၂၀၂၅ မေလ ၂၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ Mi-17 ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယ ကျည်ကာပစ္စည်းများ တွေ့ရှိရာ အိန္ဒိယနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေကြောင်း ပေါ်လွင်လာ

📌 ၂။ မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားသော ဆက်သွယ်ရေးအော်ပရေတာ Mytel ကို ဗီယက်နမ်နိုင်ငံ၏ ဘီလီယံနာသူဌေးမကြီးဖြစ်သူ ငုယင်သီဖွန်းသောင်၏ HD Bank က ချေးငွေများ ထုတ်ပေးထား

📌 ၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ ဂျာမနီနိုင်ငံ ဘာလင်မှာ ကျင်းပမယ်

📌 ၄။ နွေဦးဘဏ်မှCollateral Loan ထုတ်ကုန်သစ်စတင်မိတ်ဆက်

📌 ၅။ ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် Campaign ကို များမကြာမီ စတင်မယ်

📌 ၆။ မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် AFCC - Mdy တို့ပူးပေါင်း၍ မန္တလေးဒေသ တော်လှန်ရေး ထိန်းချုပ်နယ်မြေရှိ ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးဟောပြော

📌 ၇။ PSLF/TNLA မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ဌာနမှ မော်တော်ယာဉ်လိုင်စင်များ ပြုလုပ်ပေးမည်

📌 ၈။ မတူပီ-မင်းတပ်၊ လမ်းပိုင်းကို ပြုပြင်နေတာကြောင့် ယာဉ်များ ခေတ္တအသုံးပြုခွင့် ပိတ်မည်


========================


၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့က FPV ဒရုန်းဖြင့် ဝင်တိုက်ပြီး ပစ်ချနိုင်ခဲ့

🚩၂။ ဆောင်းပြောင်းတိုက်ပွဲအတွင်း စခန်းကုန်းတစ်ခုသိမ်းပိုက်ရရှိကာ စစ်သုံ့ပန်းများ ဖမ်းမိထား

🚩၃။ ဘိတ်မှ တနင်္သာရီဘက်သို့ တက်လာသော စစ်ကောင်စီတပ်သားများနှင့် ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီကား ၃စီးအား တိုက်ခိုက်

🚩၄။ ကန့်ဘလူ မြို့နယ်အတွင်း တိုက်နယ် ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရာ ပြည်သူ တဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် () နှစ်အရွယ် ကလေးငယ် တဦး သေဆုံး 

🚩၆။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို ဗဟိုဌာနချုပ်နယ်‌မြေတွင် ပြုလုပ်ကျင်းပခဲ့

🚩၇။ မန္တလေးခရိုင် အမှတ် () တပ်ရင်းထံ စစ်ကောင်စီ တပ်ကြပ်ကြီးတဦး လက်နက်နဲ့တကွ ပူးပေါင်းခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ Mi-17 ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယ ကျည်ကာပစ္စည်းများ တွေ့ရှိရာ အိန္ဒိယနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေကြောင်း ပေါ်လွင်လာ


မေလ ၂၂ရက် 

Radio NUG 


ရွှေကူမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေတပ်၏ Mi-17 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ ၎င်းယာဉ်ပေါ်တွင် အိန္ဒိယကုမ္ပဏီ MKU ထုတ် KAVRO တံဆိပ်ဖြင့် ကျည်ကာပစ္စည်းများ တပ်ဆင်ထားကြောင်း သတင်းများတွင် ဖော်ပြလာကြပါတယ်။


MKU သည် အိန္ဒိယအခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး KAVRO အမှတ်တံဆိပ်ဖြင့် စစ်သည်များအတွက် ဦးထုပ်များ၊ ကျည်ကာပြားများမှသည် ကြည်း၊ ရေ၊ လေ စစ်သုံးယာဉ်များအတွက် ကျည်ကာဖြည့်စွမ်းမှုများအထိ ထုတ်လုပ်ပေးကာ MKU ဝက်ဘ်ဆိုက်တွင် UH-60 Black Hawk CH-47 Chinook Mi-17 Mi-8 စသည့် ရဟတ်ယာဉ်များအတွက် ကျည်ကာဖြည့်စွမ်းမှုများ ရရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။


ထိုကျည်ကာများသည် ယာဉ်တစ်ခုလုံးကို ကျည်မတိုးအောင် ကာကွယ်ပေးခြင်းမဟုတ်ဘဲ၊ အတွင်းခန်းရှိ ပိုင်းလော့ထိုင်ခုံ၊ ကြမ်းပြင်၊ ဘေးနံရံများနှင့် လက်နက်ငယ်ဒဏ်မှ ကာကွယ်ရန် အဓိကထားကာ ပျက်ကျသည့် Mi-17 ရဟတ်ယာဉ်ပေါ်ရှိ KAVRO တံဆိပ်ပါ ကျည်ကာပြားများတွင် NIJ Level III အဆင့် (ရိုင်ဖယ်ကျည်ဒဏ်ကို ခံနိုင်သည့် အဆင့်)ဟု ဖော်ပြထားပြီး ထူးခြားသည်မှာ ကျည်ကာပြားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်လုပ်ထားကြောင်း တွေ့ရှိရတာကြောင့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်များကို မကြာသေးမီကပင် ကျည်ကာဖြည့်စွမ်းမှုများ အဆင့်မြှင့်တင်ခဲ့သည်ဟု ညွှန်ပြနေကြောင်း Tactical Raptors မှ သုံးသပ်ထားပါတယ်။


ဖြစ်ရပ်သည် စစ်ကောင်စီနှင့် အိန္ဒိယ၏ ကာကွယ်ရေးလုပ်ငန်းများအကြား ဆက်နွယ်မှုကို ထပ်မံမီးမောင်းထိုးပြပြီး အိန္ဒိယသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်ကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ထားသော်လည်း၊ စစ်ကောင်စီထံသို့ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေမှုသည် ၎င်းတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြနေပါတယ်။


စစ်ကောင်စီ၏ လက်နက်နှင့် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူမှုတွင် အိန္ဒိယအပါအဝင် နိုင်ငံတကာထောက်ပံ့မှုများသည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို ပိုမိုရှုပ်ထွေးစေနိုင်ပြီး အိန္ဒိယအစိုးရနှင့် ၎င်း၏ ကာကွယ်ရေးကုမ္ပဏီများသည် စစ်ကောင်စီနှင့် မည်မျှထိ ပူးပေါင်းဆောင်ရွက်နေသည်ကို အတိအကျမသိရသော်လည်း ၎င်းတို့၏ ဆက်နွယ်မှုကို ထင်ရှားစွာ ဖော်ပြလျက်ရှိကာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့ပြည်တွင်းစစ်ပွဲအတွင်း လက်နက်နှင့် စစ်ပစ္စည်းထောက်ပံ့မှုများကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေဆဲဖြစ်ပါတယ်။


========================


📌📌 ၂။ မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားသော ဆက်သွယ်ရေးအော်ပရေတာ Mytel ကို ဗီယက်နမ်နိုင်ငံ၏ ဘီလီယံနာသူဌေးမကြီးဖြစ်သူ ငုယင်သီဖွန်းသောင်၏ HD Bank က ချေးငွေများ ထုတ်ပေးထား


မေလ ၂၂ ရက်

Radio NUG

မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားသော ဆက်သွယ်ရေးအော်ပရေတာ Mytel ကို ဗီယက်နမ်နိုင်ငံ၏ ဘီလီယံနာသူဌေးမကြီးဖြစ်သူ ငုယင်သီဖွန်းသောင်၏ HD Bank က ချေးငွေများ ထုတ်ပေးထားတယ်လို့ သိရပါတယ်။


မေလ၂၂ရက် Justice For Myanmarက ထုတ်ပြန်တဲ့ အာဆီယံ အမည်ပျက်သူဌေးကြီးများ စာရင်းတွင် ဖော်ပြပါတယ်။


ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီးဘီလီယံနာသူဌေးမကြီးဖြစ်သူ ငုယင်သီဖွန်းသောင်ကို သူမ၏ လေကြောင်းလိုင်း VietJet အတွက် အရောင်းမြင့်တင်ရာတွင် အများပြည်သူ၏ ဒေါသစိတ်ကို တူးဆွပေးခဲ့သူအဖြစ် လူသိများကြပါတယ်။၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းကြိုးပမ်းမှုတစ်ရပ် လုပ်ဆောင်၍ မြန်မာပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားသော ဆက်သွယ်ရေးအော်ပရေတာ Mytel ကို သူမ၏ အခြားစီးပွားရေး လုပ်ငန်းဖြစ်သည့် HD Bank က ချေးငွေများ ထုတ်ပေးထားတယ်လို့ ဖော်ပြပါတယ်။


Mytel သည် မြန်မာစစ်အုပ်စုအတွက် အလွန်များပြားလှသည့် ဝင်ငွေများကို ပေးအပ်နေပြီး၊ လာမည့်နှစ်များအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက်အထိ ရှာဖွေပေးမှာဖြစ်ပါတယ်။


ထို့ပြင် ဆက်သွယ်ပြောဆိုမှုများအား စောင့်ကြည့်ထောက်လှမ်းရန်၊ ကြားဖြတ်နားထောင်ရန်နှင့် ဆင်ဆာဖြတ်တောက်ရန်အတွက် နည်းနာများကိုလည်း ပေးအပ်လျက်ရှိပါတယ်။


========================


📌📌 ၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ ဂျာမနီနိုင်ငံ ဘာလင်မှာ ကျင်းပမယ်


မေလ ၂၂ရက်

Radio NUG

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးနေ့ ဂျာမနီနိုင်ငံဘာလင်မှာ ကျင်းပမယ်လို့ For federal Myanmar Berlin Germany က အသိပေးဖော်ပြပါတယ်။


"အမေစုကို မမြင်တွေ့နိုင်ပေမဲ့ အမေစုကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာဖြင့် "စု၈၀"ဆုတောင်း မွေးနေ့ကိုအလေးအနက်လေးစားစွာဖြင့် ပြုလုပ်ကြပါမယ်။မွေးနေ့ပွဲ လာရောက်သူများကို မွေးနေ့အလှူအဖြစ် ဘာလင်မိသားစုများက တစ်နိုင်ချက်ပြုတ်လာသော အစားအစာများဖြင့် ကျွေးမွေးဧည့်ခံပါမယ်။ဝယ်စားစရာမလို ဝင်ကြေးမလိုပဲ ကံစမ်းမဲလေးဖြင့် အမေစုမွေးနေ့အမှတ်တရလက်ဆောင်လေးလည်း ပေးပါဦးမယ်"လို့ဆိုပါတယ်။


အဖျော်ရည် ရောင်းရငွေများကို ခန်းမငှါးခနှင့် တစ်ခြားအခြေခံသုံးများတွင် သုံးစွဲပြီး ပိုငွေကို တော်လှန်ရေးရန်ပုံငွေပုံးထဲသို့ထည့်မယ်လို့ဆိုပါတယ်။


ပွဲကို ဇွန်လ၂၁ရက်ညနေပိုင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ နွေဦးဘဏ်မှCollateral Loan ထုတ်ကုန်သစ်စတင်မိတ်ဆက်


မေလ ၂၂ရက်

Radio NUG

နွေဦးဘဏ်မှ Collateral Loan ထုတ်ကုန်သစ်ကို မေလ ၂၂ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

မေလ၂၂ရက် အသိပေးကြေညာချက်အရ နွေဉီးဘဏ်၏ Collateral Loan မှာ အရေးပေါ် ငွေလိုအပ်ချက်များရှိခဲ့လျှင် အာမခံ အပေါင် ပစ္စည်းပေးအပ်၍ ချေးငွေရယူနိုင်သော ထုတ်ကုန်အသစ် ဖြစ်ပြီး SpringDB တိုကင်အား ဦးစွာ ရှေ့ပြေး အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Collateral Loan အသုံးပြုနိုင်ရန်အတွက် ကန့်သတ်ထားသော ဘဏ်တိုကင် (SpringDB Token) များထဲမှ ၁၀% ကို ဘဏ်ရှယ်ယာရှင်များထံသို့ အသုံးပြုနိုင်သော တိုကင်များအဖြစ် ကြိုတင် အပ်နှင်းပေးသွားမှာဖြစ်ပါတယ်။


 ချေးငွေရယူလိုသည့် တိုကင်ပိုင်ရှင်များသည် အသုံးပြုနိုင်သော တိုကင်များအား အာမခံပစ္စည်းအဖြစ် ကနဦး ချေးငွေ ရယူနိုင်မည် ဖြစ်ပြီး ချေးငွေရယူချိန်တွင် ချေးငွေအား USD/ USDT အနေဖြင့် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။


အသုံးပြုနိုင်သော SpringDB Token(ဘဏ်တိုကင်) သည် အနည်းဆုံး $100 နှင့်ညီမျှသော တိုကင်ပမာဏ ရှိလျှင် ချေးငွေရယူနိုင်မည်ဖြစ်ပြီး အများဆုံး $100,000 အထိ ချေးယူသွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။


Collateral Loan ချေးငွေအတိုးနှုန်းမှာ ၁၁% နှစ်စဉ်အတိုးနှုန်း ဖြစ်ပြီး တစ်လလျှင် .၉၂% ကျသင့်မှာဖြစ်ပါတယ်။


========================


📌📌 ၅။ ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် Campaign ကို များမကြာမီ စတင်မယ်


မေလ ၂၂ရက်

Radio NUG

ဦးမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် Campaign ကို များမကြာမီ စတင်မယ်လို့သိရပါတယ်။


မေလ၂၂ရက်မှာ Roads Of Yangonက အသိပေးကြေညာပါတယ်။


"ကျွန်တော်တို့ ရန်ကုန်လမ်းမများက ထုတ်ဝေတဲ့ ဆရာမင်းကိုနိုင်ရဲ့ "ကော်လာရှည်ရှည် ကေလန်လန်" စာအုပ် Campaign ကို များမကြာမီ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ စုစုပေါင်း အုပ်ရေ ၁၃၀၀ သာရှိပြီး၊ တော်လှန်ရေး ကာလအတွင်း လုံးဝထပ်မံ ရိုက်နှိပ်ထုတ်ဝေတော့မှာ မဟုတ်သော Limited Edition ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စာအုပ်ရောင်းချရရှိသော အမြတ်ငွေ ၁၀၀% စလုံးကို တော်လှန်ရေးဒေသ ငလျင်ဒဏ်သင့်ပြည်သူ ပြန်လည်ထူထောင်ရေး တော်လှန်ရေးအဖွဲ့အစည်းများနှင့် CDM အဖွဲ့အစည်းများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရပါတယ်။  


ဒီစာအုပ်များကို CDM  Medicine Network page တစ်ခုထဲကနေသာ ဝယ်ယူလို့ရမှာ ဖြစ်ပြီးတော့ ကမ်ပိန်းကာလမှာ မေလ၂၇ ကနေ ဇွန်လ၂၇, အထိ အချိန် တစ်လတိတိ ကြာမြင့်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် AFCC - Mdy တို့ပူးပေါင်း၍ မန္တလေးဒေသ တော်လှန်ရေး ထိန်းချုပ်နယ်မြေရှိ ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးဟောပြော


မေလ၂၂ရက်

Radio NUG

မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် AFCC - Mdy တို့ပူးပေါင်း၍ မန္တလေးဒေသ တော်လှန်ရေး ထိန်းချုပ်နယ်မြေရှိ ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးဟောပြောခဲ့တယ်လို့ မေလ၂၁ရက်မှာ AFCC - Mdyက အသိပေးထုတ်ပြန်ပါတယ်။


မန္တလေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် AFCC - Mdy တို့ ပူးပေါင်း၍ မန္တလေးဒေသ တော်လှန်ရေး ထိန်းချုပ်နယ်မြေရှိ ကျေးရွာများသို့ သွားရောက်၍ လူထုစည်းရုံးရေးနှင့် လူထုလှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် လူထုပါဝင်နိုင်သော အခင်းအကျင်းများပြောကြားခြင်း၊ လေကြောင်း အန္တရာယ်နှင့် ပတ်သက်သည့် သတိရှိရမည့်အချက်များ၊ ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ မျှဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၇။ PSLF/TNLA မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ဌာနမှ မော်တော်ယာဉ်လိုင်စင်များ ပြုလုပ်ပေးမည်


မေလ ၂၂ ရက်၊ 

Radio NUG


ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ရေး ဌာနမှ မော်တော်ယာဉ် မှတ်ပုံတင် လိုင်စင်များကို မေလ ၂၅ ရက်နေ့မှာ စတင်ပြုလုပ် ပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။


အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားများကို ပထမဆုံးအနေနဲ့ မှတ်ပုံတင် ယာဉ်လိုင်စင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းများနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ထုတ်ပြန်ထားပါတယ်။


မော်တော်ယာဉ် မှတ်ပုံတင်ရာမှာ ကား အမျိုးအစားအလိုက် အခွန်ငွေ သိန်းမှ သိန်းအထိ ပေးဆောင်ရမှာဖြစ်ပြီး စီမံချက်ကာလ (မေ ၂၅ မှ ဒီဇင်ဘာ ၃၁) အထိ မှတ်ပုံမတင်ရသေးတဲ့ ယာဉ်များအား ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ယာဉ်မှတ်ပုံတင်လိုင်စင် ပြုလုပ်ရခြင်းဟာ မော်တော်ယာဉ်များနှင့် စပ်လျဉ်းတဲ့ ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှု၊ ပျောက်ဆုံးမှု အစရှိတဲ့ ပြဿနာများ လျော့ချနိုင်ပြီး မော်တော်ယာဉ် စနစ်တကျ အသုံးပြု နိုင်ရန်အတွက် မှတ်ပုံတင်ပြီး မော်တော်ယာဉ် လိုင်စင်နဲ့ ယာဉ်မောင်း လိုင်စင်များကို ပြုလုပ်ပေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။


လက်ရှိမှာ PSLF/TNLA အုပ်ချုပ်နယ်မြေ၊ နမ့်ခမ်းနဲ့ နမ့်ဆန် မြို့နယ်တို့မှာ မှတ်ပုံတင်လိုင်စင် အရင်ဆုံး ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး အခြားမြို့နယ် များတွင်လည်း ဆက်လက်လုပ်ဆောင် ပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။


========================


📌📌 ၈။ မတူပီ-မင်းတပ်၊ လမ်းပိုင်းကို ပြုပြင်နေတာကြောင့် ယာဉ်များ ခေတ္တအသုံးပြုခွင့် ပိတ်မည်


မေလ ၂၂ရက်  

Radio NUG 


ချင်းပြည်နယ်တောင်ပိုင်း မတူပီ-မင်းတပ်လမ်းမ မိုင်တိုင် (၉၁) လမ်းပိုင်းကို ပြန်လည်ပြုပြင်ဆောင်ရွက်နေတာကြောင့် ခေတ္တအသုံးပြုခွင့်ပိတ်မည်ဖြစ်ကြောင်း CDF Matupi မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါလမ်းပိုင်းသည် အများပြည်သူများ အဓိကထား အသုံးပြုနေရတဲ့ လမ်းပိုင်း ဖြစ်ပြီး လမ်းအောက်ဘက် မြေသားများ ပြိုကျတာကြောင့် တာဝန်ရှိသူများမှ ယခုလအစောပိုင်းမှစ၍ လမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။


လမ်းပြုပြင်မှုဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်ကြီးများ၏ အလေးချိန်နှင့် တုန်ခါမှုများကြောင့် လမ်းပြုပြင်ရေးတွင် အခက်အခဲများ ကြုံတွေ့နေရတာကြောင့် ယာဉ်များအားလုံး မေလ(၂၅)ရက်နေ့မှ ဇွန်လ()ရက်နေ့အထိ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့က FPV ဒရုန်းဖြင့် ဝင်တိုက်ပြီး ပစ်ချနိုင်ခဲ့


မေလ ၂၂ ရက်၊ 

Radio NUG


ဗန်းမော် စကခ (၂၁) ကို ထောက်ပို့လာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက FPV ဒရုန်းဖြင့် ဝင်တိုက်ခဲ့ပြီး ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်လာတဲ့ ဗီဒီယို မှတ်တမ်းအရ သိရပါတယ်။


ဒရုန်းက Mi 17 ရဲ့ Main Rotor (ပင်မပန်ကာ) နားမှာ ပေါက်ကွဲခဲ့တာကို တွေ့ရပြီး သယ်ဆောင်လာတဲ့ ဗုံးဟာ 500 gram လောက်သာ ရှိနိုင်တယ်လို့ ဒရုန်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိသူ Cloud Wings အဖွဲ့ဝင်ဟောင်း တဦးက ခန့်မှန်းထားပါတယ်။


ထို့ကြောင့် အနီးကပ် ပေါက်ကွဲခဲ့တာတောင် Mi-17 ဟာ ချက်ချင်း မပျက်ကျသွားတာဖြစ်ပြီး RPG-7 လို ထိပ်ဖူးမျိုးကိုသာ သယ်လာခဲ့မယ်ဆိုရင် ထိမှန်တာနဲ့ နေရာမှာတင် ပွဲသိမ်းပေးနိုင်လောက်တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ရုရှားရဲ့ Mi-28 ရဟတ်ယာဉ်ကို ယူကရိန်း တပ်တွေက ပထမဆုံး အနေနဲ့ FPV ဒရုန်းဖြင့် ဝင်တိုက်ပြီး ပစ်ချနိုင်ခဲ့ပြီးနောက် KIA ပူးပေါင်း တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ်ကို FPV ဒရုန်းနဲ့ ပစ်ချနိုင်ခဲ့တဲ့ ဒုတိယမြောက် အဖွဲ့အစည်း ဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုဟာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုသမိုင်းမှာ ကြီးမားတဲ့ မှတ်တိုင် တခုဖြစ်ပြီး တိကျသေချာတဲ့ ထောက်လှမ်းရေး အချက်အလက်၊ ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှုနဲ့ ကြိုတင် ပြင်ဆင်မှု ကောင်းကောင်းနဲ့ ဆောင်ရွက်နိုင်ခဲ့လိုသာ အခုလို ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ဆောင်းပြောင်းတိုက်ပွဲအတွင်း စခန်းကုန်းတစ်ခုသိမ်းပိုက်ရရှိကာ စစ်သုံ့ပန်းများ ဖမ်းမိထား


မေလ ၂၂ရက် 

Radio NUG 


ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်တို့ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများလည်း ဖမ်းမိထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက KPV သတင်းဌာနသို့ ပြောကြားထားပါတယ်။


" ဖယ်ခုံံပင်လောင်းအစပ်နားမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းကို KNDFနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိူက်ခဲ့တာရှိတယ်။ စစ်ကောင်စီရဲ့ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရခဲ့တယ်။ နောက်ပြီးတော့ စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိတယ် " ဟု တာအယ်စိုးက ဆိုထားပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်အပြင် အဆိပ်ငွေ့ဗုံးများ အများဆုံး အသုံးပြုကာ ခုခံနေပြီး ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)ကနေလည်းလက်နက်ကြီးပစ်ကူပေးနေတယ်လို့ သိရပါတယ်။


ဖယ်ခုံ- ပင်လောင်းအစပ် ဆောင်းပြောင်းကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ (၁၇)ရက်နေ့မှ စ၍ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်နေကာ စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ကလည်း ဆောင်းပြောင်းကျေးရွာရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ဘိတ်မှ တနင်္သာရီဘက်သို့ တက်လာသော စစ်ကောင်စီတပ်သားများနှင့် ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီကား ၃စီးအား တိုက်ခိုက်


မေလ ၂၂ရက်

Radio NUG

မေလ ၂၂ရက်မနက်၉နာရီ ၃၀ မိနစ် အချိန်တွင် ဘိတ်မှ တနင်္သာရီဘက်သို့တက်လာသော စစ်ကောင်စီတပ်သားများနှင့်ရိက္ခာများ တင်ဆောင်လာသော စစ်ကောင်စီကား ၃စီးအား ရမ်းဖို ရွာနားအရောက်တွင် တနင်္သာရီပကဖ ဇုန်၃ အဖွဲ့ မှ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


မေလ၂၁ရက်နေတွင် ၃၀၆ အမြောက်တပ်ရင်းမှ ဘန်းလမွတ်ရွာထဲ လမ်းကင်းဆင်းလာသော စစ်ကောင်စီတပ်သားများကို တနင်္သာရီပကဖ ဇုန်၅ အဖွဲ့က ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးနေရာတွင် သေဆုံးခဲ့ပါတယ်။


========================


🚩🚩၄။ ကန့်ဘလူ မြို့နယ်အတွင်း တိုက်နယ် ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရာ ပြည်သူ တဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မေလ ၂၂ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူတဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။


မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာ မလည်တိုက်နယ်၊ ကျောက်မြေရွာ ဘုန်းကြီးကျောင်းကို တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ တစီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။


မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ချပ်သင်းတိုက်နယ်အတွင်းရှိ ကံကြီးရွာ၊ ပေါက်ဆိန်ကုန်းရွာ၊ ကိုးတောင်ဘို့ တိုက်နယ်အတွင်းက သင်တောရွာ၊ လွင်ကြီးရွာတို့ကို Y12 လေယာဉ်ဖြင့် လေကြောင်းကနေ ၁၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


လေကြောင်း တိုက်ခိုက်မှုအတွင်း ပေါက်ဆိန်ကုန်းမှ အသက် ၆၀ အရွယ် ဦးမှိုင်း သေဆုံးခဲ့ကာ အသက် ၃၀ အရွယ် အမျိုးသား တဦး၊ သင်တောရွာမှ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သင်တောကျေးရွာမှ အပြစ်မဲ့ ပြည်သူ ဦးထိ သေဆုံးခဲ့ရ ပါသေးတယ်။


========================


🚩🚩၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် () နှစ်အရွယ် ကလေးငယ် တဦး သေဆုံး 


မေလ ၂၂ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် နှစ်အရွယ် ကလေးငယ် တဦး သေဆုံးခဲ့ကာ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်


မေလ ၁၉ ရက်နေ့က ခမရ - ၃၅၁ နဲ့ ခလရ - ၆၀ တပ်တွေကနေ ငထွေစုတ် ကျေးရွာကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အသက် ၁၁ နှစ်အရွယ်ရှိ နော်တာဒိုဂေးဖော အစထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


မေလ ၂၀ ရက်နေ့မှာလည်း နတ်သံကွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ငနွားဆိပ်၊ အညာစု၊ ရင်းတိုက်ကုန်းနဲ့ နောင်ကုန်း ကျေးရွာတို့ကို လက်နက်ကြီး လုံး၊ ရေလဲနဲ့ မရမ်းစိန်းလေးရွာကြားက လယ်ကွင်းထဲကို ဟောင်ဝစ်ဇာ လုံး၊ ဇလုပ်နဲ့ စောဘောကုန်း ကြားက လယ်ကွင်းထဲကို ဟောင်ဝစ်ဇာ လုံး၊ တောင်စုကျေးရွာကို လက်နက်ကြီး လုံး၊ အုပ်ဖြတ်တံတားက စစ်ကောင်စီတပ်က ကြက်တက် ညောင်ပင် ကျေးရွာကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်မှုများကြောင့် ကြက်တက်ညောင်ပင် ကျေးရွာမှ ဒေါ်မမ (၅၃) နှစ်နဲ့ မအေးစိုး (၃၈) နှစ်တို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ခလရ ၆၀ တပ်ရင်းမှ မရမ်းစိန်လေး ကျေးရွာကို ၁၂၀ မမ တလုံး၊ အရှေ့ တောင်စု၊ အနောက်တောင်စုနဲ့ ကျွန်းကုန်း ကျေးရွာကို ၁၂၀ မမ () လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 


လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် မရမ်းစိန်းလေးရွာမှ အသက် ၄၀ အရွယ် နော်မူးလာဖောနှင့် သမီးဖြစ်သူ ၁၁ နှစ်အရွယ် နော်စေးပွယ်မူးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သားဖြစ်သူ စောမူးထော်ဘ၊ အသက် () နှစ်ဟာ လက်နက်ကြီးထိမှန် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို ဗဟိုဌာနချုပ်နယ်‌မြေတွင် ပြုလုပ်ကျင်းပခဲ့


မေလ ၂၂ရက်

Radio NUG 


ကျောင်းသားတပ်ဦး/ကျောင်းသား လက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို ၂၀၂၅ ခုနှစ်၊ မေလ ၁၅ရက်မှ၂၀ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ညီလာခံအတွင်း ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ အခြေခံမူ၊ မျှော်ရည်ချက်၊ တာဝန်ကြီး ရပ်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြု ပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ တပ်ဦး/တပ်တော်၏ ဗဟိုဦးဆောင်ကော်မတီ(စစ်ကော်မရှင်)အား‌ ရွေးကောက်တင်‌မြှောက်ခြင်းနှင့် တပ်ဦး/တပ်တော်၏ နိုင်ငံရေး၊ စစ်ရေး လမ်းပြမြေပုံအတည်ပြုခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ညီလာခံတွင် အတည်ပြုပြဋ္ဌာန်း‌‌ခဲ့သော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဗဟိုဦးဆောင်ကော်မတီ (စစ်ကော်မရှင်) အား ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ () ဒုတိယ ဥက္ကဋ္ဌ () အထွေထွေအတွင်းရေးမှူး () အထွေထွေအတွင်းရေးမှူး () အထွေထွေအတွင်းရေးမှူး () တို့ကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၇။ မန္တလေးခရိုင် အမှတ် () တပ်ရင်းထံ စစ်ကောင်စီ တပ်ကြပ်ကြီးတဦး လက်နက်နဲ့တကွ ပူးပေါင်းခဲ့


မေလ ၂၂ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မန္တလေးခရိုင် အမှတ် () တပ်ရင်းထံကို စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ၊ အမှတ် (၁၃) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး တဦး လက်နက်ခဲယမ်းနဲ့တကွ ပူးပေါင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


၂၀၂၄ ခုနှစ် ၁၀ လပိုင်းထဲက ကိုယ်ပိုင်နံပါတ် (တက/၅၈၇ ***) တပ်ကြပ်ကြီး တဦးဟာ MA-3 လက်၊ .၅၆ ကျည် ၁၀၀ တောင့်၊ ကျည်ဘောက် ခုနဲ့ အီကွေးမန့် ထည်ကို ယူဆောင်လာကာ ဆက်သွယ် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment