၂၀၂၅ မေလ ၁၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အကြမ်းဖက်စစ်အုပ်စု ဝါဒဖြန့်ချီမှုအပိုင်းကိုလည်း ပိုမိုသတိထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်မကွေးတိုင်း၊ မန္တလေးတိုင်း လွှတ်တော်အစည်းအဝေးသို့ NUGဝန်ကြီးများတက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းတွင်း စစ်လော်ဘီများဖြန့်သလို လက်နက်ထုတ်လုပ်ခြင်းမရှိသလို စာသင်ကျောင်းအနီးတပ်စွဲထားခြင်းလည်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေအရ အနည်းဆုံးအကျယ်၂ပေအနက်၂ပေ ရှိတဲ့တကိုယ်စာဝပ်ကျင်းတွေကို အနီးဆုံးနေရာမှာ ပြင်ဆင်ထားသင့်တယ်လို့ ဒုဝန်ကြီးခွန်းစောဖူးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိစစ်ကောင်စီ သံရုံးရှေ့ မြန်မာအင်အားစုများဆန္ဒထုတ်ဖော်


========================


၂၀၂၅ ခုနှစ် မေလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨⁨ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ AA ပြော

🚩၂။ သပိတ်ကျင်းနယ်က စစ်ဘေးရှာင်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဦးသေဆုံးပြီး ဦးဒဏ်ရာရ

🚩၃။ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကိုတိုက်ခိုက်မှု စစ်အုပ်စုဘက်က ဦးသေပြီး ဦး ဒဏ်ရာရ

🚩၄။ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာက စစ်တပ်ဒေါက်တိုင်တွေကို ဖမ်းဆီး

🚩၅။နတ်တလင်းမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုတွေရှိပြီး တော်လှန်ရေး ရဲဘော် ဦး ဒဏ်ရာရ

🚩၆။ မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲ ပြန်မရောက်အောင် ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေကို ကျည်နဲ့ရိက္ခာထောက်ပံ့ပေးကြဖို့ ရှမ်းတောင်စစ်ဒေသခွဲ တိုက်တွန်း

🚩၇။ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) လေးနှစ်ပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး 

🚩၈။⁨⁨ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ ရက်တွင်း စစ်မှုထမ်းတပ်သားသစ် ၁၆ ဦး အလင်းဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အကြမ်းဖက်စစ်အုပ်စု ဝါဒဖြန့်ချီမှုအပိုင်းကိုလည်း ပိုမိုသတိထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော


မေလ ၁၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၆/၂၀၂၅)ကို ၂၀၂၅ခုနှစ်၊ မေလ(၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်မှ ပြောကြားရာတွင်   "(၁၂)ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာမှာ အပြစ်မဲ့ ကလေးငယ်တွေ စာသင်နေတဲ့ စာသင်ကျောင်းကို ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုက လူမဆန်စွာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီလို ရက်စက်တဲ့ လုပ်ရပ်ကြောင့် ဒီပဲယင်း အိုးတိမ်းစာသင်ကျောင်းက ကျောင်းသား (၂၂)ဦး နဲ့ ဆရာမ ()ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့ပြီး ကျောင်းသူ ကျောင်းသား (၁၀၃) ဦး နဲ့ ဆရာ၊ ဆရာမ ()ဦး စုစု ပေါင်း (၁၀၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီလို တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြင်းထန်စွာ ရှုတ်ချပြီး သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ မိသားစုများအတွက် ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း၊ ဒါဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပြီး သူတို့ကို အမြစ်ဖြတ် ချေမှုန်းဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ထပ်မံ မီးမောင်းထိုးပြနေသလိုဖြစ်ပါကြောင်း နှင့် အကြမ်းဖက်စစ်အုပ်စု ဝါဒဖြန့်ချီမှုအပိုင်းကိုလည်း ပိုမို သတိထားကြရမှာဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။

ဒါ့အပြင် သတင်းအမှားတွေ ဖြန့်ချီပြီး ပြည်သူကိုဝေဝါးအောင် ပေါ်ပေါ်တင်တင် လုပ်လာတာတွေရှိသလို ဒီလိုဖြစ်ရပ်တွေအပေါ် အခြေခံပြီး တော်လှန်ရေးဘက်တော်သားတွေကြား သွေးကွဲစေမယ့် narrative မျိုးတွေကို ပိုမိုအသုံးပြုလာတာတွေ့ရလို့ အချင်းချင်းကြားမှာလည်း သတိကြီးကြီးထားကြဖို့လိုမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်မကွေးတိုင်း၊ မန္တလေးတိုင်း လွှတ်တော်အစည်းအဝေးသို့ NUGဝန်ကြီးများတက်ရောက်


မေလ ၁၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ  အစည်းအဝေး(/၂၀၂၅)ကိုမေလ၁၅ရက် ကျင်းပခဲ့ပါတယ်။

အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတိုင်း၊ မန္တလေးတိုင်းလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်များမှ နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ပါတယ်။

ထို့နောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြရှင်းလင်းခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုမှုများကို ဆွေးနွေးပြောကြားခဲ့ကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းတွင်း စစ်လော်ဘီများဖြန့်သလို လက်နက်ထုတ်လုပ်ခြင်းမရှိသလို စာသင်ကျောင်းအနီးတပ်စွဲထားခြင်းလည်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော


မေလ ၁၆ရက်


ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းတွင်း စစ်လော်ဘီများဖြန့်သလို လက်နက်ထုတ်လုပ်ခြင်းမရှိသလို စာသင်ကျောင်းအနီးတပ်စွဲထားခြင်းလည်းမရှိဘူးလို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး PVTVနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။


"၂၀၂၂ နှစ်စကတည်းမှာက ဘယ်ကျောင်း၊ဘယ်ဆေးရုံမှာမှတပ်မစွဲဖို့ ကျနော်တို့ကြေညာချက်တွေထုတ်ပြီးသား၊ဥပဒေတွေထုတ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ကျနော်တို့ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာနတို့ညှိပြီးတော့ ဘယ်ကျောင်းမှာမှတပ်မစွဲဖို့ ကျနော်တို့ဆောင်ရွက်တယ်။တကယ်လို့ စွဲတယ်ဆိုရင် ကျနော်တို့အရေးယူတယ်။အပြစ်ပေးချမှတ်တာတောင် လုပ်နေတာဖြစ်တဲ့အတွက် အခုအချိန်မှာတော့ဘယ်ကျောင်း၊ဆေးရုံမှတပ်စွဲထားခြင်းမရှိဘူးဆိုတာ ကျနော့်အနေနဲ့တိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်။ဒါ့အပြင်ကျောင်းကိုယူနီဖောင်းနဲ့လက်နက်နဲ့တောင်ဝင်ခွင့်မပြုပါဘူး။ကျနော်တို့ပြည်သူ့အခြေပြုကျောင်းတွေမှာ ယူနီဖောင်းနဲ့လက်နက်နဲ့တောင်ဝင်ခွင့်မပေးဘူး"လို့ ဝန်ကြီးကပြောပါတယ်။


မေလ၁၂ရက်မနက်ပိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း သေဆုံးသူကျောင်းသားကလေးငယ်နဲ့ဆရာ၊ဆရာမအပါအဝင်၂၄ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိ‌မှု (၁၀၂)ဦးအထိရှိခဲ့ပါတယ်။


အဆိုပါဖြစ်ရပ်အပေါ်စစ်ကောင်စီနဲ့စစ်တပ်လော်ဘီများက ပုံဖျက်၍စာသင်ကျောင်းအတွင်းလက်လုပ်မိုင်များလုပ်ဆောင်နေသည်ဟု မဟုတ်မမှန်ထုတ်လွှင့်ကာ ကာကွယ်ရေးရဲဘော်များတပ်စွဲထားကြောင်းစွပ်စွဲထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေအရ အနည်းဆုံးအကျယ်၂ပေအနက်၂ပေ ရှိတဲ့တကိုယ်စာဝပ်ကျင်းတွေကို အနီးဆုံးနေရာမှာ ပြင်ဆင်ထားသင့်တယ်လို့ ဒုဝန်ကြီးခွန်းစောဖူးပြော


မေလ ၁၆ရက်


လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေအရ အနည်းဆုံးအကျယ်၂ပေအနက်၂ပေ ရှိတဲ့တကိုယ်စာဝပ်ကျင်းတွေကို အနီးဆုံးနေရာမှာ ပြင်ဆင်ထားသင့်တယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝန်ကြီးခွန်းစောဖူးကပြောပါတယ်။


"ရှေ့တန်းကယ်ဆယ်ရေးအတွေ့အကြုံအရ စကစလေယာဉ်နဲ့ ဗုံးကြဲတဲ့ပုံစံသုံးမျိုးရှိတယ်။စစ်မြေပြင်မှာ အရေးကြီးစခန်းသိမ်းလို့ရခါနီး စကစဘက်မှအသည်းအသန်ခုခံ နေတဲ့အချိန်တိုက်ပွဲဧရိယာ စကစ စခန်းပတ်ပတ်လည်ကိုကြဲတယ်။ရဲဘော်အထိအခိုက်နည်းတယ်။ အိုင်ကွန်ကနေ ငှက်ဆိုးလာကြောင်းသတိပေးသံကြားရလို့ပုန်းဝပ်ချိန်ရတယ်။စခန်းသိမ်းပြီး၊ တိုက်ပွဲအပြီး ဆိုရင် Second line မှာရှိတဲ့ ဆေးအထိုင်စခန်း၊ ကင်းအထိုင်စခန်းတွေကိုကြဲလေ့ရှိတယ်။ ဒဏ်ရာရရဲဘော်တွေကိုလာကြည့်၊ ဆေးအထိုင်မှာပြန်လာနားတဲ့ရဲဘော်တွေလည်းများတယ်။မကြာခဏမောင်းထုတ် လူချဲခိုင်းရတယ်။  ဒါ့ကြောင့်တိုက်ပွဲပြီးပြီဆိုတာနဲ့ဆေးအထိုင်ကို ချက်ခြင်းနေရာရွေ့ရတယ်။ကယ်ဆယ်ရေးရဲဘော် ၃ဦးကျဆုံးခဲ့ရတယ်။ အရပ်သား နေရာကြဲခြင်းမှာတိုက်ပွဲဖြစ်ပွာခြင်းမရှိ တိုက်ပွဲနေရာမဟုတ်ပဲနိုင်ငံရေးဖိအားပေးချင်လို့ အရပ်သားတွေနေတဲ့နေရာတွေကိုကြဲတာဖြစ်တယ်။ လူအထိအခိုက်အများဆုံးဖြစ်တယ်။ ပြင်ဆင်ချိန်မရဘူး။ တစ်ခါတလေ ညအချိန်ဖြစ်တယ်။ စိန်ခေါ်ချက်များတယ်။ အနည်းဆုံး2ပေအနက် အကျယ်၂ ပေရှိတဲ့တစ်ကိုယ်စာဝပ်နိုင်တဲ့ ဝပ်ကျင်း ကို အနီးဆုံးနေရာမှာတူထားသင့်တယ်လို့မြင်မိတယ်"လို့ဒုဝန်ကြီးကပြောပါတယ်။


၂၀၂၃ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကောက်ယူရရှိထားတဲ့အချက်အလက်များအရအကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂၅၈၅) ခု ရှိပြီးသေဆုံးသူလူဦးရေ၂၉၅၂ဦးရှိခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိစစ်ကောင်စီ သံရုံးရှေ့ မြန်မာအင်အားစုများဆန္ဒထုတ်ဖော်


မေလ ၁၆ရက်


အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိစစ်ကောင်စီ သံရုံးရှေ့ မြန်မာအင်အားစုများ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

"ဝါရှင်တန်ဒီစီရှိ မြန်မာအကြမ်းဖက် SAC ရုံးရှေ့တွင် ရောင်စုံပါဝင်သူများ ယနေ့ ဆန္ဒပြခဲ့ကြပါတယ်။SAC နှင့် ၎င်း၏ ထောက်ခံသူများကို အဓိကအားဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်သည့် တိုင်းရင်းသားပေါင်းစုံ ပွဲလို့ ခေါ်ဆိုနိုင်တယ်လို့ အင်အားစုများကအသိပေးဖော်ပြထားပါတယ်။

 ()နှစ်ကျော်ကြာ စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရသော မြန်မာနိုင်ငံတွင်းရှိ မြန်မာနိုင်ငံသားများအတွက် အားတက်သရော အောင်မြင်ပြီး အားကောင်းသော ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။⁨⁨⁨⁨ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ AA ပြော


မေလ ၁၆ရက်


အပြစ်မဲ့ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ်  ပြစ်မှုကျူးလွန်နေတဲ့လုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ ရခိုင့်တပ်တော် AA က ပြောကြားလိုက်ပါတယ်။

စစ်တပ်က ကျောက်တော်မြို့ကို ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ ရခိုင့်တပ်တော်က အခုလို အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေ နိုင်ငံအနှံ နေ့စဉ် ရက်ဆက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း ရခိုင့်တပ်တော်တော်က ပြင်းပြင်းထန်ထန် ရှုတ်ချထား ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ မေလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ကျောက်တော်မြို့ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရှိခဲ့တယ်လို့ အသိပေး ပါတယ်။ 

ထို့အတူ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစင်းဟာ မေလ ၁၅ ရက်နေ့မှာလည်း ကျောက်တော်မြို့ပေါ် ကြိမ် လှည့်ပတ်ပြီး ရွာမရပ်ကွက်ကို ကြိမ်တိုင်တိုင် ရက်စက်ယုတ်မာစွာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ဦး သေဆုံးခဲ့ရပြီး ဦး ပြင်းထန်နဲ့အလတ်စားဒဏ်ရာတွေ ရခဲ့တယ်လို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ သပိတ်ကျင်းနယ်က စစ်ဘေးရှာင်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဦးသေဆုံးပြီး ဦးဒဏ်ရာရ


မေလ ၁၆ရက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှာင်စခန်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး သံဃာတော်တပါးနဲ့ကလေးငယ် ဦး အပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မနေ့ မေလ ၁၅ ရက် မနက် နာရီ ၄၈ မိနစ်ခန့်အချိန်မှာ သပိတ်ကျင်းမြို့နယ်ထဲက မိုင်ရွာနဲ့ လမ်းလယ်ကျစ်ရွာကြားက စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသား တဦးနဲ့ အမျိုးသမီးတဦး သေဆုံး ခဲ့ရပြီး ကလေး ဦးနဲ့ ရဟန်းတပါး အပါအဝင် ဦး ဒဏ်ရာရခ‌ြ့တာလို့ အသိပေးပါတယ်။

စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူလူထု အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်တဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။


========================


🚩🚩၃။ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကိုတိုက်ခိုက်မှု စစ်အုပ်စုဘက်က ဦးသေပြီး ဦး ဒဏ်ရာရ


မေလ ၁၆ရက်


တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်မှာရှိတဲ့ ပေါက်တိုင်းတံတားဂိတ်ကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ မေလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေရှိတဲ့ ပေါက်တိုင်းတံတားဂိတ်ကို မေလ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအခြေအနေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။


စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေကြောင့် တနာရီခန့်ကြာတဲ့ အဲဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့တဲ့ ပျူစောထီး တွေဘက်က ဦးသေပြီး ဦး ပြင်းထန်ဒဏ်ရာရသွားပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဘက်က စစ်ကူတွေရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ မနက် နာရီ မိနစ် ၅၀ ခန့်မှာ ခွာစစ်ဆင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါင်းညီနောင်စစ်ကြောင်း၊ ဥဩစစ်ကြောင်း၊ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၁၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်မတော်တပ်ရင်း - တပ်ခွဲ - KNLA တပ်မဟာ 4 အထူးတပ်ဖွဲ့၊ ထားဝယ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ -DDT နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။

မိဘပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျပြီး ပစ္စည်းတွေသိမ်းယူတာနဲ့ ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဆက်လက် တိုက်ခိုက်ချမှုန်းသွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩၄။ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာက စစ်တပ်ဒေါက်တိုင်တွေကို ဖမ်းဆီး


မေလ ၁၆ရက်


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာက စစ်တပ်ဒေါက်တိုင်တွေကို ဖမ်းဆီးထားတယ်လို့ မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ မေလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

စမ်းလှမ်းကျေးရွာက စစ်တပ်ဒေါက်တိုင်တွေကို မေလ ၁ဝ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့တဲ့ဖြစ်စသ်တွေနဲ့ ပတ်သက်လို့ အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူတွေလို့ ကျော်ဇောတဲ့ ရေလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အုန်းရီနဲ့ သူ့ရဲ့သမီး ဒေါ်ဇင်မာစိုး တို့ကို ဖမ်းဆီးခဲ့ရာမှာ မူးယစ်ဆေး ဝယ်ယူထားသူတွေရဲ့ အမည်တွေပါတဲ့ စာရင်းစာအုပ်နဲ့အတူ ရေတပ်စစ်င်္ဘောကပ္ပိန်ထံ ဆက်ကြေးပေးဆောင်နေရသူတွေရဲ့ စာရင်းစာအုပ်တွေ၊ ရေတပ်ဗိုလ်တွေအပါအဝင် နေပြည်တော်နဲ့ စစ်ကောင်စီအသိုင်း အဝိုင်းက အရာရှိကြီးတွေရဲ့ ဖုန်းနံပါတ်တွေပါတဲ့ စာအုပ်နဲ့ သူတို့နဲ့ ဆက်သွယ်ပြောဆိုထားတဲ့ ဖုန်းတွေပါ သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် WY စိတ်ကြွဆေးဝါး ၁၇ ပြား သိမ်းဆည်းရရှိခဲ့ပြီး အိမ်မှာလူမရှိတော့တဲ့အတွက် ရွှေငွေ လက်ဝတ်ရတနာတွေနဲ့ ဆိုင်ကယ် စီးကို လုံခြုံရေးအရ ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။

ဆက်လက်ပြီး စမ်းလှန်းရွာက ပျူစောထီးတွေနဲ့အတူ လက်နက်ကိုင်ဖူးပြီး တော်လှန်ရေးကာလအစောပိုင်းက လူငယ်တွေ ကို ဖမ်းဆီးရာမှာ သတင်းအဖြစ်ပါဝင်ခဲ့တဲ့ စစ်ကောင်စီနဲ့ဆက်နွယ်နေသူ ဦးသိန်းဇော် ခေါ် ဝမ်းစတားကို ထပ်မံ ဖမ်းဆီးခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ဦးအောင်စိုးနဲ့ သားဖြစ်သူ ရှိန်းသူရိန်မိုး ခေါ် သားမဲ တို့ကို ဖမ်းဆီးခဲ့ပေမယ့် သူတို့ထွက်ဆိုချက်အရ စစ်ကောင်စီနဲ့ ထပ်မပတ်သက်ဖို့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဆက်လက်ပြီး စမ်းလှန်းရွာသား စစ်တပ်ထောက်ပို့ ကိုဇော်ဇော်ငြိမ်း ကိုဖမ်းဆီးခဲ့ရာမှာ စိတ်ကျန်းမာရေး အားနည်းသူတဦး ဖြစ်နေတာနဲ့ ဆေးကုသမှုခံယူပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာမရှိတော့ဘူးလို့ သိရတဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။   

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အဓိပ္ပါယ်သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူတွေကို တော့ NUG ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။နတ်တလင်းမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုတွေရှိပြီး တော်လှန်ရေး ရဲဘော် ဦး ဒဏ်ရာရ


မေလ ၁၆ရက်


ပဲခူးတိုင်း နတ်တလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ် ဘက်က ထိခိုက်သေဆုံးမှုတွေရှိသလို တော်လှန်ရေးတပ်တွေဘက်က ရဲဘော် ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

နတ်တလင်းမြို့နယ် ထန်းတောကျေးရွာထဲဝင်လာတဲ့ အင်အား ၁ဝဝ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ပေါင်းစုက မေလ ၁၄ ရက် ညနေ ၆နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းကို တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ နတ်စစ်သည် တပ်ဖွဲ့၊ တပ်ခွဲ BRA တပ်ဖွဲ့၊ တပ်ခွဲ Phoenix တပ်ဖွဲ့နဲ့ တပ်ခွဲ ဧရာညီနောင်တပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဦးထက်မနည်း သေဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အားထပ်မံဖြည့်တင်းတာတွေလုပ်နေပြီး ပဲခူးရိုးမအစပ်က ကျေးရွာတွေဘက် ဦးတည် လှုပ်ရှားနေတာကြောင့် ဒေသနေပြည်သူတွေ စစ်ရေးသတိနဲ့ သွားလာကြဖို့၊ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့ သာယာဝတီခရိုင်မှာရှိတဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေက သတိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩၆။ မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲ ပြန်မရောက်အောင် ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေကို ကျည်နဲ့ရိက္ခာထောက်ပံ့ပေးကြဖို့ ရှမ်းတောင်စစ်ဒေသခွဲ တိုက်တွန်း


မေလ ၁၆ရက်


မိုးဗြဲမြို့ စစ်ကောင်စီလက်ထဲ ပြန်မရောက်အောင် ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေကို ကျည်နဲ့ရိက္ခာထောက်ပံ့ပေး ကြဖို့ ရှမ်းတောင်စစ်ဒေသခွဲက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ 


ရှမ်း‌တောင် ကရင်နီစစ်တိုင်းဒေသ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ အခြား မဟာမိတ်တပ်ပေါင်းစုတွေစိုးမိုးထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့  စစ်ကောင်စီဟာ ပြည်သူ့စစ်နဲ့ PNO အဖွဲ့တွေနဲ့ပူး‌ပေါင်းပြီး မေလ ရက်ကစပြီး ဒီနေ့ မေလ ၁၆ ရက်နေ့အထိ စစ်ကြောင်း ထိုးနေတာကြောင့် အခုလို အသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။ 


စစ်ကောင်စီဟာ အင်အား ၆ဝဝ ခန့်နဲ့ ညောင်‌ရွေနဲ့ ဖယ်ခုံမြို့နယ်အစပ်မှာရှိတဲ့ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနဲ့ လွယ်လုံကျေး ရွာဘက်ကို ကုန်းကြောင်း ရေကြောင်းကနေ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ ရှမ်းတောင် ကရင်နီ စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် စီမံကွပ်ကဲရေးအောက်မှာရှိတဲ့ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနဲ့ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်နေတဲ့ ပျားစစ်ကြောင်းတို့ပူးပေါင်းပြီး စစ်တပ် စစ်ကြောင်းတွေကို ပြင်းပြင်းထန်ထန် ခုခံနေရတယ်လို့ ဆိုပါတယ်။ 


ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ ပြည်သူ့စစ်နဲ့ PNO တို့ဘက်က ပြင်းထန်ဒဏ်ရာရသူတွေများနေပြီး သေဆုံးသူလည်း ၁၈ ဦးထက်မနည်းရှိတယ်လို့ စစ်ကြောင်းမှူးနဲ့ စစ်ရေးနည်းဗျူဟာမှူးတို့က မြေပြင်ကနေသတင်းပေးပို့ထားတယ်လို့ SSTOC- PDF -1 သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။


စစ်ကောင်စီနဲ့ PNO တွေဟာ လက်နက်ကြီးနဲ့ လေယာဉ်တွေအပြင် တိုက်ခိုက်ရေးဒရုန်းတွေ ပိုမိုအသုံးပြု ထိုးစစ်ဆင်လာ တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ခံစစ်နဲ့ဟန့်တားထားနိုင်သလို စစ်အုပ်စုရဲ့ တိုက်ခိုက်ရေးဒရုန်း အကြီး ၂စင်း ကိုလည်း ပစ်ချနိုင်ခဲ့ကာ MA3 လက်၊ MA1တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။အထိနာသွားတဲ့ စစ်အုပ်စုဟာ အရပ်လူထုဘက်ကိုဦးတည်ပြီး ညောင်ရွေမြို့နယ်ထဲမှာရှိတဲ့ စွန့်စွဲကျေးရွာက ပြည်သူပိုင် အိမ် အလုံး ၂၀ ကျော်ကို မိးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲ‌ဘော် ၂ဦး အသေးစားဒဏ်ရာရခဲ့ပြီး တပ်‌ပေါင်းစုက ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  

မိုးဗြဲမြို့တွင်းမှာလည်း မေလ ၁၄ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုဘက်က ဦးထက်မနည်း‌ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတဲ့အတွက် ခမရ ၄၂၂ တပ်ရင်းကို ပြန်လည်ဆုတ်ခွာနိုင်ဖို့ လက်နက်ကြီးတွေနဲ့ အဆိပ်ငွေ့ဗုံးတွေ အလွန်အကျွံ ပစ်ခတ်တိုက်ခိုက်ကာ တပ်စခန်းထဲ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


လက်ရှိမှာ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ် ဗျူဟာနဲ့ တပ်‌ပေါင်းစုတွေဟာ စစ်တပ်ကြောင်းတွေဖြစ်တဲ့  မိုးဗြဲ မြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်းနဲ့ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွေမြို့နယ်စပ်က စစ်ကြောင်းတွေကို တာဝန်ယူ ခုခံ ကာကွယ်ရတဲ့အ‌ခြေအနေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဦးမယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။


ရှမ်းတောင်စစ်ဒေသခွဲ ဗျူဟာအနေနဲ့ စစ်ရှိန်မြင့်ပြီး စစ်ကောင်စီတပ်တွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ ခဲယမ်း၊ စစ်ကြောင်း အသုံးစရိတ်နဲ့ စစ်ကြောင်းရိက္ခာတွေ လိုအပ်‌နေတဲ့အတွက် စစ်တိုင်းကွပ်ကဲရေးအဖွဲ့ MOD နဲ့ ပြည်တွင်းပြည်ပက ထောက်ပို့ပြည်သူ ဝိုင်းဝန်းထောက်ပို့ပေးကြဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩၇။ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) လေးနှစ်ပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး 


မေလ ၁၆ရက်


ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) လေးနှစ်ပြည့် အခမ်းအနား ကို အွန်လိုင်းမှကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ (၁၅) ရက်နေ့တွင်ခရမ်းPDF တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။


တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့် အခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား ငြိမ်သက်အလေးပြုခြင်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတာဝန်ခံ ကိုနောင်ရိုး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တပ်ဖွဲ့မှူး ရဲဘော် အောင်စံရှား အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ရန်ကုန်တောင်ပိုင်းခရိုင် ဇုန် () ခရိုင်ပကဖ တာဝန်ခံ ကိုလဂွန်းအိမ် တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။


 ထို့ပြင် ခရမ်းမြို့နယ် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကိုမင်းမင်း ဒယ်ဂျွန်း ကိုမှိုင်းမျိုးဆက် တို့နှင့် နိုင်ငံတကာရောက် ထောက်ပို့များက အသီးသီး အမှတ်တရစကားများ ပြောကြားပေးခဲ့ကြတယ်လို့သိရပါတယ်။


အခမ်းအနားကို နယ်မြေအခြေအနေအရ အကျည်းချုံးကျင်းပ၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။


========================


🚩🚩၈။⁨⁨ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ ရက်တွင်း စစ်မှုထမ်းတပ်သားသစ် ၁၆ ဦး အလင်းဝင် 


မေလ ၁၆ရက်


တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့နယ်မှာ ရက်တွင်း စစ်မှုထမ်းတပ်သားသစ် ၁၆ ဦး အလင်းဝင်လာတယ် လို့ ရှမ်းတောင် စစ်ဒေသခွဲက ဒီနေ့ မေလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 


မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်နဲ့ PNO အဖွဲ့တွေနဲ့ ပူး‌ပေါင်းပြီး မေလ ၁၆ ရက်ကစတင်ကာ အင်အား ၆ဝဝ ခန့်နဲ့ ကုန်းကြောင်းရေ‌ကြောင်းကနေ ထိုးစစ်ဆင် လာတဲ့အတွက် ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ ဆိုပါတယ်။  


အခုလို တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ ပြည်သူ့စစ်အဖြစ် ဖမ်းစီးစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သား သစ် ရဲဘော်တွေ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာ အမှတ် ကွပ်ကဲမှုအောက်ကို လာရောက်ခိုလုံ အလင်းဝင်လာသူ ရက်အတွင်း ၁၆ ဦးထိရှိတယ်လို့ အသိပေးပါတယ်။

 

အလင်းဝင်လာတဲ့ ပြည်သူ့စစ်ရဲဘော်အများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG စနစ်သစ်ပညာ‌ရေးနဲ့  ၂၀၂၃ ခုနှစ်ကမှ ဆယ်တန်းအောင်ထားသူတွေလည်းပါဝင်နေတာကိုတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment