၂၀၂၅ မေလ ၁၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတွေကို NUG ကိုယ်စားလှယ်တွေနဲ့ မြန်မာ တော်လှန်ရေးရဲဘော်တွေတက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အသိုက်အဝန်းနဲ့အတူ ရပ်တည်ကြောင်း ဗြိတိသျှသံရုံး ရန်ကုန်အကြီးအကဲပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်တပ်လက်အောက်ခံဖျော်ဖြေရေးလုပ်ငန်းတွေကို သတိရှိစွာပယ်ချဖို့ အရပ်ဘက်အဖွဲ့တွေ နှိုးဆော်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်စိတ်ခံယူမှုမတူကွဲပြားသူ LGBTQIA+ အသိုင်းအဝိုင်းနဲ့ အတူရပ်တည်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ ပြော


========================


၂၀၂၅ ခုနှစ် မေလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨⁨ အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ပြော

🚩၂။ နတ်တလင်းမြို့နယ် ထန်းတောရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး 

🚩၃။ မင်းပြားမြို့သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ရာကျော်ကို AA လွှတ်ပေး

🚩၄။ တန့်ဆည်မြို့ပေါ်မှာ အထိုင်ချနေတဲ့ ခမရ ၃၆၁ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတွေကို NUG ကိုယ်စားလှယ်တွေနဲ့ မြန်မာ တော်လှန်ရေးရဲဘော်တွေတက်ရောက်


ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို NUG ကိုယ်စားလှယ်တွေနဲ့ မြန်မာ တော်လှန်ရေးရဲဘော်တွေတက်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 

ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ မေလ ၁၈ ရက်နေ့မှာ ဂွမ်ဂျူးမြို့က စတင်ခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေး အောက်မေ့ဖွယ် အခမ်းအနားတွေကို နိုင်ငံအနှံ့ ကျင်းပနေတယ်လို့ သိရပါတယ်။


အဲဒီ အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဦးဆောင်ပြီး နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။


အခမ်းအနားတက်ရောက်သူတွေက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ထုတ်ဖော်ပြောဆို ခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက အသိပေးပါတယ်။


ဂယောင်ဒီဒိုပြည်နယ် လွှတ်တော်ခန်းမမှာ ဒီနေ့ မေလ ၁၇ ရက် မနက်ပိုင်းကပြုလုပ်တဲ့ အခမ်းအနားကို NUG ကိုယ်စားလှယ်ရုံးက အလုပ်သမားတာဝန်ခံ ဒေါ်မေမိုးသူ ဦးဆောင်တက်ရောက်ခဲ့ပြီး မြန်မာ့အရေး ရှင်းလင်းပြောကြားကာ ဓာတ်ပုံတွေ ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။


ချွန်နန်းမြို့မှာ ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားကိုလည်း NUG ကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်လဲဖြစ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကိုတင်ဌေးအောင် ဦးဆောင်တဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ဖော်ပြသခဲ့ပြီး  မြန်မာ့ဒီမိုကရေစီရေး အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ရုံးက ထုတ်ပြန်ထားပါတယ်။


ထို့ပြင် မနက်ဖြန် မေလ ၁၈ ရက်နေ့မှာ ဆိုးလ်မြို့မှာကျင်းပမယ့် အောက်မေ့ဖွယ်အခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့အဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အသိုက်အဝန်းနဲ့အတူ ရပ်တည်ကြောင်း ဗြိတိသျှသံရုံး ရန်ကုန်အကြီးအကဲပြော


မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အသိုက်အဝန်းနဲ့အတူ ရပ်တည်ကြောင်း ဗြိတိသျှသံရုံး ရန်ကုန်အကြီးအကဲက ပြောကြားလိုက်ပါတယ်။


ဒီနေ့ မေလ ၁၇ မှာ ကျရောက်တဲ့ နိုင်ငံတကာ လိင်တူချစ်သူ၊ လိင်တူလိင်ကွဲချစ်သူနဲ့ လိင်ပြောင်းထားသူတွေအပေါ် မုန်းတီးမှု တိုက်ဖျက်ရေးနေ့ IDAHOBIT ကိုကြိုဆိုလိုက်တာဖြစ်ပါတယ်။


ဗြိတိသျှသံ ရုံးရန်ကုန်အကြီးအကဲက အခြားသော မိတ်ဖက်သံတမန်တွေနဲ့အတူ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ LGBT+ ဆိုင်ရာ အခွင့်အရေးတွေကို ဂုဏ်ယူစွာနဲ့ ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။


ကမ္ဘာတဝှမ်း နေရာအနှံ့မှာရှိတဲ့ ဘယ်သူမဆို မိမိချစ်မြတ်နိုးသူကို လွတ်လပ်စွာ ချစ်မြတ်နိုးခွင့်ရှိသင့်ပြီး အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတွေအပေါ် ကြောက်ရွံ့ပူပင်မှုကင်းစွာ မိမိရဲ့ ဖြစ်တည်မှုကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိသင့်ပါတယ်လို့ ဗြိတိသျှသံရုံး ရန်ကုန်အကြီးအကဲက ပြောပါတယ်။


 ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံး အဆောက်အအုံမှာလည်း သက်တံရောင်အလံကို လွှင့်ထူထားပြီး မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အသိုက်အဝန်းနဲ့အတူ ရပ်တည်ကြောင်း ပြသထားတယ်လို့ သိရပါတယ်။ 


LGBT+ အခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်ပါတယ်။ ယူကေအစိုးရက အဆိုပါလူ့အခွင့်အရေးတွေကို နိုင်ငံတကာမှာ မြှင့်တင်ဖို့ သံန္ဓိဌာန်ချမှတ်ထားသလို သူတို့ရဲ့အခွင့်အရေးကို ကာကွယ်နေသူတွေကိုလည်း ထောက်ခံအားပေးလျက် ရှိပါတယ်လို့ ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံးက ထုတ်ပြန်ထားပါတယ်။

 

ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံ LGBT+ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းနဲ့ စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအစဥ်များကို ပံ့ပိုးလုပ်ဆောင်နေသလို LGBT+ ခံယူထားသူတွေအပါအဝင် လူငယ်တွေအတွက် လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးအခွင့်အရေး SRHR ဆိုင်ရာအသိပညာမျှဝေတာတွေလည်း လုပ်ဆောင် နေတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်တပ်လက်အောက်ခံဖျော်ဖြေရေးလုပ်ငန်းတွေကို သတိရှိစွာပယ်ချဖို့ အရပ်ဘက်အဖွဲ့တွေ နှိုးဆော်


ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်တပ်လက်အောက်ခံဖျော်ဖြေရေးလုပ်ငန်းတွေကို သတိရှိစွာပယ်ချဖို့ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ နေ့စဥ် ပြည်သူလူထုကို ဖမ်းဆီး၊ သတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့၊ လေကြောင်းကနေ ပြည်သူပိုင်အိမ်တွေကို အကြီးအကျယ် ဗုံးကြဲနေတဲ့ ရာဇဝတ်မှု တွေ ကျူးလွန်နေသူတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒီလို ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အာရုံလွှဲနိုင်ဖို့ စစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်တို့ အုပ်စုက ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အာရုံလွှဲဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။


ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ငွေအလုံးအရင်းနဲ့ နိုင်ငံကျော် မင်းသမီး၊ မင်းသားတွေအသုံးပြုပြီး ဒီ နှစ်အတွင်း  ရုပ်ရှင်ကား ပေါင်းများစွာ ထုတ်လုပ်ဖြန့်ချီခဲ့တယ်လို့ သိရပါတယ်။


ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေတွေနဲ့ တခြားစီဖြစ်အောင်ဖန်တီးပြီး နိုင်ငံတိုးတက်နေ သယောင် ဝါဒဖြန့်ချိနေတာလို့လည်း ထောက်ပြထားပါတယ်။

 

လူထုစိတ်ဝင်စားမှုရရှိနေတဲ့ ဖျော်ဖြေရေးကဏ္ဍတွေရဲ့ နောက်ကွယ်မှာ လူသတ်သမား စစ်ခေါင်းဆောင် မိသားစုနဲ့ အပေါင်း အပါတွေရဲ့ စီးပွားရေးအင်ပါယာတခု ဖြစ်နေတယ်လို့လည်း ထပ်ပြီး အသိပေးထားပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်၊ သူ့မိသားစုနဲ့ အပေါင်းအဖော် စီးပွားဖက်တွေ ပိုင်ဆိုင်တဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေနဲ့ မီဒီယာပလက်ဖောင်းတွေကို ကြည့်ရှုတာ၊မျှဝေတာ Follow လုပ်တာတွေဟာ စစ်တပ် အကျိုးစီးပွားကို တိုးပွားအောင်မြင်စေနိုင်တဲ့ ဝင်ငွေရင်းမြစ်တခု ဖြစ်စေနိုင်တာကြောင့်  ပြည်သူလူထုအနေနဲ့ မတရား ဖိနှိပ် လိမ်လည်နေတဲ့ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ က တိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်စိတ်ခံယူမှုမတူကွဲပြားသူ LGBTQIA+ အသိုင်းအဝိုင်းနဲ့ အတူရပ်တည်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ ပြော


မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်စိတ်ခံယူမှုမတူကွဲပြားသူ LGBTQIA+ အသိုင်းအဝိုင်းတွေနဲ့အတူ ရပ်တည်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ Access to Health Fund က ပြောကြားလိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ လိင်တူချစ်သူများ၊ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူများ၊ လိင်တူ လိင်ကွဲ နှစ်မျိုးလုံး ကို စိတ်ဝင်စားသူများအပေါ် မုန်းတီးမှုကို ဆန့်ကျင်တဲ့နိုင်ငံတကာနေ့မှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ပြည်သူ့ အင်အား" ဆိုတာက ကြုံတွေ့လာရတဲ့ အရေးပေါ်အခြေအနေတွေမှာ မတူညီတဲ့ ကဏ္ဍအသီးသီးက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအားရဲ့ အရေးပါမှုကို အလေးပေး ရည်ညွှန်း ထားတာပဲ ဖြစ်ပါတယ်လို့ Access to Health Fund အဖွဲ့က ဆိုပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် တဲ့နေရာမှာ LGBTQIA+ အသိုင်းအဝိုင်းတွေအပါအဝင် လူတိုင်းရဲ့အသံကို နားထောင်ဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ အရေးကြီးတယ်ဆိုတာ သိသာထင်ရှားစေပါတယ်လို့လည်း အသိပေးထားပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ငလျင်ဒဏ်သင့် ဒေသတွေမှာ ကျား၊မ အခြေပြု အကြမ်းဖက်မှုအန္တရာယ် စစ်ဆေးခြင်းနဲ့ အသိပညာပေးလုပ်ငန်းတွေအပြင် LGBTQIA+ အပါအဝင် ထိခိုက်လွယ်ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ရေးဆိုင်ရာဝန်ဆောင်မှုတွေကို လက်လှမ်းမီရရှိစေဖို့ ကတိကဝတ်ထားပြီး ကြိုးစားလုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


လိင်တူချင်း ချစ်ခြင်းကို စိတ်ရောဂါတခုအဖြစ်ကနေ ပယ်ဖျက်ခဲ့တဲ့ မေလ ၁၇ ရက်နေ့ကို International Day Against Homophobia, Biphobia and Transphobia နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒီနှစ်ရဲ့ဆောင်ပုဒ်က "The Power of Communities” အဖြစ် သတ်မှတ်ထားတာကြောင့် လိင်တူချင်း ချစ်ခြင်းကို စိတ်ရောဂါတခုအဖြစ် ကြောက်ရွံ့မုန်းတီးခြင်းကနေ ကင်းဝေးပပျောက်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း ဆန္ဒပြု ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။⁨⁨⁨⁨ အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ပြော

 

အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်မရှိဘဲ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို အသေခံဒရုန်းနဲ့ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။

တအာင်းတပ်မ‌‌တော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို မနေ့ မေလ ၁၆ ရက် မနက် နာရီ ၄၅ နဲ့ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ မေလ ၁၅ ရက်နေ့တုန်းကလည်း မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ သပိတ်ကျင်းမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါ တယ်။ 

စစ်ကောင်စီဟာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ဒေသတွေကို မေလ ၁ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ဦး သေဆုံးကာ ဦးဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အပစ်ရပ်သက်တမ်း တလ ထပ်တိုးထားပေမယ့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အန္တရာယ်ကိုရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိ နေဖို့ ဒေသနေပြည်သူတွေကို တအာင်းတပ်မတော်က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၂။ နတ်တလင်းမြို့နယ် ထန်းတောရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး 


ပဲခူးတိုင်း နတ်တလင်းမြို့နယ် ထန်းတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ မေလ ၁၆ ရက် ညနေ နာရီခွဲဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတွေပါတဲ့စစ်အုပ်စုက ထန်းတောရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီးတွေပါတဲ့ စစ်တပ်စစ်ကြောင်းကို မေလ ၁၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ဦးသေဆုံးသွားတာကြောင့် အထိနာသွားတဲ့ စစ်အုပ်စုဟာ ထန်းတောရွာကို မီးရှို့ဖျက် ဆီးခဲ့တာလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေအပါအဝင် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု မစီးနင်းမီအချိန်မှာ ရွာသူရွာသားတွေ ဘေးလွတ်ရာရှောင်တိမ်းနိုင်ခဲ့တဲ့အတွက် ထိခိုက်မှု မရှိဘူးလို့ လည်း ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

ပဲခူးရိုးမအစပ်မှာရှိတဲ့ရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ဒရုန်းနဲ့ဗုံးကြဲတာတွေလုပ်နေပြီး စစ်ကြောင်းထိုးနေတာတွေရှိတဲ့အတွက် ဒေသနေပြည်သူတွေ သတိနဲ့ သွားလာနေထိုင်ကြဖို့ အဲဒီဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩၃။ မင်းပြားမြို့သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ရာကျော်ကို AA လွှတ်ပေး

 

ရခိုင်ပြည် မင်းပြားမြို့သိမ်းတိုက်ပွဲကာလတုန်းက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၂ရာကျော်ကို ရခိုင့်တပ်တော် AA က ပြန်လွှတ် ပေးလိုက်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက လွှတ်ပေးလို့ရတဲ့ စစ်သုံ့ပန်း ၂၂၅ ယောက်ကို မနေ့ မေလ ၁၆ ရက်မှာ ပြန်လွှတ် ပေးလိုက်တာလို့ ဆိုပါတယ်။


ရခိုင့်တပ်တော် AA က မနှစ် ဖေဖော်ဝါရီလ ရက်နေ့မှာ မင်းပြားမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေနဲ့ သူတို့မိသားစုများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း အမြောက် သိမ်းဆည်းရရှိခဲ့ တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။


အဲဒီစစ်သုံပန်းတွေကို ရခိုင့်တပ်တော်ဘက်က စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပြီး အခုနှစ် ဧပြီ ၁၃ မှာ စစ်သုံ့ပန်းမိသားစုဝင် ၁၇ဝ ဦးကို ပထမအကြိမ် လွှတ်ပေးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ရှင်းပြပါတယ်။


အခုလွှတ်ပေးတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အမျိုးသား ၁၃ဝ ဦးနဲ့ အမျိုးသမီး ၉ဝ ဦး စုစုပေါင်း ၂၂၅ ဦးကို အခမ်းအနားနဲ့တကွ သူတို့ရဲ့မိသားစုဝင်တွေလက်ထဲ ပြန်အပ်လိုက်တာလို့ သိရပါတယ်။


========================


🚩🚩၄။ တန့်ဆည်မြို့ပေါ်မှာ အထိုင်ချနေတဲ့ ခမရ ၃၆၁ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်


စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ အထိုင်ချနေတဲ့ ခမရ - ၃၆၁ တပ်က စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်လာတယ်လို့ အမှတ် - ၅၂ ဗျူဟာ People's Defence Force က ထုတ်ပြန်ထားပါတယ်။ 

ခမရ - ၃၆၁ တပ်တွင်းက စစ်မှုထမ်းတပ်သား ဦးဟာ မေလ  ၁၂ ရက်နေ့မှာ ဗျူဟာ - ၅၂ ရဲ့ ပေါ်ဦးစစ်ကြောင်းကို အလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ 

အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် ဦးဟာ MA-2 တလက်၊ MA- 3 တလက်အပါအဝင် ခဲယမ်း၊ ကျည် အပြည့်စုံနဲ့ အလင်းဝင်လာတာဖြစ်တဲ့အတွက် အဲဒီ စစ်မှုထမ်း တပ်သားသစ် ဦးကို ဗျူဟာ - ၅၂ စစ်ကြောင်းက ကျပ် သိန်း ၅၀ စီ ချီးမြင့်ပေးခဲ့ပြီး ကောင်းမွန်သော အစားအသောက်၊ နေရာထိုင်ခင်းတို့နဲ့ နွေးထွေးလုံခြုံစွာထားတယ်လို့ အသိပေးပါတယ်။

 အကြမ်းဖက်စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှင်း နှိပ်စက်တာကို မခံနိုင်တာကြောင့် ပြည်သူတွေရှိတဲ့ အမှန်တရားဘက်ကို ကူးပြောင်းပြီး အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အလင်းဝင်လာသူတွေက ဖွင့်ဟ ပြောဆိုထားပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက နွေးထွေးစွာကြိုဆိုနေမှာဖြစ်တဲ့အတွက် ပြည်သူ့ရင်ခွင်ကိုခိုလှုံပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ အမှတ်-၅၂ ဗျူဟာ-People's Defence Force က အသိပေး နှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment