၂၀၂၅ မေလ ၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပုပ်ရဟန်းမင်းကြီး Leo XIV ကို ဂုဏ်ပြုကြိုဆိုကြောင်းNUGယာယီသမ္မတဒူဝါလရှီးလဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဗုံးခိုကျင်းတွေကို မြေပြင်တက္ကသိုလ်တွေမှာ အလုံအလောက် စီမံပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အရပ်ဘက်၊ စစ်ဘက် ကျန်းမာရေးစောင့်ရှောက်မှု သုံးစွဲမှုငွေကြေးအား အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးဆောင်သောအဖွဲ့နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့ တွေ့ဆုံ၍ စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရေးဆိုင်ရာလုပ်ငန်းများစဥ်ကို ဆွေးနွေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ငလျင်ဘေးသင့်ပြည်သူများအတွက် ယူကေအစိုးရ၏ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်း လုံးဝမရှိဘူးလို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အာဆီယံတစ်ဝန်းရှိ သူဌေးကြီးများနှင့် ခရိုနီများအား ဖိအားပေးရမည့် အချိန်ဖြစ်ပြီးDirtyOver30 ဒုတိယအသုတ်အတွက် အဆင်သင့်ပြင်ထားပေးဖို့ JusticeForMyanmarက အသိပေးနှိုးဆော်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

🚩၂။အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာ ကလေးငယ်အပါအဝင် ဦး သေဆုံး 

🚩 ⁨⁨၃။ စစ်ရှောင်တွေခိုလှုံနေတဲ့ ဗန်းမော်မြို့က ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတာကြောင့် ၁၅ ဦးထက် မနည်းသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပုပ်ရဟန်းမင်းကြီး Leo XIV ကို ဂုဏ်ပြုကြိုဆိုကြောင်းNUGယာယီသမ္မတဒူဝါလရှီးလဆို


မေလ၉ရက်


ပုပ်ရဟန်းမင်းကြီး Leo XIVကို ဂုဏ်ပြုကြိုဆိုကြောင်း NUGယာယီသမ္မတဒူဝါလရှီးလက Xမှာဆိုထားပါတယ်။

"ပုပ်ရဟန်းမင်းကြီး Leo XIV ကို ဂုဏ်ပြုကြိုဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုတွေ ဖြစ်နေချိန်မှာ လေးနက်တဲ့အခိုက်အတန့်ပါပဲ။မြန်မာလူမျိုးများသည် ငြိမ်းချမ်းမှုနှင့် တရားမျှတမှုတို့အတွက် မြင့်မြတ်သော ခမည်းတော်အား မျှော်ကိုးပြီး ဆင်းရဲနွမ်းပါးသူများ၊ ဘေးဖယ်ထားသူများ၊ အိုးမဲ့အိမ်မဲ့များနှင့် ဆင်းရဲဒုက္ခများအတွက် အသံအဖြစ် ရှုမြင်ကြတယ်"ယာယီသမ္မတက ဆိုထားပါတယ်။ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ် ခန့်အပ်ခံရမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။


အမေရိကန် ကာဒီနယ် ရောဘတ်ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် မေလအတွင်းရွေးချယ်တင်မြှောက်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဗုံးခိုကျင်းတွေကို မြေပြင်တက္ကသိုလ်တွေမှာ အလုံအလောက် စီမံပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ၉ရက်

ဗုံးခိုကျင်းတွေကို မြေပြင်တက္ကသိုလ်တွေမှာ အလုံအလောက် စီမံပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၅)မှာဝန်ကြီးချုပ်ကပြောပါတယ်။

"တက္ကသိုလ်ဝင်ခွင့်ကိစ္စရပ်တွေ ကိုလည်း ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိရအောင် လုပ်ဆောင်ပေးမှသာ ကျွန်တော်တို့အစိုးရရဲ့ ပညာရေးစနစ်ကို ယုံကြည်အားကိုးကြတဲ့ ပြည်သူတွေအနေနဲ့ အားလုံးပါဝင် ပူးပေါင်းလုပ်ဆောင် လာနိုင်မှာဖြစ်ပါကြောင်း၊ မြေပြင် တက္ကသိုလ် ဖွင့်လှစ်မှုတွေနဲ့ပတ်သက်ပြီး တော့လည်း လေကြောင်းအန္တရာယ်ကို အထူးအလေးထားကြဖို့နဲ့ ဗုံးခိုကျင်းတွေကိုလည်း မြေပြင်တက္ကသိုလ်တွေမှာ အလုံအလောက် စီမံပေးကြဖို့လည်းလိုအပ်ပါကြောင်း၊ အခုဆိုရင် မြေပြင်ဆေးရုံ၊ ဆေးခန်းတွေ၊ ရွေ့လျားဆေးကုသမှုအဖွဲ့တွေရဲ့ ဂုဏ်သတင်း တွေကလည်း အင်မတန် ပြန့်နှံ့လာပြီဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်၊ ဆေးဝါးနဲ့ဆေးပစ္စည်း အကန့်အသတ်တွေကြားထဲက ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးနေတာတွေ၊ ကလေး မီးဖွားပေးနေတာတွေကို အောင်အောင်မြင်မြင် တက်တက်ကြွကြွ လုပ်ဆောင်နေကြလို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေရော မြေပြင်က ကျန်းမာရေးဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကိုရော အသိအမှတ်ကျေးဇူးတင်ရှိ ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဒါ့အပြင် ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံဝန်ဆောင်မှုတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ဆိုရင် အခွန်စနစ်နဲ့ အုပ်ချုပ်ရေးစနစ်တွေ အားကောင်းမှသာ ဖြစ်မှာ ဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်းအကြား ပေါင်းစပ်ညှိနှိုင်းမှုတွေ အားကောင်းကောင်းနဲ့ လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အရပ်ဘက်၊ စစ်ဘက် ကျန်းမာရေးစောင့်ရှောက်မှု သုံးစွဲမှုငွေကြေးအား အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


မေလ၉ရက်


အရပ်ဘက်၊ စစ်ဘက် ကျန်းမာရေးစောင့်ရှောက်မှု သုံးစွဲမှုငွေကြေးအား အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေး CDM နိုင်ငံ့ဝန်ထမ်းများ၊ အရပ်ဘက် ကျန်းမာရေး ဝန်ထမ်းများ နှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်းများဖြင့် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိတယ်လို့မေလ၉ရက်နေ့ဖော်ပြပယတယ်။

ကျန်းမာရေးဝန်ကြီးဌာနသည် လေးနှစ်တာကာလအတွင်း အရပ်ဖက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် (၁၈,၃၀၄,၂၁၃,၂၀၁) ကျပ် နှင့် တော်လှန်ရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် (,၃၄၁,၁၄၀,၃၉၈) ကျပ် သုံးစွဲခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးဆောင်သောအဖွဲ့နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့ တွေ့ဆုံ၍ စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရေးဆိုင်ရာလုပ်ငန်းများစဥ်ကို ဆွေးနွေးခဲ့


 မေလ()ရက်နေ့


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌနှင့် အဖွဲ့သည် စစ်ကိုင်းဖိုရမ်ဖက်ဒရှင်းအဖွဲ့ တာဝန်ရှိသူများနှင့် မြေပြင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၂၅ခုနှစ်၊ မေလ၊ ၇ရက်နေ့ကကျင်းပခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့တို့မှ ပူးပေါင်း၍ ဆောင်ရွက်နေသည့် စစ်ကိုင်းငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရေးဆိုင်ရာလုပ်ငန်းများစဥ်ကို ဆွေးနွေးခဲ့ကြပါတယ်။


 ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ထံကသိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ငလျင်ဘေးသင့်ပြည်သူများအတွက် ယူကေအစိုးရ၏ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်း လုံးဝမရှိဘူးလို့ဆို


မေလ၉ရက်


ငလျင်ဘေးသင့်ပြည်သူများအတွက် ယူကေအစိုးရ၏ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်း လုံးဝမရှိဘူးလို့မေလအတွင်း UKသံရုံးရန်ကုန်က ဖော်ပြပါတယ်။

"မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး တစ်လကျော်ကာလအတွင်း သန်းနှင့်ချီသော ပြည်သူများသည် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြဆဲဖြစ်ပါတယ်။United Nations OCHA အပါအဝင် ယူကေ မိတ်ဖက်အဖွဲ့အစည်းများသည် အကူအညီလိုအပ်နေသူများအား အသက်ကယ်ဆယ်ရေး အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိပါတယ်။ယူကေအစိုးရသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆီးအတားမရှိဝင်ရောက်ပေးအပ်နိုင်စေရန်နှင့် မြန်မာနိုင်ငံရှိ အကူအညီပေးရေးဝန်ထမ်းများ လုံခြုံမှုရှိစေရန်ဆက်လက်တောင်းဆိုလိုက်ပါတယ်။ယူကေအစိုးရ၏ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်း လုံးဝမရှိပါ"လို့ဖော်ပြပါတယ်။


ယူကေအစိုးအနေဖြင့် ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး ပံ့ပိုးမှုများသည် ဒေသခံမိတ်ဖက်များမှတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီးဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အာဆီယံတစ်ဝန်းရှိ သူဌေးကြီးများနှင့် ခရိုနီများအား ဖိအားပေးရမည့် အချိန်ဖြစ်ပြီးDirtyOver30 ဒုတိယအသုတ်အတွက် အဆင်သင့်ပြင်ထားပေးဖို့ JusticeForMyanmarက အသိပေးနှိုးဆော်


မေလ၉ရက်


အာဆီယံတဝန်းရှိ သူဌေးကြီးများနှင့် ခရိုနီများအား ဖိအားပေးရမည့် အချိန်ဖြစ်ပြီးDirtyOver30 ဒုတိယအသုတ်အတွက် အဆင်သင့်ပြင်ထားပေးဖို့ JusticeForMyanmarကအသိပေးနှိုးဆော်လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူနိုင်ငံသည်မြန်မာနိုင်ငံသို့ တတိယအများဆုံး စစ်လက်နက် ရောင်းချသည့်နိုင်ငံဖြစ်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၂၅၄ သန်း ကုန်သွယ်ရေးတန်ဖိုးရှိကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ၂၀၂၃ ခုနှစ်အတွင်း အစီရင်ခံတင်ပြခဲ့ပါတယ်။


"JFM သည် ပထမအကြိမ် DirtyOver30 စာရင်းကို ထုတ်ပြန်ခဲ့ပြီး၊ အရှေ့တောင်အာရှနှင့် ယင်းပြင်ပဒေသတို့မှ အရပ်ဘက်အဖွဲ့အစည်းများက DoMoreSingapore လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြတယ်။ စင်ကာပူအစိုးရသို့ အိတ်ဖွင့်ပေးစာကိုလည်း အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၃၀ တို့က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီး၊ အွန်လိုင်းလက်မှတ်ထိုးတောင်းဆိုလွှာတွင်လည်း လူပေါင်း ၂၇,၀၀၀ ကျော်၏ လက်မှတ်များ ရရှိခဲ့ပါတယ်။DirtyOver30 နှင့်DoMoreSingapore  hashtags များသည် လူမှုကွန်ရက်ပလက်ဖောင်းများတွင် ထိနှိပ်ဝင်ရောက်ကြည့်ရှုမှု ၆၇ သန်းကျော် ရရှိခဲ့ပါတယ်။ အဆိုပါလှုပ်ရှားတောင်းဆိုမှုအကြောင်းကို စင်ကာပူမီဒီယာတွင်လည်း ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၄ ခုနှစ်အစီရင်ခံစာတွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ စစ်သုံး ကုန်စည်တင်ပို့မှု ၈၃ % လျှော့ကျသွားကြောင်း ဖော်ပြခဲ့တယ်"လို့ဆိုပါတယ်။


ယခုအချိန်သည် အာဆီယံတဝန်းရှိ သူဌေးကြီးများနှင့် ခရိုနီများအား ဖိအားပေးရမည့် အချိန်ဖြစ်ကာDirtyOver30 ဒုတိယအသုတ်အတွက် အဆင်သင့်ပြင်ထားပေးကြဖို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့


မေလ၉ရက်


၂၀၂၅ ခုနှစ်၊ မေလ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် : ၁၈ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မြောက်ဘက် ၂၂ ကီလိုမီတာအကွာ၊  မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့လူသားစာနာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


 စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် ထပ်မံအသိပေးအပ်တယ်လို့ဖော်ပြပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်


မေလ ၉ရက်


စစ်ကောင်စီ အခိုင်အမာတပ်စခန်းတခုဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်က ထီးခီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီနေ့ မေလ မနက် နာရီခန့်မှာ သိမ်းပိုက်နိုင်ပြီလို့ တိုက်ပွဲဝင် တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ထီးခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဧပြီလကုန်ပိုင်းကစလို့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ တာလို့ ဆိုပါတယ်။

ထီးခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုတာကို ချေမှုန်းရေးနဲ့ဒရုန်းတပ်ဖွဲ့ FFD က ရုပ်သံမှတ်တမ်းနဲ့တကွ အတည်ပြု ထားပါတယ်။

လက်ရှိအချိန်မှာ နယ်မြေရှင်းလင်းရေးလုပ်နေချိန်ဖြစ်တာကြောင့် သုံ့ပန်းဖမ်းမိမှု၊ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိမှု အခြေအနေတွေကို မသိနိုင်သေးဘူးလို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

KNU/KNLA တပ်မဟာ နယ်မြေမှာရှိတဲ့ ထီးခီးစခန်း ကို KNU/KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေမှုန်းရေးနှင့်ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ဒရုန်းအဖွဲ့၊ TPLF ဒရုန်းအဖွဲ့တို့ ပါဝင်တိုက်ခိုက် ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩၂။အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာ ကလေးငယ်အပါအဝင် ဦး သေဆုံး 


မေလ ၉ရက်


အပစ်ရပ်သက်တမ်း တလ ထပ်တိုးထားတဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နောင်ချိုမြို့နယ်မှာ အသက် နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။  

စစ်ကောင်စီလက်အောက်ခံ ၉၀၂ အမြောက်တပ်က မနေ့ မေလ ရက်မှာ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာကို လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

မင်္ဂလာဆောင်အခမ်းအနားကျင်းပနေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် အသက် နှစ် အရွယ် ကလေးငယ်အပါဝင် ဒေသနေပြည်သူ ဦးသေဆုံးကာ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီဟာ မေလ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ထားမယ်လို့ ကြေညာထားပေမယ့် တအာင်း ပြည်ထဲကကို ထိုးစစ်ဆင်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ဒရုန်းအပါအဝင် လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ် နေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အမှတ် ၉၀၂ အမြောက်တပ်က မနေ့ မေလ ရက် မနက် နာရီခွဲဝန်းကျင်မှာ သရက်ချိုရွာကို ဒရုန်းနဲ့ ဗုံး လုံးကြဲကာ လက်နက်ကြီးနဲ့ ၁၆ ကြိမ် ပစ်ခတ်ပြီး တအာင်းတပ်ဖွဲ့တွေရှိရာနေရာကို ထိုးစစ်ဆင်လာတာကြောင့် သရက်ချိုရွာအနီးတဝိုက် နေ့လည် ၁၂ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ တအာင်းတပ် TNLA က အသိပေးပါတယ်။ 

ဒါ့အပြင် နေ့လည် နာရီခန့်မှာလည်း ယာပြင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး လုံးကြဲပြီး လက်နက်ကြီးနဲ့ ၂ကြိမ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့် နေ့လည် နာရီခန့်အချိန်မှာ ယာပြင်ကျေးရွာအနီးမှာ တိုက်ပွဲတပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထို့အတူ ညနေ နာရီ ကျော်အချိန်မှာ ဒရုန်းနဲ့ ဗုံး လုံး၊ အဆိပ်ငွေ့ဗုံး လုံး၊ လက်နက်ကြီးနဲ့ ၃၁ ကြိမ်ပစ်ခတ်ကာ နောင်တလင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့အတွက် ညနေ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် PSLF/TNLA တပ်တို့ နောင်လင်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တဲခေါ်ရွာနေပြီး ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတလုံး အုမ္မတီးကျေးရွာကို လာရောက်ကြဲချခဲ့သလို PSLF/TNLA တပ်ဖွဲ့ရှိရာ တောင်လှကျေးရွာကိုလည်း လက်နက်ကြီးနဲ့ ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်အောင် တိုက်ပွဲဖြစ်နေရာ တွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ် ဖွဲ့က မေလ ရက်နေ့မှာ အပစ်ရပ်ကာလတလ ထပ်တိုးထား ပေမယ့် စစ်ကောင်စီဘက်က အခုလိုတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

အခုလို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ရေး သတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာနက နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨၃။ စစ်ရှောင်တွေခိုလှုံနေတဲ့ ဗန်းမော်မြို့က ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတာကြောင့် ၁၅ ဦးထက် မနည်းသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ


မေလ ၉ရက်


ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသနေပြည်သူတွေ ခိုလှုံနေတဲ့ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် စစ်ရှောင် ၁၅ ဦးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရသွားတယ်လို့ Banmaw Scout Team က အသိပေးပါတယ်။

ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်မှာရှိတဲ့ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်တပ်က မနေ့ မေလ ရက် ညနေ နာရီ ခန့်မှာ ဂျက်ဖိုက်တာနဲ့ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်တွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ပထမပတ် ကစပြီး ဆင်နွှဲနေရာ လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ခံအများစု ထွက်ပြေးတိမ်းရှောင်သွားပေမယ့်  အချို့ကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။ 

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီးသွားတဲ့အတွက် ကျန်တဲ့ စစ်ရှောင် ၃၈၀‌ ကျော်ကို KIA နဲ့ မဟာမိတ်တွေက ဘေးလွတ်ရာနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကတော့ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို ဗုံးကြဲတာဟာ KIA နဲ့ PDF တွေရှိတာကြောင့် ဗုံးကြဲတိုက်ခိုက်တာလို့ ဝါဒဖြန့်ထားပါတယ်။ 

KIA နဲ့ပူးပေါင်းတပ်တွေဟာ ဗန်မော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ဗန်းမော်လေဆိပ်အပါအဝင် စခန်းပေါင်းများစွာ ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စကခ ၂၁ နဲ့ ခလရ ၄၇ တို့လို့ အဓိက စစ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ဖို့ ကျန်နေ သေးတာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ 

စစ်ကောင်စီဘက်ကလည်း လက်ကျန်စခန်းတွေမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံသုံးပြီး အပြင်းအထန်ခုခံနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment