၂၀၂၅ မေလ ၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဦးဦးလှစော ကွန်လွန်မှုဟာ ရခိုင့်နိုင်ငံရေးအတွက် အဖိုးတန်တဲ့ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဝမ်းနည်းစကားဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ NUGကျန်းမာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းတွင် ပြင်ပလူနာအရေအတွက် ( ၁၀၅၅၈ ) ဦးမှ (,၂၄၁,၆၃၃) ဦးအထိ ပိုမိုကုသမှုပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စကစရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သြစတြေးလျ လွှတ်တော်အမတ် Ms Janelle Saffin MP, Prof. Sean Turnell နဲ့  Prof. Chris Sidoti တို့ ဆွေးနွေးမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ Weekly Super 4 မှာ True Random စနစ်ဖြင့် ဆုကြေးငွေ ပမာဏပေါင်း သိန်း ,၉၆၀ ကျော်အထိ အပတ်စဥ် ချီးမြှင့်နိုင်စွမ်း ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မိုမိုတို့ရဲ့ အိမ်ပြန်လမ်း” Campaign အားပါဝင်ပေးကြပါရန် ဖိတ်ခေါ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရန်ကုန်နှင့်မန္တလေးတွင် အင်အားအနည်းငယ်နဲ့အင်အားအသင့်အတင့်ရှိသော ငလျင်ငယ်များလှုပ်ခတ်


========================


၂၀၂၅ ခုနှစ် မေလ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ပုလောမြို့ပေါ်က လက်နက်ကိုင် ပျူစောထီး ဦးကို ပစ်ခတ်ရှင်းလင်းရာမှာ ဦးစလုံးသေဆုံး

🚩 ⁨⁨၂။ ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာတပ်ဆွဲနေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ

🚩 ⁨⁨၃။ အောင်ဇေယျစစ်‌‌ကြောင်းကသေနတ်တလက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားကို ကျပ်သိန်း ၃ဝ ချီးမြင့်

🚩 ⁨⁨၄။ကောလင်းမှာ အရပ်သားပြည်သူတွေကိုဦးတည်ပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အိမ်နဲ့လျှပ်စစ်မီးတိုင်တွေပျက်စီး 

🚩၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် ဧပြီလတလတာအတွင်း အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့ရ

🚩၆။ တောင်ညို တပ်ရင်းရဲ့ "တောင်ညို စစ်ချီ ဟံသာ၀တီ"ကျပ်သိန်း (၁၀၀၀)ကျည်ကာ ကမ်ပိန်းစတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဦးဦးလှစော ကွန်လွန်မှုဟာ ရခိုင့်နိုင်ငံရေးအတွက် အဖိုးတန်တဲ့ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဝမ်းနည်းစကားဆို


မေလ၇ရက်


ဦးဦးလှစော ကွန်လွန်မှုဟာ ရခိုင့်နိုင်ငံရေးအတွက် အဖိုးတန်တဲ့ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခုဖြစ်တယ်လို့  NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဝမ်းနည်းစကားဆိုလိုက်ပါတယ်။

"အန်ကယ် ဦးဦးလှစော {စာရေးဆရာ၊၇၄မျိုးဆက်နိုင်ငံရေးသမား }ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိရတဲ့အတွက် အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ ရခိုင့်နိုင်ငံရေးအတွက် အဖိုးတန်တဲ့ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။မြန်မာ့နိုင်ငံရေးမှာလည်း နိုင်ငံရေးသမားဆိုတာ ရှားပါးလှတယ် မဟုတ်လား။အန်ကယ်နဲ့ အတူ (၂၀၁၅-၂၀၂၀) လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်တာဝန် အတူတကွ ထမ်းဆောင်ခဲ့ရချိန်  တွေဟာ အမှတ်ရဂုဏ်ယူစရာ အခိုက်အတန့်တွေ ဖြစ်ခဲ့ပါတယ်။သဘောတူတာ မတူတာတွေ ရှိခဲ့သည့်တိုင် အတွေ့အကြုံ ဖြတ်သန်းမှု တွေနဲ့ နိုင်ငံရေးသမားပီသမှုအပေါ် တန်ဖိုးထား လေးစားရ တဲ့ သူတစ်ဦးပါ။မိသားစု ရဲဘော်ရဲဘက်များနဲ့အတူ ကြေကွဲဝမ်းနည်းရပါတယ်"လို့ ဆိုထားပါတယ်။


ရက္ခိုင်ဝါရင့်နိုင်ငံရေးသမား ULA/AA နိုင်ငံရေးမှူး ဆရာဦးလှစော()ကဗျာဆရာ မောင်ခိုင်အောင်ဟာ ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်ပြီး မေလ ရက် ၁၁ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ NUGကျန်းမာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းတွင် ပြင်ပလူနာအရေအတွက် ( ၁၀၅၅၈ ) ဦးမှ (,၂၄၁,၆၃၃) ဦးအထိ ပိုမိုကုသမှုပေးနိုင်ခဲ့


မေလ ၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ NUGကျန်းမာရေးဝန်ကြီးဌာနသည် ဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ ( ၂၉ ) ဦး မြို့နယ် ကျန်းမာရေးတာဝန်ခံ ( ၂၂၇ ) ဦးတို့နှင့် ချိတ်ဆက်ပြီး မြို့နယ်ပေါင်း (၁၉၀)တွင် မြေပြင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါကုသမှုပေးရာမှာဆေးရုံပေါင်း  (၁၀၆ ) ရုံ၊ ဆေးခန်းပေါင်း (၈၀၈ )ခု ရွေ့လျားဆေးခန်းပေါင်း (၁၉၂) ခုကျော်တို့တွင် ကျန်းမာရေးလုပ်သား အင်အားစု (၅၀၉၈) ဦးဖြင့် ဒေသအသီးသီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းတွင် ပြင်ပလူနာအရေအတွက်မှာ  နှစ်အတွင်း ( ၁၀၅၅၈ ) ဦးမှ (,၂၄၁,၆၃၃) ဦးအထိ ပိုမိုကုသမှုပေးနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှကောက်နုတ်ထုတ်ပြန်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စကစရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သြစတြေးလျ လွှတ်တော်အမတ် Ms Janelle Saffin MP, Prof. Sean Turnell နဲ့  Prof. Chris Sidoti တို့ ဆွေးနွေးမည်


မေလ ၇ရက်


စကစရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ Sydney Universityမှာ သြစတြေးလျက လွှတ်တော်အမတ် Ms Janelle Saffin MP, Prof. Sean Turnell နဲ့  Prof. Chris Sidoti တို့ ဆွေးနွေးမယ်လို့သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို မေလ၈ရက်Sydney University မှာ ကျင်းပသွားမယ်လို့သိရပါတယ်။"စကစ က လာမည့်ဒီဇင်ဘာမှာ ရွေးကောက်ပွဲဆိုတာကို မဖြစ်မနေလုပ်မယ်ဆိုပဲ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ မနက်ဖြန် Sydney University မှာ သူတို့ရဲ့အမြင်တွေ ပြောကြပါလိမ့်မယ်။ကိုယ်တွေ ဘာလုပ်လို့ ရမလဲ သူတို့ထံက လေ့လာအကြံညဏ်ယူကြရအောင်"လို့ သြစတြေးလျနိုင်ငံ NUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကလည်း အသိပေးဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ Weekly Super 4 မှာ True Random စနစ်ဖြင့် ဆုကြေးငွေ ပမာဏပေါင်း သိန်း ,၉၆၀ ကျော်အထိ အပတ်စဥ် ချီးမြှင့်နိုင်စွမ်း ရှိ


မေလ ၇ရက်


Weekly Super 4 မှာ True Random စနစ်ဖြင့် ရွေးချယ်ပေးသွားမည့် ဆုအမျိုးအစား () ခုမှ ဆုကြေးငွေပမာဏပေါင်း သိန်း ,၉၆၀ ကျော်အထိ အပတ်စဥ်ချီးမြှင့်နိုင်စွမ်းရှိတယ်လို့ နွေဦးထီမိသားစုမှ အသိပေးကြေညာထားပါတယ်။"စိတ်ရဲ့အတွေးတံခါးကို ခေါက် ၊မျက်စိထဲ မြင်လာတဲ့ နံပါတ်လေးတွေကို ကိုယ်တိုင်လည်း ကံစမ်း ရွေးချယ် ကြည့်နိုင်သလို ကိုယ်နဲ့ ဘယ်သူကများ ကံစပ်မလဲဆိုတာ လိုက်ရှာရင်း အနည်းဆုံး ငွေကျပ် ,၀၀၀ နှင့် စတင်ကာ စူပါဖိုး နှင့် ပြည်သူ့ဘဏ္ဍာ အပတ်စဥ် ပံ့ပိုးပါ"လို့ဆိုပါတယ်။


"Weekly Super 4 မှာ 0000 မှ 9999 အထိ နံပါတ်စဉ် တစ်သောင်းအထိ စိတ်ကြိုက် အပတ်စဉ် ဝယ်ယူရရှိနိုင်သလို ဆုပေါင်း ၅၀,၂၅၀ အတွင်း ဆတိုးပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မိုမိုတို့ရဲ့ အိမ်ပြန်လမ်း” Campaign အားပါဝင်ပေးကြပါရန် ဖိတ်ခေါ်


မေလ ၇ရက်


"မိုမိုတို့ရဲ့ အိမ်ပြန်လမ်း” Campaignမှာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြပါရန် ဖိတ်ခေါ်ထားပါတယ်။ ဒီCampaignဟာ သက်ရှိတို့အတူတကွ ရှင်သန်နေထိုင်ကြတဲ့ ဂေဟစနစ်မှာ အလေးထားထိန်းသိမ်းရမယ့် အဖိုးတန်သတ္တဝါတမျိုးဖြစ်တဲ့ ဆင်လေးတွေရဲ့ ဖြည့်စွက်စာအာဟာရ၊ ဆေးဝါးနဲ့ကျန်းမာရေး၊ နေ့စဉ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပါဝင်ကူညီနိုင်မည့် လှုပ်ရှားမှုဖြစ်ပါတယ်။ 

ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို တော်လှန်ရေးအဖွဲ့များရဲ့ထိန်းသိမ်းနယ်မြေအတွင်းရှိ ဆင်များအတွက် ရာသီအလိုက် ဖြည့်စွက်စာနှင့်ဆေးဝါးများ၊ ကျန်းမာရေးနှင့် အရေးပေါ် ထိခိုက်ဒဏ်ရာ ကုသမှုများအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။အဝေးအိမ်ကိုလွမ်းဆွတ်နေကြတဲ့ ပြည်သူတွေနဲ့ထပ်တူ မိုမိုလေးတို့လည်း ပျော်ရွှင်စရာအိမ်ပြန်ခရီးကို စောင့်မျှော်ရင်း ရှင်သန်ဖို့ရုန်းကန်ကြိုးစားနေကြဆဲပါ။ 

ရောင်နီသာမယ့် နေ့သစ်တွေကို ကြိုလင့်ရင်း မိုမိုလေးတွေရဲ့ အဓိပ္ပါယ်ရှိတဲ့ ဖြတ်သန်းမှုတွေကို PRING CROWDFUND(SCF) Page ၏ဗီဒီယိုလေးထဲမှာ ကြည့်ရှုပေးကြပါဦး၊သူတို့လေးတွေရဲ့ ဖြည့်စွက်စာ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် SPRING CROWDFUND(SCF) မှာ လွယ်ကူလုံခြုံစွာဖြင့် ကူညီနိုင်ပါတယ်လို့ဆိုထားပါတယ်။

လွတ်လပ်မျှတသာယာတဲ့ အနာဂတ်ကို တည်ဆောက်နေကြတဲ့ မြန်မာနိုင်ငံသားတို့နဲ့အတူ ထပ်ချပ်မကွာလိုက်ပါနေတဲ့ ဆင်ကလေးတွေရဲ့ အဖိုးတန်ခြေလှမ်းများကို မြန်မာ့ရေမြေ တောတောင်တွေထဲမှာ လှပစွာထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့ ဝိုင်းဝန်းပါဝင်ပေးကြပါရန် SPRING CROWDFUNDမှ ဖိတ်ခေါ်အပ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရန်ကုန်နှင့်မန္တလေးတွင် အင်အားအနည်းငယ်နဲ့အင်အားအသင့်အတင့်ရှိသော ငလျင်ငယ်များလှုပ်ခတ်


မေလ ၇ရက်


၂၀၂၅ ခုနှစ်၊ မေလ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀:၅၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ NUGလူသားစာနာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။အဆိုပါနေရာအနီး၌ပင် ၉း၄၀အချိန်ရစ်ခ်တာစကေး . အဆင့်နှင့် ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ထို့အတူ ၂၀၂၅ ခုနှစ်၊ မေလ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် : ၂၇ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် ထပ်မံအသိပေးအပ်တယ်လို့လူသားစာနာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။



========================


========================


🚩🚩၁။ပုလောမြို့ပေါ်က လက်နက်ကိုင် ပျူစောထီး ဦးကို ပစ်ခတ်ရှင်းလင်းရာမှာ ဦးစလုံးသေဆုံး


မေလ ၇ရက်


တနင်္သာရီတိုင်း ပုလောမြို့ပေါ်က အရက်ဆိုင်တဆိုင်မှာ သောက်စားမူးရူးနေတဲ့ လက်နက်ကိုင် ပျူစောထီး ဦးကို ပစ်ခတ် ရှင်းလင်းရာမှာ ဦးစလုံး သေဆုံးသွားတယ်လို့ မြိတ်ခရိုင်အမှတ် တပ်ရင်းက ဒီနေ့ မေလ ရက်မှာ ထုတ်ပြန်ပါတယ်။

ပုလောမြို့ အမှတ် ရပ်ကွက်မှာရှိတဲ့ ဆန်းဝင်း အရက်ဆိုင်မှာ သောက်စား မူးရူးနေတဲ့ ပျူစောထီး ခေါင်း‌ဆောင် ကုလားနီ၊ ပျူစောထီး ခေါင်း‌ဆောင် ကျော်သူရနဲ့ ပျူစောထီး သန်းနိုင်တို့ကို မြိတ်ခရိုင်အမှတ် တပ်ရင်းနဲ့ မြိတ်ခရိုင် ပကဖ ပူးပေါင်း အဖွဲ့က မနေ့ မေလ ရက် ညနေ နာရီခွဲခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီးတွေဟာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်တာ၊ ဖမ်းဆီးတာ၊ ဂိတ်ကြေးကောက် တာ၊ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းတာ၊ ပုလောမြို့နယ်အတွင်းမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ပြည်သူပိုင် အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ရာမှာ အဓိက ပါဝင်ခဲ့တဲ့ တရားခံတွေဖြစ်တယ်လို့လည်း မြိတ်ခရိုင်အမှတ် တပ်ရင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီးတွေဆီကနေ ပစ္စတိုတလက်အပါအဝင် ကျည်ဆန်တွေနဲ့ ငွေသားအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨၂။ ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာတပ်ဆွဲနေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ


မေလ ၇ရက်


ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့က စိုက်ပျိုးရေးစခန်းမှာတပ်ဆွဲနေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ PPDF တပ်ရင်း ၃၆၀၁ တပ်ရင်းက ဒီနေ့ မေလ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆင်မြီးဆွဲမြို့က စိုက်ပျိုးရေးစခန်းမှာတပ်ဆွဲနေတဲ့ စစ်ကောင်စီဂိတ်စခန်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ က ရဲဘော်တွေ မေလ ရက်နေ့ နာရီကျော်အချိန်မှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသွားသူတွေကို ညတွင်းချင်း ပြည်မြို့ဘက်ကို သယ်ဆောင်သွားတဲ့အတွက် အရေအတွက်ကို အတည်ပြုနိုင်အောင် ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

အဲဒီ စစ်ကောင်စီဂိတ်စခန်းကိုတိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က ပြန်လည်ခုခံတိုက်ခိုက်တာတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူအား၊ ငွေအားအပါအဝင် ဆိုင်ကယ်နဲ့ ကား တွေ ထောက်ပံ့တာမျိုးတွေ မလုပ်ကြဖို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ တပ်ရင်းက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨၃။ အောင်ဇေယျစစ်‌‌ကြောင်းကသေနတ်တလက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားကို ကျပ်သိန်း ၃ဝ ချီးမြင့်


မေလ ၇ရက်


အာရှလမ်းမကြီးတလျောက် စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်‌‌ကြောင်းကသေနတ်တလက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားကို ကျပ်သိန်း ၃ဝ ချီးမြင့်ခဲ့ တယ်လို့ ဗျူဟာ - ၃၁ က ပြောပါတယ်။အောင်ဇေယျစစ်‌‌ကြောင်းက ရဲဘော် ဦးဟာ သေနတ်တလက်၊ ကျည် ၃၉၀၊ ကျည်ဘောက် ခုနဲ့အတူ မတ်လ ၃ဝ ရက်နေ့မှာ ဗျူဟာ ၃၁ ထံ အလင်းဝင်လာတာလို့ဆိုပါတယ်။

အလင်းဝင်လာသူတွေထဲက လက်နက်ယူဆောင်လာတဲ့ စစ်သားကို ငွေကျပ်သိန်း ၃၀ ပေးအပ်ခဲ့ပြီး အခြား ရဲဘော် ဦးကိုတော့ ကျပ် သိန်းစီပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။အလင်းဝင်ရောက်လာတဲ့အချိန်ဟာ ပြည်သူတွေ ငလျင်ဘေးဒဏ်ကြောင့်  စိတ်သောကရောက်နေချိန်  ဖြစ်တာကြောင့် အခုမှ အသိပေးရတာလို့လည်း ရှင်းပြပါတယ်။

အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းကို ဗျူဟာ - ၃၁ နဲ့ ဗျူဟာ ၃၂ အပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ကြားဖြတ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေမကြာခဏဖြစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေများ နေတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨၄။ကောလင်းမှာ အရပ်သားပြည်သူတွေကိုဦးတည်ပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အိမ်နဲ့လျှပ်စစ်မီးတိုင်တွေပျက်စီး 


မေလ ၇ရက်


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်းက အရပ်သားပြည်သူတွေကိုဦးတည်ပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အိမ်နဲ့ လျှပ်စစ်မီးတိုင်တွေ ပျက်စီးသွားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ မေလ ရက် မနက်အစောပိုင်း နာရီ မိနစ်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ကောလင်း PDF က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ရှောက်ပင်ခြုံရွာက ဦးမောင်‌ဝေရဲ့အိမ်ထိခိုက်ပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင် တွေလည်း ပျက်စီးသွားတယ်လို့ Kawlin Info ကလည်း အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ချိန်ဟာ ညသန်းခေါင်အချိန်ဖြစ်ပေမယ့် ပြည်သူလူထုက တိမ်းရှောင်နိုင်ခဲ့တာကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် ဧပြီလတလတာအတွင်း အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့ရ


မေလ ၇ရက်


အကြမ်းဖက်စစ်အုပ်စုကြောင့်  ဧပြီလတလတာအတွင်း အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုသည် လူသားမျိူးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်မြဲ ဖြစ်ပြီး ယခု ဧပြီလတွင်လည်း အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သဘာဝဘေး အန္တရာယ် ကြုံသည့် ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ယခင်လများထက် ပိုမို အသုံးပြုခဲ့သည်ကိုလည်း လေ့လာ တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။သေဆုံးရတဲ့အကြောင်းအရင်းမှာစကစရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုများအပါအဝင်သတ်ဖြတ်မှုတို့ပါဝင်ပြီး စစ်ကိုင်း၊မန္တလေးတို့မှာအများဆုံးခံစားခဲ့ရပါတယ်။


မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။

========================


🚩🚩၆။ တောင်ညို တပ်ရင်းရဲ့ "တောင်ညို စစ်ချီ ဟံသာ၀တီ"ကျပ်သိန်း (၁၀၀၀)ကျည်ကာ ကမ်ပိန်းစတင်


မေလ ၇ရက်


တောင်ညို တပ်ရင်းရဲ့ "တောင်ညို စစ်ချီ ဟံသာ၀တီ"ကျပ်သိန်း (၁၀၀၀)ကျည်ကာ ကမ်ပိန်းစတင်ပြီဖြစ်တယ်လို့အသိပေးဆိုပါတယ်။အဆိုပါကျည်ကာကမ်ပိန်းကို မေလ၇ရက်နေ့မှစ၍ဇွန်လ ၂၂အထိ ၄၅ ရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။ကမ်ပိန်းရဲ့ရည်ရွယ်ချက်ကတော့ ရှေ့တန်းမှာ တာ၀န်ထမ်းဆောင်နေရတဲ့ရဲဘော်များ ရဲဘော်သစ်များအတွက် မပေးသင့်ပဲပေးလိုက်ရတဲ့အသက်တွေကို အတက်နိုင်ဆုံး လျော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေဖြင့် တပ်ရင်းကို ဝိုင်း၀န်းကူညီပေးကြပါရန်နှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment