၂၀၂၅ မေလ ၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ တော်လှန်ရေးရဲဘော်အများအပြားနှင့် တပ်မှူးကောင်းများလည်းထွက်လာသလို ရေပေါ်ဆီများလဲ စစ်ထုတ်နိုင်ခဲ့ပြီလို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရက္ခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဦးလှစော() ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ Federal Net အင်တာနက် နေ့စဉ်ပျမ်းမျှသုံးစွဲသူ (၁၂၃,၀၀၀) ဦးခန့် ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မဲဆောက်မြို့မှာ ဟင်းသီးဟင်းရွက်၊ အသုံးအဆောင် ဝေမျှဖေးကူ အလှူကို”Memories Of Maesot”က ပြုလုပ်မည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသူ (၆၆၀၇)ဦး ရှိခဲ့ပြီဖြစ်


========================


၂၀၂၅ ခုနှစ် မေလ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ထုတ်ပြန် 

🚩၂။ PDF တပ်ဖွဲ့များ ပြည်သူနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိ

🚩 ⁨⁨၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်တိုင်းစစ်ဌာန) တော်လှန်ရေးခရီးတွင် အာဇာနည်သူရဲကောင်း ၄၅ ဦး မြင့်မြတ်စွာ ကျဆုံး

🚩 ⁨⁨၄။ တောင်ကုတ်မာ အာရက္ခတပ်တော် မိုင်းရှင်းလင်းရေး ဆက်တိုက် လုပ်ဆောင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ တော်လှန်ရေးရဲဘော်အများအပြားနှင့် တပ်မှူးကောင်းများလည်းထွက်လာသလို ရေပေါ်ဆီများလဲ စစ်ထုတ်နိုင်ခဲ့ပြီလို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးပြော


မေလ၆ရက်


တော်လှန်ရေးရဲဘော်အများအပြားနှင့် တပ်မှူးကောင်းများလဲထွက်လာသလို ရေပေါ်ဆီများလဲ စစ်ထုတ်နိုင်ခဲ့ပြီလို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ပြောကြားလိုက်ပါတယ်။

" နှစ်သက်တမ်းဆိုတာ နှစ်ဆယ်ချီ ခိုင်ခန့်နေတဲ့ အာဏာရှင်စနစ်တခု ဖြုတ်ချဖို့ဆိုတာ အင်မတန်နုနယ်သေးတဲ့ကာလ တခုပါ။ သို့ပေမယ့် ကျနော်တို့ အတိုင်းအတာတခုထိ လုပ်နိုင်ခဲ့ပြီ၊ မြန်မာ့တော်လှန်ရေးသမိုင်းတလျှောက်မှာ နှစ်လောက်နဲ့ မြို့တခု သိမ်းနိုင်တာမရှိဖူးပေမဲ့ ငါတို့ခေတ် မြို့များစွာ သိမ်းထားနိုင်တယ်၊ တပ်မတခုလုံးပြုတ်အောင်လဲ တိုက်နိုင်ခဲ့တယ်။ အစိုးရတရပ်လည်ပတ်ငွေအတွက် ဘဏ်စနစ် ထူထောင်နိုင်သလို ရံပုံငွေရှာဖွေရေးစနစ်တွေ ထူထောင်နိုင်ပြီ။ အစိုးရ နဲ့ တပ်မတော် အင်္ဂါစုံ ပေါင်းစပ်နိုင်ပြီ ဖြစ်တယ်။ နှစ်အတွင်း စစ်မှန်တဲ့ တော်လှန်ရေးရဲဘော်အများအပြားနှင့် တပ်မှူးကောင်းများလဲထွက်လာသလို ရေပေါ်ဆီများလဲ စစ်ထုတ်နိုင်ခဲ့ပြီ"လို့ပြောပါတယ်။


တော်လှန်ရေးဟာရှေ့ဆက် အောင်မြင်ဖို့သာရှိတော့ပြီး PDFရဲဘော်အားလုံး ကျန်းမာကြပါစေ"လို့ ဝန်ကြီးကဆုမွန်ကောင်းတောင်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရက္ခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဦးလှစော() ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်


မေလ၆ရက်


ရက္ခိုင်ဝါရင့်နိုင်ငံရေးသမား ULA/AA နိုင်ငံရေးမှူး ဆရာဦးလှစော() ကဗျာဆရာ မောင်ခိုင်အောင် မေလ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆရာဦးဦးလှစောကို ဖခင် ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခု ကဆုန်လပြည့်နေ့) မြောက်ဦးမြို့တွင် မွေးဖွားခဲ့ပြီး အကြီးဆုံးသားတစ်ဦးဖြစ်ပါတယ်။

ဦးဦးလှစောကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်ပြီး လည်ချောင်းကင်ဆာကို ကုသရင်း မေလ ရက် ၁၁ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ Federal Net အင်တာနက် နေ့စဉ်ပျမ်းမျှသုံးစွဲသူ (၁၂၃,၀၀၀) ဦးခန့် ရှိ


မေလ၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရမှ ဆက်သွယ်ရေးစက်နှင့် အင်တာနက်ကွန်ယက် တပ်ဆင်ဖြန့်ကျက်မှုကို မေလ၆ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် တိုင်းရင်းသားပြည်နယ်တချို့ရှိ ဒေသများတွင် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး အတွက် ဆက်သွယ်ရေးစက် (Device အစုံ) အလုံးပေါင်း (၂၀၀) နီးပါးခန့် တပ်ဆင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။


စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် (၂၂) ရှိ၊ ကျေးရွာပေါင်း (၇၈) ရွာတွင် ပြည်သူများ အင်တာနက် ပြတ်တောက်မှု မရှိစေရေးနှင့် ကျောင်းသား/သူများ အွန်လိုင်းပညာရေး အဆက်မပြတ် လေ့လာသင်ယူ နိုင်စေရန်အတွက် Federal Net အင်တာနက်ကွန်ယက် သုံးစွဲနိုင်ရေးဆောင်ရွက်ပေးခဲ့ပြီး လက်ရှိ အချိန်အထိ Federal Net အင်တာနက် နေ့စဉ်ပျမ်းမျှသုံးစွဲသူ (၁၂၃,၀၀၀) ဦးခန့် ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မဲဆောက်မြို့မှာ ဟင်းသီးဟင်းရွက်၊ အသုံးအဆောင် ဝေမျှဖေးကူ အလှူကို”Memories Of Maesot”က ပြုလုပ်မည်


မေလ ၆ရက်


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လာမယ့်မေလ ရက်နေ့ သောကြာနေ့ ညနေ ( )နာရီမှ စတင်ပြီး”Memories Of Maesot” ဆိုင်ရဲ့ အရှေ့ကွင်းမှာ ပေးဝေသွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။ 

 မဲဆောက်မှာ ရောက်ရှိနေကြတဲ့ Myanmar Community အတွက် ဝေမျှဖေးကူ Free Market လေးကို လစဉ် လတိုင်းလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အခုလာမယ့်မေလ ရက်နေ့ သောကြာနေ့ ညနေ ( )နာရီမှာတော့ ကြက်ဥ၊ခရမ်းကြွတ်သီး၊ခရမ်းချဉ်သီး၊ကန်စွန်းရွက်၊ပဲတောင့်ရှည်၊ပဲသီး၊နံနံပင်၊ကိုက်လန်၊ ဆလပ်ရွက်၊ငရုတ်သီး၊ ဘုရားပန်း ( ဂန္ဓမာပန်း)စသည်တို့ အပြင်  အဝတ်အစား အသုံးဆောင်များစွာကိုလဲ ပိုသူ မျှဝေ၊လိုသူ လိုသလောက်ယူနိုင်ပါတယ် ဆိုတဲ့ အကြောင်းသတင်းကောင်းပါးထားပါတယ်။မည်သူမဆို မိမိတို့  အိမ်အတွက်လိုအပ်တာတွေလည်းယူရင်း ပြန်လည်မျှဝေချင်တာတွေရှိရင်လည်း ယူလာလို့ရပါတယ်


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာပြည်မှ ရွှေ့ပြောင်း ဝင်ရောက်လာသူ သိန်းနှင့်ချီ နေထိုင်ကြပြီး မဲဆောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံ များတွင် လုပ်ကိုင်နေကြပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများကြောင့် တိမ်းရှောင်လာသူများလည်း မဲဆောက်မြို့တွင် ခိုလှုံနေထိုင်ကြတာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသူ (၆၆၀၇)ဦး ရှိခဲ့ပြီဖြစ်


မေလ၆ရက်


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၅ ခုနှစ် မေလ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၀၇)ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကထုတ်ပြန်ပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၁၁) ဦးရှိပြီး ထိုအထဲမှ (၂၂၂၀၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၉၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့AAPPကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် နွေဦးရွှေဝါနှင့်သာကီ တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ထုတ်ပြန် 


 မေလ ၆ရက် 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြု တည်မြဲအမိန့်ကို ၂၀၂၅ခုနှစ်၊ မေလ ()ရက်နေ့ ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်လိုက်သည်။ 

စံပြုတည်မြဲအမိန့်တွင်-

() ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများ၊ 

() စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ 

()တပ်ရင်းများစံပြုဖွဲ့စည်းပုံ၊ 

() အခြေခံတာဝန်ဝတ္တရားများ၊ 

() သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားများ၊ 

() စံပြုလုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းသတ်မှတ်ချက်များ၊ 

() ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စသည့်  ကဏ္ဍများ ပါဝင်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများအားလုံးသည် အဆိုပါတပ်ရင်းစံပြုတည်မြဲအမိန့် နှင့်အညီကျင့်သုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ဟုပါရှိသည်။


========================


🚩🚩၂။ PDF တပ်ဖွဲ့များ ပြည်သူနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိ


မေလ ၆ရက် 

 

PDF တပ်ဖွဲ့များ ပြည်သူနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့တွင် ပကဖအသံမှ ဖော်ပြပါတယ်။

သစ္စာဓိဋ္ဌာန် ချက်ကို စွဲကိုင်ထားသော PDF သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (.က.) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို နှစ်တာကာလအတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့သလို ယခုအခါ PDF သည် စစ်တိုင်းကြီး တိုင်းနှင့် တပ်ရင်း ၄၀၀ ကျော်ဖြင့် အင်အားတောင့်တင်းလာပြီး ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိထားတယ်လို့ ဆိုပါတယ်။


ဤသမိုင်းဝင်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ပြည်သူလူထု၏ လွတ်မြောက်ရေးအတွက် အသက်၊ ခန္ဓာကိုယ်စွန့်လွှတ်ခဲ့ကြသော PDF ရဲဘော်များနှင့် ကျဆုံးသူရဲကောင်းများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဦးညွှတ်အလေးပြုဂုဏ်ပြုခဲ့ပြီး PDF သည် ပြည်သူလူထု၏ ထောက်ခံမှုနှင့် မဟာမိတ်များနှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩 ⁨⁨၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်တိုင်းစစ်ဌာန) တော်လှန်ရေးခရီးတွင် အာဇာနည်သူရဲကောင်း ၄၅ ဦး မြင့်မြတ်စွာ ကျဆုံး


မေလ ၆ရက် 


မေလ ရက် - ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပြည်သူ့ကာကွယ်ရေးတပ် - PDF) ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနမှ မိဘပြည်သူများထံ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ယင်းသဝဏ်လွှာတွင် ၂၀၂၁ ခုနှစ်မှစတင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့သည့် () နှစ်တာကာလအတွင်း နေပြည်တော်တိုင်းစစ်ဌာနမှ အာဇာနည်သူရဲကောင်း ၄၅ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်းနှင့် ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် နွေဦးတော်လှန်ရေးကာလတွင် တော်လှန်ရေးမဟာမိတ်ညီနောင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့ရင်း စစ်အာဏာရှင်များကို ထိရောက်စွာ တွန်းလှန်နိုင်ခဲ့ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ဤတိုက်ပွဲများအတွင်း အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ရပြီး ကျဆုံးသွားခဲ့ရသူများအား လေးစားဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။


ထို့အပြင် နေပြည်တော်တိုင်းစစ်ဌာနသည် ပြည်သူများ၏ ဆန္ဒအတိုင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုထားပြီး ပြည်သူများအား တော်လှန်ရေး၏ အောင်မြင်မှုအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨၄။ တောင်ကုတ်မာ အာရက္ခတပ်တော် မိုင်းရှင်းလင်းရေး ဆက်တိုက် လုပ်ဆောင်


မေလ ၆ရက် 


တောင်ကုတ်မြို့နယ်အတွင်း မြေမြှုပ်မိုင်းနန့်စစ်ကျန်လက်နက်အန္တရာယ်ကင်းရှင်းလင်းရေး လုပ်ငန်းများကို အာရက္ခတပ်တော်(AA)က ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ဧပြီ ရက်‌တွင်လည်း တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ရွာနားဝန်းကျင်မှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်း ၂၀၄ လုံးကို ရှင်းလင်းခဲ့ကြောင်း APM မှာ ဖော်ပြထားပါတယ်။


မေ ရက်တွင်လည်း တောင်ကုတ်မြို့နယ်အတွင်း လူနေအိမ်များနဲ့ လမ်းဘေးတွင် စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ နင်းမိုင်းအလုံးရေ ၂၂ လုံးကို အာရက္ခစစ်သည်တော်တို့ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။



အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့်ခါးရှဲလ်တို့မှ  ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment