၂၀၂၅ မေလ ၁၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကောင်စီဝင်များတွေ့ဆုံဆွေးနွေးခြင်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် ဘတ်ဂျက်ငွေလျော့နည်းသည်ဟုအကြောင်းပြကာ အကျဥ်းသားများကို အစားအသောက်များလျှော့၍ ဖြစ်သလိုကျွေးမွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုမျိုးစုံကို အချက်သုံးချက်နဲ့ IIMM ယန္တရားက  ဦးစားပေးစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှ အမျိုးသားရုပ်အလောင်းတလောင်းထပ်မံတွေ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဂျပန်ရှိုးပွဲလက်မှတ်များ ၇၀၀၀ ကျော်ရောင်းချခဲ့ရ


========================


၂၀၂၅ ခုနှစ် မေလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့တော်လှန်ရေးတပ်များတိုက်ခိုက်မှု လေယာဥ်သုံးစင်းနဲ့ ဒုဗိုလ်မှူးကြီး၊ဗိုလ်ကြီးအပါအဝင် အရာရှိနှင့်အခြားစစ်သည်စုစုပေါင်း ၁၀ဦးသေဆုံး

🚩 ၂။ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် အရပ်သား()ဦးပွဲချင်းပြီး သေဆုံး

🚩 ၃။ နောင်ချိုမြို့နယ် တောင်ကျရွာကိုစကစတပ်က ဒရုန်းဖြင့်ဗုံးသီး ကြဲချတိုက်ခိုက်၍ဒေသခံ()ဦးထိခိုက် ဒဏ်ရာရ

🚩 ၄။ ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force - Hakha ထံသို့ အလင်းဝင်လာ

🚩 ၅။ PDF Zoland မှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် သင်တန်းသူ/သားသစ်များ လက်ခံနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကောင်စီဝင်များတွေ့ဆုံဆွေးနွေးခြင်း


မေလ ၁၉ ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကောင်စီဝင်များ၏ တွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးတရပ်ကို၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်ယနေ့ နံနက် နာရီတွင် Online မှတဆင့် ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးအလုပ်အဖွဲ့မှ သတင်းပြန်ပါသည်။


တွေ့ဆုံညှိနှိုင်းမှုထဲတွင် (က) NUCC နှင့် JCC များ၊ အလုပ်အဖွဲ့များ ပုံမှန် အစည်းအဝေးများတွင် CRPH ပြန်လည်ပါဝင်နိုင်ရေး ကိစ္စရပ်၊() တတိယအကြိမ် ပြည်သူ့ညီလာခံတွင် CRPH အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်၊() ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ ဖျက်သိမ်းနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပါတယ်။


 ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကောင်စီဝင်များ CRPH ခေါင်းဆောင်များဘက်မှ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေနှင့်ပတ်သက်၍ အဆိုပါ ဥပဒေကို ဖျက်သိမ်းပြီးပါက အစားထိုးဥပဒေမရှိသေးသည့်အတွက် အဆိုပါ အစားထိုးမည့် နိုင်ငံသားဖြစ်ခြင်းဥပဒေအတွက် လက်ရှိ ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို လေ့လာသုံးသပ်နေကြောင်းဆွေးနွေးခဲ့ပြီး၊ CRPH NUCCအတွင်း ပါဝင်မှုကို မြှင့်တင်နိုင်ရေးအတွက် NUCC ဘက်မှ တိုက်တွန်းခဲ့ပါသည်။


ထို့နောက် တတိယအကြိမ်ပြည်သူ့ညီလာခံနှင့်ပတ်သက်သည့် သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ထပ်မံ တွေ့ဆုံမှုများကို လူတွေ့ တွေ့ဆုံဆွေးနွေးနိုင်ရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက်တွင် ယနေ့ တွေ့ဆုံညှိနှိုင်းမှု အစည်းအဝေးကို နေ့လည် ၁၁:၁၉ မိနစ်ခန့်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။ 


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် ဘတ်ဂျက်ငွေလျော့နည်းသည်ဟုအကြောင်းပြကာ အကျဥ်းသားများကို အစားအသောက်များလျှော့၍ ဖြစ်သလိုကျွေးမွေး


မေလ ၁၉ရက်


မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် ဘတ်ဂျက်ငွေလျော့နည်းသည်ဟုအကြောင်းပြကာ အကျဥ်းသားများကို အစားအသောက်များလျှော့၍ ဖြစ်သလိုကျွေးမွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ပါတယ်။

"အကျဉ်းထောင်အများစုတွင် အကျဉ်းသားတစ်ဦးအား တစ်ပတ်တာစားသောက်ရန်အတွက် ရိက္ခာသတ်မှတ်ရာတွင် တစ်ပတ်လျင် နေ့၊ညထမင်းချိန် (၁၄)နှပ် ကျွေးမွေးရာတွင် ကြက်ဥတစ်လုံး၊ နှစ်လက်မအရွယ် ငါးအသားသုံးတုံး စုစုပေါင်းလေးနှပ်စာကိုသာပေးပြီး ကျန်ရက်များတွင် ထမင်းနှင့်ပဲဟင်းအရည်ကြည်ကိုသာ အဓိကထား၍ စားသောက်နေထိုင်ကြရတယ်"လို့ ဖော်ပြပါတယ်။

ကျွေးမွေးသည့် အစားအသောက်များတွင် အသားရရှိမှုပမာဏ လျော့နည်းလာခြင်း၊ အာဟာရပြည့်ဝသည့် အစားအသောက်များကို စားသောက်ခွင့်မရရှိခြင်းတို့ကြောင့် ကိုယ်ခန္ဓာချိနှဲ့၍ ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်သည့် (ထောင်အခေါ် တုတ်ဆွဲမှု)ဖြစ်ပွားသည့် အရေအတွက် များပြားလာပြီး မြင်းခြံအကျဉ်းထောင်တွင် စုစုပေါင်း လူဦးရေ၏ (၁၅)ရာခိုင်နှုန်းသည် တုတ်ဆွဲသည့် ဝေဒနာကို ခံစားနေရကြောင်း သိရှိရပါတယ်။


မိတ္ထီလာအကျဉ်းထောင်အတွင်း နေ့စဉ်ကျွေးသည့် ထမင်းများသည် မာနေသည်သာများပြီး ပျော့သည့်အခါတွင်လည်း အလွန်ပျော့သည်များကို အကျဉ်းသားများ စားသောက်ကြရပြီး  ရံဖန်ရံခါတွင် မနက်ပိုင်းရရှိသည့် ဆန်ပြုတ်များပင် သိုးနေသည်များလည်း ရှိတတ်တယ်လို့ဖော်ပြပါတယ်။


အိုးဘိုအကျဉ်းထောင်အတွင်း ကျွေးသည့် ထမင်းများသည် ပျော့လွန်း၊ မာလွန်းသည်များကို အကျဉ်းသားများ စားသောက်ကြရကာ အပတ်စဉ် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ကြက်သားဟင်း ကျွေးပြီး ကြာသပတေးနေ့နှင့် အင်္ဂါနေ့များတွင် ငါးဟင်းကျွေးသော်လည်း ငါးဟင်းကို ချက်ပြုတ်ထားသည်မှာ အလွန်ညှီနံ့မပျောက်သဖြင့် အကျဉ်းသားများ မစားနိုင်ဘဲ ဖြစ်နေကြရတယ်လို့ဆိုပါတယ်။


ပုသိမ်အကျဉ်းထောင်ရှိ ကျွေးသည့် ထမင်းများသည် နေအပူဒဏ်ကြောင့် ရံဖန်ရံခါ သိုးနေသည်များကိုသာ အကျဉ်းသားများ စားကြရကာအကျဉ်းထောင်၌ ကြက်သားနှင့်ကြက်ဉများကို မကျွေးတော့ဘဲ ငါးကို ပြုတ်ပြီး တစ်ပတ်ကို လေးရက် ညနေပိုင်းများတွင်  ကျွေးကာကျွေးသည့် ငါးသည်လည်း ငါးဒန်ကိုသာ ပြုတ်ထားခြင်းဖြစ်ပြီး ချက်ပြုတ်ရာ၌ ငါးကို သန့်ရှင်းအောင် ပြုလုပ်ထားခြင်းမရှိသည့်အတွက် စား၍မရအောင်ပင် ညှီကြောင်း သိရတယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုမျိုးစုံကို အချက်သုံးချက်နဲ့ IIMM ယန္တရားက  ဦးစားပေးစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်


မေလ ၁၉ရက်


မြန်မာနိုင်ငံမှာကျူးလွန်တဲ့ ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုမျိုးစုံကို အချက်သုံးချက်နဲ့ IIMM ယန္တရားက  ဦးစားပေးစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်တယ်လို့သိရပါတယ်။


" မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုမျိုးစုံကို ယန္တရားက စုံစမ်းစစ်ဆေးပါတယ်။ ဒါပေမဲ့လည်း ဒီဖြစ်ရပ်များစွာကို ဘယ်လို ဦးစားပေးပြီး စုံစမ်းစစ်ဆေးသလဲဆိုတာ မေးစရာရှိလာပါတယ်။ ယန္တရားက  ရာဇဝတ်မှုရဲ့ ပြင်းအားနဲ့ သက်ရောက်မှု အထောက်အထား စုဆောင်းနိုင်ခြေ ရှိ၊ မရှိ ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြေ ရှိ၊ မရှိ စတဲ့ အချက်တွေကို ကြည့်ပြီးတော့ အမှုတွေကို ဦးစားပေးစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ပါတယ်။ လိင်နဲ့ဂျင်ဒါအခြေပြု ရာဇဝတ်မှု၊ ကလေးတွေကို ထိခိုက်တဲ့ ရာဇဝတ်မှုတွေကို အမြဲ ဦးစားပေးစုံစမ်းစစ်ဆေးပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ မေလ၁၂ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအားစကစတပ်က လေကြောင်းဖြင့်တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအား IIMM ယန္တရားထံဆက်သွယ်ကာ အထောက်အထားများမျှဝေရန် တောင်းဆိုထားပါတယ်။


အဆိုပါစကစရဲ့လေကြောင်းတိုက်ခိုက်မှုအချက်အလက်များရှိပါက IIMM Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ရန် လည်းတောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှ အမျိုးသားရုပ်အလောင်းတလောင်းထပ်မံတွေ့


ရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှ အမျိုးသားရုပ်အလောင်းတလောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။

မေလ၁၈ရက်မှာ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B) အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ၁၁နာရီ ၃၀ အချိန်တွင် (B) အဆောင်ကားပါကင်မှ ကျား()ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဂျပန်ရှိုးပွဲလက်မှတ်များ ၇၀၀၀ ကျော်ရောင်းချခဲ့ရ


အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဂျပန်ရှိုးပွဲလက်မှတ်များ ၇၀၀၀ ကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။မေလ၂၅ရက်မှာ ကျင်းပမယ့်ဂျပန်ရှိုးပွဲအတွက် အဆိုတော်ဖြူဖြူကျော်သိန်းမှာ ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။"လက်မှတ်ပေါင်း 7000 ကျော် ဆို့အောက်တဲ့အထိ အားပေးကြမ်းတဲ့ Japanက ချစ်ရသူတွေအတွက် ပြင်ဆင်အားမွေးနေပါတယ်"လို့ အဆိုတော်ဖြူဖြူကျော်သိန်းကအသိပေးဆိုထားပါတယ်။

Phyu Phyu in Japanဖျော်ဖြေပွဲ ပြီးစီးပါက ပွဲများကိုကျန်းမာရေးအရ ယာယီရပ်နားထားဦးမယ်လို့ အဆိုတော်ဖြူဖြူကျော်သိန်းကဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩


========================


========================



🚩🚩 ၁။ စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့တော်လှန်ရေးတပ်များတိုက်ခိုက်မှု လေယာဥ်သုံးစင်းနဲ့ ဒုဗိုလ်မှူးကြီး၊ဗိုလ်ကြီးအပါအဝင် အရာရှိနှင့်အခြားစစ်သည်စုစုပေါင်း ၁၀ဦးသေဆုံး


မေလ ၁၉ရက်


စစ်ကောင်စီ၏ တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့တော်လှန်ရေးတပ်များတိုက်ခိုက်မှု လေယာဥ်သုံးစင်းနဲ့ ဒုဗိုလ်မှူးကြီး၊ဗိုလ်ကြီးအပါအဝင်အရာရှိနှင့်အခြားစစ်သည်စုစုပေါင်း ၁၀ဦးသေဆုံးခဲ့တယ်လို့ မေလ၁၉ရက်နောက်ဆက်တွဲသတင်းကို အာဏာသိမ်းဆန့်ကျင်ရေးနဲ့ပြည်သူ့လွတ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။မေလ ၁၈ရက်နံနက် နာရီ ၄၈ မိနစ်ခန့်တွင် စစ်ကောင်စီ၏ တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံး ပစ်ခတ်ခဲ့ရာ ရှစ်လုံးအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် လေတပ်အတွင်းဒရုန်းဂိုဒေါင်မီးလောင်ပျက်စီးပြီးဂျက်ဖိုက်တာနှစ်စင်း၊ Y8တစင်းထိခိုက်ပျက်စီးကာ လေယာဥ်အပိုပစ္စည်းဂိုဒေါင်နှစ်လုံးစလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။


သေဆုံးသူစာရင်းတွင် ဒုဗိုလ်မှူးကြီးနှစ်ဦး၊ဗိုလ်ကြီးနှစ်ဦး၊လေအုပ်အပါအဝင်အခြားအဆက့်စစ်သည်ခြောက်ဦးသေဆုံးခဲ့ကာ လေတပ်စစ်သည်၁၂ဦးထိခိုက်ဒဏ်ရာရ၍စစ်ဆေးရုံပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် အရပ်သား()ဦးပွဲချင်းပြီး သေဆုံး


မေလ ၁၉ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ()နယ်မြေ၊ နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် အရပ်သား()ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ PSLF/TNLA

သတင်းနှင့်ပြန့်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်မှာ မေလ ၁၈ ရက် နံနက်(၈း၀၀)နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အဖ ဦးအိုက်ဆံ၊ အမိ ဒေါ်အေးထွမ်းတို့၏ သားဖြစ်သူ အသက်(၂၇)နှစ်အရွယ် ဦးအိုက်လှိုင်ကို စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သောကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။ 


တအာင်းတပ်မတော်PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အရပ်သားများကို ပစ်မှတ်ထားပြီးလေကြောင်းနှင့် ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။


စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း () ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ 


မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း ()လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။


========================


🚩🚩 ၃။ နောင်ချိုမြို့နယ် တောင်ကျရွာကိုစကစတပ်က ဒရုန်းဖြင့်ဗုံးသီး ကြဲချတိုက်ခိုက်၍ဒေသခံ()ဦးထိခိုက် ဒဏ်ရာရ


မေလ ၁၉ ရက်


စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မေလ၁၉ရက်မှာ TNLAကအတည်ပြုထားပါတယ်။

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာတွင် ယမန်နေ့ မေလ ၁၇ ရက် နံနက်(၁၀း၂၃)နာရီအချိန်တွင် ()ကြိမ်၊ (၁၀း၄၉)နာရီအချိန်တွင် ()ကြိမ်၊ (၁၁း၀၀)နာရီတွင်()ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တောင်ကျရွာအတွင်းကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးကျရောက် ပေါက်ကွဲမှုကြောင့်ဒေသခံ ()ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း () ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိတယ်လို့TNLAကဖော်ပြပါတယ်။


ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း ()လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် PSLF/TNLAက သတိပေးနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၄။ ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force - Hakha ထံသို့ အလင်းဝင်လာ


မေလ ၁၉ ရက်


၂၀၂၅ခုနှစ်၊ မေလ ၁၅ရက်နေ့တွင် ဟားခါးမြို့ရှိ စစ်ကောင်စီ စစ်သားတစ်ဦးကို ဖမ်းဆီးသည့်အပြင် မေလ ၁၅ နှင့် ၁၇ရက်များတွင် ဟားခါးမြို့ရှိ  စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force - Hakha ထံသို့ အလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။


 အလင်းဝင်လာသူကို  Chinland Defense Force - Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမယ်လို့လည်းကြေညာထားပါတယ်။


စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို  Chinland Defense Force - Hakha မှ အမြဲတမ်းကြိုဆိုကြောင်း ဆိုထားပါတယ်။


========================


🚩🚩 ၅။ PDF Zoland မှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် သင်တန်းသူ/သားသစ်များ လက်ခံနေ


မေလ ၁၉ ရက်


PDF Zoland မှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် သင်တန်းသူ/သားသစ်များ လက်ခံနေပြီလို့ မေလအတွင်းမှာ အသိပေးကြေညာထားပါတယ်။


ပြည်ချစ်လူငယ်တွေအတွက် စကစကိုတွန်းလှန်ရန် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်တယ်လို့ ဆိုထားပါတယ်။


ဆက်သွယ်လိုသူများအနေနဲ့Messenger: Zomi Federal Union Page Email: contact@zomifederalunion.orgသို့ ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment