၂၀၂၅ မေလ ၁၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး

📌 ၂။ နော်ဝေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် LO က နော်ဝေအစိုးရအား Norway’s Government Pension Fund Global (Statens Pensjonsfond Utland) မှ မြန်မာနိုင်ငံတွင် ပါဝင်သော ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ဆုတ်ခွာရန် တောင်းဆို

📌 ၃။ ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးနှင့် ဆက်စပ်သော ဂျပန်ကုမ္ပဏီများ၊ အစိုးရအာမခံအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများအား မြန်မာ့ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ယူမှုရှိရှိ နုတ်ထွက်ရန် တောင်းဆို

📌 ၄။ မန္တလေးတိုင်းနှင့် နေပြည်တော်အပါအဝင် မြို့နယ်များတွင် ရေသန့်စင်စက် ၃၆ လုံး WHO တပ်ဆင်ပြီးစီး

📌 ၅။ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အမှတ်တရ ဆုတောင်း electronic birthday card များကို ရောင်းချပေးမည်

📌 ၆။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းမှ  ကောက်ခံရရှိခဲ့တဲ့ ရန်ပုံငွေအားလုံးကို  မြေပြင်အဖွဲ့ စုစုပေါင်း - ၁၁၅ ဖွဲ့ ထံသို့ ခွဲဝေပေးပို့နိုင်ခဲ့

📌 ၇။ "ပေါင်းစုရုန်းညီ အောင်ပွဲဆီ၊ ဒို့ပြန်လာပြီဧရာဝတီ" ကမ်ပိန်း NUG ဝန်ကြီးများ တက်ရောက်ပါဝင်မယ်

📌 ၈။တိုင်းပြည်အနာဂတ်လူငယ်တွေ ထပ်ပြီး အဆုံးရှုံးမခံရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ်

📌 ၉။ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် () ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး (.) အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်


========================


၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင် အရပ်သား () ဦး သေဆုံး

🚩၂။ ဧပြီလအတွင်း အကြမ်းဖက်စစ်အုပ်က တရားလက်လွတ်သတ်ဖြတ်မှုပေါင်း (၁၂၈) မှုကို ကျူးလွန်ခဲ့

🚩၃။ KNLA ပူးပေါင်းတပ်များ ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို သိမ်းပိုက်

🚩၄။ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မဟာမိတ်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

🚩၅။ မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ လွိုင်ကော် LPDF ရဲဘော် () ဦးအား ဇာပနအခမ်းအနား ပြုလုပ်ပေးခဲ့

🚩၆။ နတ်တလင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ () ဦးသေဆုံး

🚩၇။ မုံရွာမြို့အဝင် CR7 ကွမ်းယာဆိုင်က စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ () ဦးသေဆုံး

🚩၈။ ကန်နီ ပျူရွာမှ ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး

🚩၉။ လူမိုက်အားပေးနိုင်ငံများ ရှိသော်လည်း စစ်ကောင်စီသည် ပြည်သူ့အားကို မလွန်ဆန်နိုင်ဘဲ လေကြောင်းသာ တိုက်ခိုက်နိုင်တော့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အမှတ်စဉ် (/၂၀၂၅) အခမ်းအနားကို မေလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လည် (:၀၀) နာရီတွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အခမ်းအနားသို့ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေနီ၊  ဒု-ညွှန်ကြားရေးမှူးချုပ် ဦးကိုမင်း၊ ညွှန်ကြားရေးမှူး Daw Yellow Rose တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ် (၃၁) မြို့နယ်မှ ဥပဒေတာဝန်ခံများနှင့် စာရေးဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြပါတယ်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေနီမှ ယခုအစည်းအဝေးတွင် မြို့နယ်ဥပဒေတာဝန်ခံများအနေဖြင့် တင်ပြလိုသည်များ၊ အခက်အခဲများကို လွတ်လပ်စွာ တင်ပြဆွေးနွေးကြစေလိုကြောင်း၊ ဌာနတွင်းရှိ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအားလုံးသည် မိသားစုကဲ့သို့ စည်းလုံးညီညွှတ်စွာ ပြောဆိုဆက်ဆံပြီး တာဝန်များ ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက ပူးပေါင်း၍ ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်ဥပဒေတာဝန်ခံများမှ မိမိတို့မြို့နယ်ရှိ ..ဖ၊ .က.ဖ၊ .. များနှင့် လုပ်ငန်းဆောင်ရွက်ရမှု အခြေအနေများ၊ အမှုလိုက်လုပ်ငန်း ကိစ္စ များနှင့် ပတ်သက်၍ မြို့နယ်အလိုက် ကြုံတွေ့နေရသော အခက်အခဲများ လိုအပ်ချက်များအား တင်ပြဆွေး နွေးမေးမြန်းကြရာ တာဝန်ရှိဆရာ/ဆရာမ များမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အစည်းအဝေး မှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်အတည်ပြုချမှတ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ နော်ဝေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် LO က နော်ဝေအစိုးရအား Norway’s Government Pension Fund Global (Statens Pensjonsfond Utland) မှ မြန်မာနိုင်ငံတွင် ပါဝင်သော ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ဆုတ်ခွာရန် တောင်းဆို


နော်ဝေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်LOကနော်ဝေအစိုးရအား Norway’s Government Pension Fund Global (Statens Pensjonsfond Utland) မှ မြန်မာနိုင်ငံတွင် ပါဝင်သော ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ဆုတ်ခွာရန် တောင်းဆိုလိုက်တယ်လို့ မေလအတွင်း LO က မြန်မာနိုင်ငံအပေါ်ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"LO သည် ၂၀၂၁ ခုနှစ် တပ်မတော် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ပြည်သူများကို အကြမ်းဖက်မှုများ ပြုလုပ်နေမှုကြောင့် နိုင်ငံရေးအရ အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်း ယုံကြည်ပါတယ်။ စစ်တပ်က မိမိပြည်သူများကို စစ်ဆင်နေပြီး လူ့အခွင့်အရေးများကို နေ့စဉ်ချိုးဖောက်နေပြီး ထောင်ချီသောသူများ သေဆုံးခဲ့ပြီး သန်းချီသောပြည်သူများကို တိမ်းရှောင်နေရတယ်" လို့ဖော်ပြထားပါတယ်။

ILO စုံစမ်းစစ်ဆေးရေးကော်မရှင်က မြန်မာနိုင်ငံတွင် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်မရှိခြင်းနှင့် အတင်းအဓမ္မအလုပ်ခိုင်းခြင်းများ ရှိနေသည်ကို သတင်းပေးထားပါတယ်။ စစ်ကောင်စီသည် ဤစုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို လိုက်နာခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

LO သည် မြန်မာအလုပ်သမားသမဂ္ဂများဖြစ်သည့် CTUM နှင့် IWFM တို့၏ တောင်းဆိုချက်နှင့်အညီ ILO မှ (၃၃) ဖော်ပြချက်အရ အရေးယူမှုများ ပြုလုပ်ရန် ထောက်ခံပြီး LO မှ စစ်ကောင်စီအပေါ်  စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ထပ်မံယုံကြည်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၃။ ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးနှင့် ဆက်စပ်သော ဂျပန်ကုမ္ပဏီများ၊ အစိုးရအာမခံအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများအား မြန်မာ့ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ယူမှုရှိရှိ နုတ်ထွက်ရန် တောင်းဆို


ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးနှင့် ဆက်စပ်သော ဂျပန်ကုမ္ပဏီများ၊ အစိုးရအာမခံအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများအား မြန်မာ့ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ယူမှုရှိရှိ နုတ်ထွက်ရန် တောင်းဆိုလိုက်တယ်လို့ JusticeForMyanmar က မေလ (၁၄) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရှိ သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရေးအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရကျောထောက်နောက်ခံရှိ အာမခံကုမ္ပဏီနှင့် အခြေခံအဆောက်အဦးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတစ်ခုတို့ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။

ယင်းဆိပ်ကမ်းကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်အုပ်စုစီးပွားရေး လုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဆက်စပ်အထောက်အထားများရှိသော ခရိုနီကုမ္ပဏီ Ever Flow River Group (EFR) နှင့် မိတ်ဖက်လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "မြန်မာစစ်အုပ်စုက ရက်စက် ကြမ်းကြုတ်မှုကြီးတွေကို ဆက်တိုက်ကျူးလွန်နေပြီး မတ်လအတွင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီး နောက်ပိုင်းမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ ပြီးစလွယ် နုတ်ထွက်မှုတွေက ရက်စက်ကြမ်းကြုတ်မှုကြီးတွေမှာ လောင်စာဖြည့်ပေးနေတဲ့ အန္တရာယ်ရှိပါတယ်။ ကုမ္ပဏီတွေနဲ့ ဂျပန်အစိုးရတို့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှု မရှိအောင် ဘယ်လိုလုပ်ဆောင်နေကြောင်း မဖြစ်မနေ ထုတ်ပြန်ဖို့ လိုအပ်ပါတယ်"လို့ ပြောပါတယ်။

Kamigumi Sumitomo Corporation နှင့် Toyota Tsusho တို့သည် အရပ်ဘက်အဖွဲ့အစည်းများ၏ စုံစမ်းမေးမြန်မှုများကို ပြန်လည်ဖြေကြားခဲ့ရာ ၎င်းတို့အနေဖြင့် စီမံကိန်းမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း၊ စာရင်းဖျက်သိမ်းမှုများအား စတင်လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ရုပ်သိမ်းထွက်ခွာချိန်အတွင်း ဝန်ထမ်းအကူးအပြောင်းကာလအတွက် ပံ့ပိုးမှုများအပါအဝင် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးနှင့် လူအခွင့်အရေးစံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သို့ရာတွင် ယင်းသို့နုတ်ထွက်မှုသည် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များ သို့မဟုတ် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် မည်သို့ကိုက်ညီမှုရှိကြောင်း အသေးစိတ် အချက်အလက် တစ်စုံတရာကို ပေးအပ်ခဲ့ခြင်းမရှိဘူးလို့ဖော်ပြပါတယ်။


========================


📌📌 ၄။ မန္တလေးတိုင်းနှင့် နေပြည်တော်အပါအဝင် မြို့နယ်များတွင် ရေသန့်စင်စက် ၃၆ လုံး WHO တပ်ဆင်ပြီးစီး


မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် () ခုအတွင်း ရေသန့်စင်စက် (၃၀) လုံးနှင့် နေပြည်တော်၊ စစ်ကိုင်းနှင့် ညောင်ရွှေမြို့နယ်များတွင် ရေသန့်စင်စက် () လုံးစီ စုစုပေါင်း (၃၆) လုံးကို တပ်ဆင်ပြီးစီးခဲ့ကြောင်း WHO မှ သတင်းထုတ်ပြန်ပါတယ်။

ဤစီမံကိန်းသည် ကျန်းမာရေးဆေးခန်း (၂၇) ခုနှင့် အရံသားဖွားဆရာမများ ဝန်ဆောင်မှုပေးသည့် နေရာ () ခုတွင် လူဦးရေ (၁၃,၅၀၀) ကျော်အတွက် လစဉ် သန့်ရှင်းသော သောက်သုံးရေကို ထောက်ပံ့ပေးနေကာ ငလျင်ဒဏ်သင့်ဒေသများနှင့် လိုအပ်ချက် များပြားသည့် နေရာများကို ဦးစားပေးထားပြီး လူတိုင်းအတွက် ကျန်းမာရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အမှတ်တရ ဆုတောင်း electronic birthday card များကို ရောင်းချပေးမည်


ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အမှတ်တရ ဆုတောင်း electronic birthday card များကို ရောင်းချပေးမည်ဖြစ်ကြောင်း SUU 80 Campaignက ကြေငြာချက်ထုတ်ပြန်ပါတယ်။

"၂၀၂၅၊ ဇွန်လ (၁၉) ရက်နေ့ တွင် ကျရောက်မည့် အမေစုရဲ့ (၈၀) ပြည့်မွေးနေ့ အမှတ်တရ ကမ်ပိန်းလေးကို ယခုမေလ (၁၉) ရက်နေ့ မှာစတင်တော့မှာဖြစ်ပါတယ်။ အမှတ်တရ အစီအစဉ်များအနေနှင့်ကတော့ အစီအစဉ် () အရ မွေးနေ့ ဆုတောင်း electronic birthday card များကို ရောင်းချပေးမည့်အစီအစဉ် ဖြစ်ပါတယ်။ Electronic Birthday card များကို နိုင်ငံတကာမှ SUU 80 Campaign official fundraiser များထံမှ တရားဝင်မှာယူနိုင်မည်ဖြစ်ပြီး Birthday Card တွင် အမေ့အတွက် မွေးနေ့ဆုတောင်းများကို ရေးပေးနိုင်ကြပါမယ်" လို့ ဖော်ပြပါတယ်။

မွေးနေ့ကဒ်များကို ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်မ်မှ သိမ်းထားပြီး အမေစုနှင့်တွေ့ခွင့်ရသောအခါ သားငယ်ကိုယ်တိုင် ပေးအပ်မယ်လို့သိရပါတယ်။

မွေးနေ့ကဒ်မှ ရရှိသောအလှူငွေများကိုလည်း အမေစုမွေးနေ့အမှတ်တရအနေဖြင့် မြေပြင်ရှိ ကူညီရေးလိုအပ်နေသောနေရာများသို့ လှူဒါန်းသွားမည်ဖြစ်ကာ မေလ (၁၉) ရက်နေ့ မှ ဇွန်လ (၁၉) ရက်အထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အစီအစဉ် ()အရ အမေ့မွေးနေ့ဆုတောင်း short video message များ စုစုပေါင်း (၈၀၀၀၀) ကို စုဆောင်းပြီး world Record တင်မည့်အစီအစဉ်ဖြစ်ပါတယ်။ 

အချိန် (၁၀) ရက်အတွင်းမှာ အခု (၈၀၀၀၀) စုဆောင်းမည့် အစီအစဉ်ဖြစ်ပြီးတော့ ဇွန်လ () ရက်နေ့ မှ ဇွန်လ (၁၆) ရက်နေ့အထိ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းမှ  ကောက်ခံရရှိခဲ့တဲ့ ရန်ပုံငွေအားလုံးကို  မြေပြင်အဖွဲ့ စုစုပေါင်း - ၁၁၅ ဖွဲ့ ထံသို့ ခွဲဝေပေးပို့နိုင်ခဲ့


မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနဲ့ လိုအပ်လျက်ရှိတဲ့ နေရာများသို့ ကူညီနိုင်ရန်အတွက် Artists' Shelter မှ စီစဥ်ပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ 

ဒီကမ်ပိန်းမှာ ကမ္ဘာအနှံ့က Fundraising အဖွဲ့ (၅၅) ဖွဲ့က အလှူငွေကောက်ခံပေးခဲ့ကြပြီး၊ ပရိသတ်ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်အားဖြည့်မှုကြောင့် မျှော်မှန်းပမာဏထက် ကျော်လွန်ကာ ခန့်မှန်း အမေရိကန်ဒေါ်လာ စုစုပေါင်း - (287,226) ဒေါ်လာ / မြန်မာကျပ်ငွေ သိန်းပေါင်း တစ်သောင်းနှစ်ထောင့်ခြောက်ရာ့ငါးဆယ်ကျော် ( 1,265,030,110 MMK ) ကောက်ခံရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကမ်ပိန်းမှ ကောက်ခံရရှိခဲ့တဲ့ ရန်ပုံငွေအားလုံးကို မြန်မာနိုင်ငံအနှံ့ တိုင်းနှင့်ပြည်နယ်အသီးသီး အပါအဝင် ကဏ္ဍမျိုးစုံမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ မြေပြင်အဖွဲ့ စုစုပေါင်း - ၁၁၅ ဖွဲ့ ထံသို့ ခွဲဝေပေးပို့နိုင်ခဲ့ပြီး၊ ရန်ပုံငွေစီးဆင်းမှု အသေးစိတ်အချက်အလက်တွေကိုလည်း ကူညီကောက်ခံပေးခဲ့ကြတဲ့ CRPH - OFP Fundraising အဖွဲ့များထံသို့ ရှင်းလင်း တင်ပြထားပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၇။ "ပေါင်းစုရုန်းညီ အောင်ပွဲဆီ၊ ဒို့ပြန်လာပြီဧရာဝတီ" ကမ်ပိန်း NUG ဝန်ကြီးများ တက်ရောက်ပါဝင်မယ်


"ပေါင်းစုရုန်းညီ အောင်ပွဲဆီ၊ ဒို့ပြန်လာပြီ ဧရာဝတီ" ဧရာဝတီ ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားကို မေ (၁၆) ရက် မြန်မာစံတော်ချိန် () နာရီ အချိန်မှာကျင်းပမှာဖြစ်ပြီး NUG ဝန်ကြီးများလည်း ပါဝင်တက်ရောက်ကာ ကမ်ပိန်း ပြုလုပ်ရတဲ့ အကြောင်းအရင်းကို ပြည်သူတွေကို တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကမ်ပိန်းရဲ့ အရေးပါပုံအကြောင်းကို အရှင်ထာဝရ-နော်ဝေ၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ၊ ကိုမင်းကိုနိုင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူဇန်နာလှလှစိုး၊ ဧရာဝတီတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်ကောင်းကျော်တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အခမ်းအနား အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို "ဒို့ပြန်လာပြီ ဧရာဝတီ" ကမ်ပိန်း page အပြင် Public Voice Television Radio NUG အပါအဝင်သတင်းဌာနများမှထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။တိုင်းပြည်အနာဂတ်လူငယ်တွေ ထပ်ပြီး အဆုံးရှုံးမခံရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ်


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာက Merchandise Hope ဆွဲကြိုးရောင်းရငွေနဲ့ Facebook Subscription ကရတဲ့ ငွေထဲကနေ ငွေကျပ်သိန်း ၂၀ မတည်ပြီး ဗုံးခိုကျင်းကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဗုံးခိုကျင်းတစ်ခုကို သိန်း ၁၀၀ ခန့်ကျသင့်မှာဖြစ်ပြီး ရရှိလာတဲ့ အလှူ‌ငွေအားလုံးကို ဗုံးခိုကျင်းတည် ဆောက်ဖို့ အသုံးပြုသွားမယ်လို့ သိရပါတယ်။

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။

"စစ်မှန်တဲ့နာကျင်ခံစားမှုတွေမှာ Action လုပ်ရပ် ပါတယ်။ အပေါ်ယံခံစားနာကျင်မှုတွေက UN လိုပဲ အပြောသက်သက်။ မဖြစ်မနေ ဗုံးခိုကျင်းတွေကို အခိုင်မာတည်ဆောက်နိုင်မှအရှေ့မှာတိုက်နေတဲ့လူတွေက နောက်ဆံတင်းစရာမလိုမှာ။ တိုင်းပြည်အနာဂတ်လူငယ်တွေ ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး။ Kairos Collective facebook page ကို ဆက်သွယ်ပြီး လှူပေးလို့ရပါတယ်" လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၉။ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် () ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး (.) အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်


၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (:၃၇) နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မြောက် - အနောက်မြောက်ဘက် () ကီလိုမီတာအကွာ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး (.) အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် ပြည်သူများထံ အသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩၁။ မူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင် အရပ်သား () ဦး သေဆုံး


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူး (မုန်း) မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ () ဦး သေဆုံးကာ () ဦး ဒဏ်ရာရ ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မေလ (၁၃) ရက်နေ့ မနက် (၉း၂၀) နာရီခန့်မှာ စစ်ကောင်စီ လေတပ်က ညောင်ပင်သာ ကျေးရွာထဲကို ဗုံးကြဲချခဲ့တာကြောင့် အသက် (၇၂) နှစ်အရွယ် ဒေါ်တော နဲ့ အသက် (၈၀) အရွယ် ဦးအောင်ကျော် တို့ () ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် မကြိုင်ဇင်သန်း နဲ့ မအေးစုတို့ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် () လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ဧပြီလအတွင်း အကြမ်းဖက်စစ်အုပ်က တရားလက်လွတ်သတ်ဖြတ်မှုပေါင်း (၁၂၈) မှုကို ကျူးလွန်ခဲ့


ဧပြီလအတွင်းအကြမ်းဖက်စစ်အုပ်က တရားလက်လွတ်သတ်ဖြတ်မှုပေါင်း (၁၂၈) မှုကိုကျူးလွန်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့  အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။  

ဧပြီလအတွင်း အကြမ်းဖက်စစ်အုပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုမှတ်တမ်းတွေအရ တရားလက်လွတ်သတ်ဖြတ်မှုပေါင်း (၁၂၈) မှု၊နေအိမ်နဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမှု (၁၂၄) မှု၊ စုစုပေါင်း လူ့အခွင့်ချိုးဖောက်မှုပေါင်း (၅၈၂) မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါချိုးဖောက်မှုများထဲမှ အရပ်သားပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု (၁၆၄) မှု ရှိခဲ့ပြန်တယ်လို့လည်း သိရပါတယ်။


========================


🚩🚩၃။ KNLA ပူးပေါင်းတပ်များ ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို သိမ်းပိုက်


ထိုင်း-မြန်မာနယ်စပ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ တာလယ် ဗျူဟာစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။

KNU တပ်မဟာ () နယ်မြေအတွင်းရှိ ခမရ - ၂၄ တပ်ရင်း၏ တာလယ်စခန်းကို KNLA ပူးပေါင်းတပ်များက မေလ (၁၀) ရက် မနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ခုခံခဲ့သော်လည်း၊ မေလ (၁၃) ရက် ညနေပိုင်းတွင် စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းများအရ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အလောင်း (၁၀) လောင်းထက်မနည်း သိမ်းဆည်းရမိခဲ့ပြီး၊ စစ်ကောင်စီ စစ်သားအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မဟာမိတ်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလကုန်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဝဒေသသို့ သွားရောက်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း People's Spring မှာ ဖော်ပြထားပါတယ်။

အဖွဲ့တွင် KIO အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်၊ မဟာမိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ဘရန်နန်၊ ဗိုလ်မှူးကြီး ဆင်ဝါးတို့ ပါဝင်ပြီး၊ မေလပထမပတ်တွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဌာနချုပ် ပန်ဆန်းမြို့ရှိ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးသို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

FPNCC အဖွဲ့ဝင်များဖြစ်သည့် UWSA NDAA SSPP TNLA MNDAA AA တို့နှင့် စစ်ရေး၊ နိုင်ငံရေးနှင့် နယ်မြေအငြင်းပွားမှုများဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကချင်စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က “KIA TNLA နဲ့ SSPP တပ်ဖွဲ့တွေ စစ်ရေးနဲ့ နိုင်ငံရေးအရ အမြန်ဆုံး ပူးပေါင်းဖို့ လိုအပ်နေပါတယ်ဟု ပြောကြားထားပါတယ်။

ဆွေးနွေးမှုများ၏ သဘောတူညီချက်များကို အသေးစိတ် မသိရသေးသော်လည်း၊ ပန်ဆန်းမှ ပြန်လာစဉ် KIO အဖွဲ့၏ ယာဉ်တန်းကို ကချင်လူထုက ကြိုဆိုနေသည့် ရုပ်သံမှတ်တမ်းများကို ကချင်ဖေ့စ်ဘွတ်စာမျက်နှာအချို့တွင် ဖော်ပြထားတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ လွိုင်ကော် LPDF ရဲဘော် () ဦးအား ဇာပနအခမ်းအနား ပြုလုပ်ပေးခဲ့


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသက တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ အာဇာနည် ရဲဘော် () ဦး အား ဇာပနအခမ်းအနား ပြုလုပ်ပေးခဲ့တယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် Loikaw Local PDF က အသိပေးထားပါတယ်။

မေလ (၁၄) ရက်နေ့က မိုးဗြဲတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော် အောင်ကျော်ဌေး နဲ့ ခန့်စည်သူအောင် တို့ နှစ်ဦးအား ဇာပန အခမ်းအနား ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

ကျဆုံး အာဇာနည် ရဲဘော် () ဦးအား အစဉ်အမြဲ သတိရနေမှာဖြစ်ပြီး တပ်ဖွဲ့ရဲ့ အာဇာနည် သူရဲကောင်း အဖြစ် အသိမှတ်ပြု မှတ်ကျောက်တင်အပ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၆။ နတ်တလင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ () ဦးသေဆုံး


ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထန်းတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု နတ်တလင်းက ထုတ်ပြန်ထားပါတယ်။

မေလ (၁၄) ရက် မနက် () နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူ အင်အား (၁၀၀) ခန့် စစ်ကြောင်း ထွက်လာတာကို သတင်းရတာကြောင့် သွားရောက်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ () ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိ သူများလည်း ရှိခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ရဲဘော် () ဦး မစိုးရိမ်ရ တဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း (၃၈၀၁) တပ်ခွဲများ ဖြစ်ကြတဲ့ တပ်ခွဲ () နတ်စစ်သည် တပ်ဖွဲ့၊ တပ်ခွဲ () BRA တပ်ဖွဲ့၊ တပ်ခွဲ () Phoenix တပ်ဖွဲ့၊ တပ်ခွဲ () ဧရာညီနောင် တပ်ဖွဲ့ နှင့် နတ်တလင်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၇။ မုံရွာမြို့အဝင် CR7 ကွမ်းယာဆိုင်က စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ () ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ မအူဂိတ်အနီး CR7 ကွမ်းယာဆိုင်အတွင်း စစ်ကောင်စီ တပ်သား ဦးကို အနီးကပ် ပစ်ခတ်ခဲ့ရာ () ဦး သေဆုံးခဲ့တယ်လို့ မုံရွာနတ်ဆိုးက ထုတ်ပြန်ထားပါတယ်။

မေလ (၁၁) ရက်နေ့ မနက် (၁၁) နာရီခန့်မှာ ကားများကို ငွေတောင်းဖို့ စောင့်နေတဲ့ စစ်ကောင်စီ တပ်သား () ဦးကို အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး () ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ မုံရွာခရိုင်၊ အမှတ် (၂၂) တပ်ရင်းမှလည်း ရဲဘော် လှမျိုးအောင်၊ ရဲဘော် ညိမ်းမင်းဇော် နဲ့ ရဲဘော် ချစ်ထူးခန့် တို့ ဦး တိုင်းပြည်အတွက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ရဲဘော်များ ကျဆုံးခဲ့ရတဲ့အတွက် အရမ်း ဝမ်းနည်းကြေကွဲရပြီး ရဲဘော်တို့ရဲ့ စွန့်လွတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓါတ်နဲ့ သတ္တိကို လေးစားဂုဏ်ပြုကြောင်းနဲ့ ရဲဘော်များရဲ့ကိုယ်စား အာဏာရှင် ကျဆုံးတဲ့ နေ့ အဆုံးထိ နှစ်ဆတိုး တိုက်ပွဲဝင်သွားမယ်လို့ မုံရွာနတ်ဆိုး အဖွဲ့က ကတိသစ္စာ ပြုထားပါတယ်။


========================


🚩🚩၈။ ကန်နီ ပျူရွာမှ ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ () ဦး သေဆုံး


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာမှ ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီ တပ်အင်အား (၃၀) ခန့်ကို သတင်းအရ ခြုံခိုတိုက်ခိုက်ခဲ့ရာ တဦး မျက်မြင် သေဆုံးခဲ့တယ်လို့ဗစ်တာ ပြောက်ကျား" တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မေလ (၁၄) ရက်‌နေ့ မနက် (၇း၁၅) နာရီခန့်မှာ ကန်နီပျူရွာ အရှေ့ဘက် မီတာ (၁၀၀) အတွင်း ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ အင်အား (၁၁) ဦးက ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ပျူစောထီးတဦး သေဆုံးခဲ့ကာ တဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်မှ (၆၀) မမ နှစ်လုံး၊ (၄၀) မမ ရှစ်လုံးခန့် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () အညာမြေ ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၉။ လူမိုက်အားပေးနိုင်ငံများ ရှိသော်လည်း စစ်ကောင်စီသည် ပြည်သူ့အားကို မလွန်ဆန်နိုင်ဘဲ လေကြောင်းသာ တိုက်ခိုက်နိုင်တော့


နွေဦးတော်လှန်ရေး () နှစ်ပြည့်ချိန်တွင် စစ်ကောင်စီသည် ကချင်၊ ကရင်၊ ရခိုင်၊ ကရင်နီ စသည့် တိုင်းရင်းသားဒေသများတွင် နယ်မြေအများစု ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများသာ လုပ်ဆောင်နိုင်တော့တယ်လို့ PDF Insight က သုံးသပ်ဖော်ပြထားပါတယ်။

KNU KIA နှင့် PDF တပ်ဖွဲ့များသည် ဗန်းမော်၊ ရွှေကျင်၊ ထားဝယ်၊ ကော့ကရိတ်စသည့် ဒေသများတွင် ထိုးစစ်ဆင်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ပြီး ရခိုင်တွင် မြို့နယ် () ခုသာ စစ်ကောင်စီလက်ထဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

လူမိုက်အားပေးနိုင်ငံများထံမှ ထောက်ပံ့မှုရှိသော်လည်း စစ်ကောင်စီ၏ မြေပြင်ထိန်းချုပ်မှု အားနည်းလာပြီး ပြည်သူတစ်ရပ်လုံး၏ ဆန့်ကျင်မှုကို မလွန်ဆန်နိုင်တော့ဘဲမေ (၁၂) ရက်က ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲမှုတွင် ဆရာမ () ဦးနှင့် ကျောင်းသား (၂၂) ဦး သေဆုံးခဲ့ရသော်လည်း ပြည်သူများ၏ တော်လှန်ရေးထောက်ခံမှု ပိုမိုအားကောင်းလာတယ်လို့ ဖော်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG PDF တပ်ဖွဲ့များသည် စစ်ကောင်စီကို အမြစ်ဖြတ်ရန် အရေးပေါ်နည်းဗျူဟာများ ဆောင်ရွက်နေပြီး ပြည်သူ့အင်အားဖြင့် အောင်မြင်မှုရရှိရန် အလားအလာ မြင့်မားလျက်ရှိတယ်လို့ သုံးသပ်ဖော်ပြထားတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment