chinland Defense Force - Hakha က မနေ့ မေလ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ဟားခါးမြို့မှာ အရပ်သားပြည်သူဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ယောက်ကို မေလ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Chinland Defense Force – Hakha ဟာ ဧပြီလ ၂၁ ရက်နေ့တုန်းကလည်း အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ငွေညှစ်နေတဲ့ ရဲ ၂ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။

CDF-Hakha အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့လို့ ပြည်သူ့ရင်ခွင် ခိုလှုံလိုသူတွေကိုလည်း ကြိုဆိုနေမှာဖြစ်ပြီး လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူပို့ဆောင်ပေးမယ်လို့လည်း Chinland Defense Force - Hakha က အသိပေး ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဆွေးနွေးပွဲမအောင်မြင်ဘူးလို့ TNLA ဘက်က သတင်းထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီဘက် မိုးကုတ်မြို့နယ်ကို ဗုံးကြဲ


မေလ ၃ရက်


တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ရက်ကြာတွေ့ဆုံးခဲ့တဲ့ ဆွေးနွေးပွဲ မအောင်မြင်ဘူးလို့ TNLA ဘက်က သတင်း ထုတ်ပြန်ပြီးချိန်မှာ မိုးကုတ်အရှေ့ပိုင်းနဲ့အနောက်ပိုင်းကကျေးရွာတွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းက ဗဟင်းရွာနဲ့ မြို့အနောက်ပိုင်းက အုတ်အင်းရွာတို့ကို စစ်ကောင်စီက မနေ့ မေလ ရက်နေ့ ၁၁ နာရီ ၄၇ မိနစ်ခန့်အချိန်မှာ လေကြောင်းကနေတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ လူထိခိုက်မှုမရှိပေမယ့် အုတ်အင်းရွာဓမ္မရုံအပါအဝင် အိမ်တွေနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသနေပြည်သူတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်ပေးမှုနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ကူမင်းမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်က TNLA တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ ဒေသတွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းထိ ပြန်လည်ဆုတ်ခွာပေးဖို့ တောင်းဆိုလာတာကို TNLA ကိုယ်စားလှယ်တွေက သဘောမတူတဲ့အတွက် ဆွေးနွေးပွဲပျက်ပြယ်သွားတယ်လို့ TNLA က မနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်မှုတွေ ထပ်တိုးလုပ်လာနိုင်တဲ့အတွက် TNLA တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ လူစည်ကားရာနေရာတွေ၊ အထူးသဖြင့် ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ ဆေးခန်းနဲ့ စာသင်ကျောင်းလိုနေရာတွေကို ရှောင်ရှားသင့်ပြီး မိမိတို့နေထိုင်ရာနေရာတွေမှာ ဗုံးခိုကျင်းတွေ အခိုင်အမာ ဆောက်လုပ်ထားသင့်တယ်လို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဧပြီလအတွင်း တအာင်းပြည်အတွင်းမှာရှိတဲ့ ကျေးရွာ ရွာမှာ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်နိုင်ခဲ့


မေလ ၃ရက်


တအာင်းပြည် နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တို့မှာရှိတဲ့ ကျေးရွာ ရွာမှာ တအာင်းစာအဖွဲ့ - TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်က ကောင်းခေးကျေးရွာ၊ မန်လုံကျေးရွာ၊ မန်တုံမြို့နယ်က ရေပုံကျေးရွာ၊ မိုးမိတ်မြို့နယ်က ပလောင်ကုန်း ကျေးရွာနဲ့ မိုးကုတ်မြို့နယ်က ပတ္တမြားရှိုးကျေးရွာတို့မှာ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီသင်တန်းတွေမှာ ကျေးရွာတွေက သင်တန်းသား ၂၂၀ ဦးနဲ့ သင်တန်းသူ ၃၄၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ်တွေ ချီးမြင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တအာင်းစာအဖွဲ့-TLA ဟာ နမ့်ဆန်မြို့နယ်နဲ့ မိုင်းငေါ့မြို့နယ်တို့က ကျောင်းသား ကျောင်းသူ  ၂၄၆ ဦးကို အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါတယ်။ 

အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ရတာဟာ တအာင်းရုံးသုံးစာ၊ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေ ထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်း ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာ အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းတွေမှာ တအာင်းစာပေဘာသာရပ်တွေ ပိုမိုသင်ကြားပေးနိုင်ရန် ဆရာ၊ဆရာမ ဝန်ထမ်းများ မွေးထုတ်နိုင်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့တာလို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။⁨⁨⁩⁨⁨⁨⁨⁨ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းကကျေးရွာတွေကို စစ်တပ်က မနေ့ညပိုင်းကနေ ဒီနေ့ မနက်ပိုင်းအထိ လေယာဉ်တွေနဲ့ ဗုံးကြဲ  

==============

မေလ ၃ရက်


မကွေးတိုင်း မြိုင်မြို့နယ် အရှေ့တောင်ပိုင်းမှာရှိတဲ့ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက မနေ့ ညပိုင်းကနေ ဒီနေ့မနက်ပိုင်းအထိ လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ မေလ ရက်နေ့ မနက် နာရီခွဲဝန်းကျင်ကစပြီး ၁၁ နာရီကျော်တဲ့အထိ မြိုင်မြို့နယ် အရှေ့တေင်ပိုင်းကကျေးရွာတွေ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲနေတာလို့ We Love Myaing အဖွဲ့က ပြောပါတယ်။

မနေ့ မေလ ၁၂ ရက်နေ့ကဆိုရင် ၁၁ နာရီခွဲဝန်းကျင်မှာ တံတားဦးလေတပ်ကတက်လာတဲ့ Y 12 ထောက်ပို့လေယာဉ်က မြိုင်မြို့နယ် အရှေ့တောင်ပိုင်းတနေရာကို လေကြောင်းတိုက်ခိုက်မှု ကြိမ်ခန့် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မေလ ရက်နေ့ မနက် နာရီခွဲ ဝန်းကျင်မှာလည်း တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်း တိုက်ခိုက်မှု တကြိမ်၊ နာရီ ၅၅ မိနစ်မှာ မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက တကြိမ်၊ နာရီမှာလည်း မကွေး လေတပ်ကနေ ဒုတိယမြောက်တက်လာတဲ့ ဂျက်ဖိုက်တာက ကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်လို့ အသိပေးပါ တယ်။

ဒါ့အပြင် မနက် နာရီ ၁၅ မိနစ်မှာလည်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စက်တပ်လေထီးတစင်းနဲ့ လေကြောင်း တိုက်ခိုက်မှု တကြိမ်၊ နာရီ ၂၅ မိနစ်မှာ နောက်ထပ် စက်တပ်လေထီးတစင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တံတားဦးလေတပ်ကတက်လာတဲ့ Y 12 ထောက်ပို့လေယာဉ်ကလည်း မြိုင်နယ် အရှေ့တောင်ပိုင်းကရွာတွေကို မနက် နာရီ ၅ဝ ကနေ ၁၁ နာရီကျော်အထိ တနာရီခွဲခန့်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ကာ ဗုံးသီး အလုံး ၄ဝ ခန့် ကြဲချသွားတယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ် အရှေ့တောင်ဘက်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုအခြေအနေကို ဒီနေ့ မွန်းတည့် ၁၂ နာရီအထိ မသိရသေးပါဘူး။  

အခုလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မြိုင်နဲ့ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ လေကြောင်းသတင်းနဲ့ စစ်ကြောင်းသတင်းတွေ အမြဲနားစွန့်ပြီး နေထိုင်ကြဖို့နဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို ကြိုတင်ပြောင်းရွှေ့ထားကြဖို့ ဗုံးခိုကျင်းတွေတူးပြီး နေထိုင်ကြဖို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၂။နိုင်ငံတကာက ကန့်သတ်ထားတဲ့ ကလပ်စတာဗုံးတွေ စစ်ကောင်စီလေတပ် အသုံးပြုတိုက်ခိုက်


မေလ ၃ရက်


စစ်ကောင်စီလေတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံးအမျိုးအစားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ပိုပြီးအသုံပြုလာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က ဒီနေ့ မေလ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် ကော့ကရိတ် - ကျုံဒိုးမြို့နယ်တို့မှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး တွေ့ရတဲ့ ဗုံးခွံအစိတ် အပိုင်းတွေဟာ စစ်ကောင်စီ ကပစထုတ် MAB-26 C 6 Cluster Bomb အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။MAB-26 C 6 Cluster Bomb ဟာ 26-ပေါင် အလေးချိန်ရှိပြီး 120 mm ဗုံး ၁၀ လုံးပါရှိကာ ပဒေသာဆင့်ကွဲ ကလပ်စတာ ဗုံးအမျိုးအစား ဖြစ်တယ်လို့ အသိပေးထားပါတယ်။အဲဒီ ကလပ်စတာဗုံးတွေကို မကွေးတိုင်း ဆိပ်ဖြူအခြေစိုက် ကပစ-၂၁ မှာ တရုတ်နည်းပညာအကူအညီနဲ့ တပ်ဆင် ထုတ်လုပ်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလပ်စတာဗုံးတွေ အသုံးပြုခဲ့ တာကို တွေ့ရှိရတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ စစ်ဘက်သုတေသနဌာနက ထုတ်ပြန်ထားပါတယ်။


========================


⁨⁨🚩🚩၃။ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မေလ ၃ရက်

 

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် မူးမြို့နယ် စီမံအုပ်ချုပ်နယ်မြေမှာ  အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၄ နှစ်အရွယ်  မိန်းကလေးတဦး သေဆုံး ခဲ့ရပြီး ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ဧပြီလ ၂၉ ရက်နေ့ မနက် ၁ဝ နာရီခွဲအချိန်မှာ အကြမ်းဖက် စစ်ကောင်စတပ်က အင်ကုန်းကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးသေဆုံးခဲ့ရပြီး အသက် ၁၆ နှစ်နဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတုန်းကလည်း နတ်သံကွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ၁၂၀ မမ ၂၁ လုံး ပစ်ခတ်ခဲ့ရာ စီပေါပေါ်နေရာမှာ လုံး၊ တောင်စုအနောက်မှာ လုံး၊ နူကလော်နဲ့ စောဘောကုန်းကြားမှာ လုံး၊ အညာစု ကျေးရွာထဲမှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးပါတယ်။ထို့အတူ မေလ ရက်နေ့ မနက်ပိုင်းမှာလည်း နတ်သံကွင်းရှီတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒရုန်းဗုံးသီး ၃၄ လုံး ကြဲချခဲ့ရာ အညာစုကျေးရွာမှာ လုံး၊ စီပေါပေါ်ဘေးမှာ လုံး၊ ရန်မျိုးအောင်ကျေးရွာဘေးမှာ လုံး၊ တမာခေါကျေးရွာမှာ လုံး၊ နောင်ကုန်းကျေးရွာမှာ လုံးနဲ့ ရေလဲကရင်ကျေးရွာမှာတလုံး ကျရောက်ပေါက်ကွဲပြီး ရေလဲ ကရင်ကျေးရွာက အိမ် တလုံး ပျက်စီးကာ နွားတကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထု နေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ကိုင် စားသောက်ရာနေရာတွေကို လက်နက်ကြီး၊ လေယာဥ်၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေ နေ့စဉ်နီးပါး ပြုလုပ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲချတာကြောင့် အရပ်သားတဦးသေဆုံးကာ တဦး ဒဏ်ရာရ 


မေလ ၃ရက်


တအာင်းပြည် တပ်မဟာ နယ်မြေထဲမှာပါတဲ့ မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်ကွက်က အနောက်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့ရပြီး တဦး ဒဏ်ရာ ရသွားတယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။

 ဒီနေ့ မေလ ရက် မနက် နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ သေဆုံးခဲ့ရသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မနေ့ မေလ ရက် ၁၁ နာရီ ၄၅ မိနစ်အချိန်ကလည်း မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

မေလ ရက်နေ့က ကြဲချခဲ့တဲ့ဗုံးတွေကြောင့် အုတ်ပြင်ရပ်ကွက်မှာရှိတဲ့ ဓမ္မရုံနဲ့ ပြည်သူပိုင် အိမ် လုံး ထိမှန်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

ဧပြီလ ၃ဝ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာရှိတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။ 

တရုတ်အစိုးရရဲ့ ကြားဝင်စီစဦးပေးမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ TNLA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် စစ်ကောင်စီဟာ မနေ့ညပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ မိုးကုတ်မြို့က အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာပဲဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းတာ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ  တိုက်ခိုက် နေတာလို့လည်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိနေဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက် ကြဖို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ  ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment